ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA ထုတ်ပြန်
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) မှ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန် သည်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် ကွမ်းလုံမြို့စစ်ဆင်ရေးကို စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများနှင့် အုပ်ချုပ် ရေးဌာနများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ခဲ့ပြီး မြို့ အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ယာဉ်ထိန်းရဲနှင့် မြို့နယ်အုပ်ချုပ်ရေးရုံးများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဟွမ်ချောက်ပေါက်ပေါက် တောင်ကုန်းစခန်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ဗျူဟာ ကုန်းနှင့်တပ်စခန်းများကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ခြောက်ရက်ကြာ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင်မူ မြို့ကိုအလုံးစုံ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်က ဆိုသည်။
လက်ရှိတွင် ကွမ်းလုံမြို့နှင့်အတူ ကွမ်းလုံ- နန်ဟူ - ချင်းရွှေဟော်-တုန်ရှမ်းဒေ သတာတုံအထိ တကြော လုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုဒေသရှိ စစ်ကောင်စီလက်အောက်ခံများအားလုံးကိုလည်း ရှင်းလင်း နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကွမ်းလုံမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ သံချပ်ကာယာဉ်တစီးနှင့်အတူ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
၁၉၇၀ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရက် ၄၀ ကြာကွမ်းလုံတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်စခန်းများကို MNDAA မှ မသိမ်းယူနိုင်ခဲ့သော်လည်း ယနေ့ စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့ချိန်မှ ၁၇ ရက်အတွင်း ကွမ်းလုံ မြို့အား စစ်ကောင်စီထံမှ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေး ၁၀၂၇ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်မြို့၊ မုံးကိုးမြို့၊ ဖောင်းဆိုင်မြို့၊ ကြူကုတ်(ပန်ဆိုင်း)မြို့၊ ကွမ်းလုံမြို့တို့ကို MNDAA နှင့်မဟာမိတ်တပ်ဖွဲ့များမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ ပြီးဖြစ်သည်။
ကွမ်းလုံမြို့သည် သမိုင်းတွင် အထူးဒေသ(၁)၏ အုပ်ချုပ်နယ်မြေဖြစ်ခဲ့ပြီး လက်ရှိတွင် ထိုမြို့နှင့်အတူ အထူးဒေသ (၁) ရှိမြို့နယ်များကိုထိန်းချုပ်သိမ်းပိုက်နိုင်ပြီဖြစ်သောကြောင့် အထူးဒေသ(၁) ၏ သမိုင်းဝင် အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ပြီဖြစ်ကြောင်းလည်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကွမ်းလုံမြို့သည် MNDAA လက်အောက်သို့ ကျရောက်ပြီးဖြစ်သော်လည်း စစ်ကောင်စီင ယနေ့ညပိုင်းတွင် ကွမ်းလုံ၊ ကွက်ခိုင်၊ သန္နီ၊ မူဆယ်၊ လားရှိုးနှင့် နမ့်ခမ်းမြို့တို့အား စစ်အုပ်ချုပ်ရေးအာဏာ စတင်ကျင့်သုံး ကြောင်း ထုတ်ပြန်ကြေညာထားသည်။
စာတည်း။ ။စောဖေ
#ကွမ်းလုံမြို့
#MNDAA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#ကွမ်းလုံမြို့ – Explore
explore #ကွမ်းလုံမြို့ at Facebook
👍20❤9😁2👏1
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (နိုဝင်ဘာလ ၁၂ ရက်နေ့)
စစ်ကိုင်းတိုင်းထဲမှာတော့ တိုက်ပွဲတွေ၊ စစ်ရေး ပဋိပက္ခတွေက နေ့စဉ်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေး ချ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FUFG5houh6Eo&h=AT147DIlnkkOF7-qKIDRZmVqNEHnG_ZTldiWj5W5b-S6JbMyuxxsAwDJRyHMF0Xfl78xqVtlOMj94uz2nBtQojIZWKMxQFD5noMG-hyPZi9gmemgC5GaJOanFRBo7jZx&s=1

👍2🔥1
"ရေဘဝဲ"လူငယ့်အတွေး လူငယ့်အသံ တော်လှန်ရေးထဲက လူငယ့်အားမာန် အစီအစဉ် - အပိုင်း (၂)
နွေဦးတော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူဖို့ဟာ မတရားအကျဉ်းကျခံနေရတဲ့ ရေဘဝဲနိုင်ငံရေး အကျဉ်းသားရဲဘော်တွေရော လက်ရှိမြေပြင်မှာ လှုပ်ရှုားနေတဲ့ ရေဘဝဲရဲဘော်တွေရဲ့ တော်လှန်ရေးသစ္စာဖြစ်ပါတယ်။
အစကတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ လူထုကို ကာကွယ်ဖို့အတွက် သစ်သားပြား စတီးပြားတွေနဲ့ ကာကွယ်ရေး တိုင်းက အဖွဲ့ဖွဲ့စည်းရာကနေ နွေဦးတော်လှန်ရေး ဆင့်ကဲပြောင်းလဲလာမှုဖြစ်စဉ်တွေနဲ့ နိုင်ငံရေးလိုအပ်ချက်အရ စစ်အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက် လူငယ်အဖွဲ့အစည်းအဖြစ် ကျစ်လျစ်ခိုင်မာစွာ ဖွဲ့စည်းခဲ့ပါတယ်. ရေဘဝဲမှာ အမျိုးသမီး အမျိုးသားနဲ့ လိင်စိတ်ခံယူကွဲပြားသူတွေ နိုင်ငံရေးကျောင်းသားလှုပ်ရှားမှု နောက်ခံသမိုင်း မရှိတဲ့ လူငယ်တွေ အများအားဖြင့် ပါဝင်ပါတယ်. ရေဘဝဲနဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ မြေပြင် သပိတ်လှုပ်ရှားမှုတိုင်းက လူထုအတွက် ထိရောက်မှုရှိခဲ့သလို အကြမ်းဖက် စစ်တပ်ရဲ့ နားရွက်ကို တံတွေးဆွတ်ခဲ့တဲ့ အကြိမ်အရေအတွက်ဟာလည်း မနည်း တော့ပါဘူး စစ်ကားတွေပတ်နေတည်းကျ ကျွန်တော်တို့ hand speaker ကိုင်ပြီးတော့ လူထုကို လှုံ့ဆော်ခဲ့တာတွေ သပိတ်လုပ်မယ့်နေရာကို ပိတ်ဖမ်းမှု စီစဉ်နေတဲ့အချိန် ချက်ချင်းအပြောင်းအလဲလုပ်ပြီးတော့ ငုံ့မခံဘဲ တုံ့ပြန်ခဲ့တာတွေ သင်္ကြန်အကြိုနေ့မတိုင်မီ ပတ်ပတ်လည် ချထားတဲ့နေရာမှာ စီစဉ်သင်္ကြန်သီချင်းဖွင့်ပြီး လူထုကို ကပြဖျော်ဖြေ လှုံ့ဆော် ခဲ့ တာတွေ ရဲ စခန်းနှစ်ခုကြား မြို့လယ်ခေါင်မှာ ညသပိတ်ဆင်နွှဲခဲ့တာတွေကတော့ အခု ၂၀၂၃ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်.
လူငယ့်အတွေး လူငယ့်အသံ တော်လှန်ရေးထဲက လူငယ့်အားမာန် အစီအစဉ်ကို TWI Research Teamမှ စီစဉ်တင်ဆက်ထားသည်။
#ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း

YouTube
"ရေဘဝဲ"
လူငယ့်အတွေး လူငယ့်အသံ တော်လှန်ရေးထဲက လူငယ့်အားမာန် အစီအစဉ် - အပိုင်း (၂)
နွေဦးတော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူဖို့ဟာ မတရားအကျဉ်းကျခံနေရတဲ့ ရေဘဝဲနိုင်ငံရေး အကျဉ်းသားရဲဘော်တွေရော လက်ရှိမြေပြင်မှာ လှုပ်ရှုားနေတဲ့ ရေဘဝဲရဲဘော်တွေရဲ့…

👍8🔥1
"ရခိုင်လူမျိုးစုတို့ရဲ့ တော်လှန်ရေး" လူငယ့်အတွေး လူငယ့်အသံ တော်လှန်ရေးထဲက လူငယ့်အားမာန် အစီအစဉ် - အပိုင်း (၃)
"အာဏာရှင်လို့ ပြောလိုက်ပြီဆိုရင် အရပ်သား အာဏာရှင်လည်း မကြိုက်ဘူး တစ်ပါတီအာဏာရှင်လည်း မကြိုက်ဘူး. ဘယ်အာဏာရှင်မှ မ ကြိုက်ဘူးပေါ့နော် အစ်မတို့ ဒီမိုကရေစီနဲ့ ဒီဘက်က သွားချင်တဲ့ ဖက်ဒရယ် အခင်းအကျင်းကို သွား တဲ့ အချိန်မှာ အဲ့လိုအာဏာရှင်ဆန်တဲ့ စရိုက် လက္ခဏာကို ဘယ်လိုမှ မထောက်ခံခဲ့တာဖြစ်တဲ့အတွက် အစကတည်းက ဒီ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့တဲ့ အပိုင်းဖြစ်ပါတယ်. သတင်း မီဒီယာတွေမှာ မဖော်ပြနေရင်လည်းပဲ ဒီလူထုနဲ့ပေါ့နော် ကျွန်တော်တို့ မတရားမှုကို မလိုလားတဲ့ စစ်အာဏာသိမ်းမှု လက်မခံတဲ့ ရခိုင်လူငယ်တွေလည်း ရှိပါတယ်ဆိုတဲ့ အကြောင်းကိုပြချင်တဲ့အတွက်နဲ့ ကျွန်တော်တို့ ရခိုင်အလံကို ကိုင်ပြီးတော့ ထွက်ခဲ့တယ် ဆူးလေမှာ ကျွန်တော်တို့ စပြီး တော့ စုဝေးပြီးတော့ ထွက်တယ်."
လူငယ့်အတွေး လူငယ့်အသံ တော်လှန်ရေးထဲက လူငယ့်အားမာန် အစီအစဉ်ကို TWI Research Teamမှ စီစဉ်တင်ဆက်ထားသည်။
"အာဏာရှင်လို့ ပြောလိုက်ပြီဆိုရင် အရပ်သား အာဏာရှင်လည်း မကြိုက်ဘူး တစ်ပါတီအာဏာရှင်လည်း မကြိုက်ဘူး. ဘယ်အာဏာရှင်မှ မ ကြိုက်ဘူးပေါ့နော် အစ်မတို့ ဒီမိုကရေစီနဲ့ ဒီဘက်က သွားချင်တဲ့ ဖက်ဒရယ် အခင်းအကျင်းကို သွား တဲ့ အချိန်မှာ အဲ့လိုအာဏာရှင်ဆန်တဲ့ စရိုက် လက္ခဏာကို ဘယ်လိုမှ မထောက်ခံခဲ့တာဖြစ်တဲ့အတွက် အစကတည်းက ဒီ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့တဲ့ အပိုင်းဖြစ်ပါတယ်. သတင်း မီဒီယာတွေမှာ မဖော်ပြနေရင်လည်းပဲ ဒီလူထုနဲ့ပေါ့နော် ကျွန်တော်တို့ မတရားမှုကို မလိုလားတဲ့ စစ်အာဏာသိမ်းမှု လက်မခံတဲ့ ရခိုင်လူငယ်တွေလည်း ရှိပါတယ်ဆိုတဲ့ အကြောင်းကိုပြချင်တဲ့အတွက်နဲ့ ကျွန်တော်တို့ ရခိုင်အလံကို ကိုင်ပြီးတော့ ထွက်ခဲ့တယ် ဆူးလေမှာ ကျွန်တော်တို့ စပြီး တော့ စုဝေးပြီးတော့ ထွက်တယ်."
လူငယ့်အတွေး လူငယ့်အသံ တော်လှန်ရေးထဲက လူငယ့်အားမာန် အစီအစဉ်ကို TWI Research Teamမှ စီစဉ်တင်ဆက်ထားသည်။
YouTube
"ရခိုင်လူမျိုးစုတို့ရဲ့ တော်လှန်ရေး"
လူငယ့်အတွေး လူငယ့်အသံ တော်လှန်ရေးထဲက လူငယ့်အားမာန် အစီအစဉ် - အပိုင်း (၃)
"အာဏာရှင်လို့ ပြောလိုက်ပြီဆိုရင် အရပ်သား အာဏာရှင်လည်း မကြိုက်ဘူး တစ်ပါတီအာဏာရှင်လည်း မကြိုက်ဘူး. ဘယ်အာဏာရှင်မှ မ ကြိုက်ဘူးပေါ့နော် အစ်မတို့ ဒီမိုကရေစီနဲ့ ဒီဘက်က သွားချင်တဲ့ ဖက်ဒရယ်…

👍9🔥1
အောက်တိုဘာလအတွင်း ပျံ့နှံ့ခဲ့သော သတင်းတု/သတင်းမှား များ
လူမှုဘဝတွင် သတင်းနှင့်နည်းပညာသည် အရေးကြီးသကဲ့သို့ မိမိဖတ်ရှုသည့် သတင်းများမှာ လည်း မှန်ကန်တိကျရန်လိုအပ်သ...
https://ift.tt/xEGgJwe

National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ...
https://www.youtube.com/watch?v=WtCWvB42m_s

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍3🤮1
မသေဘဲပြောတဲ့ဟာသ | ရဲဘော် ခွေးဘီလူး
မသေဘဲပြောတဲ့ဟာသ | ရဲဘော် ခွေးဘီလူး ခွေးဘီလူး ဆိုတဲ့ အသက် ၂၀ ...
https://www.youtube.com/watch?v=cwuxGIxySLQ

ရဲဘော် ခွေးဘီလူး | မသေဘဲပြောတဲ့ဟာသ Ep-04
"ခွေးဘီလူး" ဆိုတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးကို ကရင်နီဒေသက တော်လှန်ရေး အဖွဲ့တော်တော်များများက လေးစား ချစ်ခင်ကြပါတယ်။ သူဟာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ (CRTF) မှာ တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
"စစ်ကြောင်းထွက်ရင် အများဆုံးက တောင်တွေတက်ရတာများတာနဲ့…

👍6🔥4
အောက်တိုဘာလအတွင်း ပျံ့နှံ့ခဲ့သော သတင်းတု/သတင်းမှား များ
လူမှုဘဝတွင် သတင်းနှင့်နည်းပညာသည် အရေးကြီးသကဲ့သို့ မိမိဖတ်ရှုသည့် သတင်းများမှာ လည်း မှန်ကန်တိကျရန်လိုအပ်သ...
https://ift.tt/jedZPKU

👍2🔥2
ရဲဘော်ကိုရှိုင်း၏ နောက်ဆုံးအင်တာဗျူး | Frontline Report
တော်လှန်ရေးပြီးသွားသည့်အခါ သာမန်အရပ်သားတယောက်အဖြစ် ...
https://www.youtube.com/watch?v=g6ojV061sA4

ရဲဘော်ကိုရှိုင်း၏ နောက်ဆုံးအင်တာဗျူး | Frontline Report (Ep - 04)
တော်လှန်ရေးပြီးသွားသည့်အခါ သာမန်အရပ်သားတယောက်အဖြစ် နေချင်ခဲ့သော ရဲဘော်ကိုရှိုင်းကို သူ့လက်အောက်ငယ်သားများကလည်း လေးစားချစ်ခင်ကြသည်။ သို့သော် အောက်တိုဘာလအတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှအသေအပျောက်များခဲ့သလို ရဲဘော်ကိုရှိုင်းနှင့်အတူ…
😢22👍1🤮1
၁၀၂၇ စစ်ဆင်ရေး နမ့်ခမ်းမြို့တွင်း မြင်ကွင်းများ
==================
မဇ္ဈိမ
၁၀၂၇ စစ်ဆင်ရေးအဖြစ် တရုတ်-မြန်မာ နယ်စပ်မြို့တမြို့ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့တွင်းကို TNLA (တအာင်း) က နိုဝင်ဘာ ၃ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ၇ ရက်နေ့တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
ငါးရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ မြို့အဝင်ဂိတ်၊ မြို့မရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနှင့် စစ်ကောင်စီတပ် တပ်စွဲခုခံခဲ့သည့် မြို့လယ်ဘုန်းကြီးကျောင်းဝန်းများကို TNLAက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ကို တွေ့ရသည်။
နမ့်ခမ်းမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရန်အတွက်တော့ မြို့ပြင်က စစ်ကောင်စီ (စခန်းသစ်)တပ်စခန်း တခုကိုသိမ်းရန်ကျန်ရှိနေသေးသည်။ လောလောဆယ်တွင် TNLAက ထိုးစစ်ဆင်မှုကို ရပ်နားထားသည်။
မြို့ပတ်လည်နှင့် မြို့တွင်းမှာ TNLA တပ်များက ထိန်းချုပ်ထားသည်ကိုတွေ့ရပြီး မြို့ကို ပုံမှန်လည်ပတ်ခွင့် ပြုထားသည်။
ဓာတ်ပုံ - နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့တိုက်ပွဲအပြီး မြင်ကွင်းများ (photos- Mizzima)
#နမ့်ခမ်းမြို့
#Mizzima
#TNLA
#ရှမ်းမြောက်
#ညီနောင်သုံးဖွဲ့

👍19👏2🔥1
အောက်တိုဘာလအတွင်း ပျံ့နှံ့ခဲ့သော သတင်းတု/သတင်းမှား များ
===================
ZZ
(မဇ္ဈိမ) ။။လူမှုဘဝတွင် သတင်းနှင့်နည်းပညာသည် အရေးကြီးသကဲ့သို့ မိမိဖတ်ရှုသည့် သတင်းများမှာ လည်း မှန်ကန်တိကျရန်လိုအပ်သည်။ နေ့စဉ်ဖတ်ရှုနေသည့်သတင်းများတွင် လူအများ နားလည်မှုလွဲ စေရန် ဖြန့်ဝေနေသော သတင်းတု/သတင်းမှားများ အမြဲတစေ ပါဝင်လျက်ရှိသည်။ စာဖတ်သူများ သတင်းမှန်များရရှိရန်အတွက် အချက်အလက်စစ်ဆေးသည့်အဖွဲ့များနှင့် အမှီခိုကင်းပြီး လွတ်လပ်သည့် မီဒီယာများက သတင်းတုများကို စုံစမ်းဖော်ထုတ် တင်ပြလျက်ရှိနေသည်။ ယခု ဆောင်းပါးသည် မဇ္ဈိမမှ အောက်တိုဘာလအတွင်း ပျံနှံ့ခဲ့သည့် သတင်းမှားများနှင့် စစ်ဆေးနိုင်ခဲ့သည့် သတင်းများအကြောင်းကို ဖော်ပြသွားမည်ဖြစ်သည်။
အောက်တိုဘာလအတွင်းက ကျန်းမာရေးနှင့်သက်ဆိုင်သည့် သတင်းတုများကို ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ သည်။ AIDS ရောဂါသည် ယနေ့ချိန်ထိ ပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးသည့် ရောဂါဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ တစ်တော့တွင် တိုင်းရင်းဆေးဖြင့် ကုသနိုင်ပြီဖြစ်ကြောင်းဖြန့်ဝေခဲ့သည်။ လက်ရှိတွင် ART ဟုခေါ်ဆိုသည့်ဆေးဖြင့် ထိန်းချုပ်ထားနိုင်ပြီး တိုင်းရင်းဆေးများဖြင့် ပျောက်ကင်း အောင်ကုသနိုင်သည်ဟု စမ်းသပ်အောင်မြင်ခြင်းများလည်း မရှိသေးချေ။ ထိုသတင်းတုမှာ ယနေ့ထိ ပျံ့နှံ့ နေဆဲဖြစ်သည်။
သတင်းတုကိုဖတ်ရှုပြီး ယုံကြည်သူများအနေဖြင့် ထိုဆေးကိုသောက်သုံးပြီး ဆေးကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးမည်မျှရှိသည်ကိုလည်း မသိနိုင်သောကြောင့် အန္တရာယ်များသည့် အခြေအနေပင်ဖြစ်သည်။
HIV ပိုးကူးစက်ခံရသူအနေဖြင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများနှင့် ဆရာဝန် ညွှန်ကြားချက်များဖြင့် ကုသ သည်သာလျှင် အကောင်းဆုံးပင်ဖြစ်သည်။ ယခုချိန်ထိ AIDS ကိုပျောက်ကင်းအောင် ကုသပေးနိုင်သည့် ဆေးမရှိသေးသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။
မြန်မာလူမျိုးများသည် မြန်မာ့တိုင်းရင်းဆေးကို ယုံကြည်စွာ မှီဝဲလေ့ရှိကြသည်။ ထိုအချက်အပေါ် အခွင့် ကောင်းယူကာ တိုင်းရင်းဆေးပညာအသုံးချပြီး ကိုယ်ကျိုးအတွက် ကြည့်ရှုသူများကို သတိထားသင့်သည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ဩဇာသီးနှင့် သံပုရာရည်တွဲစားပါက သေတတ်သည်ဆိုသော သတင်းမှားကို လည်း စစ်ဆေးနိုင်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့မှ စစ်ဆင်ရေး ၁၀၂၇ ဟု ကြေညာပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်စခန်းများကို တခုပြီးတခု သိမ်းယူနိုင်ခဲ့သလို လက်နက်များနှင့် မြို့အချို့ကိုလည်း သိမ်း ယူနိုင်ခဲ့သည်။ ထိုတိုက်ပွဲနှင့်ပတ်သက်၍ သတင်းအများအပြားထွက်ပေါ်ခဲ့ပြီး သတင်းတုများဖြင့် ဝါဒဖြန့် မှုများကိုလည်း တဆက်တည်း တွေ့ရသည်။
ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖြစ်သည့် MNDAA မှသိမ်းပိုက်စဉ် ပြည်သူများဘေးလွတ်ရာသို့ ရွှေ့ ပြောင်းစဉ်ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်ဖြင့် ပြည်သူများအား ဓားစားခံများအဖြစ်ဖမ်းဆီးသည်ဟု ဖြန့်ဝေ သည့် ဗီဒီယိုဖိုင်တခုလည်း ပျံ့နှံ့ခဲ့သည်။ မဇ္ဈိမအနေဖြင့် ရုပ်သံဖိုင်တွင်ပါဝင်သည့် စကားပြောသံများကို တရားဝင်သတင်းဌာနများ၏ သတင်းဖော်ပြချက်များကိုးကားပြီး အချက်အလက်ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများအတွင်း အောက်တိုဘာ ၂၈ ရက်နေ့တွင် MNDAA က စစ်ကောင်စီ တပ်၏ သံချပ်ကာ ကားနှစ်စီးကို သိမ်းပိုက်ရရှိခဲ့သည်။ ထိုအကြောင်းကို ရုပ်သံဖိုင်ဖြင့် The KoKang မှ ဖော်ပြခဲ့သည်။ စစ်ကောင်စီထောက်ခံသူများကမူ ထိုသို့သိမ်းပိုက်နိုင်ခြင်းမရှိကြောင်းနှင့် ထိုပုံများမှာ ရုရှား-ယူကရိန်းစစ်ပွဲမှ ပုံများဖြစ်ကြောင်း သတင်းတုဖြင့် ဝါဒဖြန့်ထားသည်။ ထိုအကြောင်းကို မဇ္ဈိမမှ အချက်အလက် စစ်ဆေးခဲ့ပြီး ဖော်ထုတ်နိုင်ခဲ့သည်။
ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နှစ်ဖက်တပ်၏ သေဆုံး၊ ဒဏ်ရာရ စာရင်းများ၊ ပစ္စည်းသိမ်းယူမှုများ စသည့် မြေပြင်အခြေအနေများကို ချက်ချင်းသိရှိနိုင်ရန် ခက်ခဲသည်။ ထို့ကြောင့် သတင်းမှန်များကို တင် ဆက်ရာတွင်လည်း ကြန့်ကြာလေ့ရှိသည်။ သို့သော် သတင်းတုများမှာ ကြန့်ကြာလေ့မရှိဘဲ လျင်မြန်စွာ ပျံ့နှံ့လေ့ရှိသည်။
ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာများမှ သတင်းများကို တိုက်ပွဲအတွင်းပါဝင်သော တပ်များ၏ တရားဝင်ထုတ်ပြန်ချက်များနှင့် လွတ်လပ်ပြီး အမှီအခိုကင်းသည့် သတင်းဌာနများမှ သတင်း များကိုသာ စောင့်ကြည့်ဖတ်ရှုကြရန် လိုအပ်သည်။
သတင်းတု/ သတင်းမှားများတွင် တော်လှန်ရေး ရဲဘော်များကို ပုံဖျက်တိုက်ခိုက်သည့် သတင်းများလည်း ပျံ့နှံ့ခဲ့သည်။ KNDF ဥက္ကဋ္ဌ ခွန်ဘီတူးသည် တော်လှန်ရေးကိုအသုံးချပြီး အလှူငွေများကို ကိုယ်ကျိုး အတွက် အသုံးပြုနေကြောင်း တိုက်ခိုက်ထားသည့် သတင်းမှားကိုလည်း ဖော်ထုတ်စစ်ဆေးနိုင်ခဲ့သည်။

👍13🔥1