Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုဝင်ဘာလ ၁၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:55 - ရခိုင်မြောက်ပိုင်းက နယ်ခြားစောင့်စခန်း ၂ ခုကို AA ဝင်တိုက်တဲ့ သတင်း02:36 - ကွမ်းလုံမြို့အား အလုံးစုံသိမ်းပို.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FoFZ0iK-3Jw4&h=AT2lbTg4WdNOX5KPhTUkbYOAFbAGI4r6w9XTCqz2_IzopR1E9PuRPePJBAaM69hau6vmRMmoE-nAisu_taif5N9raKAZsLcrhIFRpfSHwfSbSHjMmD2DI1NYuJzA7Saj&s=1
🔥1
​​လွိုင်ကော်တိုက်ပွဲအတွင်း သားအဖ ၂ ဦး လက်နက်ကြီးထိမှန် သေဆုံး၊ အရပ်သားအများအပြား ဒဏ်ရာရ
============

ဂျူချန်း

(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ပိတ်မိနေသည့်သားအဖနှစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် လွိုင်ကော်မြို့နယ် ထေးငှားလျား ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး သားအဖနှစ်ဦးကိုထိမှန်ခဲ့ရာ တိုက်ပွဲ ပြင်းထန်နေသောကြောင့် အချိန်မီကယ်ဆယ်၍မရသဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ် ရေးဆောင်ရွက်နေသူထံမှ သိရသည်။

“ထေးငှားလျားရွာထဲ ကျနော်တို့ ဝင်လို့မရဘူး။ ကလေးဖအေနဲ့ ကလေး ဆုံးသွားတယ်ဗျ။ 

လက်နက်ကြီး ကျည်ထိပြီးတော့လေ။ အဲဒီချိန်မှာ ကျနော်တို့လည်း စစ်ရှောင်ရင်းတန်းလန်းဖြစ်နေတော့ ကယ်လို့ မရ ဘူး။ တခြားအဖွဲ့တွေကလည်းထွက်လို့မရဘူးလေ။ အဲဒါနဲ့ပဲ နောက်ဆုံးတော့ ဆုံးပါးသွားတယ်” ဟု ကယ် ဆယ်ရေးဆောင်ရွက်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် နိုဝင်ဘာလ ၁၁ ရက်နေ့က လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီးမှ အသက် နှစ်နှစ် အရွယ် ကလေးငယ်တဦး၊ အသက် ၄၀ နီးပါးကလေးမိခင်၊ ထေးငှားလျားကျေးရွာမှ အသက် ၃၀ ကျော် ဒေါ်မာရီယာ၊ နို့ကိုးရွာမှဒေသခံနှစ်ဦးတို့ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြပြီး အခြားလက်လှမ်း မမီသည့်ဒေသများ၌လည်း ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း သိရသည်။

“ကလေးမအေတယောက်နဲ့ ကလေးတယောက်။ ကလေးက နှစ်နှစ်လောက်ပဲ ရှိဦးမယ်။ ခြေထောက်နှစ် ဖက်လုံး ထိသွားတယ်။ အဲ့ဒီရက်မှာပဲ ထေးငှားလျားအစပ်မှာ အမျိုးသမီးတယောက် ရင်ဘတ်ထိတယ်။

နို့ကိုးမှာလည်း နှစ်ယောက်ထိတယ်။ နို့ကိုးက နှစ်ယောက်လည်း သေလားရှင်လားမသိဘူး။ မနေ့တည်းက လာခေါ်ခိုင်းထားတာ။ ကျနော်တို့ သွားခေါ်လို့ အဆင်မပြေဘူး။ တခြား ကျနော်တို့ မကယ်နိုင်တာတွေ လည်းရှိသေးတယ်” ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူက ပြောသည်။

ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ပရဟိတအသင်းမှ ကားနှစ်စီးကိုလည်း နိုဝင်ဘာလ ၁၁ ရက် နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က သိမ်းဆည်းသွားကြောင်း သိရသည်။

လွိုင်ကော်မြို့စွန်နှင့် အနီးတဝိုက်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ် ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“အခြေအနေမကောင်းဘူး။ မြို့တွေထဲလျှောက်ပစ်နေတာ။ အိမ်နားလည်းကျတယ်။ လူတွေလည်း ထိ တယ်။ လွိုင်ကော် (၂၅၀)၊ (၂၆၁) တပ်တွေ၊ ရပ်ကွက်အတော်များ လက်နက်ကြီးကျတယ်။ တချို့နေရာဆို တိုက်ပွဲမရှိလည်း ပစ်နေတာပဲ။ ရှောင်လို့ရတဲ့သူတော့ ရှောင်ကြပြီ” ဟု လွိုင်ကော်မြို့ခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ ခွဲခန့်ကလည်း စစ်ကောင်စီတပ်က နာနတ်တော ရပ်ကွက်ဘက် သို့ လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီး ထိခိုက်မှုအသေးစိတ်အခြေအနေကို မသိနိုင်သေးကြောင်း အခြားမြို့ခံတဦးက ပြောသည်။

“နာနတ်တောဘက်ကို လေယာဉ်နဲ့ပစ်နေတာ။ အဲဒီဖက်မှာ အရပ်သားတွေရှိတယ်။ တချို့က ဘုန်းကြီး ကျောင်းမှာရှောင်နေတယ်။ နှစ်ကြိမ်ပစ်ပြီးပြီး၊ အခုလည်း လေထဲဝဲနေတုန်း။ ရပ်ကွက်ထဲလည်း လက်နက် ကြီးတွေကျတယ်။ အခြေအနေ သေချာမသိရသေး။ လေယာဉ်တော့ ဝဲနေတုန်း” ဟု လွိုင်ကော်မြို့ခံတဦး က ယနေ့နံနက် ၁၀ နာရီခွဲတွင် မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ကရင်နီပြည်တွင် “ ၁၁.၁၁ စစ်ဆင်ရေး” စတင်ကြောင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုကကြေညာခဲ့ပြီး စစ်ဆင်ရေးစတင်သည့် ပထမဆုံးနေ့တွင်ပင် လွိုင်ကော်၊ ဒီးမော့ဆို၊ နန်းမယ်ခုံတို့ရှိ စစ်ကောင်စီ၏ တပ်စခန်းခုနစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့

ပုံအညွှန်း-ထေးငှားလျားကျေးရွာမှ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီးတဦး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍5❤1
နိုဝင်ဘာလ ၁၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:55 - ရခိုင်မြောက်ပိုင်းက နယ်ခြားစောင့်စခန်း ၂ ခုကို AA ဝင်တိုက်တဲ့ သတင်း02:36 - ကွမ်းလုံမြို့အား အလုံးစုံသိမ်းပို.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FoFZ0iK-3Jw4&h=AT11zLEn52JKjeOX8Rb52KVK8bYsuWbNm0hB19g2bDkwi3vJYnEKAR0aA7IFhFJWjTopihHmIa4FhD7TGcRZm6LbYVr8fs9psphDQYhzE7EdX0dWmcQ416ZDmOFsvhZs&s=1
👍8🔥1
ရိဒ်ခေါရ်ဒါစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်
ပါခွီး (မဇ္စျိမ)။ ။အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်ရှိ ...
https://www.youtube.com/watch?v=Puw6O9E4Af0
😁8👍4
​​သိမ်းပိုက်နယ်မြေများရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံထားသူများ ဆုံးရှုံးမှုမရှိရန် ဆောင်ရွက်နေဟု NUG ထုတ်ပြန်
==============

002

(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရသိမ်းပိုက်ထားသည့် နယ်‌မြေများရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ် နှံထားသူများ ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နေသည်ဟု NUG က ထုတ်ပြန်သည်။

NUG လက်အောက်ရှိ ကြားကာလဗဟိုဘဏ်က ဆောင်ရွက်‌နေပြီး နစ်နာဆုံးရှုံးမှုမရှိအောင် စီစဉ်ဆောင် ရွက်နေသည်ဟု ဆိုသည်။

“ကြားကာလဗဟိုဘဏ်တည်‌ထောင်ခြင်းဆိုင်ရာ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်၊ အပိုဒ်(၃)တွင် ဖော်ပြထားသည့်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို အချိန်မီကုစားနိုင်ရန်အတွက် ပြည်သူ့အုပ်ချုပ်ရေး စတင်ဆောင်ရွက်နေသည့် ‌ဒေသ များတွင် ဘဏ္ဍာရေးဆိုင်ရာလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြားကာလပြည်သူ့အုပ်ချုပ် ရေးလုပ်ငန်းစီမံချက် ( SOPs – Standard Operating Procedures ) ထုတ်ပြန်၍ စနစ်တကျရှိစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်" ဟု NUG ၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

အဆိုပါလုပ်ငန်းစီမံချက်တွင် သိမ်းပိုက်ရရှိသည့်နယ်မြေအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက် စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ စက် ပစ္စည်းကိရိယာများ၊ ရုံးသုံး Software ၊ Hardware များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ လိုက်နာအကောင် အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ်စီမံလျက်ရှိ သည်ဟု NUG က ဆိုသည်။

အ‌ခြေအနေတည်ငြိမ်ပါက ထိန်းသိမ်းပြုစုထားသည့် စာရင်း၊ ဇယား၊ မှတ်တမ်းများနှင့်အညီ ပြည်သူ့ အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရန် စီမံဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း၊ ကြားကာလ ပြည်သူ့ အုပ်ချုပ်ရေး အကောင်အထည်ဖော်လျက်ရှိသည့်ဒေသများရှိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် ပြည်သူများ၏ အပ်နှံငွေများနှင့် စပ်လျဉ်း၍ ပြည်သူများဆုံးရှုံးနစ်နာမှုမရှိစေရန် အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်နေ‌ကြောင်း NUG က ထုတ်ပြန်သည်။

စာတည်း။ ။စောဖေ

#သိမ်းပိုက်နယ်မြေ
#ပုဂ္ဂလိကဘဏ်
#ကြားကာလဗဟိုဘဏ်
#NUG

ပုံအညွှန် - ပုဂ္ဂလိက ဘဏ်တခုအတွင်း မြင်ကွင်း

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24🤮1
ရှမ်းမြောက် မြို့ ၈ မြို့ကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာ
မကြာသေးခင်ကစ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြေ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F-tVsxukhawk&h=AT26suZz2Tq4KcOWF6uyF-RqyAS6Cj3AjNU24il5GfmcGIpPo409pqiAB0EiQ1ziiJ9CoLiRiNN0GlOkAz98_VZ7zp-dYuAEvcDf-LSA84cQzLdgjkn07RjGIEtzp3ML&s=1
👍4🔥1😁1
နိုဝင်ဘာလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 − အိန္ဒိယ - မြန်မာ နယ်စပ် ရိဒ်ခေါရ်ဒါစစ်ကောင်စီစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် တဲ့သတင်း02:34 − သုံ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FpQ-vwqmpAH0&h=AT2Wjf1srMthirPoGA0t9hEoC9WQYmZF0baiErRhnEEEplXiNIpvhwt7z7JRcJcqvkrnKUwNSB4IrfbV_0-IZpJmzX2OE4H7-4UGcSrQztzAs04EPnAhrCY31UQkgeYr&s=1
👍3
ရှမ်းမြောက် မြို့ ၈ မြို့ကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာ
မကြာသေးခင်ကစ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြေ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F-tVsxukhawk&h=AT1KdRUljijZpRxSWdyCB0ibEGUfBOb3lzefwsKQzj3U8d7PKpz9Uk0xAcL669QRDtODur97cFGrCK4PuvxK7fKP51CJKCz7JvuB1tkbRvemeYa_Zn6k0iEQOjLUSKVi&s=1
👍4😁1
နိုဝင်ဘာလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 − အိန္ဒိယ - မြန်မာ နယ်စပ် ရိဒ်ခေါရ်ဒါစစ်ကောင်စီစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် တဲ့သတင်း02:34 − သုံ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FpQ-vwqmpAH0&h=AT0J65JRkOzzjynDihJLfeUZ2VuZIzUdqKruyZBLN_1bfUN_tqQT_CAB7nVjfPE6hUZpR9eJzw_1UUuXlXREmlhk2DWtQATw_iiPUbOqmoJMNfhyzgSW1M69SlFd6ICY&s=1
👍6
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ကျရှုံးမယ့်စစ်အုပ်စုကိုအရာသွင်းဆက်ဆံနေတာတွေရပ်တန့်ဖို့ NUG
အိမ်နီးချင်းနိုင်ငံ အစိုးရတွေအနေနဲ့ ပြန်လမ်းမရှိတော့တဲ့ စစ်အုပ်စုကို ပြန်လာနိုးမျှော်ကိုးပြီး အရာသွင်း ထ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FGsJHgfhjQ-E&h=AT38Ni2TwFj1Lxm3cZ3674omje8Kw9COrqIdeJjlRUeYOUCQlQijU63M9QY9ekP8Pbf5xQ4kVMn9cW7_3Qek8BW2IK1x-ZIOBvkp4fv4eUMMeVwgO1j6QJxlOpFBqvnG&s=1
👍7👏2
ရွှေဘိုမြို့တွင် ၁၁၁၁ လှုပ်ရှားမှုပြုလုပ်
008(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်တွင်" ၁၁၁၁" လှုပ်ရှားမှုအဖြစ် ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းက ဦး...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FzdtU-Tgz97s&h=AT1rM2mylPyJXwHN-llJhCHo7XWvgZnJ3QIOVbtJzyJWKuXnKqdzx4k3I4BoMzB8zDUIyuykZW0IcNRix4Gd6Jwv5SHrSoF-GGOHiqdTqNpC6T6r3sPd2oGH_JAUdLfL&s=1
👍8❤1