Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရွှေဘိုမြို့တွင် ၁၁၁၁ လှုပ်ရှားမှုပြုလုပ်
008(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်တွင်" ၁၁၁၁" လှုပ်ရှားမှုအဖြစ် ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းက ဦး...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FzdtU-Tgz97s&h=AT2sIulJWXNi5fAipAaPk5QQBWSvcPUNXFmiUAY8_TNIlCleCIDoyLVoKZvHjcxWWi0VDjLjdukd0rjbN2Xj7quWkn0kQ1h6byQDYhjOigB1lA9T4EC9ldJlleX4GC1T&s=1
👍2
(၁၁၁၁) စစ်ဆင်ရေးကြေညာပြီး ကရင်နီပူးပေါင်းအဖွဲ့များက စစ်တပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းယ
ကရင်နီပြည်နယ်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နဲ့ မြို့ပြပျောက်ကျားတပ်၊ လွိုင်ကေ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FzHESZKsxBdg&h=AT0idCv_gCQ4irjA4McAVolSJz1Q85DpGH2heZTylgEnHihYFdE1KCWkTRnGEPVTDB_eoP9XEPIlHl38Xigzp-NA06_fB9Uhu3Lzpkpbh4W9UHgsVblUntDssmitWH7C&s=1
👍3
(၁၁၁၁) စစ်ဆင်ရေးကြေညာပြီး ကရင်နီပူးပေါင်းအဖွဲ့များက စစ်တပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းယ
ကရင်နီပြည်နယ်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နဲ့ မြို့ပြပျောက်ကျားတပ်၊ လွိုင်ကေ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FzHESZKsxBdg&h=AT0ONUlldnH88XPBgrb1sy8gwjf0_rmTV5tKx26wkR5ZTY5vzzQGmaTysqYnCgayQYN_7XBApzS7ofXesxXXYGXm8Pa0G2Wfmrg43WyIS8WHRjzdPcCX0wFPl-vigcoS&s=1
👍2
နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 - သိမ်းပိုက်နယ်မြေများရှိ ပုဂ္ဂလိကဘဏ်တွေမှာ ငွေအပ်နှံထားသူတွေ ဆုံးရှုံးမှုမရှိဖို့ ဆောင်ရွက်နေတယ်လို့ NU...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FO2BqxFO0Q1w&h=AT1mi9OVvsjVAE-eOB4axRMQDAczgqSBOzvoi4KhNkjAyhM1CCR1Y1fpRqaBS3XbSXIr7Y0dhyi1F00ZLuYUa9mXfFM9I3GKztP1IioM4Ar-smzjQvZGJY20tFrhZdhJ&s=1
👍1
စက်သုံးဆီများပြတ်လပ်ပြီးနောက် ဈေးများ မြင့်တတ်နေ|Business Roundup(13.11.2023)
- စက်သုံးဆီများပြတ်လပ်ပြီးနောက် ဈေးများ မြင့်တတ်နေ- တရုတ်နယ်စပ်အနီး တိုက်ပွဲများကြောင့် ပိုးလမ်းမစီမံကိန်....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fw5_kGL0nnMY&h=AT15GzLBEteLzRzB5KVrdYOSVJ6DD4g6lKXlHGwNm7NXVWkUlzV1RG3uoOs9z66360OEaGlcFcygFJriGQJ7I2Xb-g2tPPedBhH00WOSu3hEiF_Jart9PTFDITDz5mE9&s=1
👍1
မူးယစ်ဆေးဝါးမှုနှင့်ပတ်သက်ပြီး လူ ၁၈ ဦးကို ဗီယက်နမ် သေဒဏ်ချမှတ်
ဗီယက်နမ်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု စွဲချက်များနှင့်ပတ်သက်ပြီး တောင်ကို....
https://ift.tt/Q9INEAH
👍5
UFC 295 ပြိုင်ပွဲမှာ နိုင်ပွဲရခဲ့တဲ့ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်
UFC ရဲ့ ပထမဆုံး မြန်မာ ဖိုက်တာဖြစ်တဲ့ ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်ကတော့ နိုဝင်ဘာ ၁၁ ရက်မှာ နိုင်ပွဲ ထပ်မံ ...
https://ift.tt/Ty0eS54
👍1
နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 - သိမ်းပိုက်နယ်မြေများရှိ ပုဂ္ဂလိကဘဏ်တွေမှာ ငွေအပ်နှံထားသူတွေ ဆုံးရှုံးမှုမရှိဖို့ ဆောင်ရွက်နေတယ်လို့ NU...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FO2BqxFO0Q1w&h=AT2sWkCgCE5qGrttvoiVtN1O7j8Eq7bFaPTv7KE0XljAJ3i1Qt43bq3A4O3jFxp5yon6S3kdULeM48AxVWPiP_5rPDPU_joLc3V4e6Q3pI6KJHwx-xv3lIS1y9NcRmqY&s=1
👍1
စက်သုံးဆီများပြတ်လပ်ပြီးနောက် ဈေးများ မြင့်တတ်နေ|Business Roundup(13.11.2023)
- စက်သုံးဆီများပြတ်လပ်ပြီးနောက် ဈေးများ မြင့်တတ်နေ- တရုတ်နယ်စပ်အနီး တိုက်ပွဲများကြောင့် ပိုးလမ်းမစီမံကိန်....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fw5_kGL0nnMY&h=AT1FkMH4NtYJgyEWGzKIik8fw9CJGxPdcW5idoe26mEsvWr6pbn7_YUzR05pnMs7i6VYEK5bF3PkYqJfJGVZErfvjYZlkiJ2DZQrftCArql70AmeLZsds5sQKDxFi4s5&s=1
👍1
မူးယစ်ဆေးဝါးမှုနှင့်ပတ်သက်ပြီး လူ ၁၈ ဦးကို ဗီယက်နမ် သေဒဏ်ချမှတ်
ဗီယက်နမ်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု စွဲချက်များနှင့်ပတ်သက်ပြီး တောင်ကို....
https://ift.tt/kSdn0e4
👍4
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FbT6Uxs0bpnY&h=AT1n3kG1lsblfwYzSCG0RHFyczrGauwdWPnjuwBkSxYsl1bYKyBGZfod48ZHg34Q6YfKtrQPoGwsqq6UAaTH2yNfGC2onFdF6Mzv0gLkQmniyMjgbsVS6yP36cx_43S-&s=1
👍2
​​ရခိုင်ပြည်နယ်သို့ အဝင်အထွက်လမ်းကြောင်းများကို စစ်ကောင်စီပိတ်ဆို့
====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်သို့ အဝင်အထွက်ပြုလုပ်သည့် ကားလမ်းများကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က ပိတ်ထားလိုက်သောကြောင့် ခရီးသွားလာမှု ရပ်ဆိုင်းသွားပြီဖြစ် ကြောင်း သိရသည်။

“ရန်ကုန်-သံတွဲကား သွားနေတာ လမ်းတဝက်ကနေ ပြန်လှည့်လိုက်ရတယ်။ သံတွဲဘက်သွားမယ့်သူတွေ လည်း လမ်းမှာရပ်နေပြီး လမ်းဖွင့်ရင်ဖုန်းပြန်ဆက်မယ်လို့ ပြောတယ်။ အခုထိတော့ ပိတ်ထားသေးတယ်။ အခုက ပတ်ပတ်လည်ကနေ ပိတ်ထားတယ်။ ရခိုင်ကနေ ကားထွက်ဖို့မလွယ်ဘူး” ဟု လတ်တလောဖြစ် ပွားနေသည့် ခရီးသွားလာမှုအခြေအနေကို ခရီသည်တင်ယာဥ်လုပ်ငန်းလုပ်ကိုင်သူတဦးက မဇ္ဈိမသို့ ပြော သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွား နေပြီး ရခိုင်ပြည်နယ်မှ မြို့အားလုံးကို ဆက်သွယ်သည့်လမ်းများကို စစ်ကောင်စီတပ်များက ပိတ်ဆို့ထား ခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

အမ်းမြို့နယ်ရှိ အမ်းစစ်ဆေးရေးဂိတ်နှင့် တောင်ကုတ်မြို့နယ်ရှိ ကျောက်ဖြူ–တောင်ကုတ်–အမ်းလမ်းဆုံ ဖြစ်သည့် မအီစစ်ဆေးရေးဂိတ်တို့ကိုပိတ်လိုက်ခြင်းကြောင့် ကားလမ်းဖြင့် ခရီးသွားလာရန် မလွယ်ကူ တော့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်သို့ ဝင်ပေါက်များဖြစ်သည့် စစ်တွေ-ရန်ကုန်ကားလမ်း၊ တောင်ကုတ် ရန်ကုန်ကားလမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းများကို ပိတ်ဆို့လိုက်သည့်အပြင် မြို့ချင်းဆက်လမ်းများကိုပါ စစ်ကောင်စီတပ်ဖွဲ့များ က ပိတ်ဆို့ထားခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စားနပ်ရိက္ခာစုဆောင်းရန် ဈေးဝယ်သူများ ပြားနေသကဲ့သို့ ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွာရန် ကြိုးစားနေကြသူများလည်း အများအပြားရှိသည် ဟု ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရခိုင်ပြည်နယ်
#ရသေ့တောင်မြို့နယ်
#မောင်တောမြို့နယ်

ပုံအညွှန်း-ရခိုင်ပြည်နယ် မအီဂိတ်တွင် ပိတ်မိနေသောယာဉ်အချို့ကိုတွေ့ရစဉ်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1
​​UFC 295 ပြိုင်ပွဲမှာ နိုင်ပွဲရခဲ့တဲ့ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်
=======================

Asia MMA
UFC ရဲ့ ပထမဆုံး မြန်မာ ဖိုက်တာဖြစ်တဲ့ ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်ကတော့ နိုဝင်ဘာ ၁၁ ရက်မှာ နိုင်ပွဲ ထပ်မံ ရရှိသွားခဲ့ပါတယ်။ ဂျော့ရှူဝါဗန်ဟာ ဟားခါးမှာ မွေးဖွားခဲ့တာဖြစ်ပြီး Texas မှာ နေထိုင်၊ လေ့ကျင့်နေခဲ့သူဖြစ်ပါတယ်။

မြန်မာပြည်ဖွား ချင်းဖိုက်တာဟာ UFC 295 ပွဲစဉ်မှာ UFC ရဲ့ ဒုတိယမြောက် ပွဲအဖြစ် ထိုးသတ်တာဖြစ်သလို သူ့ရဲ့ pay per view ပွဲဦးထွက်လည်းဖြစ်ပါတယ်။ ဂျော့ရှူဝါဗန်ဟာ ပြိုင်ဘက်ဖိုက်တာ ပီရူးနိုင်ငံသား Kevin Borjas နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ဒိုင်သုံးယောက်စလုံးက အနိုင်ပေးတဲ့ unanimous decision နဲ့ ပြိုင်ဘက်ကို အနိုင်ရခဲ့ပါတယ်။

တိုက်ခိုက်ရေး အားကစားနည်းတွေကို အားပေးတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကတော့ သူတို့ရဲ့ ဖိုက်တာတယောက် UFC မှာ ယှဉ်ပြိုင်နေတယ်ဆိုတာကို သတိမမူမိဘဲ ဖြစ်ကောင်းဖြစ်နေနိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ဂျော့ရှူဝါဗန်ကတော့ နိုဝင်ဘာ ၁၁ ရက် Madison Square Garden မှာ နိုင်ပွဲရယူရင်း နိုင်ငံတကာမှာ လူသိများစေခဲ့ပါတယ်။

UFC 295 ရဲ့ early prelims အပိုင်းမှာ မြန်မာဖွား ချင်းဖိုက်တာ ဂျော့ရှူဝါဗန်ဟာ သူဟာ တကယ့်ကို အမြင့်ကို တက်လှမ်းလာနေတဲ့သူ အဖြစ် သက်သေပြခဲ့ပါတယ်။ Flyweight တန်းမှာ ယှဉ်ပြိုင်နေတဲ့ အသက် ၂၂ နှစ်အရွယ် ချင်းဖိုက်တာဟာ UFC မှာ ရှုံးပွဲမရှိသေးသလို ဒါနာဝှိုက်ရဲ့ Contender Series signee ဖြစ်တဲ့ Kevin Borjas နဲ့ ရင်ဆိုင်ထိုးသတ်တဲ့ ပွဲစဉ်မှာ နည်းစနစ်အရ ထူးချွန်၊ လျင်မြန်၊ နိုင်လိုစိတ်ပြင်းတဲ့ ဟန်ကို ပြသပြီး သူ့ရဲ့ အလားအလာ အခြေအနေကို ခိုင်မာစေခဲ့ပါတယ်။

Flyweight ပွဲစဉ်မှာ ဂျော့ရှူဝါဗန်ဟာ ပြိုင်ဘက်ဖိုက်တာ Kevin Borjas ကို ဒိုင်သုံးယောက်စလုံးက အနိုင်ပေးတဲ့ Unanimous decision (၂၉-၂၈ ၊ ၂၉-၂၈ ၊ ၂၉-၂၈) နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Photo: AFP

#UFC295 #ဂျော့ရှူဝါဗန် #joshuavan #ufc #Mizzima
👍5