Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မူးယစ်ဆေးဝါးမှုနှင့်ပတ်သက်ပြီး လူ ၁၈ ဦးကို ဗီယက်နမ် သေဒဏ်ချမှတ်
================

ဗီယက်နမ်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု စွဲချက်များနှင့်ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံသား နှစ်ဦး အပါအဝင် လူ ၁၈ ဦး သေဒဏ်ချမှတ်ခံရကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤2
​​ထိုင်းရောက် MoU လုပ်သား ၈ ဦး အလုပ်မရသည့်အပြင် စာရွက်စာတမ်းများပါ သိမ်းဆည်းခံထားရ
=================

ကိုရွှေမြိတ်

(မဇ္ဈိမ)။  ။ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် MoU အလုပ်သမားရှစ်ဦးမှာ တလနီးပါးကြာသည်အထိ အလုပ် အကိုင်မရရှိသည့်အပြင် နိုင်ငံကူးလက်မှတ်များကို ထိုင်းဘက်မှအေဂျင်စီတာဝန်ခံများက သိမ်းဆည်းထား ၍ အခက်ကြုံနေရကြောင်း အဆိုပါ မြန်မာအလုပ်သမားများထံမှ သိရသည်။

အဆိုပါ မြန်မာအလုပ်သမား အမျိုးသားရှစ်ဦးသည် ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်ရှိ ကားတာယာစက်ရုံတွင် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ ပြည်ပအလုပ်အကိုင်ရှာဖွေရေအေဂျင်စီတခုဖြင့် ပြီးခဲ့သော ဩဂုတ်လက စာချုပ်ချုပ်ဆိုပြီး ထိုင်းနိုင်ငံသို့ ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ထိုင်းကိုရောက်တော့ စာချုပ်မှာပါတဲ့အလုပ်ရုံကိုရောက်ခဲ့ပေမယ့် အလုပ်မရခဲ့ဘူး။ နောက် တနေရာဖြစ်တဲ့ ဖိနပ်စက်ရုံရောက်ပြန်တော့လည်း စာချုပ်ပါအချက်အလက်တွေနဲ့ မကိုက်ညီလို့ မလုပ်ခဲ့ ဘူး၊ အထောက်အထား စာရွက်စာတမ်းတွေလည်း သိမ်းဆည်းခံထားရတယ်” ဟု MoU အလုပ်သမား တစ်ဦးဖြစ်ဿူ ကိုစည်သူဦးကပြောသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်ရှိ တာယာစက်ရုံသို့ အောက်တိုဘာလ ၇ ရက်နေ့ ကရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရောက်ရှိပြီးနောက် ခုနစ်ရက်ခန့်အကြာတွင် အလုပ်မရဟုပြောဆိုကာ ၎င်းတို့ကို ဆူရတ်ဌာနီသို့ရွှေ့ပြောင်းပေးခဲ့ပြီး ၁၄ ရက်ခန့်အကြာတွင် ချိုင်နတ်မြို့သို့ ထပ်မံခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

“အလုပ်မရတာ ၁၅ ရက်လောက်ရှိပြီ၊ ကျွန်တော်တို့ရဲ့ ပတ်စ်ပို့စာအုပ်နဲ့ ဝပ်ပါမစ်တွေကိုလည်း သိမ်းထား တယ်။ အေဂျင်စီကိုဆက်သွယ်ပြီးပြောပေမယ့် အေဂျင်စီဖက်က နေ့ရွှေ့ ညရွှေ့ လုပ်နေတယ်” ဟု အလုပ် သမားတဦးကလည်း ပြောသည်။

မြန်မာအလုပ်သမားများသည် ၎င်းတို့၏အခက်အခဲများအား ကူညီဖြေရှင်းပေးရန် ကိုရဲမင်းဦးဆောင်သည့် MHAC အဖွဲ့ထံ ဆက်သွယ် အကူအညီတောင်းခံထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ထိုင်းနိုင်ငံ
#MoUလုပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​မန္တလေးမြို့တွင် ဓာတ်ဆီ 95 ၀ယ်ရခက်နေဟုဆို
============

007

(မဇ္စျိမ)။   ။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ဓာတ်ဆီ 95 ၀ယ်ရခက်နေပြီး စျေးလည်းပုံမှန်ထက် ၁၀၀ ကျပ်ခန့်တက်သွားကြောင်း မြို့ခံများထံမှ သိရသည်။

“95 ပြတ်နေတာပါ၊ ဆိုင်ကြီးတွေမှာတောင် ၀ယ်မရဘူး၊ ဆီစျေးတက်တာတို့ ဆီပြတ်တာတို့ ဆီနဲ့ပတ် သက်ပြီးကမောက်ကမဖြစ်ပြီဆိုရင် မန္တလေးမှာ 95 ရှားသွားတယ်၊ ၀ယ်မရတော့ဘူး”ဟု အငှားယာဉ် မောင်းတဦးက ပြောသည်။

ရန်ကုန်မြို့တွင် စက်သုံးဆီပြတ်လပ်မှုဖြစ်နေချိန် မန္တလေးမြို့တွင်လည်း ဓာတ်ဆီ 95 ၀ယ်ရခက်နေပြီး တလခန့်အကျစျေးဖြင့်တည်ငြိမ်နေရာမှ ယမန်နေ့ နို၀င်ဘာလ ၁၂ ရက်နေ့တွင် တလီတာလျင် ပုံမှန်ထက် ၁၀၀ ကျပ်ခန့် စျေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။

“95 က ၂၂၁၀၊ 92 က ၂၁၁၀ စျေးကနေ၊ မနေ့က ရုတ်တရတ် ၁၀၀ လောက် ထိုးတက်သွားတယ်၊ တပတ် လောက်စျေးငြိမ်နေရာကနေ ပြန်တက်သွားတာ” ဟု မြို့ခံသတင်းရင်းမြစ်က ပြောသည်။

မန္တလေးမြို့တွင် နို၀င်ဘာလ ၆ ရက်မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ဓာတ်ဆီ 95 တလီတာလျှင် ၂၂၁၀ ကျပ်၊ 92 တလီတာလျှင် ၂၁၁၀ ကျပ်ဖြင့် ရောင်းချခဲ့ရာမှ နိုဝင်ဘာ ၁၂ ရက်မှစပြီး 95 တလီတာလျှင် ၂၃၀၀ ကျပ် နှင့် 92 တလီတာလျှင် ၂၁၈၀ ကျပ်ဖြင့်ရောင်းချနေပြီး 95 မှာ ၀ယ်ယူရခက်ခဲနေကြောင်း မြို့ခံများ ထံမှ သိရသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မြန်မာသတင်း
#မန္တလေးမြို့
#စက်သုံးဆီ

ပုံစာ မန္တလေးကစက်သုံးဆီဆိုင်တချို့အား ယနေ့နေ့လယ်ပိုင်းတွေ့ရစဥ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​အကျဉ်းချခံ ဖိလစ်ပိုင်လူ့အခွင့်အရေး လှုပ်ရှားသူကို တရားရုံးက အာမခံဖြင့်လွှတ်
================

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သွေးထွက်သံယိုများသော “မူးယစ်စစ်ပွဲ” အပေါ် အပြင်းအထန် ဝေဖန်သူဖြစ်သည့် အကျဉ်းကျခံ ဆိနိတ်တာဟောင်း လေလာ ဒီ လီမာကို တရားရုံးတခုက နိုဝင်ဘာ ၁၃ ရက်တွင် အာမခံဖြင့်လွှတ်ရန် ညွှန်ကြားလိုက်ကြောင်း သူမ၏ ရှေ့နေဖြစ်သူက ပြောသည်။ ယင်းအတွက်ကြောင့် ခြောက်နှစ်ကျော်ကြာ အကျဉ်းကျပြီးနောက် သူမ အမှုမှ လုံးလုံးလျားလျား လွတ်မြောက်မှုကို မြင်ရနိုင်သည်ဟု သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1
​​ကျိုက်မရောမြို့နယ်က ရဲစခန်းအပါအဝင်နေရာ ၂ခုကို ကာကွယ်ရေးတပ်ဖွဲ့သိမ်းယူ
============

YT 

(မဇ္ဈိမ)။     ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွတံတား (အတ္ထရံ)နှင့် ချောင်းနှစ်ခွ ရဲစခန်းအား ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သတင်းရရှိသည်။

"လေးရက်ရှိပါပြီ။ ၁၀ ရက်နေ့ကတည်းက တိုက်တယ်။ ဒရုန်းကနေရော မြေပြင်ကနေရော။ စစ်ကူလာတဲ့ စစ်ကြောင်းကလည်း တောင်ကလေးမှာ ဖြတ်တိုက်ခံလိုက်ရတယ်။ ဒီနေ့တော့ တံတားရော ရဲစခန်းတခုလုံးကိုရော ထိန်းချုပ်ထားလိုက်ပြီ။ စစ်သုံ့ပန်းစုစုပေါင်း၂၆ ယောက် မိထားတယ်" ဟု ကာကွယ်ရေးတပ်ဖွဲ့၏ မြေပြင်စစ်ရေးအရာရှိက မဇ္ဈိမကိုပြောသည်။ 

တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှသာမက ဒရုန်းဖြင့်ပါ ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲသည် ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ဆက်လက်ပြင်းထန်သည်ဟု ၎င်းကပြောသည်။ 

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဒဏ်ရာရစစ်သုံ့ပန်းများအား ဆေးကုသမှု အပြည့်အဝ ပြုလုပ်ပေးထားကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားရာ ချောင်းနှစ်ခွကျေးရွာနှင့် တောင်ကလေးကျေးရွာအား စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကြောင်း သိရသည်။

လေးရက်ကြာ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိသော်လည်း စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများကြောင်း စာရင်းအတိအကျအား အတည်ပြုနေဆဲဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း တောင်ကလေးစစ် ကောင်စီရဲစခန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည် ထိမှန်၍ အသက်ခုနှစ်နှစ်အရွယ်နှင့် ရှစ်နှစ်အရွယ်ရှိ မိန်းကလေးနှစ်ဦး သေဆုံးခဲ့ပြီး အရပ်သားသုံးဦး ဒဏ်ရာရမှုရှိကာ နေအိမ်ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မြန်မာသတင်း
#မွန်ပြည်နယ်
#ကျိုက်မရောမြို့နယ်

ပုံအညွှန်း- ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအချို့နှင့် စစ်ကောင်စီတပ်ပိုင် သေနတ်တလက် (ဓါတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏1😁1
​​မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဆရာတော် ၂ ပါး အပါအဝင် ဒေသခံ ၂၇ ဦးကို ဖမ်းဆီး
===============

008

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆရာတော် နှစ်ပါး အပါအဝင် ဒေသခံ ၂၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၈ နာရီတွင် တံငါကျေးရွာမှာ စျေးရောင်းသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံက ဆိုသည်။ ထို့ပြင် နိုဝင်ဘာလ ၁၂ ရက်က 
 ထန်းပင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးဝါယမနှင့် ၎င်းကျောင်းတွင် ခေတ္တရောက်ရှိနေသည့် ကျောက်တံတားကျေးရွာ ရေနားဘုန်းကြီးကျောင်းမှ ဆရာတော်ဥူးခေမာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

 နိုဝင်ဘာ ၁၁ရက် နှင့် နိုဝင်ဘာ ၁၀ရက်ကလည်း လက်ဝဲကြီးကျေးရွာ၊ လမိုင်းကျေးရွာ ၊ကျောက်တံတားကျေးရွာ ၊အောင်ချမ်းသာကျေးရွာနှင့် ကျပ်ပြင်ကျေးရွာများမှ ဒေသခံ ၂၀ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း မတ္တရာမျိုးမှန် အဖွဲ့က ထုတ်ပြန်ထားသည်။ 

"ရွာတံတားအကျော်မှာ အဖမ်းခံရတာပါ။သူတို့က ဆိုင်ကယ်တွေနဲ့ ရွာစဥ် လှည့် ကုန်စိမ်းရောင်းတဲ့သူတွေပါ။ ကုန်စိမ်းရော ၊ဆိုင်ကယ်တွေရာ သိမ်းသွားကြတယ်။ အကုန်ကားပေါ်တင်သွားကြတယ် "ဟု ယနေ့ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ ဒေသခံဦးကပြောသည်။

အဖမ်းခံရသူများမှာ ကိုသက်ရှည်၊ ကိုကျော်နိုင်ထွန်း၊ ကိုစိုးကြီး၊ မသက်မွန်နှင့် မငယ်ထွေးတို့ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ဆရာတော်နှစ်ပါးမှာ မတ္တရာမြို့နယ် သံဃနာယက အဖွဲ့ဝင်ဆရာတော်များဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။ ဖမ်းဆီးခံရသူများအသက်မှာ ၁၉ နှစ်မှ က် ၄၅ နှစ်အရွယ်အတွင်းဖြစ်ကြပြီး စစ်ကောင်စီတပ်က လက်ရှိအချိန်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများက ဆိုသည်။ ထိုစစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် စကျင်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

စာတည်း ။ ။ အောင်ကျော်ဖြိုး
#Mizzima
#မတ္တရာမြို့နယ်
#ဖမ်းဆီးခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬8🔥2
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဆရာတော် ၂ ပါး အပါအဝင် ဒေသခံ ၂၇ ဦးကို ဖမ်းဆီး
]မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆ....
https://ift.tt/eZx3oRV
🤬5🔥2
မြင်းခြံတွင် စစ်ကောင်စီက ဆိုင်ကယ်တွဲဘီးများ ဖမ်းဆီးကာ တစီးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့်
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးအဖွဲ့က ဆိုင်ကယ်တွဲဘီးများကို ဖမ်း...
https://ift.tt/fkJehX3
🤬5🔥2
လေထုညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းရေး ထိုင်းအစိုးရကို တိုက်တွန်း
ထိုင်းနိုင်ငံအနေဖြင့် တနှစ်တာ အထွတ်အထိပ် လေထုညစ်ညမ်းမှု ကာလကို ရင်ဆိုင်ရရန် ရှိနေစဉ် “သန့်ရှင်းသော လေ အက်ဥ...
https://ift.tt/kYbKDG3
👍2🔥1