Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဆရာတော် ၂ ပါး အပါအဝင် ဒေသခံ ၂၇ ဦးကို ဖမ်းဆီး
]မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆ....
https://ift.tt/eZx3oRV
🤬5🔥2
မြင်းခြံတွင် စစ်ကောင်စီက ဆိုင်ကယ်တွဲဘီးများ ဖမ်းဆီးကာ တစီးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့်
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးအဖွဲ့က ဆိုင်ကယ်တွဲဘီးများကို ဖမ်း...
https://ift.tt/fkJehX3
🤬5🔥2
လေထုညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းရေး ထိုင်းအစိုးရကို တိုက်တွန်း
ထိုင်းနိုင်ငံအနေဖြင့် တနှစ်တာ အထွတ်အထိပ် လေထုညစ်ညမ်းမှု ကာလကို ရင်ဆိုင်ရရန် ရှိနေစဉ် “သန့်ရှင်းသော လေ အက်ဥ...
https://ift.tt/kYbKDG3
👍2🔥1
၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ အညာက PDFရဲဘော် ၄ ဦး ရဲ့ မိသားစုဝင်တွေကိုထောက်ပံ့
KMN (မဇ္ဈိမ) ။ ။မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ ပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsECel7MaFbE&h=AT0_N05PVInW4ZHdQ-Rh9GmV9qhf235DnuejCP9olz6DPuOLw1qKsReLR4AE-62KgiEmH6FgGybScKEl82KuR8hArSnu0QTMTUomEev9MBj1HoLQ-6Ebp7SmaO0Mbyxs&s=1
👍6❤1🔥1
လွိုင်ကော်မြို့တွင် ပရဟိတလူငယ် လက်နက်ကြီးကျည် ထိမှန်သေဆုံး
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်အတွင်း ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် ကျ...
https://ift.tt/XEVUkC3
😢6👍3🔥1
ကျိုက်ထိုတွင် စပါးလှန်းနေသူ စစ်ကောင်စီတပ်၏လက်နက်ကြီးကျည် ထိမှန်သေဆုံး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းဝကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်က လက်....
https://ift.tt/Tmciq1p
👍3🤬3🔥2😢1
​​မြင်းခြံတွင် စစ်ကောင်စီက ဆိုင်ကယ်တွဲဘီးများ ဖမ်းဆီးကာ တစီးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ရွေးခိုင်း
================

ဓါတု

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးအဖွဲ့က ဆိုင်ကယ်တွဲဘီးများကို ဖမ်းဆီးကာ တစီးလျှင် ကျပ် ၅၀၀,၀၀၀ နှုန်းဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။ 

မြင်းခြံမြို့တွင် ဆိုင်ကယ်တွဲဘီးများ အသုံးပြုကာ စစ်ကောင်စီလက်အောက်ခံဌာနများကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်သည် ဟူသောအကြောင်းပြချက်ဖြင့် ထိုသို့ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။ 

 ထို့အပြင်ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများကို ငွေ ၈၀,၀၀၀ ကျပ် ပေးချေစေပြီး မပေးပါက ရဲစခန်းအချုပ်ထဲတွင် ဖမ်းဆီးထားမည်ဟု ခြိမ်းခြောက်ကြောင်း ဆိုင်ကယ်ကယ်ရီပြေးဆွဲနေသူ တဦးကပြောသည်။ 

" ဆိုင်ကယ်တွဲဘီးသမားတွေ ၐတွေ့သမျှလိုက်ဖမ်းတာ လူကိုကျ ၈၀,၀၀၀ ချက်ချင်း ပေးခိုင်းတယ်။ ဆိုင်ကယ်ကိုတော့ စည်ပင်က အမှုဖွင့်မှာဆိုတော့ တရားရုံးမှာ ၅၀၀,၀၀၀ နဲ့ လာထုတ်ခိုင်းတယ်။ အဲ့ဒီလိုလိုက်ဖမ်းတော့ မနေ့က ဘယ်သူမှမထွက်ရဲတော့ဘူး။ ကယ်ရီနဲ့အလုပ်သွားတဲ့ အလုပ်သမားတွေ ဒုက္ခရောက်တာပေါ့"ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ သုံးရက်အတွင်း မြင်းခြံမြို့တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာကွယ်ရေးအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ဆိုင်ကယ်တွဲဘီး ပြေးဆွဲသူများကို ဖမ်းဆီးရာ လက်ရှိတွင် အစီး ၃၀ ထက်မနည်း သိမ်းဆည်းခံထားရကြောင်း ဒေသခံများထံက သိရသည်။

မြို့နယ်တရားရုံးတွင် ဆိုင်ကယ်များကို ပြန်ရွေးထုတ်ရမည်ဖြစ်သော်လည်း တရားရုံး ပိတ်ထားသည်မှာ ငါးရက်ခန့်ရှိပြီဖြစ်၍ ဆိုင်ကယ်ပိုင်ရှင်များ အခက်ကြုံနေရကြောင်း သိရသည်။ 

မြင်းခြံမြို့တွင် စစ်အာဏာသိမ်းပြီးနောက် ဆိုင်ကယ်တစီးလျှင် 'လူသုံးဦးမစီးရ၊ အမျိူးသားနှစ်ယောက်မစီးရ၊ အမျိူးသမီးအရှေ့မှ မစီးရ'စသည့် အမိန့်ထုတ်ပြန်ထားသောကြောင့် ဆိုင်ကယ်ကယ်ရီပြေးဆွဲသူများမှာ တွဲဘီးတပ်ဆင်၍ လုပ်ကိုင်စားသောက်နေရခြင်းဖြစ်ကြောင်း ကယ်ရီမောင်းနှင်သူများကဆိုသည်။ 

နိုဝင်ဘာလ ၇ ရက် နံနက် ၆ နာရီခန့်က မြင်းခြံမြို့၊ပျားကျေးရွာမြောက်ဘက် ပဲခင်းကြီးကျေးရွာက ထွက်လာသည့် စစ်ကောင်စီအင်အား ၃၀ ကျော်ကို ပူပေါင်းမဟာမိတ်ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ၉ ရက်နေ့အထိ ဖြစ်ပွားခဲ့သည်။'

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဆိုင်ကယ်ကယ်ရီ
#မြင်းခြံမြို့နယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬4😢4❤2👍1
​​လေထုညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းရေး ထိုင်းအစိုးရကို တိုက်တွန်း
==================

ထိုင်းနိုင်ငံအနေဖြင့် တနှစ်တာ အထွတ်အထိပ် လေထုညစ်ညမ်းမှု ကာလကို ရင်ဆိုင်ရရန် ရှိနေစဉ် “သန့်ရှင်းသော လေ အက်ဥပဒေ” တရပ်ကို အဆောတလျင် အတည်ပြုရေး ထိုင်းအစိုးရကို လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး လှုပ်ရှားသူများက နိုဝင်ဘာ ၁၃ ရက်တွင် တိုက်တွန်းတောင်းဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
​​လွိုင်ကော်မြို့တွင် ပရဟိတလူငယ် လက်နက်ကြီးကျည် ထိမှန်သေဆုံး
=============

ဂျူချန်း

(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်အတွင်း ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပရဟိတလူငယ်တဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၇ နှစ်အရွယ် ပရဟိတ လူငယ် မောင်အောင်သူရသိန်း၏ နောက်ကျောကိုကျည်စထိမှန်ရာမှ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။

“ကျနော်တို့အသင်းသားတွေ အကုန်လုံးရှိနေတဲ့ အချိန်မှာ လက်နက်ကြီး လာကျတာ။ နောက်ကျောကနေ ပေါက်ဝင်ပြီးမှ အဆုတ်ကို ထိတာထင်တယ်။ နာရီဝက်လောက်မှာပဲ ဆုံးသွားတာ။ ငယ်သေးတယ်။ သူ့ အမေရော သူ့အဖေရော ရှိတယ်ဗျ” ဟု နီးစပ်သူက ပြောသည်။

သေဆုံးသူသည် လွိုင်ကော်မြို့မှ ပရဟိတအဖွဲ့အစည်းတခုဖြစ်သည့် “တမိုးတမြေ” ပရဟိတအသင်းမှ မောင်အောင်သူရသိန်း ဖြစ်ပြီး ပရဟိတလုပ်ငန်းဆောင်ရွက်နေသည်မှာ တနှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

“လွိုင်ကော်မှာ တိုက်ပွဲဖြစ်နေတော့ မြှုပ်မရဘူး။ အသုဘ ချမရဘူးဖြစ်နေတယ်။ ဒီးမော့ဆိုဘက်ခြမ်းကို မရမက ပြန်သယ်သွားတယ်။ လက်နက်ကြီးက တောက်လျှောက်ကျနေတာ” ဟု သတင်းရင်းမြစ်ကပြော သည်။

လွိုင်ကော်မြို့အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသကဲ့သို့ ယနေ့တရက်အတွင်း လေယာဉ်ဖြင့် ခြောက်ကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထေးငှားလျားကျေးရွာ မှ သားအဖနှစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသေးသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မြန်မာသတင်း
#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့
#လက်နက်ကြီးပစ်ခတ်မှု

ပုံအညွှန်း- သေဆုံးသူ မောင်အောင်သူရသိန်း 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😢3🔥1
​​ကျိုက်ထိုတွင် စပါးလှန်းနေသူ စစ်ကောင်စီတပ်၏လက်နက်ကြီးကျည် ထိမှန်သေဆုံး
===============

YT 

(မဇ္ဈိမ)။    ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းဝကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတဦး သေဆုံးသွား ကြောင်း ဒေသခံများထံမှ သိရသည်။

“ရိတ်ပြီးသား စပါးတွေကို နေလှန်းနေတုန်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ထိပြီးဆုံးတာ။ သူက သားသမီး ခုနစ်ယောက်ရှိတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
သေဆုံးသူမှဦ အသက် ၅၄ နှစ်အရွယ် ဦးမင်းနိုင်ဆိုသူဖြစ်ပြီး ဘယ်ဘက်ပေါင်နှင့် ဘယ်ဘက်လက်ချောင်း များတွင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးခန်း၌ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခြင်းဖြစ် သည်ဟု ဆိုသည်။

“ဇလုပ်ကြီး၊ ရှမ်းစု၊ ချောင်းဝက တဆက်တည်းပေါ့။ ရှမ်းစုနဲ့ ချောင်းဝက ဝင်းကံချောင်းပဲခြားတာ။ ဟိုဘက်က ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ ဒီဘက်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်။ အခုက ရွှေကျင်ဘက် ကတပ်က လက်နက်ကြီးပစ်တာ ကျိုက်ထို၊ ချောင်းဝဘက်ကိုကျလို့ အဲဒီက အရပ်သားသေတာပါ” ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၉၈)တပ်ရင်းမှ စစ်ကောင်စီတပ်သားများက ၈၁ မမ လက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်များ အနက် တလုံးသည် ချောင်းဝကျေးရွာ လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း သထုံမြို့အခြေစိုက် ခမရ(၉)နှင့် ပိန္နဲတော စစ်ကောင်စီ စခန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သထုံမြို့နယ်၊ ပိန္နဲတောအထက်ကျေးရွာမှ အမျိုးသားနှစ်ဦး သေဆုံး၍ အမျိုးသမီးတဦးအပါအဝင်သုံးဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကာ နေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း KNU ဗဟို၏ နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း ။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု

ပုံအညွှန်း- လက်နက်ကြီးထိမှန်သေဆုံးသည့် အရပ်သားနှင့် လက်နက်ကြီးကျည် (ဓါတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁2👍1🔥1
မြင်းခြံတွင် စစ်ကောင်စီက ဆိုင်ကယ်တွဲဘီးများ ဖမ်းဆီးကာ တစီးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့်
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးအဖွဲ့က ဆိုင်ကယ်တွဲဘီးများကို ဖမ်း...
https://ift.tt/0FasJjc
👍2❤1👏1
လေထုညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းရေး ထိုင်းအစိုးရကို တိုက်တွန်း
ထိုင်းနိုင်ငံအနေဖြင့် တနှစ်တာ အထွတ်အထိပ် လေထုညစ်ညမ်းမှု ကာလကို ရင်ဆိုင်ရရန် ရှိနေစဉ် “သန့်ရှင်းသော လေ အက်ဥ...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.mizzimaburmese.com%2Farticle%2F135536&h=AT0H-I7pZ94fLogk98F6ypBI0_EMom6SdtB166pd5ssVkhJDieF1tXV0C_fYOI1KBwFpOhBHQvKYLFvRvD42YhxiXJqEgBRb-Dy1cyt5cAMJHpDOhFXOYlZpy7P8SqkX&s=1
🔥1
၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ အညာက PDFရဲဘော် ၄ ဦး ရဲ့ မိသားစုဝင်တွေကိုထောက်ပံ့
KMN (မဇ္ဈိမ) ။ ။မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ ပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsECel7MaFbE&h=AT2-Tg0ZYkSNe4EMpjbrRlZpzKRxgxXNbZNuil55W6xki70RvlNKFwqOLlmXKAmHbzzElmtpzpcmkv8L020elB8Mbp-Xx85cRx6TdKVrCZqCFHCmL82ZdrQszvbO2gZ4&s=1
😁3👍1🔥1👏1
လွိုင်ကော်မြို့တွင် ပရဟိတလူငယ် လက်နက်ကြီးကျည် ထိမှန်သေဆုံး
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်အတွင်း ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် ကျ...
https://ift.tt/Clab6UK
😁4😢3🔥1
ကျိုက်ထိုတွင် စပါးလှန်းနေသူ စစ်ကောင်စီတပ်၏လက်နက်ကြီးကျည် ထိမှန်သေဆုံး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းဝကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်က လက်....
https://ift.tt/FvcLiBr
😢6😁2🔥1
နိုဝင်ဘာလ ၁၃ ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထဋ်ရဲ့ မိသားစု စီးပွာ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FpTlGjiIMPNY&h=AT1JCewyzca_a3yJgCcaxY2FgA-t5QX6qjtXeofTfbll-2fAiEiVMmzd2DVUHxQjpNkbfekN5bupLi6LJedir9d_Fj4nixo1Cr1nie00t029WGkRefn5OW7fkgVnF5M5&s=1
🔥1
ဖေ့စ်ဘုတ်လူမှုကွန်ရက်ကနေ Operation 1027 စာမျက်နှာဖြုတ်ချခံရ |Misinformation Buster S3|Ep.90
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F9hpYblvj4IY&h=AT2NpjWw0yCocQ4Oq4twXMIbV609_KTJ_arYcwPoDNhdDWj-b5GqCqdCcUZlA0DwSRD9Laou2GUOpHTC943UDsLd5v7RUtj2hIt-wcqySUqR8KM2b6oioXS5NSgmzU1k&s=1
🔥2
နိုဝင်ဘာလ ၁၃ ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထဋ်ရဲ့ မိသားစု စီးပွာ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FpTlGjiIMPNY&h=AT2S7SOrCL74A6yi0Yp_sqZBZwCl5JIO5-3hhHhmD-HyxhopK_VYkhkguIP3UY1WzUyTz3e34jBWvAJyI7D2zGEe_fOVW9ayreYuhlqRrlTsZuNkjXErLhJf99lfvy_o&s=1
🔥1
ဖေ့စ်ဘုတ်လူမှုကွန်ရက်ကနေ Operation 1027 စာမျက်နှာဖြုတ်ချခံရ |Misinformation Buster S3|Ep.90
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F9hpYblvj4IY&h=AT2zPWnMEo69sS_gJdfdCYS-5OByXJmYiIXflZdqmQYstdPfiatK_DZR_1riwGDPCQtJWDjqhgsrv9kLPVYtShPTjvXAqM178wVNrClTHF3RCV93NjMaaFgMiY6D6fHf&s=1
🔥2