Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မန္တလေးကိုသိမ်းပိုက်မည့် ရွှေပြည်စိုးစစ်ဆင်ရေးစတင်ပြီဟု မန္တလေး PDF ကြေညာ
===========

007

(မဇ္စျိမ)။  ။မန္တလေးမြို့ကိုသိမ်းပိုက်မည့် ရွှေပြည်စိုးစစ်ဆင်ရေး ယနေ့စတင်ပြီဖြစ်ကြောင်း မန္တလေး PDF က ကြေညာချက်ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်စတင်လိုက်ခြင်းဖြစ်ပြီး စစ်ဆင်ရေးစတင်သည့်အနေဖြင့် အမရပူရမြို့ နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(မန္တလေးတိုင်းရုံး)အရှေ့ဘက် တောင်သမန်အင်းထိပ်ရှိ အမှတ် (၂)ပင်မအလုပ်ရုံ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဉ်သိုလှောင်ရေးတပ်ဝင်းအတွင်းရှိ အရာရှိအိမ်ရာကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တောင်သမန်အင်းပတ်လမ်းပေါ်တွင်လည်း၊ မန္တလေး PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး)အလံတော်ကို စိုက်ထူခဲ့သေးကြောင်း ဆိုသည်။

စစ်ကောင်စီဘက်မှ အထိအခိုက်အသေအဆုံးရှိကြောင်းသိရပြီး စစ်ဆင်ရေး နှင့်ပတ်သက်၍ သိရှိနိုင်ရန် မန္တလေးခရိုင်အမှတ်(၆)တပ်ရင်းနှင့် မဇ္စျိမကဆက်သွယ်နေသော်လည်း အဆက်အသွယ် မရရှိသေးပေ။

“မြန်မာနိုင်ငံရဲ့အလယ်ဗဟိုချက်ကိုကိုင်လှုပ်ဖို့ ရွှေပြည်စိုးမှာ ပူးပေါင်းပါဝင်ပါ။ စစ်ကောင်စီတပ်သားတွေ နဲ့ ရဲတပ်သားတွေကိုပြောလိုတာက အာဏာရူးတသိုက်အတွက် အသက်စတေးခံမလား၊ ဂုဏ်သိက္ခာရှိရှိ CDM ဝင်ပြီး လက်နက်ချမလား စဉ်းစားရွေးချယ်ပါ” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ရွှေပြည်စိုးစစ်ဆင်ရေးတွင် မန္တလေးခရိုင်တပ်ရင်း(၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)တို့ ဦးဆောင် ပါဝင် မည်ဖြစ်ကြောင်းသိရသည်။

ပုံစာ စစ်ဆင်ရေးစတင်ကြောင်း စစ်ကောင်စီ၏နေရာနှစ်ခုကို ဒရုန်းဖြင့်တိုက်ခိုက်ပြီး တောင်သမန်ပတ်လမ်းတွင် PDF အလံတော်စိုက်ထူခဲ့သည်

Photo PDF MDY

စာတည်း။ ။စောဖေ

#မြန်မာသတင်း
#မန္တလေးမြို့
#ရွှေပြည်စိုးစစ်ဆင်ရေး

Website Link - https://www.mizzimaburmese.com/article/135544 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍37❤8
​​အမေရိကန်က နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးအတွက် သုံးစွဲမှုတွင် တရုတ်နှင့် ကွာဟချက်နည်းလာနေ 
===============

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြီးမားဆုံးဘဏ္ဍာရေးအထောက်အပံ့အဖြစ်တည်ရှိနေသည့် နိုင်ငံရပ် ခြားဖွံ့ဖြိုးရေးအတွက် သုံးစွဲမှုတွင် အမေရိကန်က တရုတ်နှင့် ကွာဟချက်နည်းလာသော်လည်း တရုတ်က ရေရှည်တွင် ဦးဆောင်ရန် ပိုမိုကောင်းမွန်သည့်အနေအထားရှိနေကြောင်း အစီရင်ခံစာအသစ်က ဖော်ပြ လိုက်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၃ နိုဝင်ဘာ၂၀၂၃) 
============•=======

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကွမ်းလုံမြို့သိမ်းခံ ရသည် နှင့် ပတ်သက်၍ သတင်းဖုံးကွယ်လိမ်လည် ထုတ်ပြန်သော်လည်း တော်လှန်ရေးအင်းအားစုများမှ ဓာတ်ပုံ ရုပ်သံမှတ်တမ်းများဖြင့် ထုတ်ပြန်လိုက်ရာ စစ်ကောင်စီ၏ အလိမ်အညာပြောဆိုမှုများ ဖုံးကွယ်မရအောင် ဖြစ်ပြီး ပြည်သူလူထုမှလည်း လှောင်ပြောင်နေကြသည်ကို တွေ့ရသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26🔥1
​​ကရင်နီပြည်နယ် စစ်ရှောင်များအတွက် အကူအညီပေးရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး‌ကောင်စီ ဖိတ်ခေါ်
===========

စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်တွင် စစ်ရှောင်များအတွက် အကူအညီပေးရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး‌ကောင်စီက ဖိတ်ခေါ်လိုက်သည်။

လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ အစရှိသည့် မြို့နယ်များမှ စစ်ဘေးရှောင် ဦးရေ ၃၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရ‌သည်ဟု ကောင်စီကဆိုသည်။

စစ်ဘေးရှောင်များကို ဘေးလွတ်‌လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ ‌ပေးခြင်း၊ စစ်ဘေးရှောင်များအတွက် နေရာချထားရေး ကြိုတင်နေရာချထားပေးခြင်း၊ စားနပ်ရိက္ခာနှင့် အမိုးအကာများကို မိတ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲကာ အချိန်နှင့်တ‌ပြေးညီ ဆောင်ရွက်နေသည်ဟု ကောင်စီကဆိုသည်။

" မည်သို့ပင် ဆိုစေကာမူ လူသားချင်းစာနာထာက်ထားမှုအရေး ‌ပေါ်အကူအညီများ ကြီးမားနေဆဲဖြစ်သည်။ သိုဖြစ်၍ လိုအပ်သည့် ငွေကြေးအကူအညီများအပါအ၀င် လူသားချင်း
စာနာ‌ထောက်ထားမှု ဆိုင်ရာ အရေးပေါ် အကူအညီများ ပေးဆောင်နိုင်ရေး ပြည်တွင်း ပြည်ပ စေတနာရှင်များကို တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ် ‌စေ ဖိတ်ခေါ်ပန်ကြားအပ်ပါသည်" ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး‌ကောင်စီက ထုတ်ပြန်သည်။

ကရင်နီပြည်နယ်တွင် စစ်ဆင်ရေး 1111 မှာ အရှိန်မြင့်လာပြီဖြစ် ပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် အင်အားသုံးတိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီက လေ‌ကြောင်း၊ လက်နက်ကြီးများဖြင့် အင်အားသုံး တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု တိုးမြင့်လာသည် ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး‌ကောင်စီက ဆိုသည်။
နို၀င်ဘာ ၁၁ ရက်တွင် စစ်ကောင်စီလက်နက်ကြီး‌ကြောင့် ပြည်သူ ငါးဦး သေဆုံးခဲ့‌ကြောင်း၊ နို၀င်ဘာ ၁၃ ရက်တွင် လွိုင်ကော်မြို့ နမ့်ကွတ်ရပ်ကွက်အတွင်းရှိ ပြည်သူနှစ်ဦး သေဆုံးခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍36❤5🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

၂၈ ကြိမ်မြောက်ကုလသမဂ္ဂရဲ့ ဥတုရာသီညီလာခံမတိုင်ခင်မှာဘဲ ကုလအတွင်းရေးမှူးချုပ်က တရုတ်နဲ့ နီပေါနိုင်ငံတို့ကိုသွားရောက်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး သိပ်ကိုအရေးကြီးနေတာကို ထပ်လောင်း သတိပေးပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂကလေးငယ်များရံပုံငွေအဖွဲ့ကလည်း သဘာဝဘေးဒဏ်တွေကြောင့် ကလေးသန်းနဲ့ချီ နေရပ်ပြောင်းရွှေ့ နေရတာကို ထောက်ပြခဲ့ပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။

https://youtu.be/Rg6wQ_mZRu4?si=pkfqPIQEeDGW5d_5

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
- YouTube
Nyd de videoer og den musik, du holder af, upload originalt indhold, og del det hele med venner, familie og verden på YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FRg6wQ_mZRu4&h=AT1ONDAZHeKbJU86nEjBRvSY_JmGzEozptdgeUfJ0HSjkG2UxezREvRTBFRI14OKgyFIavm-aPaYB3DwrrCIvwM00TTzWRbwui3D-S_RfFNG2StCEhGWKwGCWfd11vVk&s=1
👍1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ | VOA On Mizzima
၂၈ ကြိမ်မြောက်ကုလသမဂ္ဂရဲ့ ဥတုရာသီညီလာခံမတိုင်ခင်မှာဘဲ ကုလအတွင်းရေးမှူးချုပ်က တရုတ်နဲ့ နီပေါနိုင်ငံတို့က....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DRg6wQ_mZRu4&h=AT24ZLd0omuwTZuyShCLrtkw3nBUu-V7pWtnmSRSulPZjfpQXszUCp27D5E7iC6bFaWeYtFPFymaTzIxgnJeafAXejWXOSkmWVr4VABfnriSLGZ8DQ90FHHXT28NfyE-&s=1
ကုလဥတုရာသီညီလာခံအကြို လုပ်ဆောင်ချက်များ | VOA On Mizzima
၂၈ ကြိမ်မြောက်ကုလသမဂ္ဂရဲ့ ဥတုရာသီညီလာခံမတိုင်ခင်မှာဘဲ ကုလအတွင်းရေးမှူးချုပ်က တရုတ်နဲ့ နီပေါနိုင်ငံတို့က....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DBw5gvXKfs8A&h=AT0hv_g_-vsiLiBFf8FulZRIzmIUz-HXaU7P920va7eO0vpJf7KZxsZR0oZ9vRzRamSWIHRGYUwpsFmUXx402GUs-2nTNIFXP4X9B2u8hAGjtJk-2GjWt7BHu0483L0d&s=1
ကုလဥတုရာသီညီလာခံအကြို လုပ်ဆောင်ချက်များ | VOA On Mizzima
၂၈ ကြိမ်မြောက်ကုလသမဂ္ဂရဲ့ ဥတုရာသီညီလာခံမတိုင်ခင်မှာဘဲ ကုလအတွင်းရေးမှူးချုပ်က တရုတ်နဲ့ နီပေါနိုင်ငံတို့က....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DBw5gvXKfs8A&h=AT0_qYeZecMoAXIoOyHGWyMZ1wEHa1JESMB_WPqvz3JHGIEe93KHfBkp2-szHHrpIyYzDf6CD4w6Npk5xhQcuIgZuW_Q-2LKM6z6MI7ZgBufNYw27AGLczc1JGOpxgrj&s=1
👍4🔥1
အသက်ရှုပေါက် ထပ်ကြပ်ခံလိုက်ရတဲ့ စစ်ကောင်စီ
ပြီးခဲ့တဲ့အောက်တိုဘာလအကုန်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က စစ်ကောင်စီအပေါ်အရေးယူပိတ်ဆို့မှု အသစ်တွေ ခ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fvt7N5XwI1_w&h=AT0xjNKZ5-hrlXZ9uyOM3QX8KXcPaeSyHVfAwvUW9QMERr5_IJY9g1lN2V2-txi83nv1AZrQ1qGEPwGR7Om6wixafa3gJlxOy5zCJU-yq9JA2mDh2otwMSz9n_7GLMa3&s=1
👍3🔥1
စိတ်ဖိစီးမှုတွေကုစားဖို့ရည်ရွယ်တဲ့ ဘန်ကောက်မြို့က Joy House | VOA On Mizzima
မြန်မာ့နိုင်ငံရေးအကျပ်အတည်းနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးထိခိုက်ခံရမှုတွေကိုသက်သာဖို့ ရည်ရွယ်သလို...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FCSDlq7AgdeU&h=AT10Nk3EOfym9IaNrvC0Be2MYSdz0rj0RxMrqh0PD41hM-1nXcQQI2CoKKNISwwbLfXKBTeCjKDuzitCRPoGd013u5uPZzB4U3vyAAtshyR1b-ftkAkAwIp8XH2c_IsN&s=1
👍2🔥1
အသက်ရှုပေါက် ထပ်ကြပ်ခံလိုက်ရတဲ့ စစ်ကောင်စီ
ပြီးခဲ့တဲ့အောက်တိုဘာလအကုန်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က စစ်ကောင်စီအပေါ်အရေးယူပိတ်ဆို့မှု အသစ်တွေ ခ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fvt7N5XwI1_w&h=AT1sOMf4jEeFQhhxDEeRaafMoHXgZyui2mW0h6fACr5ERY1Y35ck54H9n3_O1KCwq68-STJcUVA2I9SMGshWqKwj4ZNO-gkXNX-dw4titz_87Tw8xKnBblHBj6vszW1Z&s=1
🔥1
စိတ်ဖိစီးမှုတွေကုစားဖို့ရည်ရွယ်တဲ့ ဘန်ကောက်မြို့က Joy House | VOA On Mizzima
မြန်မာ့နိုင်ငံရေးအကျပ်အတည်းနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးထိခိုက်ခံရမှုတွေကိုသက်သာဖို့ ရည်ရွယ်သလို...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FCSDlq7AgdeU&h=AT249_79d54LyVkeiV4TphZe_-j3jNOHK76br2PJA0c_1-3IAFL9Ny6Z9BrqZeTkpHP7GxFjflXNphsQN2-EhmJ5e3xgT1922vQJ5O4nMcazyaPBBT_c2NdFnf8GvISp&s=1
❤3🔥1
​​ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်စံချိန်နဲ့ တူညီတဲ့ အလွန်ဆိုရဲ့ လေဗာကူဆင်
==============

By PKThawn

လေဗာကူဆင်ဟာ ယူနီယံဘာလင်ကို ၄-၀ ဂိုးဖြင့် အိမ်ကွင်းနိုင်ပွဲနဲ့အတူ ဘွန်ဒက်လီဂါရဲ့ ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဇာဘီအလွန်ဆိုရဲ့ အသင်းဟာ ဒီရာသီမှာ ဖြစ်နိုင်ချေ ၃၃ မှတ်ထဲကနေ ၃၁ မှတ်အထိ ရယူထားနိုင်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီမှာ ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်အသင်းတင်ထားတဲ့ စံချိန်နဲ့ တူညီခဲ့ပါတယ်။

လေဗာကူဆင်တို့ဟာ ဇယားထိပ်ဆုံးမှာ ဘိုင်ယန်မြူးနစ်နေရာကို ရယူခဲ့ဖို့ အဲလက်စ် ဂရီမာလ်ဒို၊ အိုဒီလွန် ကိုဆိုဆူနို၊ ဂျိုနသန်တာနဲ့ နာသန်တယ်လာတို့က သွင်းယူပေးခဲ့ပါတယ်။

“အခုအချိန်မှာ ခံစားချက်က အရမ်းကောင်းပါတယ်။"လို့ စပိန်နဲ့ လီဗာပူးကွင်းလယ်လူဟောင်း အလွန်ဆိုက ပြောပါတယ်။ 

"ကျနော်တို့ဟာ ရှင်းရှင်းလင်းလင်းနဲ့ အာရုံစူးစိုက်မှုတွေ အများကြီးနဲ့ ကစားခဲ့ကြပါတယ်။ ဒါပေမယ့် ပွဲတွေ အများကြီး ကျန်နေသေးပါတယ်။ ဘောလုံးမှာ အများကြီး ဖြစ်လာနိုင်ပြီး မျှော်လင့်ချက်တွေ အားလုံးရုတ်တရက် ပျောက်ကွယ်သွားတတ်ပါတယ်။"

လေဗာကူဆင်ဟာ နောက်ဆုံး ၁၂ ပွဲဆက်တိုက် နိုင်ပွဲရမှုအပါအဝင် ဒီနှစ်ရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၁၇ ပွဲမှာ ၁၆ ပွဲအနိုင်ရထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ လေဗာကူဆင်အသင်း ရှစ်ပွဲကစားအပြီး အမှတ်ပေးဇယားအောက်ဆုံးမှ ဒုတိယနေရာမှာ ရပ်တည်ခဲ့ချိန် အလွန်ဆိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။

သူတို့ဟာ အဲဒီရာသီကို အဆင့် ၆ နဲ့ အဆုံးသတ်ပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။

အလွန်ဆိုရဲ့ တခုတည်းသော ယခင်မန်နေဂျာအတွေ့အကြုံမှာ ရီးယဲလ်ဆိုစီဒက်ရဲ့ B အသင်းကို သုံးနှစ်ကြာ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၇ မှာ ကစားသမားဘဝမှ အနားယူခဲ့တာဖြစ်ပါတယ်။

ချန်ပီယံ ဘိုင်ယန်မြူးနစ်ဟာ စနေနေ့က ဟိုင်ဒင်ဟိမ်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိမှုနဲ့အတူ ဇယားထိပ်သို့ တက်လာခဲ့ပါတယ်။

ယူနီယံဘာလင်ဟာ ကလပ်စံချိန်တင် ၉ ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက် ဂိုးကွာခြားချက်ဖြင့် အောက်ဆုံးမှာ ရှိနေပါတယ်။

(BBC)
Photo: EPA

#Alonso #XabiAlonso #အလွန်ဆို #leverkusen #လေဗာကူဆင် #Bundesliga #ဘွန်ဒက်လီဂါ #Mizzima
👍6