Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
(Photo News) အင်္ဂလန်နှင့် မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ဆာဘော်ဘီချာလ်တန်ရဲ့ ဈာပနအခမ်းအနားကို ဗြိတိန်၊ မန်ချက်စတာရှိ Manchester Cathedral ဘုရာရှိခိုးကျောင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဗြိတိန်တော်ဝင်မင်းသား ဝီလျံ၊ ယူနိုက်တက်ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်၊ CEO ဟောင်း ဒေးဗစ်ဂီးလ်၊ ကစားသမားဟောင်းတွေနဲ့ လက်ရှိကစားသမားတွေ တက်ရောက်ခဲ့ပါတယ်။ ဆာဘော်ဘီချာလ်တန်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့က အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)
👍7🔥1
​​စစ်ကောင်စီ လက်အောက်ခံများ လက်နက်ချရန် AA တိုက်တွန်း
===============

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ စစ်ကောင်စီ လက်အောက်ခံ တပ်သားများနှင့် ရဲများအနေဖြင့် အသက်မသေဘဲ မိသားစုဝင်များနှင့် ပြန်လည်တွေ့ဆုံလိုပါက လက်နက်ချကြရန် ရက္ခိုင့်တပ်တော် (AA) ကတိုက်တွန်းပြောကြားလိုက်သည်။

"စစ်ကောင်စီလက်အောက်ခံ မြန်မာတပ်မတော်သားတွေ ပြီးရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတွေ ကို ကျနော်တို့ပြောချင်တာကတော့ အသက်မသေဘဲ မိသားစု၊ဆွေမျိုး၊ညီကိုမောင်နှမတွေနဲ့ကောင်းကောင်းမွန်မွန်ပြန်ဆုံချင်ရင် ကျနော်တို့ရက္ခိုင်တပ်တော်ရဲ့ နီးစပ်ရာတပ်စခန်းတွေကို အမြန်ဆုံး ဆက်သွယ်ပြီးတော့မှ လက်နက်ချအညံ့ခံကြဖို့အတွက် ကျနော်တို့ အသိပေးလိုပါတယ်" ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခက ပြောသည်။ 

နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေစဉ်တွင် ဆက်သွယ်လာပြီး လက်နက်ချလာသည့် စစ်ကောင်စီလက်အောက်ခံများကို တပ်တော်အနေဖြင့် ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီး မိသားစုဝင်များနှင့်အမြန်ဆုံးပြန်ဆုံနိုင်ရန် ကူညီလုပ်ဆောင်ပေးမည်ဟု သိရသည်။

နိုင်ဝင်ဘာလ ၁၃ရက်က စတင်ပြီး စစ်ကောင်စီနှင့်AAတပ်အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ မင်းပြားနှင့် မောင်တောမြို့နယ် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ နှစ်ခုတွင် စစ်တွေအခြေစိုက် စစ်ကောင်စီဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦး ဖမ်းဆီး ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၄ရက်တွင် ထုတ်ပြန်ထားသည်။

အပေါက်ဝမြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ “အပေါက်ဝ ရဲစခန်း” မှ ရဲတပ်ဖွဲ့ ဝင် ၂၂ယောက်သည် AA ထံ လက်နက်များ နှင့်အတူ လက်နက်ချအလင်းဝင်လာခဲ့သည့်အပြင် အခြားနေရာနှစ်ခုမှ ရဲ ခြောက်ဦး လက်နက်ချခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရရသည်။

နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည့်ကြားတွင် ရခိုင်ပြည်နယ်ကို စစ်ကောင်စီက အဘက်ဘက်ကပိတ်ဆို့မှုများပြုလုပ်ထားကာ ရခိုင်ပြည်နယ်၏ အဝင်အထွက်ကိုပိတ်ဆို့ထားလျက်ရှိသည်။ စစ်ကောင်စီ၏အဆိုပါလုပ်ရပ်သည် ပြည်သူများကို စားနပ်ရိက္ခာပြတ်လပ်ပြီး ပိုမိုကြပ်တည်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်အပါအဝင် နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ရခိုင်ပြည်နယ်
#AA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁1
​​မြန်မာရှိ လူလိမ်ဂိုဏ်းအဖွဲ့ထံ၌ ပိတ်လှောင်ခံခဲ့ရသည့် နိုင်ငံသား ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ဟု တောင်ကိုရီးယား ပြော
================

“အောက်တိုဘာလကုန်လောက်မှာ မြန်မာရဲတွေက အဲဒီကုမ္ပဏီကို ဝင်စီးနင်းခဲ့ပြီးတော့ မိမိတို့ နိုင်ငံသား ၁၉ ယောက်ကို ခေါ်ယူထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။ ၎င်းတို့ကို နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန်သို့ ဘေးကင်းစွာ ပို့ဆောင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁1
​​ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး အင်ဒိုနီးရှားသို့ ဆိုက်ရောက်
=================

ယခု လူ ၁၉၆ ဦးပါသည့် ရိုဟင်ဂျာအစုအဖွဲ့သည် အာချေးပြည်နယ်၏ Pidie ဒေသ ကမ်းခြေသို့ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသရေတပ်တပ်မှူး အန်ဒီ ဆူဆန်တိုက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6
ဂါဇာရှိ ‘ရက်စက် ယုတ်မာမှုများ’ အဆုံးသတ်စေရေး ကူညီလုပ်ဆောင်ရန် အင်ဒိုနီးရှားက အမေရိကန်ကိ
ဂါဇာ၌ ‘ရက်စက် ယုတ်မာသည့် လုပ်ရပ်များ’ အဆုံးသတ်စေရေးနှင့် အပစ်အခတ်ရပ်စဲမှု ဖြစ်ပေါ်ရေးအတွက် ပိုမို ကူညီလုပ....
https://ift.tt/I4KvSPH
စစ်ကောင်စီ လက်အောက်ခံများ လက်နက်ချရန် AA တိုက်တွန်း
စစ်ကောင်စီ လက်အောက်ခံ တပ်သားများနှင့် ရဲများအနေဖြင့် အသက်မသေဘဲ မိသားစုဝင်များနှင့် ပြန်လည်တွေ့ဆုံလိုပါက .....
https://ift.tt/Bz15ucA
မြန်မာရှိ လူလိမ်ဂိုဏ်းအဖွဲ့ထံ၌ ပိတ်လှောင်ခံခဲ့ရသည့် နိုင်ငံသား ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ဟ
မြန်မာနိုင်ငံရှိ တရားမဝင် လုပ်ငန်းကုမ္ပဏီတခု၌ ပိတ်လှောင်ခံခဲ့ရသော တောင်ကိုရီးယားနိုင်ငံသား ၁၉ ဦးကို ကယ်တ.....
https://ift.tt/ZkXuqdY
စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာလျှင် ၁၂၀ ကျပ်နှုန်းမြင့်တက်လာ | Business Roundup (14.11.2023)
- တရုတ်နဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းများရပ်တန့်သွားခြင်းကြောင့် လမ်းကြောင်းများ ပြောင်းလဲ တင်ပို့- ပုဂ္ဂ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FWAk9UasvDRc&h=AT3h7w8lfxFYS8fWMIKLcu0BEi6sngeqFA5kmezbVhAomtidLWtUPZ4GikL2L6WzWEcSIyDXHA_RQDbuZsUHdc-TpFCuPdDkIj0HdwGOP5D0rGHrWKjsCbbNpoq_LYRu&s=1
ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး အင်ဒိုနီးရှားသို့ ဆိုက်ရောက်
အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါးသည် နိုဝင်ဘာ ၁၄ ရက်က အင်ဒိုနီးရှား၏ အနောက.....
https://ift.tt/hQWjFEd
👍2
ရန်ကုန်မြို့မှ Honey Nest Bar နှင့် စစ်ကောင်စီတည်းခိုဆောင်အနီး ပေါက်ကွဲမှုဖြစ်၊လူထိခိုက်မှုမရှိ
ရန်ကုန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်ညက မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းရှိ စစ်ကောင်စီနှင့် ဆက်စ....
https://ift.tt/obgPW8x
စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာလျှင် ၁၂၀ ကျပ်နှုန်းမြင့်တက်လာ | Business Roundup (14.11.2023)
- တရုတ်နဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းများရပ်တန့်သွားခြင်းကြောင့် လမ်းကြောင်းများ ပြောင်းလဲ တင်ပို့- ပုဂ္ဂ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FWAk9UasvDRc&h=AT3xU3n1l3MtNBhbUuQ8K9wFkfD7QFw0YZn7dFGaP7664GlWkXZIwfcUyTlZCPvN69U8866d3_o9SpOD-903O8KwbOUgSuPkYXdql9ZFXzH0JrG2p3mGcWUgxn1CCg5O&s=1
🔥1
ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး အင်ဒိုနီးရှားသို့ ဆိုက်ရောက်
အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါးသည် နိုဝင်ဘာ ၁၄ ရက်က အင်ဒိုနီးရှား၏ အနောက.....
https://ift.tt/6wCIcU0
👍1🔥1
ရန်ကုန်မြို့မှ Honey Nest Bar နှင့် စစ်ကောင်စီတည်းခိုဆောင်အနီး ပေါက်ကွဲမှုဖြစ်၊လူထိခိုက်မှုမရှိ
ရန်ကုန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်ညက မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းရှိ စစ်ကောင်စီနှင့် ဆက်စ....
https://ift.tt/rwVCTMs
🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၄ နိုဝင်ဘာ၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ
https://ift.tt/BJsMCRk
👍1🔥1
​​ရန်ကုန်မြို့မှ Honey Nest Bar နှင့် စစ်ကောင်စီတည်းခိုဆောင်အနီး ပေါက်ကွဲမှုဖြစ်၊လူထိခိုက်မှုမရှိ
===============

ဂန္ဒမာ

(မဇ္ဈိမ)။  ။ ရန်ကုန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်ညက မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းရှိ စစ်ကောင်စီနှင့် ဆက်စပ်မှုရှိသော Honey Nest Bar နှင့် လှိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတည်းခိုဆောင်အနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

Honey Nest Bar တွင် နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ဘား၏ အဆောက်အဦးအပြင်ဘက်၌ ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိဟု သမိုင်းဘူတာရုံလမ်းအနီးနေသူများကပြောသည်။

Honey Nest Bar တွင် ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၅ ရက် ညက ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ခဲ့သည်။ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သူများ ဖွင့်လှစ်ထားသည့် ဘားဖြစ်ကြောင်းသတင်းများထွက်ပေါ်သလို စစ်ကောင်စီတပ်အကြီးအကဲများ၏ သားသမီးများ၊ စစ်တပ်ထောက်ခံသူများ လာရောက်ပျော်ပါးသည့်နေရာဖြစ်သောကြောင့် တိုက်ခိုက်ခြင်းဟု မြို့ပြ တော်လှန်ရေးအင်အားစုများကပြောသည်။

အလားတူ ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က လှိုင်မြို့နယ်၊ အုတ်ကျင်းမှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တည်းခိုကြသည့် တည်းခိုဆောင်အနီးတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။ 

“ဘုရင့်နောင်ဘက်က အုတ်ကျင်းကိုဝင်မယ်ဆို အမှတ် ၁ တည်းခိုဆောင်ရှိတယ်။ အဲ့မှာ တင့်ကားတွေကအစရှိတယ်။ ရန်ကုန် အင်းစိန်လမ်းဘက်က ဝင်မယ်ဆိုရင် အုတ်ကျင်းလမ််းထိပ်နဲ့မျက်နှာချင်းဆိုင်မှာ ချည်မျှင်နဲ့အထည်စက်ရုံရှိတယ်။ သူကလည်းစစ်တပ်ပိုင်ဆိုတော့ အဲ့မှာ ကင်းပုန်းတွေရှိတယ်။ ထိပ် နှစ်ခုလုံးမှာရှိတယ်။ ပေါက်ကွဲမှုဖြစ်တာက စစ်တပ်ရှိတဲ့နေရာနားတဝိုက်ပါ” ဟု ရန်ကုန်မြို့မှ မြို့ပြတော်လှန်ရေးရဲဘော်တဦး ပြောသည်။ 

ဧည့်ရိပ်သာဟု ခေါ်ကြသည့် အုတ်ကျင်းတည်းခိုဆောင်သည် စစ်သားများအတွက် စစ်ကောင်စီကနေရာပေးထားသော တည်းခိုဆောင်ဖြစ်သည်။ ယခုပေါက်ကွဲမှုဖြစ်သော နေရာမှာ အမှတ်(၁) တည်းခိုဆောင်အနီး၌ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်စဉ် နှစ်ခုစလုံးသည် အသံမိုင်းပေါက်ကွဲခြင်းဖြစ်နိုင်‌ ပြီး လူထိခိုက်မှုမရှိကြောင်း မြို့ခံအချို့က ပြောသည်။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးပေ။

စာတည်း - အေးချမ်း
#Mizzima
#ရန်ကုန်မြို့
#မရမ်းကုန်းမြို့နယ်
#လှိုင်မြို့နယ်
#ပေါက်ကွဲမှု

ပုံအညွှန်း - တိုက်ခိုက်မှု သုံးကြိမ်တိုင် ဖြစ်ပွါးဖူးသော Honey Nest Bar (ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏1😁1