စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာလျှင် ၁၂၀ ကျပ်နှုန်းမြင့်တက်လာ | Business Roundup (14.11.2023)
- တရုတ်နဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းများရပ်တန့်သွားခြင်းကြောင့် လမ်းကြောင်းများ ပြောင်းလဲ တင်ပို့- ပုဂ္ဂ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FWAk9UasvDRc&h=AT3h7w8lfxFYS8fWMIKLcu0BEi6sngeqFA5kmezbVhAomtidLWtUPZ4GikL2L6WzWEcSIyDXHA_RQDbuZsUHdc-TpFCuPdDkIj0HdwGOP5D0rGHrWKjsCbbNpoq_LYRu&s=1

ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး အင်ဒိုနီးရှားသို့ ဆိုက်ရောက်
အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါးသည် နိုဝင်ဘာ ၁၄ ရက်က အင်ဒိုနီးရှား၏ အနောက.....
https://ift.tt/hQWjFEd

👍2
ရန်ကုန်မြို့မှ Honey Nest Bar နှင့် စစ်ကောင်စီတည်းခိုဆောင်အနီး ပေါက်ကွဲမှုဖြစ်၊လူထိခိုက်မှုမရှိ
ရန်ကုန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်ညက မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းရှိ စစ်ကောင်စီနှင့် ဆက်စ....
https://ift.tt/obgPW8x

Beijing opposes defining China-US relationship by 'competition' ahead of Xi, Biden summit
Beijing says it opposes "defining China-US relationship in terms of competition" ahead of a summit between Chinese leader Xi ...
https://www.youtube.com/watch?v=afohX5ZaTHA

YouTube
Beijing opposes defining China-US relationship by 'competition' ahead of Xi, Biden summit
Beijing says it opposes "defining China-US relationship in terms of competition" ahead of a summit between Chinese leader Xi Jinping and US President Joe Biden this week in San Francisco.
It declines to provide further details on a Japanese who Tokyo said…

👍1
စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာလျှင် ၁၂၀ ကျပ်နှုန်းမြင့်တက်လာ | Business Roundup (14.11.2023)
တရုတ်နဲ့ အဓိကကုန်သွယ်ရေး ...
https://www.youtube.com/watch?v=WAk9UasvDRc

- တရုတ်နဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းများရပ်တန့်သွားခြင်းကြောင့် လမ်းကြောင်းများ ပြောင်းလဲ တင်ပို့
- ပုဂ္ဂလိကဘဏ်တွေမှာအပ်ထားတဲ့ ပြည်သူတွေရဲ့ငွေတွေ ဆုံးရှုံးနစ်နာမှုမရှိစေဖို့် စီမံဆောင်ရွက်နေကြောင်း NUG ကြားကာလဗဟိုဘဏ် ကြေညာ
- ရှမ်းမြောက်နဲ့ မန္တလေးတိ…

Nov - 14 [ 7 Pm ] The Mizzima Primetime
Nov - 14 [ 7 Pm ] The Mizzima Primetime Mizzima Headline News #7pmnews #themizzimaprimetime #reels #shorts ...
https://www.youtube.com/watch?v=6i_N05Y_TR8

Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…
Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…
👍1
စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာလျှင် ၁၂၀ ကျပ်နှုန်းမြင့်တက်လာ | Business Roundup (14.11.2023)
- တရုတ်နဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းများရပ်တန့်သွားခြင်းကြောင့် လမ်းကြောင်းများ ပြောင်းလဲ တင်ပို့- ပုဂ္ဂ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FWAk9UasvDRc&h=AT3xU3n1l3MtNBhbUuQ8K9wFkfD7QFw0YZn7dFGaP7664GlWkXZIwfcUyTlZCPvN69U8866d3_o9SpOD-903O8KwbOUgSuPkYXdql9ZFXzH0JrG2p3mGcWUgxn1CCg5O&s=1

🔥1
ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး အင်ဒိုနီးရှားသို့ ဆိုက်ရောက်
အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါးသည် နိုဝင်ဘာ ၁၄ ရက်က အင်ဒိုနီးရှား၏ အနောက.....
https://ift.tt/6wCIcU0

👍1🔥1
ရန်ကုန်မြို့မှ Honey Nest Bar နှင့် စစ်ကောင်စီတည်းခိုဆောင်အနီး ပေါက်ကွဲမှုဖြစ်၊လူထိခိုက်မှုမရှိ
ရန်ကုန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်ညက မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းရှိ စစ်ကောင်စီနှင့် ဆက်စ....
https://ift.tt/rwVCTMs

===============
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်ညက မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းရှိ စစ်ကောင်စီနှင့် ဆက်စပ်မှုရှိသော Honey Nest Bar နှင့် လှိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတည်းခိုဆောင်အနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မြို့ခံများကပြောသည်။
Honey Nest Bar တွင် နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ဘား၏ အဆောက်အဦးအပြင်ဘက်၌ ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိဟု သမိုင်းဘူတာရုံလမ်းအနီးနေသူများကပြောသည်။
Honey Nest Bar တွင် ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၅ ရက် ညက ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ခဲ့သည်။ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သူများ ဖွင့်လှစ်ထားသည့် ဘားဖြစ်ကြောင်းသတင်းများထွက်ပေါ်သလို စစ်ကောင်စီတပ်အကြီးအကဲများ၏ သားသမီးများ၊ စစ်တပ်ထောက်ခံသူများ လာရောက်ပျော်ပါးသည့်နေရာဖြစ်သောကြောင့် တိုက်ခိုက်ခြင်းဟု မြို့ပြ တော်လှန်ရေးအင်အားစုများကပြောသည်။
အလားတူ ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က လှိုင်မြို့နယ်၊ အုတ်ကျင်းမှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တည်းခိုကြသည့် တည်းခိုဆောင်အနီးတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။
“ဘုရင့်နောင်ဘက်က အုတ်ကျင်းကိုဝင်မယ်ဆို အမှတ် ၁ တည်းခိုဆောင်ရှိတယ်။ အဲ့မှာ တင့်ကားတွေကအစရှိတယ်။ ရန်ကုန် အင်းစိန်လမ်းဘက်က ဝင်မယ်ဆိုရင် အုတ်ကျင်းလမ််းထိပ်နဲ့မျက်နှာချင်းဆိုင်မှာ ချည်မျှင်နဲ့အထည်စက်ရုံရှိတယ်။ သူကလည်းစစ်တပ်ပိုင်ဆိုတော့ အဲ့မှာ ကင်းပုန်းတွေရှိတယ်။ ထိပ် နှစ်ခုလုံးမှာရှိတယ်။ ပေါက်ကွဲမှုဖြစ်တာက စစ်တပ်ရှိတဲ့နေရာနားတဝိုက်ပါ” ဟု ရန်ကုန်မြို့မှ မြို့ပြတော်လှန်ရေးရဲဘော်တဦး ပြောသည်။
ဧည့်ရိပ်သာဟု ခေါ်ကြသည့် အုတ်ကျင်းတည်းခိုဆောင်သည် စစ်သားများအတွက် စစ်ကောင်စီကနေရာပေးထားသော တည်းခိုဆောင်ဖြစ်သည်။ ယခုပေါက်ကွဲမှုဖြစ်သော နေရာမှာ အမှတ်(၁) တည်းခိုဆောင်အနီး၌ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်စဉ် နှစ်ခုစလုံးသည် အသံမိုင်းပေါက်ကွဲခြင်းဖြစ်နိုင် ပြီး လူထိခိုက်မှုမရှိကြောင်း မြို့ခံအချို့က ပြောသည်။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးပေ။
စာတည်း - အေးချမ်း
#Mizzima
#ရန်ကုန်မြို့
#မရမ်းကုန်းမြို့နယ်
#လှိုင်မြို့နယ်
#ပေါက်ကွဲမှု
ပုံအညွှန်း - တိုက်ခိုက်မှု သုံးကြိမ်တိုင် ဖြစ်ပွါးဖူးသော Honey Nest Bar (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12👏1😁1
လောက်ကိုင် ခမရ(၁၂၉) တပ်ရင်းမှ တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် ၁၂၆ ဦး လက်နက်ချ
👍17❤2😁2👏1
လောက်ကိုင် ခမရ(၁၂၉) တပ်ရင်းမှ တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် ၁၂၆ ဦး လက်နက်ချ
===============
ရွှေနွယ်၊ ဂျူချန်း
မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ လက်အောက်ရှိ ခြေမြန်တပ်ရင်း(၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ မိသားစုဝင်များ လက်နက်ချ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ကြေညာသည်။
နိုဝင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကိုးကန့် အထူး(၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာ၌ အခြေစိုက်သည့် ခမရ(၁၂၉) မှ တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ ၎င်းတို့၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ ၁၃၄ ဦး၊ စုစုပေါင်း ၂၆၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်သည်။
ထိုသို့ ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်ဖွဲ့ဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁,၀၀၀,၀၀၀ နှင့် ၎င်းတို့၏ မိသားစုဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁၀၀,၀၀၀ စီ ချီးမြှင့်ခဲ့ကြောင်းလည်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ၎င်းတို့ထဲမှ ကျန်းမာရေးမကောင်းသူများကိုလည်း ညီနောင်မဟာမိတ်တို့က အခမဲ့ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် ၎င်းတို့သွားလိုရာနေရာ အသီးသီးကိုလည်း လုံခြုံစွာပို့ပေးထားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
"တပ်ရင်း တရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့သာမက မြန်မာပြည်သူလူထုတရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတဦးအဖြစ် အမြဲတမ်းမှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်သည်။ ဤကဲ့သို့သော သူရဲကောင်းများ နောက်ထပ်ပေါ်ထွက်လာမည်ကိုလည်း မိမိတို့မှ အပြည့်အဝယုံကြည်ပါသည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဆိုထားသည်။
“ဟုတ်ပါတယ်ဗျ။ လောလောဆယ်တော့ အများဆုံး(အလင်းဝင်လာသူဦးရေ) လို့ ပြောလို့ ရပါတယ်ဗျ” ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA )၏ ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။
လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ လက်အောက်တွင် ခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်း ခုနစ်ရင်းရှိပြီး ထို့အနက်မှ ကွမ်းလုံမြို့ရှိ အမှတ်(၁၂၇)နှင့် အမှတ်(၃၁၂)၊ ပါစင်ကျော်ရွာရှိ အမှတ် (၁၂၈) တို့ကို ညီနောင်မဟာမိတ်တို့မှ သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ နောက်တဖန် အမှတ်(၁၂၉)မှ လက်နက်ချလာသည့်အတွက် ကုန်းကြမ်းမြို့ရှိ အမှတ်(၁၂၅)၊ လောက်ကိုင်ရှိ အမှတ်(၂၃၉) နှင့် အမှတ်(၃၂၂) တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။
" တပ်ရင်းမှူးတွေ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချဖို့ အချိန်ရောက်ပြီ။ ခမရ (၁၂၉) တပ်ရင်းတခုလုံး လက်နက်ချ အလင်းဝင်သွားတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ တပ်မှူးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ စစ်တပ်အတွင်းမှာ ဒီကိစ္စကို ရသလောက် သတင်းဖုံးဖို့ကြိုးစားနေပါတယ်။ ဘယ်လောက်ပဲ ဖုံးထားဖုံးထား စစ်တပ်အတွင်း စိတ်ဓာတ်ပြိုလဲနေပြီဆိုတာ အထင်အရှားပါပဲ" ဟု CDM ဗိုလ်ကြီးညီသုတမှ ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
ကွမ်းလုံမြို့ရှိ ခလရ(၁၄၃) မှ စစ်ကောင်စီတပ်သား ၄၁ ဦးသည် အောက်တိုဘာ ၃၀ရက်နေ့တွင် တပ်ရင်းလိုက် လက်နက်ချလာခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
လက်နက်ချအလင်းဝင်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ခရီးစရိတ်များကိုပါ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ခမရ(၁၂၉)
#လောက်ကိုင်
#ဒကစ
#Operation-1027
#MNDAA
#AA
#TNLA

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍22❤5👏3😁2🥴1
🔥1