Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၄ နိုဝင်ဘာ၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ
https://ift.tt/BJsMCRk
👍1🔥1
​​ရန်ကုန်မြို့မှ Honey Nest Bar နှင့် စစ်ကောင်စီတည်းခိုဆောင်အနီး ပေါက်ကွဲမှုဖြစ်၊လူထိခိုက်မှုမရှိ
===============

ဂန္ဒမာ

(မဇ္ဈိမ)။  ။ ရန်ကုန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်ညက မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းရှိ စစ်ကောင်စီနှင့် ဆက်စပ်မှုရှိသော Honey Nest Bar နှင့် လှိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတည်းခိုဆောင်အနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

Honey Nest Bar တွင် နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ဘား၏ အဆောက်အဦးအပြင်ဘက်၌ ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိဟု သမိုင်းဘူတာရုံလမ်းအနီးနေသူများကပြောသည်။

Honey Nest Bar တွင် ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၅ ရက် ညက ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ခဲ့သည်။ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သူများ ဖွင့်လှစ်ထားသည့် ဘားဖြစ်ကြောင်းသတင်းများထွက်ပေါ်သလို စစ်ကောင်စီတပ်အကြီးအကဲများ၏ သားသမီးများ၊ စစ်တပ်ထောက်ခံသူများ လာရောက်ပျော်ပါးသည့်နေရာဖြစ်သောကြောင့် တိုက်ခိုက်ခြင်းဟု မြို့ပြ တော်လှန်ရေးအင်အားစုများကပြောသည်။

အလားတူ ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က လှိုင်မြို့နယ်၊ အုတ်ကျင်းမှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တည်းခိုကြသည့် တည်းခိုဆောင်အနီးတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။ 

“ဘုရင့်နောင်ဘက်က အုတ်ကျင်းကိုဝင်မယ်ဆို အမှတ် ၁ တည်းခိုဆောင်ရှိတယ်။ အဲ့မှာ တင့်ကားတွေကအစရှိတယ်။ ရန်ကုန် အင်းစိန်လမ်းဘက်က ဝင်မယ်ဆိုရင် အုတ်ကျင်းလမ််းထိပ်နဲ့မျက်နှာချင်းဆိုင်မှာ ချည်မျှင်နဲ့အထည်စက်ရုံရှိတယ်။ သူကလည်းစစ်တပ်ပိုင်ဆိုတော့ အဲ့မှာ ကင်းပုန်းတွေရှိတယ်။ ထိပ် နှစ်ခုလုံးမှာရှိတယ်။ ပေါက်ကွဲမှုဖြစ်တာက စစ်တပ်ရှိတဲ့နေရာနားတဝိုက်ပါ” ဟု ရန်ကုန်မြို့မှ မြို့ပြတော်လှန်ရေးရဲဘော်တဦး ပြောသည်။ 

ဧည့်ရိပ်သာဟု ခေါ်ကြသည့် အုတ်ကျင်းတည်းခိုဆောင်သည် စစ်သားများအတွက် စစ်ကောင်စီကနေရာပေးထားသော တည်းခိုဆောင်ဖြစ်သည်။ ယခုပေါက်ကွဲမှုဖြစ်သော နေရာမှာ အမှတ်(၁) တည်းခိုဆောင်အနီး၌ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်စဉ် နှစ်ခုစလုံးသည် အသံမိုင်းပေါက်ကွဲခြင်းဖြစ်နိုင်‌ ပြီး လူထိခိုက်မှုမရှိကြောင်း မြို့ခံအချို့က ပြောသည်။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးပေ။

စာတည်း - အေးချမ်း
#Mizzima
#ရန်ကုန်မြို့
#မရမ်းကုန်းမြို့နယ်
#လှိုင်မြို့နယ်
#ပေါက်ကွဲမှု

ပုံအညွှန်း - တိုက်ခိုက်မှု သုံးကြိမ်တိုင် ဖြစ်ပွါးဖူးသော Honey Nest Bar (ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏1😁1
လောက်ကိုင် ခမရ(၁၂၉) တပ်ရင်းမှ တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် ၁၂၆ ဦး လက်နက်ချ
👍17❤2😁2👏1
လောက်ကိုင် ခမရ(၁၂၉) တပ်ရင်းမှ တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် ၁၂၆ ဦး လက်နက်ချ
===============

ရွှေနွယ်၊ ဂျူချန်း

မဇ္ဈိမ။   ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ လက်အောက်ရှိ ခြေမြန်တပ်ရင်း(၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ မိသားစုဝင်များ လက်နက်ချ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ကြေညာသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကိုးကန့် အထူး(၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာ၌ အခြေစိုက်သည့် ခမရ(၁၂၉) မှ တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့်အတူ ၎င်းတို့၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ ၁၃၄ ဦး၊ စုစုပေါင်း ၂၆၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်သည်။

ထိုသို့ ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်ဖွဲ့ဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁,၀၀၀,၀၀၀ နှင့် ၎င်းတို့၏ မိသားစုဝင်များကို တဦးလျင် မြန်မာကျပ်ငွေ ၁၀၀,၀၀၀ စီ ချီးမြှင့်ခဲ့ကြောင်းလည်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့ထဲမှ ကျန်းမာရေးမကောင်းသူများကိုလည်း ညီနောင်မဟာမိတ်တို့က အခမဲ့ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် ၎င်းတို့သွားလိုရာနေရာ အသီးသီးကိုလည်း လုံခြုံစွာပို့ပေးထားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"တပ်ရင်း တရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့သာမက မြန်မာပြည်သူလူထုတရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတဦးအဖြစ် အမြဲတမ်းမှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်သည်။ ဤကဲ့သို့သော သူရဲကောင်းများ နောက်ထပ်ပေါ်ထွက်လာမည်ကိုလည်း မိမိတို့မှ အပြည့်အဝယုံကြည်ပါသည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဆိုထားသည်။

“ဟုတ်ပါတယ်ဗျ။ လောလောဆယ်တော့ အများဆုံး(အလင်းဝင်လာသူဦးရေ) လို့ ပြောလို့ ရပါတယ်ဗျ” ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA )၏ ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။

လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ လက်အောက်တွင် ခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်း ခုနစ်ရင်းရှိပြီး ထို့အနက်မှ ကွမ်းလုံမြို့ရှိ အမှတ်(၁၂၇)နှင့် အမှတ်(၃၁၂)၊ ပါစင်ကျော်ရွာရှိ အမှတ် (၁၂၈) တို့ကို ညီနောင်မဟာမိတ်တို့မှ သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ နောက်တဖန် အမှတ်(၁၂၉)မှ လက်နက်ချလာသည့်အတွက် ကုန်းကြမ်းမြို့ရှိ အမှတ်(၁၂၅)၊ လောက်ကိုင်ရှိ အမှတ်(၂၃၉) နှင့် အမှတ်(၃၂၂) တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

" တပ်ရင်းမှူးတွေ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချဖို့ အချိန်ရောက်ပြီ။ ခမရ (၁၂၉) တပ်ရင်းတခုလုံး လက်နက်ချ အလင်းဝင်သွားတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ တပ်မှူးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ စစ်တပ်အတွင်းမှာ ဒီကိစ္စကို ရသလောက် သတင်းဖုံးဖို့ကြိုးစားနေပါတယ်။ ဘယ်လောက်ပဲ ဖုံးထားဖုံးထား စစ်တပ်အတွင်း စိတ်ဓာတ်ပြိုလဲနေပြီဆိုတာ အထင်အရှားပါပဲ" ဟု CDM ဗိုလ်ကြီးညီသုတမှ ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ကွမ်းလုံမြို့ရှိ ခလရ(၁၄၃) မှ စစ်ကောင်စီတပ်သား ၄၁ ဦးသည် အောက်တိုဘာ ၃၀ရက်နေ့တွင် တပ်ရင်းလိုက် လက်နက်ချလာခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။

လက်နက်ချအလင်းဝင်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ခရီးစရိတ်များကိုပါ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခမရ(၁၂၉) 
#လောက်ကိုင် 
#ဒကစ 
#Operation-1027 
#MNDAA 
#AA 
#TNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤5👏3😁2🥴1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၄ နိုဝင်ဘာ၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ
https://ift.tt/RFtIh98
🔥1
​​"A Resistance"
============

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် လွတ်လပ်ရေးကြိုးပမ်းမှု လှုပ်ရှားသူတစ်ယောက်ရဲ့ ထောင်တွင်းဘဝအကြောင်းကို သရုပ်ဖော်ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ ဒရာမာဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်...

ကိုရီးယားနိုင်ငံကို ဂျပန်တွေသိမ်းပိုက်ပြီးနောက်ပိုင်းမှာ ကိုရီးယားလူမျိုးတွေက ပြည်တွင်းကရော ပြည်ပကပါ နည်းမျိုးစုံနဲ့ တော်လှန်ခဲ့ကြတယ်...

အဲ့ဒီတော်လှန်ရေးမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ယောက်ဖြစ်တဲ့ 
ယူဂွမ်ဆွန်းလည်း ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရကာ နိုင်ငံရေးအကျဥ်းသား ဖြစ်သွားခဲ့တယ်... ၁၀ ပေပတ်လည်အခန်းထဲမှာ လူ အယောက် ၂၀ လောက်ထည့်ထားတဲ့အတွက် အိပ်ရင်တောင် အလှည့်ကျနဲ့ အိပ်ရသလို နည်းမျိုးစုံနဲ့ ဖိနှိပ်ထားတဲ့ အကျဥ်းထောင်ထဲမှာ အလျှော့မပေးဘဲ ရရာနည်းလမ်းနဲ့ ဆက်ပြီး တော်လှန်တိုက်ပွဲဝင်ခဲ့သလို နောက်ဆုံးထွက်သက်အထိ ဂျပန်တွေကို ဦးမညွှတ်ဘဲ ဆန့်ကျင်ခဲ့တယ် 
ဒီဇာတ်လမ်းလေးမှာ သူမရဲ့ ထောင်တွင်းဘဝ အဖြစ်အပျက်တွေကို ခံစားကြည့်ရှုရမှာပါ...
မင်းသမီး ဂိုအာဆောင်း အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်"
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် 

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၁၄.၁၁.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ 
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၄ နိုဝင်ဘာ၂၀၂၃) 
================

ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများ အသိမ်းခံနေရသလို ချင်းပြည်နယ်တွင်လည်း မြို့ အသိမ်းခံရပြီး စစ်ကောင်စီတပ်သားများ တဖက်နိုင်ငံအထိရောက် ထွက်ပြေးကြသည်ကို တွေ့ရသည့် အတွက် စစ်ကောင်စီတပ်များသည် တပ်ပျက်ကာ ဦးကျိုးသွားပြီးသည်ဟု ဆိုရမည်ဖြစ်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤣2🔥1
​​ယတြာချေနေခြင်းများနှင့် ပတ်သက်၍ အကုသိုလ်ကို ကုသိုလ်တရားကဖုံးကွယ်မရဟု အရှင်ထာဝရမိန့်
=================

မင်းထက် 

(မဇ္စျိမ)။ ။မြန်မာနိုင်ငံအနှံ့အတွင်း ယခုလပိုင်းအတွင်းဖြစ်ပေါ်သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်များဘက်မှ သေဆုံးမှုအများအပြားရှိနေသည့်အတွက် စစ်ကောင်စီခေါင်းဆောင်များက ယတြာချေခြင်းများပြုလုပ်နေကြသည်ဟု သိရသည်။

တန်ခိုးကြီးဘုရားများတွင် ကျောက်ကျော၊ ဘယာကြော်နှင့် မုန့်လုံးရေပေါ် ကပ်လှူပူဇော်ခြင်း၊ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအတွင်း မဟာသမယသုတ်၊ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ခြင်းများကို စစ် ကောင်စီခေါင်းဆောင်များက ပြုလုပ်ခိုင်းနေသည်ဟု လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံအထောက်အထားများနှင့်တကွ ရေးသားနေသည်များကိုလည်း တွေ့ရသည်။

ယင်းပြင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ယတြာချေသည့်အနေဖြင့် မြို့နယ်တမြို့နယ်လျင် နေကြာ ဧက ၂,၀၀၀ ကျော် စိုက်ခိုင်းနေကြောင်း ဒေသခံများကပြောသည်။

နေကြာမစိုက်လျှင် အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံများက လယ်သမားများအား ခြိမ်းခြောက်နေသည်ဟု အင်္ဂပူမြို့နယ်နေ ဒေသခံတဦးက ပြောသည်။

ထိုသို့ စစ်အုပ်စုခေါင်းဆောင်များ ပုံစံမျိုးစုံဖြင့် ယတြာချေနေခြင်းများနှင့်ပတ်သက်၍ အကုသိုလ်တရားကို ကုသိုလ်တရားဖြင့် ဖုံးကွယ်၍မရကြောင်း၊ စစ်အုပ်စုမှာ ဝဋ်လည်နေခြင်းဖြစ်ကြောင်း ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)က မိန့်သည်။

"အကုသိုလ်ကြီးစိုးလာပြီဆိုရင် ဘာမှရှောင်လွှဲလို့မရပါဘူး ။ စစ်အုပ်စုနဲ့အပေါင်းအဖော်တွေဟာ အကုသိုလ်ကြီးစိုးနေတဲ့အတွက် အကုသိုလ်ရဲ့ဆိုးကျိုး ပြစ်ဒဏ်တွေကိုခံရပြီလို့ ဘုန်းဘုန်းကမြင်တယ်။ နောက်တခုက ပြည်သူတွေရဲ့မေတ္တာပျက်သွားပြီဆိုရင် ဘာနဲ့မှကုစားလို့မရပါဘူး။ အဲတော့ သူတော်ကောင်းတရားတွေ ဘယ်လောက်ပဲလုပ်ပြလုပ်ပြ၊ ဘုရားတွေဘယ်လောက်ပဲတည်တည်၊ ကျောင်းတွေဘယ် လောက်ပဲဆောက်ဆောက် ဘယ်လိုမှ ဒီအကုသိလ်တရားကို ကုသိုလ်က ကုစားပေးနိုင်မယ့်အနေအထားမျိုးတော့မရှိပါဘူး။ နောက်ဆုံးအခြေအနေ ရောက်လာတဲ့အ တွက်ကြောင့်မို့လို့ မြက်တပင်ရရ သစ်တပင်ရရ ဖက်တွယ်ချင်တဲ့ ဆန္ဒတွေပြင်းပြနေတာပေါ့လေ"ဟု မိန့်သည်။

ကုသိုလ်ရနိုင်ရန် အကြောက်တရားဖြင့် ရွတ်ဖတ်မှုများပြုလုပ်နေသော်လည်း ကုသိုလ်စိတ်မဖြစ်နိုင်ကြောင်း၊ အကြောက်တရားကြောင့် အသံထွက်လာခြင်းမျှသာရှိမည်ဖြစ်ကြောင်း အရှင်ထာဝရ (နော်ဝေ)က ဆက်လက်မိန့်သည်။

စစ်အုပ်စုခေါင်းဆောင်များက ၎င်းတို့ အကျိုးစီးပွားနှင့် အာဏာသက်တမ်းရှည်ရေးအတွက် ယတြာချေခြင်းများပြုလုပ်နေခြင်းဖြစ်ပြီး ပုံသွင်းခံထားရသည့် လက်အောက်ငယ်သားများမှာ အသုံးချခံများဖြစ်နေသည်ကို အသိတရားရသင့်ပြီဖြစ်ကြောင်း ၊နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များဆီသို့ သွားရောက်ကာ အလင်းဝင်ရန်အချိန်ရှိသေးကြောင်း CDM စစ်ဗိုလ်တဦးက ဝေဖန်သုံးသပ်သည်။

လက်ရှိတွင် ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ စခန်းသိမ်းဆည်းခံရမှုများနှင့် သေဆုံးမှုများ အများအပြားရှိနေသည်ဟုသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

ပုံအညွှန်း - မန္တလေး မဟာမြတ်မုနိတွင် ကပ်လှူထားသည့် ကျောက်ကျော၊ဘယာကြော်၊ မုန့်လုံးရေပေါ်များ (ဓာတ်ပုံ-လူမှုကွန်ရက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁1🤮1
​​ဂုတ်တွင်းကို စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ဟုဆို
===================

007
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင် နောင်ချိုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ စစ်ကောင်စီတပ်က ဂုတ်တွင်းအနီးဝန်းကျင်ကို ရဟတ်ယာဉ်နှစ်စင်းဖြင့် ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့၌ နှစ်ကြိမ်တိတိ လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နောင်ချိုဒေသခံသတင်းရင်းမြစ်များက မဇ္စျိမကိုပြော သည်။

“ပုစဉ်းနှစ်ကောင်(ရဟတ်ယာဉ်နှစ်စင်းကိုဆိုလိုသည်)နဲ့ လာပစ်တာတဲ့၊ တခါပစ်ရင် မိုင်လေးဆယ်လောက်အထိ ရောက်တဲ့ဟာကြီးလို့ပြောတာပဲ၊ အဲဒါကြီးနဲ့ မနက်ကတကြိမ်၊ နေ့လယ်ပိုင်းမှာတကြိမ် လာပစ်သွားတာလို့ သူတို့(နောင်ပိန်စစ်ဘေးရှောင်)က ပြောတယ်” ဟု နောင်ချိုမြို့ဖက် စစ်ဘေးရှောင်လာသည့် နောင်ပိန်ဒေသခံများ၏ပြောပြချက်ကို ကိုးကားပြီး နောင်ချိုဒေသခံသတင်းရင်းမြစ်က ညနေ ၄ နာရီခန့်တွင် ပြောသည်။

Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးဖြင့်၊ နံနက် ၁၀ နာရီခန့်တွင် တကြိမ်၊ နေ့လယ် ၁၂ နာရီကျော်ခန့်တွင်တကြိမ် နှစ်ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ပြီး၊ တိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေ။
“၁၂ ရက်နေ့ကလည်း တခါလာပစ်တယ်၊ နောင်ချိုမှာတိုက်ပွဲမဖြစ်တာနှစ်ရက်လောက်ရှိပြီ၊ တိုက်ပွဲမရှိဘဲ ပစ်တာ၊ ဒီနေ့လည်းထပ်လာပစ်တယ်” ဟု အမည်မဖော်လိုသူ နောက်ထပ်သတင်းရင်းမြစ်တဦးကပြောသည်။

စစ်ကောင်စီ၏လေတပ်သည် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း၊ ဂုတ်တွင်းအနီးဝန်းကျင်ကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ ညပိုင်းတွင်လည်း နောင်ပိန်ကျေးရွာအနီးသို့ ထပ်မံဗုံးကြဲချခဲ့သေးကြောင်း၊ ဗုံးသည် စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲပြီး အဆောက်အအုံထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီလေကြောင်းရန်ကြောင့်၊ နောင်ပိန်တိုက်နယ်အတွင်းရှိ နောင်ပိန်၊ နောင်ပစ်၊ လုံကြိမ်၊ ဇီးပင်စခန်း၊ ပင်တီး၊ ပင်တိန်၊ ခဲလုံ စသည့် ကျေးရွာများမှ ဒေသခံ ၁,၀၀၀ ကျော် နီးစပ်ရာဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်နောင်ချိုမြို့အကြားရှိ နောင်ပစ်လမ်းခွဲတွင်၊ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မန္တလေး PDF ပူးပေါင်းအဖွဲ့တို့ တပ်စွဲထားပြီး၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီနှင့် ကွတ်ခိုင်မြို့တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း "စစ်ဆင်ရေး ၁၀၂၇" ဖြင့် သိမ်းပိုက်ထားသည်။

စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်းကို ထိုးစစ်ဆင်နိုင်ရန်၊ သံချပ်ကာကား လေးစီးပါဝင်သော စစ်ကားအစီး ၄၀ ကျော်ဖြင့်၊ ဂုတ်တွင်းလမ်းပိုင်းကို အပြင်းအထန်ထိုးဖောက်နေကြောင်း၊ ထို့အတွက် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ တင်းကြမ်းအသုံးပြုနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိတွင် စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းအား ဖြတ်တောက်နိုင်ရန် TNLA ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့၌ သီပေါမြို့နယ် ဘော်ကြိုအဝင်ရှိ ကျင်သီတံတားကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

TNLA ပူးပေါင်းအဖွဲ့အနေနှင့် ဂုတ်ထိပ်တံတားအနီးမှ စစ်တပ်စခန်းကို သိမ်းယူနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ဆင်ရေး၁၀၂၇
#ဂုတ်တွင်း

ပုံစာ ကမ္ဘာကျော်ဂုတ်ထိပ်တံတားအား တွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁5🔥1
ယတြာချေနေခြင်းများနှင့် ပတ်သက်၍ အကုသိုလ်ကို ကုသိုလ်တရားကဖုံးကွယ်မရဟု အရှင်ထာဝရမိန့်
မြန်မာနိုင်ငံအနှံ့အတွင်း ယခုလပိုင်းအတွင်းဖြစ်ပေါ်သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်များဘက်မှ သေဆုံးမှုအ...
https://ift.tt/8A0QN2x
👍6😁1
ဂုတ်တွင်းကို စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ဟုဆို
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင် နောင်ချိုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ စစ်ကောင်စီတပ်က ဂုတ်တွင်းအနီးဝန်....
https://ift.tt/5S8kZ1b
နိုဝင်ဘာလ ၁၄ ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီစခန်း ၂ ခုကို ပူပေါင်းတပ်ဖွဲ့သိမ်းပိုက....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FdPY7SQ6JsTs&h=AT2J8zckh00gAZaL6ovUZWCtWN9aW4PO_aWkqtD2a77hirIh_Y8UOlbkrSJwaznZBWyeBQNVj_xTMmLeJBnV8gIu2E8oOrbD8_KwPt7bvtW3kff8YR7e2wzw-P8RY5Ez&s=1
👍1