Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထိုင်းကို MoU မြန်မာ လုပ်သား ၄၇၀ ဦးကျော် ထပ်မံ ဝင်ရောက်လာ
================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။  ။ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေ့ပြောင်းမြန်မာလုပ်သား ၄၇၄ ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့က ထပ်မံဝင်ရောက်လာကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒေသခံ သတင်းအရင်းမြစ်များထံမှ သိရသည်။

အဆိုပါ MOU ရွှေ့ပြောင်း မြန်မာလုပ်သားများကို ပြည်တွင်းရှိ တရားဝင် (ထိုင်း) လိုင်စင်ရ အေဂျင်စီ ကိုးခုက မြ၀တီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ တဆင့် ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က ဝင်ရောက်လာတဲ့ MOU မြန်မာ လုပ်သားတွေက အယောက် ၄၇၀ ဦးကျော်လို့ သိရတယ်၊ ထိုင်းနိုင်ငံက စက်ရုံ၊ အလုပ်ရုံတွေက တာဝန်ရှိတဲ့ သူတွေက သက်ဆိုင်ရာ လုပ်ငန်းခွင်တွေထဲကို ပို့ဆောင်သွားပြီလို့ သိရတယ်”ဟု မဲဆောက်မြို့က သတင်းအရင်းမြစ် တဦးက ပြောသည်။

ယင်း မြန်မာလုပ်သားများကို ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင် (ထိုင်း)လိုင်စင်ရ အေဂျင်စီများဖြစ်သည့် " မြင့်မိုရ်ချမ်းသာ"အေဂျင်စီက အလုပ်သမား ၅၀ ဦး၊ "ပေါ်ပြူလာလန်း"အေဂျင်စီက ၅၅ ဦး၊ "ဂိုဆဲဗားဒိုင်းမွန်း"အေဂျင်စီက ၃၀ ဦးနှင့် "Libra Life" အေဂျင်စီက ၁၀ ဦးတို့ကို စေလွှတ်ခဲ့သည်။

ထို့အပြင် "Direct Resources" အေဂျင်စီက အလုပ်သမား ၈၀ ဦး ၊ "ဇင်ဝင်းထွန်း ၉၉၉" အေဂျင်စီက ၁၀၂ ဦး၊ "မိုးသစ်ယံ" အေဂျင်စီက ၁၁၇ ဦး၊ "မင်းဘုန်းမြတ်အောင်" အေဂျင်စီက ၂၀ ဦးနှင့် "Future Boss (Myanmar)" အေဂျင်စီက ၁၀ ဦးကိုလည်း စေလွှတ်ခဲ့သည်။

ယခုလို မြန်မာ MoU အလုပ်သမားများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ မြဝတီ-မဲဆောက် လမ်းကြောင်းက တဆင့် ပုံမှန် စေလွှတ်နေခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးထံက သိရ သည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မြန်မာအလုပ်သမား
#မဲဆောက်
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1
နိုဝင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ 00:58- ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးလက်ကျန် အထူးအယူခံများ ဒီဇင်ဘာပထမပတ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DrgzHsIIJ0ts&h=AT2rlXZeeMjx8MIbAXwyBVvgdPZsUQs9WH1Z0ipqrIzmmR7V3O9Xl7IqocO2Hz_6fXjp1O1IC96nZd1d9kNtzhoAQFFozXSgIYv6dNvbpKVdW6N6mCkxVXZywwder7ZO&s=1
ထိုင်းကို MoU မြန်မာ လုပ်သား ၄၇၀ ဦးကျော် ထပ်မံ ဝင်ရောက်လာ
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေ့ပြောင်းမြန်မာလုပ်သား ၄၇၄ ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့က ထပ်မံဝင်ရောက.....
https://ift.tt/i4v3yCM
ဂျပန်မှာအမျိုးသမီးအကျဉ်းသားတွေဆိုးရွားစွာနှိပ်စက်ခံနေရကြောင်းလူ့အခွင့်အရေးစောင့်ကြည
ဂျပန်နိုင်ငံမှာ အမျိုးသမီးအကျဉ်းသားတွေ ဆိုးရွားစွာနှိပ်စက်ခံနေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQRt1J8xF8i8&h=AT2bB355LuN6s0_u6bXqjrmCAj0nJaghFjDzwUM02UjlZKHRDiM69_YqlJBNHs6GrbK9n6_fJmqkdD8mmNZcbD8eC9lqZ8Ybav2zjKbNK6LQQ5CXRQmBii114asihLaq&s=1
လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး
ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ လောက်ကိုင်မြို့အနီးဝန်းကျင်မှ စစ်ကောင်စီစခန်းများကို သိမ်းယူထားနို...
https://ift.tt/5inGIKu
👍2🔥2
မြန်မာ - အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန
အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FPwXgGs2W0F0&h=AT3elVXrhpLBhjoC_ktChVoXR6m4SIBqyyonGr5QaMUIi3tmWPVnMgkFPA9i6RhxEN1_LWl4kzgISi0O-mTIbxFPPMVjpz-0kTpBAtkgR6lS5DjOckps3PmE3S--fiyH&s=1
😁1
ဂျပန်နိုင်ငံမှာ အမျိုးသမီးအကျဉ်းသားတွေ ဆိုးရွားစွာနှိပ်စက်ခံနေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ပြောကြား 
=============

https://youtu.be/QRt1J8xF8i8?si=YjiQZuNkCvvW_uJo

#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး
👍13🔥2
လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး
==============

မောင်ခက်နွေ(မဇ္ဈိမ)

ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ လောက်ကိုင်မြို့အနီးဝန်းကျင်မှ စစ်ကောင်စီစခန်းများကို သိမ်းယူထားနိုင်ပြီး မြို့ကို ဝင်ရောက်သိမ်းယူရန် ပြင်ဆင်နေပြီဟု ကိုးကန့်တပ်မတော် (MNDAA)က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။ 

တရုတ်ဘာသာဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင်စည်းကမ်းနှင့် မြို့ဝင်စည်းကမ်းကို တစိုက်မတ်မတ်လိုက်နာပြီး ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးရန်၊ ကျားဖြန့်ကုမ္ပဏီများက ဖမ်းဆီးထားသော ဓားစာခံများကိုကယ်ထုတ်ရန်၊ ကျားဖြန့်ကုမ္ပဏီနောက်ခံအင်အားများကို ပြင်းပြင်းထန်ထန်ချေမှုန်းရန်၊ လုပ်ငန်းရှင်များကိုသက်ဆိုင်ရာဌာနသို့အပ်နှင်းရန်၊ ထုတ်ပြန်ထား‌သော စစ်သုံ့ပန်းမူဝါဒကိုလိုက်နာရန်၊ ဒေသတွင်းရှိ တရားဝင်လုပ်ငန်းကုမ္ပဏီများကို တတ်နိုင်သမျှကာကွယ်ပေးရန် အသိပေးထားကြောင်းMNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဘာသာပြန်ရှင်းပြပေးသည်။

“လောက်ကိုင်ကိုဝန်းရံထားနိုင်တဲ့အခြေအနေမှာရှိနေပြီ။ ဝင်ဖို့လည်းအချိန်တန်ပြီ” ဟု လီကျားဝင်းက မဇ္ဈိမ ကို ပြောသည်။

လောက်ကိုင်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၅ရက်၌ မြို့တွင်းလူအသွားအလာအလွန်နည်းနေပြီး အများစုသည် စစ်ဘေးရှောင်စခန်းများ၌သွားရောက်နေထိုင်ကြသည်ဟု မြို့ခံတဦးကပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည် MNDAA၊TNLAနှင့် ၊AA တို့က စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ရက်မှစတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့အနီး ပါစင်ကျော်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ် (၁၂၈)ခြေမြန်တပ်ရင်းကို သိမ်းပိုက်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ပါစင်ကျော်ကျေးရွာသည် ချင်းရွှေဟော်−လောက်ကိုင်လမ်းမပေါ်တွင်တည်ရှိပြီး လောက်ကိုင်မြို့နှင့်လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။ 

ယမန်နေ့ကလည်း လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၁၂၉)မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အပါအဝင် တပ်ဖွဲ့ဝင် ၁၂၆ဦးနှင့် မိသားစုဝင် ၁၃၄ဦးသည် လက်နက်ချအလင်းဝင်လာသည်ဟု MNDAAက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ဘီလုံး (ပုံစာ - နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တွေ့မြင်ရသည့် လောက်ကိုင်မြို့ မနက်ခင်းပိုင်း မြင်ကွင်း)

စာတည်း - အေးချမ်း

#Mizzima
#လောက်ကိုင်မြို့
#သိမ်းယူရန်ပြင်ဆင်
#MNDAA
website link >>> https://www.mizzimaburmese.com/article/135601
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🔥1
ထိုင်းကို MoU မြန်မာ လုပ်သား ၄၇၀ ဦးကျော် ထပ်မံ ဝင်ရောက်လာ
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေ့ပြောင်းမြန်မာလုပ်သား ၄၇၄ ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့က ထပ်မံဝင်ရောက.....
https://ift.tt/wyWQYxL
🔥1
ဂျပန်မှာအမျိုးသမီးအကျဉ်းသားတွေဆိုးရွားစွာနှိပ်စက်ခံနေရကြောင်းလူ့အခွင့်အရေးစောင့်ကြည
ဂျပန်နိုင်ငံမှာ အမျိုးသမီးအကျဉ်းသားတွေ ဆိုးရွားစွာနှိပ်စက်ခံနေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQRt1J8xF8i8&h=AT35P65y90sQVxfKfqm90qCAVkBI0irUDYZWh_Gpud4UPPayLbIl9-0t94BJoBhHG2XV7ZPeILXxBr4QhUEK6QT7rQpwTSEejfltw2yGYe_keJiRP9jryeIHJX4cgcWi&s=1
🔥1
လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး
ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ လောက်ကိုင်မြို့အနီးဝန်းကျင်မှ စစ်ကောင်စီစခန်းများကို သိမ်းယူထားနို...
https://ift.tt/ut1YB2H
🔥1
မြန်မာ - အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန
အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FPwXgGs2W0F0&h=AT3HOvksQxHzCC4qmIaf6AXKtD4LvTkwCojScikBFNS-Xe9GxwWJ-jP-uSHj7LhiNIvoL588JN8MSUh8vWXH1ZmS9AYUif8EWs-CxpAFtIT3zjc9R08X6DlIqVLr1lWv&s=1
👍3😁2