Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး
👍13🔥2
လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး
==============

မောင်ခက်နွေ(မဇ္ဈိမ)

ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ လောက်ကိုင်မြို့အနီးဝန်းကျင်မှ စစ်ကောင်စီစခန်းများကို သိမ်းယူထားနိုင်ပြီး မြို့ကို ဝင်ရောက်သိမ်းယူရန် ပြင်ဆင်နေပြီဟု ကိုးကန့်တပ်မတော် (MNDAA)က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။ 

တရုတ်ဘာသာဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင်စည်းကမ်းနှင့် မြို့ဝင်စည်းကမ်းကို တစိုက်မတ်မတ်လိုက်နာပြီး ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးရန်၊ ကျားဖြန့်ကုမ္ပဏီများက ဖမ်းဆီးထားသော ဓားစာခံများကိုကယ်ထုတ်ရန်၊ ကျားဖြန့်ကုမ္ပဏီနောက်ခံအင်အားများကို ပြင်းပြင်းထန်ထန်ချေမှုန်းရန်၊ လုပ်ငန်းရှင်များကိုသက်ဆိုင်ရာဌာနသို့အပ်နှင်းရန်၊ ထုတ်ပြန်ထား‌သော စစ်သုံ့ပန်းမူဝါဒကိုလိုက်နာရန်၊ ဒေသတွင်းရှိ တရားဝင်လုပ်ငန်းကုမ္ပဏီများကို တတ်နိုင်သမျှကာကွယ်ပေးရန် အသိပေးထားကြောင်းMNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဘာသာပြန်ရှင်းပြပေးသည်။

“လောက်ကိုင်ကိုဝန်းရံထားနိုင်တဲ့အခြေအနေမှာရှိနေပြီ။ ဝင်ဖို့လည်းအချိန်တန်ပြီ” ဟု လီကျားဝင်းက မဇ္ဈိမ ကို ပြောသည်။

လောက်ကိုင်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၅ရက်၌ မြို့တွင်းလူအသွားအလာအလွန်နည်းနေပြီး အများစုသည် စစ်ဘေးရှောင်စခန်းများ၌သွားရောက်နေထိုင်ကြသည်ဟု မြို့ခံတဦးကပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည် MNDAA၊TNLAနှင့် ၊AA တို့က စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ရက်မှစတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့အနီး ပါစင်ကျော်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ် (၁၂၈)ခြေမြန်တပ်ရင်းကို သိမ်းပိုက်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ပါစင်ကျော်ကျေးရွာသည် ချင်းရွှေဟော်−လောက်ကိုင်လမ်းမပေါ်တွင်တည်ရှိပြီး လောက်ကိုင်မြို့နှင့်လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။ 

ယမန်နေ့ကလည်း လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၁၂၉)မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်အပါအဝင် တပ်ဖွဲ့ဝင် ၁၂၆ဦးနှင့် မိသားစုဝင် ၁၃၄ဦးသည် လက်နက်ချအလင်းဝင်လာသည်ဟု MNDAAက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ဘီလုံး (ပုံစာ - နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တွေ့မြင်ရသည့် လောက်ကိုင်မြို့ မနက်ခင်းပိုင်း မြင်ကွင်း)

စာတည်း - အေးချမ်း

#Mizzima
#လောက်ကိုင်မြို့
#သိမ်းယူရန်ပြင်ဆင်
#MNDAA
website link >>> https://www.mizzimaburmese.com/article/135601
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🔥1
ထိုင်းကို MoU မြန်မာ လုပ်သား ၄၇၀ ဦးကျော် ထပ်မံ ဝင်ရောက်လာ
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေ့ပြောင်းမြန်မာလုပ်သား ၄၇၄ ဦးသည် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့က ထပ်မံဝင်ရောက.....
https://ift.tt/wyWQYxL
🔥1
ဂျပန်မှာအမျိုးသမီးအကျဉ်းသားတွေဆိုးရွားစွာနှိပ်စက်ခံနေရကြောင်းလူ့အခွင့်အရေးစောင့်ကြည
ဂျပန်နိုင်ငံမှာ အမျိုးသမီးအကျဉ်းသားတွေ ဆိုးရွားစွာနှိပ်စက်ခံနေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQRt1J8xF8i8&h=AT35P65y90sQVxfKfqm90qCAVkBI0irUDYZWh_Gpud4UPPayLbIl9-0t94BJoBhHG2XV7ZPeILXxBr4QhUEK6QT7rQpwTSEejfltw2yGYe_keJiRP9jryeIHJX4cgcWi&s=1
🔥1
လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေဟု MNDAA အသိပေး
ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ လောက်ကိုင်မြို့အနီးဝန်းကျင်မှ စစ်ကောင်စီစခန်းများကို သိမ်းယူထားနို...
https://ift.tt/ut1YB2H
🔥1
မြန်မာ - အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန
အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FPwXgGs2W0F0&h=AT3HOvksQxHzCC4qmIaf6AXKtD4LvTkwCojScikBFNS-Xe9GxwWJ-jP-uSHj7LhiNIvoL588JN8MSUh8vWXH1ZmS9AYUif8EWs-CxpAFtIT3zjc9R08X6DlIqVLr1lWv&s=1
👍3😁2
မြိတ်နှင့် ကျွန်းစုတွင် စစ်ကောင်စီစစ်ကြောင်း တော်လှန်ရေးအင်အားစု တိုက်ခိုက်မှုကြောင့်
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းမှ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုမှ တိ...
https://ift.tt/StbHCfx
👍3
မြန်မာ - အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်
အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ ချင်းပြည်နယ် ...
https://www.youtube.com/watch?v=PwXgGs2W0F0
👍2
မြိတ်နှင့် ကျွန်းစုတွင် စစ်ကောင်စီစစ်ကြောင်း တော်လှန်ရေးအင်အားစု တိုက်ခိုက်မှုကြောင့်
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းမှ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုမှ တိ...
https://ift.tt/iGq3XQs
👍1
မီဇိုရမ်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယက မြန်မာဘက် ပြန်ပို့
ချင်းပြည်နယ်ရှိ စစ်တပ်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မ....
https://ift.tt/ZOID51Q
👍2😁1
နယ်စပ်လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း
တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် တရုတ်က စစ်ကောင်စီကို နိုဝင်ဘာ ၁၄ ရက်တွင် တိုက်တွန်း....
https://ift.tt/herx4Aa
👍1🔥1👏1
တိုက်ပွဲတွေကြောင့် မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ထိခိုက်|Business Roundup(15.11.2023)
- အမေရိကန်အစိုးရရဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တန်ပြန်ဖို့် ထိုင်း PTTEP ကြိုးပမ်းနေ- တိုက်ပွဲတွေကြောင့် မ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FVYpk5fSieFo&h=AT1j9UmBmFQ_WeQqjbo8oH-bZxx7nI3QlNFWKDv6w5fRqaAiUzG0uQvJdffsZN3GciRLmV_adh7HegVL_jcbxACAI2VuzJheQTQPxaZ5DvMCUP2qMsoiSSbFU0sw5ETY&s=1
👍4🔥1
မီဇိုရမ်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယက မြန်မာဘက် ပြန်ပို့
ချင်းပြည်နယ်ရှိ စစ်တပ်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မ....
https://ift.tt/3eFHbUL
😁1
နယ်စပ်လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း
တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် တရုတ်က စစ်ကောင်စီကို နိုဝင်ဘာ ၁၄ ရက်တွင် တိုက်တွန်း....
https://ift.tt/RwAVGeX
🔥1👏1