ရုရှားနိုင်ငံရဲ့ မှတ်သားဖွယ်ရာ ဖက်ဒရယ်မူများ (၂)| Beyond Panglong Oath Ep-28
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ...
https://www.youtube.com/watch?v=Dw35LWGw6GM

YouTube
ရုရှားနိုင်ငံရဲ့ မှတ်သားဖွယ်ရာ ဖက်ဒရယ်မူများ (၂)| Beyond Panglong Oath Ep-28
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့…
👍1
နိုဝင်ဘာလ ၁၅ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
အမေရိကန်နဲ့ အင်ဒိုနီးရှား သမ္မတတို့ မြန်မာ့အရေး ...
https://www.youtube.com/watch?v=QMtxvgrtrXU

- အမေရိကန်နဲ့ အင်ဒိုနီးရှား သမ္မတတို့ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး တဲ့သတင်း
- လောက်ကိုင်မြို့ကို သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ MNDAA အသိပေးတဲ့ သတင်း
- လွိုင်ကော်တက္ကသိုလ် Non CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင်တွေကို ဘေးလွတ်ရာပို့ဆောင်ထားတယ်လို့ IEC ထုတ်ပြန်တဲ့…

👍4🍌1
Biden, Xi set for high-stakes summit
US President Joe Biden and Chinese President Xi Jinping will try to stop the superpowers' rivalry spilling into conflict when they ...
https://www.youtube.com/watch?v=Ouu8oN0MTXU

US President Joe Biden and Chinese President Xi Jinping will try to stop the superpowers' rivalry spilling into conflict when they meet for the first time in a year at a high-stakes summit in San Francisco on Wednesday.
----------------------------------…
----------------------------------…
သိန္နီမြို့တွင် စားသောက်ကုန်စျေးနှုန်းများမြင့်တက်၊ စစ်ရှောင်စခန်းအများစု ဆန်ပြတ်လုနီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊သိန္နီမြို့တွင် တိုက်ပွဲများကြောင့် အခြေခံစားသောက်ကုန်များကုန်စျေးနှုန်းမြင်....
https://ift.tt/3TrzJm1

စစ်ကောင်စီတပ်သားများအတွက် စိတ်ဓာတ်ခွန်အားသစ်လောင်းပွဲ ဆိုတဲ့ ပိုစတာအတု
ZZ, JC (မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်သားများအတွက် စိတ်ဓာတ်ခွန်အားသစ်လောင်းပွဲ ဆိုတဲ့ ပိုစတာအတု တစ်ခု ပျံ့နေပါတယ်။ နာ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FFf9oU6y95AM&h=AT27mlaSqJ0sOCdnzpBwYcJowWskoOkf_nK7jpMYFf_VxqeQt1Z4LUbAuFjDRlS634u9ar-O2L4WkXfUaGos_5DOW-FpdezxILiwIL4hDzWOIhzK5_3GOaMAwlsdA3JH&s=1

👍2
လွိုင်ကော်တက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် ၁၁၀ ကျော် သေဆုံး၊ ကျန် တပ်ဖွဲ့ဝင်များ လက်နက်ချ
👍13

==============
ဂျူချန်း၊002
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှုးနှင့် ဒုတပ်ရင်းမှူးအပါအဝင် ၁၁၀ ကျော် သေဆုံးပြီး သုံ့ပန်းများကိုလည်း ဖမ်းမိထားကြောင်းနှင့် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံလာကြောင်း KNDF မှယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
လွိုင်ကော်တက္ကသိုလ်အတွင်းမှ တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်က ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နှစ်ရက်အတွင်း ခမရ(၄၂၅) မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် တပ်ရင်းတရင်းလုံးနီးပါးနှင့် ခမရ(၆) မှ တပ်ရင်းတဝက်ခန့် သေဆုံးခဲ့ပြီး စုစုပေါင်း စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးကာ စစ်သုံ့ပန်း ၃၈ ယောက်ဖမ်းဆီးရရှိခဲ့သည်ဟုကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF က ထုတ်ပြန်သည်။ ၎င်းအပြင် လက်နက်ကြီးလက်နက်ငယ် ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။
နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချရန် အခွင့်အရေးပေးခဲ့ပြီး တပ်ခွဲမှူး ကောင်းမြတ်ကို ဦးစီးသည့် စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ဖော်ပြထားသည်။
“လက်နက်ချတဲ့ လူတွေကို ကျနော်တို့ကတော့ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်။ စစ်ဥပဒေ၊ လူသားဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ” ဟု KNDF သတင်းပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
သုံ့ပန်းများကို KNDF ၏ စစ်ဖက်ဆိုင်ရာဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်းထားကြောင်း KNDF က ဆိုသည်။
လွိုင်ကော်တက္ကသိုလ်အတွင်း ပိတ်မိနေသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၁၃၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၆၄ ဦး စုစုပေါင်း ၁၉၈ ဦးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ဘေးလွတ်ရာသို့ ပို့ဆောင်ကာ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဓါတ်ပုံ- KNDF
စာတည်း - အေးချမ်း
#Mizzima
#ကရင်နီပြည်နယ်
#လွိုင်ကော်တက္ကသိုလ်
#စစ်ကောင်စီတပ်သားများ
#လက်နက်ချအညံ့ခံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍13
မြိတ်နှင့် ကျွန်းစုတွင် စစ်ကောင်စီစစ်ကြောင်း တော်လှန်ရေးအင်အားစု တိုက်ခိုက်မှုကြောင့် ၆ ဦးသေဆုံး
============
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းမှ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုမှ တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိသွားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၈ နာရီခွဲအချိန်က မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာအုပ်စု၊ မွေ့ရှောင် ကျေးရွာသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)နှင့် တိုင်းပကဖ လုံခြုံရေးတပ်ဖွဲ့၊ တိုင်းစစ်ဌာန ဒရုန်းလက်ရုံးတပ်ဖွဲ့ (Dragon Squad)တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ကလည်း ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့ရာ ပျူစော ထီး တဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
“ကျွန်းစုမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကျေးရွာတွေမှာ ဒေသခံတွေကို မဲစနစ် နဲ့ လက်နက်မကိုင်မနေရဆိုပြီး အင်အားလိုက်စုဆောင်းနေတာတွေရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ဒေသခံတွေထွက်ပြေးနေရတာ”ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုစတားကပြောသည်။
လက်ရှိတွင် ကျွန်းစုမြို့နယ်အတွင်းမှ ကျေးရွာလေးရွာသည် ရွာလုံးကျွတ် မြိတ်မြို့ပေါ်သို့ ထွက်ပြေး တိမ်း ရှောင်နေရကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက တနင်္သာရီနဲ့ ကျွန်းစုဖက်က စစ်ရှောင်တွေ အမြန်ရေယာဉ်နဲ့ မြိတ်ကို တက်လာကြ တာရှိတယ်။ အဓိကတော့ အဲဒီဘက်မှာ စစ်တပ်နဲ့ပျူတွေ စစ်ကြောင်းထိုးစခန်းချပြီး လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ထွက်ပြေးလာကြတာ”ဟု မြိတ်မြို့မှ အမျိုးသမီးတဦးက ပြောသည်။
တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဖြစ်၍ ဒေသခံ များအနေဖြင့် စစ်ရေး သတိရှိကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အသိပေးထုတ်ပြန် ထားသည်။
မြိတ်မြို့နယ် တုံးဗျောကျေးရွာတွင် တိုက်ပွဲ သွားရောက် တိုက်ခိုက်ခဲ့သော ရဲဘော်များ တွေ့ရစဉ်။
စာတည်း။ ။စောဖေ
#မြန်မာသတင်း
#တနင်္သာရီတိုင်း
#စစ်ကောင်စီစစ်ကြောင်း

👍3
မီဇိုရမ်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယက မြန်မာဘက် ပြန်ပို့
===============
ချင်းပြည်နယ်ရှိ စစ်တပ်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ထွက်ပြေးခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးအနက် ၄၀ ဦးကို ယခုအခါ မြန်မာစစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိသူတဦးက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
ချင်းပြည်နယ်ရှိ စစ်တပ်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ထွက်ပြေးခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးအနက် ၄၀ ဦးကို ယခုအခါ မြန်မာစစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိသူတဦးက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2😁2
နယ်စပ်လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း
=============
တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် တရုတ်က စစ်ကောင်စီကို နိုဝင်ဘာ ၁၄ ရက်တွင် တိုက်တွန်းလိုက်ပြီး တဆက်တည်းမှာပင် အရှိန်မြင့်နေသည့် ပဋိပက္ခတိုက်ပွဲများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုသည်။

👍3😁3❤1