Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နယ်စပ်လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း
=============

တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံမှု ရှိစေရေး လုပ်ဆောင်ရန် တရုတ်က စစ်ကောင်စီကို နိုဝင်ဘာ ၁၄ ရက်တွင် တိုက်တွန်းလိုက်ပြီး တဆက်တည်းမှာပင် အရှိန်မြင့်နေသည့် ပဋိပက္ခတိုက်ပွဲများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုသည်။

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3😁3❤1
မွန်ပြည်နယ် မြို့နယ်အချို့ စက်သုံးဆီ ပြတ်လပ်
👎1
မွန်ပြည်နယ် မြို့နယ်အချို့ စက်သုံးဆီ ပြတ်လပ် 
================

YT 

(မဇ္ဈိမ)။     ။ မွန်ပြည်နယ်၊ မြို့နယ်အချို့ရှိ ဆီဆိုင်များတွင် ဓာတ်ဆီ 92၊ 95 များ ပြတ်လပ်မှုဖြစ်ပွား၍ ဝယ်ယူရခက်ခဲလာပြီး ဆီဈေးလည်း ပုံမှန်ထက် တက်လာကြောင်း ဒေသခံများထံက သိရသည်။ 

" ညက တညလုံး လိုက်ရှာဝယ်တာ မရဘူး၊ ရတဲ့ဆိုင်ကျတော့လည်း တန်းစီရတာ အကြာကြီး၊ ရတဲ့ဆိုင်ကလည်း ရှားတယ်။ 95 တလီတာကို ၂,၃၀၀၊ အဲ့ဒါနဲ့ မထည့်ဖြစ်တော့ဘူး" ဟု မော်လမြိုင်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းမှ စ၍ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ မုဒုံ စသည့်မြို့နယ်များရှိ စက်သုံးဆီဆိုင်
အများစုတွင် ဓာတ်ဆီ 92၊ 95 ပြတ်လပ်မှုဖြစ်ပွားနေ၍ အရောင်းပိတ်ထားကြကာ ဆီရောင်းချပေးသော ဆီဆိုင်များသည်လည်း ပုံမှန်ထက် ဈေးတင်၍ ရောင်းချနေကြကြောင်း သိရသည်။ 

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့၊ ညနေ ၃ နာရီမေးမြန်းချက်အရ မွန်ပြည်နယ်ရှိ အထက်ပါမြိို့နယ်များတွင် 92 ဓာတ်ဆီ တလီတာလျှင် ၂,၃၀၀ မှ ၃,၀၀၀ ကျပ်အထိ ပေးဝယ်နေကြရပြီး လိုချင်သလောက် ဝယ်ယူ၍ မရကြောင်း သိရသည်။ 

" ဆီပြတ်တာ ရှယ်ကိုပြတ်တာပေါ့၊ တချို့ဆို ဆိုင်တောင် ပိတ်ထားတယ်။ ဦးလေးတောင် လိုက်ဝယ်ရတာ ရေသန့်ဘူး တဗူးကို ၃,၀၀၀ ပေးဝယ်ရတယ်။ ဒီညနေတော့ Denko ကို ဆီကားရောက်လာပြီ၊ တန်းစီရတာပေါ့။ တယောက်ကို ၃,၀၀၀ ဖိုးပဲ ပိုမရောင်းဘူး၊ သုံးဘီးဆိုရင်တော့ ၁၀,၀၀၀ ဖိုးရောင်းပေးတယ်" ဟု ကျိုက်ထိုမြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုများကြောင့် ဆိုင်ကယ်ကယ်ရီမောင်းသူများအပါအဝင် ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်ဘဝ စားရေးသောက်ရေးအတွက် ခက်ခဲလာကြောင်း သိရသည်။

" မနေ့ကတည်းက လည်နေတာ Taxi တောင် သွားစရာမရှိဘူး၊ ဆီဝယ်လို့မရလို့၊ ဒီနေ့တော့ တန်းစီဝယ်ထားရပြီိးပြီ Taxi သွားလို့တော့ ရပြီ။ ပေါပေါသီသီတော့ မရှိကြတော့ဘူး။ ဘယ်လိုလုပ်ကြမလဲလို့ ၃,၀၀၀ ဆိုမှတော့ Taxi ခတွေလည်း တက်ပြီပေါ့၊ အကုန်လုံး ဒုက္ခရောက်ကုန်တာပေါ့" ဟု ဆိုင်ကယ် ကယ်ရီမောင်းသူတဦးက မဇ္ဈိမကိုပြောသည်။ 

မွန်ပြည်နယ်၌သာမက ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်အချို့တွင်လည်း စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ပုံအညွှန်း- ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့၊ မော်လမြိုင်မြို့ရှိ ဖိုးလပြည့်ဆီဆိုင်တွင် ဆီဝယ်ရန် တန်းစီနေကြသည့် မြင်ကွင်း (ဓါတ်ပုံ- Crd)

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မွန်ပြည်နယ်
#စက်သုံးဆီ
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5
ပုသိမ်တွင် လူ ၅ ဦးထက်ပိုမစုဝေးရန် ထုတ်ပြန်ထားသော်လည်း နေ့စားဆန္ဒပြသူများနှင့် တပ်ထောက်ခံပွဲ ပြုလုပ်
😁6👍2😱2
ပုသိမ်တွင် လူ ၅ ဦးထက်ပိုမစုဝေးရန် ထုတ်ပြန်ထားသော်လည်း နေ့စားဆန္ဒပြသူများနှင့် တပ်ထောက်ခံပွဲ ပြုလုပ်
=====================

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် လူငါးဦးထက်ပို၍ စုဝေးခြင်းမပြုရန် စစ်ကောင်စီက ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားသော်လည်း လူအင်အား ၂၀၀ ဝန်းကျင်ခန့်ပါဝင်သည့် စစ်တပ်ထောက်ခံပွဲကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ကန်သာယာကွင်းတွင် စစ်တပ်မိသားစုဝင်များနှင့် နေ့စားဆန္ဒပြသူများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် စစ်တပ်ထောက်ခံခဲ့ဖူးသူတဦးက ပြောသည်။

“စစ်တပ်မိသားစုတွေကိုဆန္ဒပြဖို့ဆိုပြီး မနက်က လိုက်ထရပ်ကားတွေနဲ့သွားခေါ်တာ တွေ့တယ်။ ကျန်တဲ့ လူတွေကတော့ ပုသိမ်မြို့ပေါ်က ကျူးကျော်တွေနဲ့ ပုလင်းခွံ၊ ဗူးခွံ ကောက်တဲ့လူတွေပါ။အရင်ကလိုပဲ နေ့စားခပေးပြီး ခေါ်ထားတာပေါ့။ ကြံ့ခိုင်ရေးတွေကတော့ နည်းနည်းပဲတွေ့တယ်၊ မျက်နှာမပြရဲလို့ထင် တယ် မလာကြဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါဆန္ဒပြပွဲတွင် နေ့စားများနှင့် စစ်တပ်မိသားစုဝင် စုစုပေါင်း ၂၀၀ ဝန်းကျင်ခန့်ပါဝင်ခဲ့ပြီး စစ်ကောင် စီတပ်အား ထောက်ခံကြောင်းရေးသားထားသည့် စာတန်းများကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

ပုသိမ်မြို့နယ်စစ်ကောင်စီက လူငါးဦးထက်ပို၍ စုဝေးခြင်းမပြုလုပ်ရန် ပုဒ်မ ၁၄၄ အမိန့်ကို အောက်တိုဘာ လ ၂၉ ရက်က ထုတ်ပြန်ကြေညာထားသည်။

ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ချက်တွင် “လှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှုတစုံတရာ ကျူး လွန်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ လူငါးဦး သို့မဟုတ် လူငါးဦးထက်ပိုသောသူများသည် ပုသိမ်မြို့နယ် အတွင်း မည်သည့်နေရာတွင်မဆို စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်းများ မပြုလုပ်ရန်” ဟု ဖော်ပြထားသည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း လူအင်အားရာချီပါဝင်သည့် စစ်တပ်ထောက်ခံပွဲကို စစ်ကောင်စီတပ်ဖွဲ့ များနှင့် ရဲများကိုယ်တိုင်လုံခြုံရေးပေးကာ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျူးကျော်တွေမှာနေတဲ့လူတွေကို မင်းတို့ကိုမဖျက်ခိုင်းဘူး ဆက်နေ ငါတို့ခေါ်ခိုင်းရင် လာရမယ်ဆိုပြီး လုပ်ထားတာတွေမှ အများကြီး။ ကျွန်တော်တို့မအူပင်မှာဆိုရင်လည်း ဒီတိုင်းပဲ။ ကျူးကျော်တွေကိုခေါ် နေ့စားခပေးပြီး တပ်ထောက်ခံပွဲလုပ်ခိုင်းနေတာ။ နိုင်ငံတကာအမြင်မှာ ပြည်သူက စစ်တပ်ကိုထောက်ခံ ပါတယ်ဆိုတဲ့ အကွက်ကိုပြချင်နေတာပေါ့။ အလကားပါ သူတို့ကိုဘယ်သူမှ မယုံတော့ဘူးဆိုတာ အခုထိ မသိကြသေးဘူး” ဟု နိုင်ငံရေးတပ်ကြွလှုပ်ရှားသူတဦးက တပ်ထောက်ခံပွဲအပေါ် သုံးသပ်ပြောဆိုသည်။

ပုံအညွှန်း- ယနေ့နံနက်ပိုင်းက ကန်သာယာကွင်းအတွင်း ဆန္ဒပြနေသည့် နေ့စားများနှင့် တပ်မိသားစုများ(ဓာတ်ပုံ- လူမှုကွန်ယက်)

စာတည်း။ ။စောဖေ

#ပုသိမ်မြို့
#တပ်ထောက်ခံပွဲ
#နေ့စားဆန္ဒပြသူ

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8👍2🔥1
မတ္တရာမြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်

008

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကင်း​ကျေးရွာနှင့်ကျောက်ဆည်လေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာ ၁၅ ရက် ယနေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် စစ်​ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ကင်းကျေးရွာသားတဦးက ပြောသည်။

"ကင်းရွာအရှေ့ဘက် တောင်ကုန်းပေါ်ကိုပစ်တာပဲ။ အထိအခိုက်တော့မရှိဘူး။ တောင်ကုန်းက ရွာနဲ့ကပ်နေတာ၊ အဲဒီနားမှာရှိတဲ့ အိမ်တွေတော့ နည်းနည်းထိတယ်။ သေချာတော့ ဘာမှမသိသေးဘူး။ ကျောက်ဆည်လေးဘက်လည်း တောအုပ်ထဲပစ်သွားတယ်။"ဟု ဒေသခံတဦးက ပြောသည်။

ယခုလာရောက်တိုက်ခိုက်ခံရသော ကင်းကျေးရွာပတ်ချာလည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်သန်းသွားလာခြင်းလည်းမရှိကြောင်း ဒေသခံတဦးက ဆိုသည်။

"ဘာကြောင့်ရွာကို မဲတာလည်းတော့မသိဘူး။ ကျွန်တော်တို့ဘက် မှာတိုက်ပွဲဖြစ်သံလည်း မကြားဘူး။ စစ်တပ်က စစ်ကြောင်းထိုးတာပဲရှိတယ်။ကာကွယ်ရေးဘက်က ကလေးတွေက ဖြတ်လာတာတောင် မတွေ့ဘူး။"ဟု ကင်းရွာသားတဦးက ပြောသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ကင်းကျေးရွာ၊​ ကျောက်ဆည်လေး​ကျေးရွာနှင့် ကျောက်တံတားကျေးရွာတို့မှ ဒေသခံတချို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

"ထပ်လာမှာဆိုတော့ တချို့လည်း ရွာမှာမနေရဲတော့ နီးစပ်ရာ ထွက်ပြေးတာတွေရှိတယ်။ ကျန်တဲ့လူတွေကတော့ အခြေအနေကြည့်နေတဲ့သဘောပဲ။"ဟု ဒေသခံက ပြောသည်။

မတ္တရာမြို့နယ်အတွင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ မဇ္ဈိမကမေးမြန်ရာတွင် လတ်တလော ဖြစ်စဥ်များကို ဖြေကြားရန် ခက်ခဲကြောင်းဆိုသည်။

"သတင်းထုတ်ပြန်တာ စောင့်ပေးပါ။ စစ်ရေးအခြေအနေက ပြောဖို့ခက်ခဲပါတယ်။ ပြည်သူတွေ ဝမ်းသာရမယ့် သတင်းတွေကြားရပါလိမ့်မယ်။"ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။ 

လက်ရှိတွင် စစ်​ကောင်စီစစ်ကြောင်းတခု ကင်းကျေးရွာဘုန်းကြီး​ကျောင်းတွင် ရောက်ရှိနေပြီး အင်အား ၅၀​ ကျော်ရှိကြောင်း ဒေသခံတဦးကဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကင်းကျေးရွာ
#မတ္တရာမြို့နယ်
website link >>> https://www.mizzimaburmese.com/article/135613
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
မူဆယ်နှင့် နမ့်ခမ်းမြို့၌ ညမထွက်ရအမိန့် TNLA ထုတ်ပြန်
❤8🤣2
မူဆယ်နှင့် နမ့်ခမ်းမြို့၌ ညမထွက်ရအမိန့် TNLA ထုတ်ပြန်
================

ဂျူချန်း

(မဇ္ဈိမ)။ ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၎င်းတို့ ထိန်းချုပ်ရန် ကြိုးစားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းနှင့် မူဆယ်မြို့တွင် ပြည်သူများအနေဖြင့် ည ၈နာရီမှ နံနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်းမပြုရန် အသိ‌ပေးချက် ထုတ်ပြန်သည်။ 

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ မှ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး အရေးပေါ်ကာလအတွင်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့မှ ပြည်သူများ ည ၈နာရီမှ နံနက် ၆ နာရီအတွင်း အိမ်အပြင်ဘက် သွားလာခြင်းမပြုလုပ်ရန်၊ သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများအား ခွင့်ပြုချက်တောင်းခံရန်၊ ဒုစရိုက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်ခြင်း မပြုရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ရန်၊ စားသောက်ကုန်များအား ဈေးတင်ရောင်းချခြင်း မပြုလုပ်ရန် ယမန်နေ့ နိုဝင်ဘာလ ၁၄ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

“တိုက်ပွဲကာလမှာ ဒေသခံတချို့က လက်နက်ကြီးရန်ကိုရှောင်ဖို့ နေအိမ်ကနေ ထွက်ခွာသွားတာရှိတယ်။ အဲ့လိုမျိုး လူတွေမရှိတဲ့ အချိန်မှာ သူခိုးတွေ၊လူဆိုးတွေ၊ ဒုစရိုက်သမားတွေက သူတို့အိမ်ကို ဝင်ဖောက်ပြီးတော့မှ ပစ္စည်းတွေ ယူသွားတာမျိုး။ အဲ့လိုမျိုးတွေကြားသိနေရတယ်။ တိုင်ကြားတာတွေ ရှိတယ်။ အဲ့လိုမျိုးကြောင့်ထုတ်ပြန်ရခြင်းဖြစ်တယ်"ဟု TNLA ပြောခွင့်ရသူတဦးက မဇ္ဈိမကို ပြောသည်။

မဖြစ်မနေ ထွက်ခွာရမည်ဆိုပါက ကြိုတင်အသိပေးရန်နှင့် အသိမပေးပါက အရေးယူမည်ဟု ဆိုသည်။

နမ့်ခမ်းမြို့မှ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့တွင် TNLAနှင့် မဟာမိတ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ မြို့တွင်းနှင့် မြို့ပတ်လည်ကို ထိန်းချုပ်ထားသည်ဟု TNLA တပ်ဖွဲ့ဝင်တဦးက ပြောသည်။ မူဆယ်မြို့တွင်းတွင်စစ်ကောင်စီနှင့် ပြည်သူ့စစ်များက ထိန်းချုပ်ထားပြီး မြို့ပြင်လမ်းများတွင် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း ဒေသခံများက ပြောသည်။ မူဆယ်နှင့် နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံနယ်စပ်တွင် တဆက်တည်း ရှိနေသည်။ နှစ်မြို့စလုံးကို စစ်ကောင်စီကနိုဝင်ဘာ ၁၂ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေငြာထားသည်။ လတ်တလောတွင် မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီး၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု မြို့ခံများကပြောသည်။

" နမ့်ခမ်း‌ရော၊ မူဆယ်တဝိုက်‌ရော မဟာမိတ်တွေဘက်က စစ်ရေးအသာစီးရနေတယ်။ ထုတ်ပြန်ချက်တွေကို လိုက်နာတာက အန္တရာယ်ကင်းပါလိမ့်မယ်" ဟု မူဆယ်မြို့ခံတဦးကပြောသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် နမ့်ခမ်းမြို့ကို TNLA နှင့် ပူးပေါင်းတပ်များမှ လည်းကောင်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကွမ်းလုံ၊ သိန္နီ မြို့များကို MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်များမှလည်းကောင်း တိုက်ခိုက်ထိန်းချုပ်ထားပြီး လောက်ကိုင်မြို့ကို သိမ်းပိုက်ရန် စီစဉ်နေကြောင်း MNDAA က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

လားရှိုး၊ကွတ်ခိုင်၊ ကွမ်းလုံ၊မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း စသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ရှစ်မြို့ကို နိုဝင်ဘာ ၁၂ ရက်နေတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေငြာထားသည်။ 

ပုံအညွှန်း- တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၀ ရက်နေ့ နမ့်ခမ်းမြို့တွင်း မြင်ကွင်း
ဓါတ်ပုံ-မဇ္ဈိမ

စာတည်း - အေးချမ်း

#Mizzima
#နမ့်ခမ်း
#မူဆယ်
#ညမထွက်ရအမိန့်
#TNLAထုတ်ပြန်

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤1
သိန္နီမြို့တွင် စားသောက်ကုန်စျေးနှုန်းများမြင့်တက်၊ စစ်ရှောင်စခန်းအများစု ဆန်ပြတ်လုနီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊သိန္နီမြို့တွင် တိုက်ပွဲများကြောင့် အခြေခံစားသောက်ကုန်များကုန်စျေးနှုန်းမြင်....
https://ift.tt/ekURSbs
👍1
စစ်ကောင်စီတပ်သားများအတွက် စိတ်ဓာတ်ခွန်အားသစ်လောင်းပွဲ ဆိုတဲ့ ပိုစတာအတု
ZZ, JC (မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်သားများအတွက် စိတ်ဓာတ်ခွန်အားသစ်လောင်းပွဲ ဆိုတဲ့ ပိုစတာအတု တစ်ခု ပျံ့နေပါတယ်။ နာ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FFf9oU6y95AM&h=AT39Hz-w569jQ19ncG_3F3KODcamxyai55JrB1aSRoxvBrHEW0_Kem-WczHo26XafYkU-jzQoO_1vcpap3J7BKw3_g_oiH2HBkzz1pL53hrF0XBshmkgPQiXJjP3iYK4&s=1
👍3🔥1
​​Emergency Declaration 
==========

အင်ချွန်းကနေ ဟိုနိုလူလူ (ဟာဝိုင်အီ) ကို ပျံသန်းတဲ့ ခရီးသည် (၁၂၁) ဦးပါ စကိုင်းကိုရီးယား လေယာဉ်ကြီး... ကောင်းကင်ပေါ်ကို အရောက်မှာပဲ ""ယူဂျင်းဆော့"" ရဲ့ ရည်ရွယ်ချက်ရှိရှိ ဇီဝတိုက်ခိုက်မှုကြောင့် အသက်ဆုံးစေနိုင်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုး လေယာဉ်ပေါ်မှာ ပျံ့နှံခဲ့ပါတယ်။

လေယာဉ်မှူး အပါအဝင် သေဆုံးသူတွေ ရှိလာချိန်မှာ လေယာဉ်ကို အရေးပေါ် ဆင်းသက်ဖို ကြိုးစားခဲ့ပေမဲ့၊ အမေရိကန်က ဆင်းခွင့် မပေးခဲ့တာကြောင့် ကိုရီးယားကို ပြန်လှည့်လာခဲ့ရပါတယ်။ အပြန်လမ်းက ကြားနိုင်ငံတစ်ခုမှာ ဆင်းသက်ခွင့်ရဖို ကြိုးစားရမှာပါ။

ဒီအချိန်မှာပဲ လေယာဉ်ဆင်းသက်ဖို တာဝန်က လေယာဉ်မှူးဟောင်း ""ပတ်ခ်ဂျယ်ယူ""ရဲ့ လက်ထဲကို ရောက်လာခဲ့သလို ဂျပန်မှာ ဆင်းသက်ဖို ကြိုးစားချိန်မှာတော့ ထင်မထားတဲ့ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရပါ‌တော့တယ်.... ပြီးတော့ နောက်ထပ် ကြုံလာရဦးမယ့် အန္တရာယ် အခက်အခဲတွေ....။

၂၀၂၁ ခုနှစ်က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ဒေါ်လာ ၂၁ သန်းကျော် ရရှိခဲ့တဲ့ Action/Thriller အမျိုးအစား ဒီဇာတ်ကားမှာ ဝါရင့်မင်းသား Lee Byung-hun, Song Kang-ho, Kim Nam-gi တိုအပြင် သရုပ်ဆောင်များစွာ ပါဝင်ထားတာမို သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် အခုလို တင်ဆက်ပေးလိုက်ပါတယ်။"
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် 
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

ပြသမည့်ရက်။ ။ ၁၅.၁၁.၂၀၂၃
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ 
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ 

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4
​​ရန်ကုန်တွင် ညအချိန် အပြင်ထွက်သည့် လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်
=============

ဂန္ဒမာ

(မဇ္ဈိမ)။  ။ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၌ ညအချိန် အပြင်ထွက်သောလူငယ်များကို ပစ်မှတ်ထားကာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေကြောင်း မြေပြင်ကင်းထောက်များ၊ ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဖမ်းဆီးမှုများကို ည ၁၀ နာရီဝန်းကျင်၌ စတင်ပြုလုပ်တတ်ပြီး ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းများသို့ ခေါ်ဆောင်သွားကာ ငွေကြေးတောင်းခံခြင်းဖြစ်ကြောင်း သိရသည်။ 

“ဖမ်းဆီးသွားပြီးနောက်မှာ စခန်းခေါ်ပြီး ငွေပေးဖို့ ညှိနှိုင်းပါတယ်။ စခန်းမှူး(အလှည့်ကျရဲအုပ်)၊ စစ်တပ် က ပိုက်ဆံ ၁၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ တောင်းတာမျိုးရှိသလို ၁,၀၀၀,၀၀၀ အထိ ဖြစ်သွားတာ မျိုးတွေလည်း ကြားရပါတယ်။ တော်လှန်ရေးနဲ့နီးစပ်တဲ့ ပုံတွေ၊ စာတွေ တွေ့ရင် ကြေးပိုမြင့်သွားတယ်” ဟု ကမာရွက်မြို့နယ် မြေပြင်ကင်းထောက်တဦးက ဆိုသည်။ 

အလားတူ စမ်းချောင်းမြို့နယ်တွင်လည်း အဆောင်အချို့ကို ဧည့်စာရင်းစစ်ပြီး လူငယ်များအား ဖမ်းဆီး သွားခြင်းများလည်းရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“စမ်းချောင်း မုန့်မြောက်ဘက်မှာ အဆောင်တချို့ကိုဧည့်စာရင်းစစ်ပြီး လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ အခြားရပ်ကွက်တခုမှာလည်း ညဘက် အလုပ်ကပြန်လာတဲ့ လူငယ်အမျိုးသမီး အချို့ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်။ အိမ်ကသိလို့ ပိုက်ဆံနဲ့လိုက်ရွေးပြီး လွတ် လာတဲ့ လူငယ်တချို့ရှိသလို ဘယ်သူမှမသိဘဲ လုံးဝ သတင်းအစအန ပျောက်သွားတာမျိုးတွေလည်း ရှိပါ တယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌ ကိုပီတာကြီးက မဇ္ဈိမကို ပြောသည်။ 

စမ်းချောင်းမြို့နယ်နှင့်ကပ်လျက်ရှိသည့် ကမာရွတ်မြို့နယ် လှည်းတန်းဘူတာ ဧရိယာတွင်လည်း ညဘက် အချိန်၌ စစ်ကောင်စီလက်နက်ကိုင်များက အယောင်ပြ ပတ်ကင်းထွက်ခွာ၍ တဖက်မှ ပြန်စောင့်ဖမ်းခြင်း မျိုးရှိကြောင်း ကမာရွတ်ကင်းထောက်က အသိပေးသည်။

ရွှေပြည်သာမြို့နယ်တွင်လည်း ယခု နိုဝင်ဘာလအတွင်း ထ/၁၆ ရပ်ကွက်၊ အောင်ဇေယျ (၇) လမ်းထိပ်၌ လူငယ်ခုနစ်ဦး လူစုအရက်သောက်ခြင်းကြောင့် စစ်ကားဖြင့် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“အောက်ဂိတ် ရဲစခန်းကိုခေါ်သွားတာ၊ အဲဒီမှာထုထောင်းခံရသေးတယ်။ ညတွင်းချင်းပြန်ရွေးရင် ၃၀,၀၀၀၊ နောက်နေ့မှရွေးတာက ၁၈၀,၀၀၀ တဲ့” ဟု ဒေသခံတဦး၏ပြောကြားချက်ကို SPT Information က ဖော်ပြထားသည်။

စစ်ကောင်စီတပ်အတွင်း၌ စစ်သားအင်အားလိုအပ်ချက်မြင့်မားလာသဖြင့် ရန်ကုန်၌ လူငယ်များကို ပစ် မှတ်ထားကာ လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်နေရသဖြင့် ညဘက် အပြင်ထွက် ခြင်း၊ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေသောနေရာများကို ရှောင်ကြဉ်ရန် တော်လှန်ရေးအင်အားစုများ က ပြောသည်။

လူငယ်များအား ဖမ်းဆီးငွေညှစ်မှုဖြစ်စဉ်များသည် ရန်ကုန်ရှိနယ်တွင်းများ ယခင်ကထက် ပိုမိုဖြစ်ပွားနေ ၍ စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများအတွက် တဖက်တလမ်းမှ ငွေရပေါက်လမ်းကြောင်းအဖြစ် အားပေးကူညီရာမရောက်အောင် အသွားအလာဂရုစိုက်ကြရန်နှင့် တော်လှန်ရေးအရွေ့အတိုင်း တော်လှန် ရေးအသိရှိကြပါရန် ရန်ကုန်ရှိ မြေပြင်ကင်းထောက်များက အသိပေးထားသည်။

စာတည်း။ ။စောဖေ

#ရန်ကုန်
#ဖမ်းဆီးငွေညှစ်

ပုံအညွှန်း - ရန်ကုန်ရှိ မြို့နယ်တစ်ခု၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ဧည့်စစ် ဖမ်းဆီးမှုများပြုလုပ်နေပုံ(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🤬3❤1🔥1🍓1
နိုဝင်ဘာလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးလက်ကျန် အထူးအယူခံတွေ ဒီဇင်ဘာပထမပတ်မ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Ffhks724VRrc&h=AT24j7BKCMdwLTKXbvKKDsNODuJsw7Mpjz4VGbvomqWO4qZdKcod_swPsA0PvOEfVZWRwnEHIqmleIZ1QVQIkSMfMNryKy0QhC7-S_1FH5yTJ6kexD_AeMdvFVAF2N2x&s=1
👍2🤮2