Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုဝင်ဘာလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးလက်ကျန် အထူးအယူခံတွေ ဒီဇင်ဘာပထမပတ်မ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Ffhks724VRrc&h=AT24j7BKCMdwLTKXbvKKDsNODuJsw7Mpjz4VGbvomqWO4qZdKcod_swPsA0PvOEfVZWRwnEHIqmleIZ1QVQIkSMfMNryKy0QhC7-S_1FH5yTJ6kexD_AeMdvFVAF2N2x&s=1
👍2🤮2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၅ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsiEhAoaPuGM&h=AT3_BvxKrJHaGGnZWvKPxAxC3K4VgA_pHt5tcPeM1REthsnQVZUYyJm3rOOWreg_SsvQfj7uUZpzuRp-j1pu27OKLyQe_jhO_7Dge4pUhtfxje35WNVLV1_J0qsegii9&s=1
👍2🤮1
နိုဝင်ဘာလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးလက်ကျန် အထူးအယူခံတွေ ဒီဇင်ဘာပထမပတ်မ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Ffhks724VRrc&h=AT30DgPHkhdItPL-hWXq8-7uGl5hRj2V7VsdkC8lEF3yMYXAwyVCz0bMzFpPaqVRmmBHZC-p25igyl6qiTi6xhLTnZ8ITayepd9gl1P6ESB_wODbItbIVARVapJ3ZEZn&s=1
👍1🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၅ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsiEhAoaPuGM&h=AT3sExFQO1QU1MenKcIpbng79Bw4Ahlin8gfDTRCA_mQQqQpGbzkaoF_KAk5trbPAKSz0iAyHueBFuYN0MIypG6e-rOcBEFbBO66MJ0wlfotURYeTtZcaXTDqqBm1mkZ&s=1
👍3🤮1
တရုတ်၏ နည်းပညာ တရားမဝင်လွှဲပြောင်းမှုများကို တန်ပြန်ရန် ဂျီ၇ နိုင်ငံခြားရေးဝန်ကြီးများ
ဂျီ၇ နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့မှ နို.....
https://ift.tt/UMRg1cQ
😁2👍1
တရုတ်၏ နည်းပညာ တရားမဝင်လွှဲပြောင်းမှုများကို တန်ပြန်ရန် ဂျီ၇ နိုင်ငံခြားရေးဝန်ကြီးများ
ဂျီ၇ နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့မှ နို.....
https://ift.tt/9gQiWRn
👍13🔥2
​​ဂါဇာရှိ အကြီးဆုံးဆေးရုံကို အစ္စရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း

====================

အစ္စရေးတပ်ဖွဲ့များသည် နိုဝင်ဘာ ၁၅ ရက်တွင် ဂါဇာ၏ အကြီးဆုံးဆေးရုံထဲ ဝင်ရောက်ပြီး အခန်းများနှင့် မြေအောက်ခန်းတို့ကို ရှာဖွေနေခဲ့ကြသည်ဟု မျက်မြင်သိရှိသူများက ပြောသည်။ အစ္စရေး၏ အဆိုပါ စီးနင်းရှာဖွေမှုက နိုင်ငံတကာ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဤမတိုင်မီက ဆေးရုံဂိတ်ပေါက်များတွင် လူသေဆုံးသည့် ထိပ်တိုက်တွေ့မှုများ ရှိခဲ့သည်ဟုလည်း အစ္စရေးက ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9
​​NUG ပိုင်ဆိုင်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ထုတ်ရောင်းမည်
=======================

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank - SDB) ၏ ၁၀ ရာခိုင်နှုန်းကို ထုတ်ရောင်း သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်မှ ၂၇ ရက်နေ့ အထိကို အစုရှယ်ယာဝယ်ယူမှု စာရင်းသွင်းကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
နွေဦးဘဏ်၏ ပြောရေးဆိုခွင့်ရှိသူ Calvin T က “ကျနော်တို့ အစုရှယ်ယာဝင်တဲ့အခါမှာ သတ်မှတ်ချက်က ရှင်းရှင်းလေးပါပဲ။

SDB အကောင့်ဖွင့်ထားတဲ့ လိုအပ်ချက်ရှိတယ်။ နောက်တခုက အကောင့်ထဲမှာ ငွေရှိရ မယ်။ နိုင်ငံသားရော၊ နိုင်ငံခြားသားရော ကျနော်တို့ဆီမှာ သတ်မှတ်ချက်မရှိပါဘူး”ဟု မဇ္ဈိမကိုပြောသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်နေ့တို့တွင် ဖြန့်ဝေခြင်းလုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု သိရသည်။ အကောင့်ဖွင့်ထားသည့် နေရာမှလည်းကောင်း၊ နိုင်ငံပေါင်း ၂၂ နိုင်ငံတွင်ဖြန့်ထားသည့် နွေဦးဘဏ်၏ဆက်သွယ်မှုများမှ လည်း ကောင်း ရှယ်ယာများကို ဝယ်ယူနိုင်ကြောင်း သိရသည်။

နွေဦးဘဏ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းနှင့် ငွေကြေး ၀န်ဆောင်မှု တရား၀င်လိုင်စင်ရရှိထားသည့် ဘဏ်တခုဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။ တော်လှန်ရေးဘဏ်ဟုခေါ်သည့် နွေဦးဘဏ်ကို NUG ကပိုင်ဆိုင်ပြီး အစိုးရအနေဖြင့် ရှယ်ယာအားလုံး၏ ၅၁ ရာခိုင်နှုန်းကိုရယူထားမည်ဖြစ်ပြီး ပြည်သူလူထုကို ၄၉ ရာခိုင်နှုန်းအထိ အများဆုံး ထုတ်ရောင်းသွားမည်ဟု ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင်ပြုလုပ်သော နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာ များ အကြိုရောင်းချခြင်းအစီအစဉ် သတင်းစာရှင်းလင်းပွဲတွင် SDB ပြောကြားခဲ့သည်။

တန်ဖိုးအနေဖြင့် ရှယ်ယာအားလုံးကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ သတ်မှတ်ထားပြီး ပြည်သူလူထုကို ၄၉ သန်းရောင်းချသွားမည်ဖြစ်သည်၊ ယခုအကြိမ်ရောင်းချခြင်းသည် ပထမအသုတ် ရောင်းချခြင်းဖြစ် ကြောင်း နွေဦးဘဏ်တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ ရောင်းချ၍ရသည့် ရှယ်ယာများကို တော်လှန်ရေး၏ အရေးကြီးကဏ္ဍများတွင် ထည့်သွင်းအသုံး ပြုသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဌာနဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားခဲ့သည်။

စာတည်း။ ။စောဖေ

#နွေဦးဖွံ့ဖြိုးရေးဘဏ်
#အစုရှယ်ယာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁1
​​ရန်ကုန်တွင် ညအချိန် အပြင်ထွက်သည့် လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်
================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၌ ညအချိန် အပြင်ထွက်သောလူငယ်များကို ပစ်မှတ်ထားကာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေကြောင်း မြေပြင်ကင်းထောက်များ၊ ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ဖမ်းဆီးမှုများကို ည ၁၀ နာရီဝန်းကျင်၌ စတင်ပြုလုပ်တတ်ပြီး ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းများသို့ ခေါ်ဆောင်သွားကာ ငွေကြေးတောင်းခံခြင်းဖြစ်ကြောင်း သိရသည်။
“ဖမ်းဆီးသွားပြီးနောက်မှာ စခန်းခေါ်ပြီး ငွေပေးဖို့ ညှိနှိုင်းပါတယ်။ စခန်းမှူး(အလှည့်ကျရဲအုပ်)၊ စစ်တပ် က ပိုက်ဆံ ၁၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ တောင်းတာမျိုးရှိသလို ၁,၀၀၀,၀၀၀ အထိ ဖြစ်သွားတာ မျိုးတွေလည်း ကြားရပါတယ်။ တော်လှန်ရေးနဲ့နီးစပ်တဲ့ ပုံတွေ၊ စာတွေ တွေ့ရင် ကြေးပိုမြင့်သွားတယ်” ဟု ကမာရွက်မြို့နယ် မြေပြင်ကင်းထောက်တဦးက ဆိုသည်။
အလားတူ စမ်းချောင်းမြို့နယ်တွင်လည်း အဆောင်အချို့ကို ဧည့်စာရင်းစစ်ပြီး လူငယ်များအား ဖမ်းဆီး သွားခြင်းများလည်းရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
“စမ်းချောင်း မုန့်မြောက်ဘက်မှာ အဆောင်တချို့ကိုဧည့်စာရင်းစစ်ပြီး လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ အခြားရပ်ကွက်တခုမှာလည်း ညဘက် အလုပ်ကပြန်လာတဲ့ လူငယ်အမျိုးသမီး အချို့ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်။ အိမ်ကသိလို့ ပိုက်ဆံနဲ့လိုက်ရွေးပြီး လွတ် လာတဲ့ လူငယ်တချို့ရှိသလို ဘယ်သူမှမသိဘဲ လုံးဝ သတင်းအစအန ပျောက်သွားတာမျိုးတွေလည်း ရှိပါ တယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌ ကိုပီတာကြီးက မဇ္ဈိမကို ပြောသည်။
စမ်းချောင်းမြို့နယ်နှင့်ကပ်လျက်ရှိသည့် ကမာရွတ်မြို့နယ် လှည်းတန်းဘူတာ ဧရိယာတွင်လည်း ညဘက် အချိန်၌ စစ်ကောင်စီလက်နက်ကိုင်များက အယောင်ပြ ပတ်ကင်းထွက်ခွာ၍ တဖက်မှ ပြန်စောင့်ဖမ်းခြင်း မျိုးရှိကြောင်း ကမာရွတ်ကင်းထောက်က အသိပေးသည်။
ရွှေပြည်သာမြို့နယ်တွင်လည်း ယခု နိုဝင်ဘာလအတွင်း ထ/၁၆ ရပ်ကွက်၊ အောင်ဇေယျ (၇) လမ်းထိပ်၌ လူငယ်ခုနစ်ဦး လူစုအရက်သောက်ခြင်းကြောင့် စစ်ကားဖြင့် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
“အောက်ဂိတ် ရဲစခန်းကိုခေါ်သွားတာ၊ အဲဒီမှာထုထောင်းခံရသေးတယ်။ ညတွင်းချင်းပြန်ရွေးရင် ၃၀,၀၀၀၊ နောက်နေ့မှရွေးတာက ၁၈၀,၀၀၀ တဲ့” ဟု ဒေသခံတဦး၏ပြောကြားချက်ကို SPT Information က ဖော်ပြထားသည်။
စစ်ကောင်စီတပ်အတွင်း၌ စစ်သားအင်အားလိုအပ်ချက်မြင့်မားလာသဖြင့် ရန်ကုန်၌ လူငယ်များကို ပစ် မှတ်ထားကာ လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်နေရသဖြင့် ညဘက် အပြင်ထွက် ခြင်း၊ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေသောနေရာများကို ရှောင်ကြဉ်ရန် တော်လှန်ရေးအင်အားစုများ က ပြောသည်။
လူငယ်များအား ဖမ်းဆီးငွေညှစ်မှုဖြစ်စဉ်များသည် ရန်ကုန်ရှိနယ်တွင်းများ ယခင်ကထက် ပိုမိုဖြစ်ပွားနေ ၍ စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများအတွက် တဖက်တလမ်းမှ ငွေရပေါက်လမ်းကြောင်းအဖြစ် အားပေးကူညီရာမရောက်အောင် အသွားအလာဂရုစိုက်ကြရန်နှင့် တော်လှန်ရေးအရွေ့အတိုင်း တော်လှန် ရေးအသိရှိကြပါရန် ရန်ကုန်ရှိ မြေပြင်ကင်းထောက်များက အသိပေးထားသည်။
စာတည်း။ ။စောဖေ
#ရန်ကုန်
#ဖမ်းဆီးငွေညှစ်
ပုံအညွှန်း - ရန်ကုန်ရှိ မြို့နယ်တစ်ခု၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ဧည့်စစ် ဖမ်းဆီးမှုများပြုလုပ်နေပုံ(ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4🤬3👍1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၅ နိုဝင်ဘာ၂၀၂၃)
====================

စစ်ကောင်စီတပ်သားများသည် တိုင်းရင်းသာလက်နက်ကိုင်တပ်များနှင့်တွေ့သည့်အခါ အဖမ်းခံမှုနှင့် သေဆုံးမှုများ များပြားနေသည့်အတွက် တိုက်ပွဲမဖြစ်မီ အလင်းဝင်ကြရန် တော်လှန်ရေးအင်အားစု အသီးသီးက ထုတ်ပြန် သတိပေးထားသည်ကိုတွေ့ရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12
သိန္နီမြို့တွင် စားသောက်ကုန်စျေးနှုန်းများမြင့်တက်၊ စစ်ရှောင်စခန်းအများစု ဆန်ပြတ်လုနီးပါးဖြစ်
👍3😢2🤬1