Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဘားအံ သံလွင်တံတားတွင် စစ်ကောင်စီတပ်က ဥပဒေမဲ့ စစ်ဆေးခြင်းနှင့် ခရီးသွားများထံမှ ငွေတောင်းမှု ပိုဆိုးလာ
================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အဝင်ရှိ သံလွင်တံတား (ဘားအံ) ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားများအား ဥပဒေမဲ့ စစ်ဆေးမှုများအပြင် ငွေကြေးတောင်းခံမှုများပါ ယခင်ကထက် ပြုလုပ်နေကြောင်း ‌ဒေသခံများနှင့် ခရီးသွားများထံမှ သိရသည်။

သထုံ- ဘားအံကြားရှိ သံလွင်တံတားပေါ်တွင် စစ်ကောင်စီတပ်​​၏ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်ရှိပြီး အဆိုပါဂိတ်သည် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများအား လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးနေသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ ဘားအံဂိတ်ကို ဖြတ်တဲ့အခါကျတော့ အရင်ကဆို ကျွန်တော်တို့ကို မှတ်ပုံတင်ပဲ စစ်တာပေါ့လေ။ အခုကကျတော့ မှတ်ပုံတင်လည်းစစ်တယ်။အလုပ်အကိုင်တွေ မေးတယ်။ ပြီးတော့ ကျွန်တော်တို့ လွယ်ထားတဲ့အိတ်ကိုပါ စစ်တယ်။ ကျွန်တော့်မှာ အမှတ်တရ သိမ်းထားတဲ့ ဘတ်ငွေတရွက် ကိုတွေ့တော့ရစ်တယ်။ ပြီးတော့ ပိုက်ဆံတောင်းတယ်။ အဓိကကတော့ သူတို့က ပိုက်ဆံလိုချင်တာပါပဲ။ ဒီခရီးသွားတွေဆီကနေ အနည်းဆုံး ၅,၀၀၀၊ ၁၀,၀၀၀။ ရစ်လို့ရတဲ့သူဆိုရင် အဲ့ဒီထက်မက တောင်းတာပေါ့"ဟု သံလွင်တံတားအား ယခုရက်ပိုင်းဖြတ်သန်းစဉ် ပိုက်ဆံတောင်းခံခြင်း ခံခဲ့ရသည့် လူငယ်တဦးက မဇ္ဈိမကိုပြောသည်။

အလားတူပင် ခရီးသွားသည့် လူငယ်တဦးသည် အပျော်တမ်းကင်မရာဖြင့် ရှုခင်းပုံများ ရိုက်ကူးရာတွင် ဓါတ်ပုံ၌ စစ်ကောင်စီဘန်ကာတခုကို မတော်တဆ ရိုက်ကူးမိသွားသည်ကို စစ်ဆေးတွေ့ရှိသွားရာ အတင်းအကျပ်ငွေတောင်းပြီးမှ ခရီးဆက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ကရင်နီပြည်နယ်၊ချင်းပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်သူများအား စစ်ဆေးမှု ပိုမိုတင်းကျပ်ကြောင်း သိရသည်။

" သံလွင်ဂိတ်အရောက်မှာ ကားဆရာက မှတ်ပုံတင်၊ ဖုန်းတွေယူပြီးမှ အောက်ဆင်း အစစ်ဆေးခံဖို့ပြောတယ်။ ကျွန်မတို့အစစ်ဆေးခံကြတယ်။ အားလုံးကိုတော့ စစ်တယ်။ပိုဆိုးသွားတာက ကျွန်မတို့က စစ်ကိုင်းကဖြစ်နေတော့ ပိုဆိုးသွားတယ်။ ဘယ်သွားမှာလဲကအစ သမီးရည်းစားပါလို့ပြောရင်လည်း ဘယ်တုန်းက သမီးရည်းစားဖြစ်တာလဲ။ ဘယ်မှာတွေ့ကြတာလဲဆိုတာကအစ မေးတယ်။ နောက်တခုက အဲ့ဒီမှာ ကျွန်မတို့ပိုက်ဆံပေးခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မအိတ်ထဲမှာ ပတ်စ်ပို့ပါလာတာ တွေ့ပြီး ဒီပတ်စ်ပို့က ဘာလုပ်ဖို့လဲ ဘယ်သွားဖို့လဲ ဘာလုပ်ဖို့ လုပ်ထားတာလဲ အဲ့ဒီလိုအစအဆုံးမေးပြီးတော့ ငွေဆောင်ခိုင်းတယ်" ဟု ခရီးသွား အမျိုးသမီးတဦးက ပြောသည်။

အဆိုပါဂိတ်သည် တံတားလုံခြုံရေးအတွက် ယခင်ကတည်းက ဖွင့်ထားသည့် ဂိတ်ဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ခရီးသွားပြည်သူများအား ဥပဒေမဲ့စစ်ဆေးခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခြင်းအပြင် ခရီးသည်တင်ကားနှင့်ကုန်တင်ကားများထံမှ ငွေကြေးတောင်းခံမှုများ ဆိုးရွားစွာ ပြုလုပ်နေကြောင်း သထုံနှင့် ဘားအံမြို့ခံများကပြောသည်။

ပုံအညွှန်း- သံလွင်တံတား (ဘားအံ) (ဓါတ်ပုံ- လူမှုကွန်ယက် (ပုံဟောင်း))
စာတည်း - အေးချမ်း

#Mizzima
#ဘားအံမြို့နယ်
#သံလွင်တံတား
#ဥပဒေမဲ့စစ်ဆေးမှုများ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🥰1🤯1🤬1
​​မြန်မာနိုင်ငံတွင်း လူသားစာနာအရေးပေါ်အကူအညီများ အတားအဆီးမရှိဝင်ရောက်ခွင့်ရရှိရေး ကုလတောင်းဆို
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၌ ပိုဆိုးလာသည့် ပဋိပက္ခများအတွင်း လူသားချင်းစာနာထောက်ထားမှု အရေးပေါ် အကူအညီများနှင့် မဖြစ်မနေ လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးလမ်းကြောင်းအားလုံး အတားအဆီးမရှိဝင်ရောက်သွားလာခွင့်ရရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင်ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်အတွင်း ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေသည့်အပေါ် အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း၊ပဋိပက္ခများအတွင်း သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန်နှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး အစွမ်းကုန် ဆောင်ရွက်ရန် တောင်းဆိုထားသည်။

"နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့်အညီ အရပ်သားပြည်သူများကို အကာအကွယ်ပေးသင့်ပြီး ထိုဥပဒေကို ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေး လုပ်ဆောင်ရမည်" ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ထပ်လောင်းအတည်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) နှင့်အညီ အကြမ်းဖက်မှုများ အဆုံးသတ်စေရေးအတွက် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ဆက်လက်၍လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း အသိပေးထားသည်။

လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂)တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့်နိုင်ငံတဝှမ်း အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရန် မြန်မာစစ်တပ်အား တိုက်တွန်းချက်ပါဝင်သည်။

စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအများပြား၌ လူထုခုခံတော်လှန်စစ်များ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ကာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းတွင် ၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် မြို့သိမ်းတိုက်ပွဲများ၊ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများကို ဖော်ဆောင်ခဲ့ရာ ဒေသအများအပြားတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။

ချင်းပြည်နယ်တွင်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ အလားတူ တိုက်ပွဲများဖော်ဆောင်လျက်ရှိသည်။ထို့ပြင်ကရင်နီပြည်နယ်တွင်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ၁၁၁၁ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှု အရှိန်မြင့်နေသည်။ မြို့သိမ်းတိုက်ပွဲများ ပြုလုပ်မည်ဖြစ်၍ လူထုအနေဖြင့် ဘေးကင်းရာတို့ ရွှေ့ပြောင်းနေထိုင်ကြရန် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင်လည်း နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲများပြင်းထန်လျက်ရှိသည်။တိုက်ပွဲများပြင်းထန်လာခဲ့ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ ဝင်ထွက်သွားလာရာလမ်းများအပြင် ပြည်နယ်အတွင်းရှိ မြို့နယ်ချင်းဆက်လမ်းများကိုပါ ပိတ်ဆို့ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။
"ကုန်စည် စီးဆင်းမှုလမ်းကြောင်းကတော့ပြတ်တောက်နေတယ်။

ကုန်စည်နဲ့ပတ်သက်ပြီးလည်း အစားအစာစျေးနှုန်းတွေ အရမ်းကမောက်ကမဖြစ်နေတယ်လို့ကျွန်တော်တို့သိရတယ်။ အဲ့တော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ကိစ္စတွေကို အမြန်ဆုံးလမ်းဖွင့်ပေးသင့်တယ်လို့ ကျွန်တော်တို့အနေနဲ့မြင်ပါတယ်" ဟု ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ ဦးတင်ထူးအောင်မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ခရီးသွားအများအပြားပိတ်မိနေကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်နီပြည်နယ်အတွင်း လတ်တ‌ လော တိုက်ပွဲများ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံးမှုများရှိနေပြီး အရေအတွက်အတိအကျကိုမူ အတည်ပြု၍ မရသေးပေ။ ထို့အပြင် တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်‌ ရေးလမ်းပိုင်းဖြစ်သည့် မန္တလေး - မူဆယ်ပြည်ထောင်စုလမ်း၊ မန္တလေး - ချင်းရွှေဟော်ပြည် ထောင်စုလမ်းလည်း ပြတ်တောက်နေပြီးအခြေခံစားသောက်ကုန်စျေးနှုန်းများမြင့်တက်နေသည်။

တော်လှန်ရေးအင်အားစုများက စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားပြီး စစ်ကောင်စီကလည်း အင်အားသုံးချေမှုန်းသွားမည်ဟု ပြောဆိုထားသည်။
👍13🔥1🤬1
This media is not supported in your browser
VIEW IN TELEGRAM
November - 16 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
👍4🖕1
သမ္မတရွေးကောက်ပွဲအတွက် ထိုင်ဝမ်အတိုက်အခံပါတီတွေ ပူးပေါင်းယှဉ်ပြိုင်ဖို့ ဆုံးဖြတ်
သမ္မတရွေးကောက်ပွဲအတွက် ထိုင်ဝမ်အတိုက်အခံပါတီတွေ ပူးပေါင်းယှဉ်ပြိုင်ဖို့ ဆုံးဖြတ် #International#MizzimaTV-----------------------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DPqS6q-Xc06w&h=AT12-w6M7pNCmCl98mARSeKGZ8v1XYxOv3xEcBREdcSaJ_MKGt0xidyjXxHv-Abq3ElQUM7Dza2htSm6yR8YojWfDzgVSNjEoa3pJXhaD_7e8R6yux8Oj0jNSrk3ZV04&s=1
👍2🔥1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FTvnNoVtp20g&h=AT0N28Pb3_xO6bgPbQgQjjDUmpK6Ubc_ArMo6ou9pOnOrXxOKZsm2jX0QhYAed8RlqEC8S2hLjYlwNwog3xBsSAoLYJ_LDbG8OFqG5AZygD7R2or-Ff13hTHSzua3ck1&s=1
🔥2
နိုဝင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ 00:54- စစ်ကောင်စီထံမှ စစ်ကူမလာသဖြင့် လက်နက်ချရခြင်းဖြစ်ကြောင်း ဗိုလ်ကြီး.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fj0R9F42UVyk&h=AT2r9lNa5unxN5oI9feWPith8bqVdfwxL7hI61waBNXqh3yLsSkS0UUT5KGm17-oajbqD4oSR3l3pvInS6pnAoalFMuwZaF84H7Hvm8ukiKVe4_0P_UBA4zCkSLoIzrd&s=1
🔥1
​​ပျက်ကျသွားသော ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းများရှာဖွေနေသည့် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်
================

မဇ္ဈိမ
ပျက်ကျသွားခဲ့သော ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းများကို ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နေပြည်တော် PDF တို့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရရှိရသည်။

အင်္ဂါနေ့က တနာရီခန့်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအချို့ဒဏ်ရာရသလို နေပြည်တော် PDF တပ်ဖွဲ့ဝင်တဦး စိုးရိမ်ဖွယ်ရာမရှိသော ဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ​လေယာဥ်မှူးအားရှာ​ဖွေ​နေသည့် စစ်ရဟတ်ယာဥ်သုံးစီးနှင့် အပြိုင်အဆိုင်ရှာ​ဖွေမှု ပြုလုပ်​နေ​သော နေပြည်တော်စစ်ကြောင်း PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်။ PDFတပ်ဖွဲ့များကို စစ်ကောင်စီတိုက်ခိုက်​ရေး ရဟတ်ယာဥ်များက ဒုံးကျည်များ၊ စက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး PDF ဘက်ကလည်း စနိုက်ပါရိုင်ဖယ်၊ ငါးကျင်းမြီးစက်လတ်နှင့် AK-47တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြသည်။.

နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီဒေသတိုက်ပွဲများတွင် လေကြောင်းမှပစ်ခတ်နေခဲ့သော တရုတ်နိုင်ငံထုတ် အပေါ့စား လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေးလေယာဉ် K -8 သည် တိုက်ပွဲအတွင်းပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့ကာ လေသူရဲနှစ်ဦး အရေးပေါ်လေထီးခုန် လွတ်မြောက်သွားခဲ့သည်။

အဆိုပါ တိုက်လေယာဉ်ပျက်က ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ (၂) နယ်မြေထဲတွင် ကျသွားခဲ့ပြီး လေယာဉ်မှူးတဦးမှာ ဖရူဆိုမြို့နယ်အတွင်းနှင့် နောက်ထပ်တဦးမှာ အခြားအရပ်သို့ ခုန်ဆင်းရောက်ရှိသွားခဲ့သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ထုတ်ပြန်ချက်တွင် ကရင်နီပြည်နယ် လွိုင်ကော်အနီးတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစုဘက်က ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်ပျက်ကျရခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်ချို့ယွင်းပျက်ကျခဲ့သည်ဟု ဆိုသည်။
KNDF ၏ပစ်ခတ်မှုခံရပြီးနောက် ခပ်နိမ့်နိမ့်အရှိန်နှေးနှေးဖြင့်ပျံသန်းလာသော လေယာဉ်အား နေပြည်တော် PDF တို့ကလည်း လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့သေးသည်။

ပျက်ကျမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြေပြင်တွင် စစ်ကြောင်းများဖြန့်ခွဲ၍သော်လည်းကောင်း၊ ဝေဟင်မှ ဒရုန်းများ၊ ရဟတ်ယာဉ်များနှင့် လေယာဉ်များအသုံးပြု၍လည်းကောင်း လေယာဉ်အပျက်အစီးနှင့် လေသူရဲများကို လိုက်လံရှာဖွေနေခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်နေ့တွင် PDF နေပြည်တော်တိုင်းစစ်ဌာနချုပ်တပ်ရင်းများက တိုက်လေယာဉ်ပါပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သလို ဖရူဆိုမြို့နယ်အတွင်း ခုန်ဆင်းခဲ့သော လေယာဉ်မှူးတဦးပိုင်ပစ္စည်းများကိုလည်း ကရင်နီတော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီတပ်များရော တော်လှန်ရေးတပ်ဖွဲ့များကပါ ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိသော လေယာဉ်မှူးနှစ်ဦးအနက် တဦးမှာ အရေးပေါ်စားနပ်ရိက္ခာ ပါသွားဟန်ရှိပြီး တခြားတဦးမှာ လူချည်းသက်သက်ဖြစ်သည်ဟုယုံကြည်ရသည်ဟု လေယာဉ်ပျက်ကျမှုသတင်းကို ပထမဆုံးသတင်းပေးပို့ခဲ့သူ မဇ္ဈိမစစ်မြေပြင်သတင်းထောက်က ပြောသည်။

စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

#မြန်မာသတင်း
#ဂျက်တိုက်လေယာဉ်
#K-8
#ကရင်နီ
#နေပြည်တော် PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁3
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FTvnNoVtp20g&h=AT1BYlM2SqMW4s2JvZigiNHS-6QzHYg8_5rtaOeI7IMbxYHD4NGGf0dOAbQycmO8KmAPTiC2LbPxSeBMsJF4SqVLBUNvEZb4Ls_EBG58PXYhzVfbrkgQTAPQiqqJBV0a&s=1
👍4🔥1
နိုဝင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ 00:54- စစ်ကောင်စီထံမှ စစ်ကူမလာသဖြင့် လက်နက်ချရခြင်းဖြစ်ကြောင်း ဗိုလ်ကြီး.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fj0R9F42UVyk&h=AT2ZX-QhkGxSzHNl4L1-ks1xQS8R-Wp12GYNs0OcQjc6jvm6FBPRMUizhd5LVB1Rx1qCaACS29D2G6OYI8SwUYentq2H0zz6EV3dsXLlFGduAFbnkZadvTEm8Hbgi0B8&s=1
👍3🔥1
နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးလုပ်ဆောင်ဖို့ စစ်ကောင်စီကို တရုတ် ထပ်မံတိုက်တွန်း
နယ်စပ်ဒေသလုံခြုံရေး ဆောင်ရွက်ဖို့ တရုတ်နိုင်ငံက နိုဝင်ဘာလ ၁၄ ရက်မှာ မြန်မာစစ်ကောင်စီကို ထပ်မံ တိုက်တွန်းခ....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DJIw4_ECZFIM&h=AT29xwNr6zZ4Rijqb1tnY53Wems9f5N6wvXT8e0xTqfPabzIdA6LN8SXgPHCeFKqLgQ8t8cOPpD79qj_DTXdlHAq3zz59vUVxvhGz3pWI35gvCWi2fBN6f-ZkdMwDiHU&s=1
👍3🔥3
နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးလုပ်ဆောင်ဖို့ စစ်ကောင်စီကို တရုတ် ထပ်မံတိုက်တွန်း
နယ်စပ်ဒေသလုံခြုံရေး ဆောင်ရွက်ဖို့ တရုတ်နိုင်ငံက နိုဝင်ဘာလ ၁၄ ရက်မှာ မြန်မာစစ်ကောင်စီကို ထပ်မံ တိုက်တွန်းခ....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DJIw4_ECZFIM&h=AT2d72UJ7_5uqAFhbq6uizuKXFEPrqK5GyT6CGQUXnVUh1vw_Sww5WC7oOOgLbiLE-SLG0qGOI_uFpOJ1_Wi9wFlqSYHA8sN4ssqQ6g3I4NhH2e-w5lZZ1gLaOClkvH9&s=1
🔥3