Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် (ဒုတိယအဆင့်) အုပ်စု B ပွဲစဉ် (၁) 
===========

ဂျပန် ၅ - ၀ မြန်မာ (Full-time)
Ayase Ueda 11', 45+4', 50'
Daichi Kamada 28'
Ritsu Doan 86'


#WordlCupQualifiers #Japan #Myanmar ##worldcupasianqualifiers
👏4🔥1
​​မြန်မာတွင် ပဋိပက္ခများ ကျယ်ပြန့်လာမှုအပေါ် ‘အလွန်အမင်း စိုးရိမ်ပူပန်’ ဟု ကုလအကြီးအကဲ ပြော
=================

ပြီးခဲ့သည့်လက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ကောင်စီအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်အတူ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး ‘အလွန်တရာ စိုးရိမ်ပူပန်” မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍1🔥1
​​မန်တုံမြို့ကို TNLA က ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်တွင် ခလရ (၁၃၀)တပ်စခန်းသာ ကျန်
=============

009

လားရှိုး(မဇ္ဈိမ)။  ။ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏တပ် စခန်းတခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

စစ်ဆင်ရေးစတင်ချိန်ကတည်းက မန်တုံမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းများကို TNLA က တိုက် ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့အရှေ့ဘက်ရှိ ခလရ (၁၃၀) တပ်စခန်းတခုသာ ကျန်ရှိတော့ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက မန်တုံမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာရုံး များနှင့် မန်တုံဌာနေပြည်သူ့စစ်စခန်းများကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် မြို့ကိုထိန်းချုပ်ထားကြောင်း TNLA က အတည်ပြုပြောကြားသည်။

“မြို့ပေါ်ကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားပါတယ်။ နမ့်ခမ်းမြို့လိုပဲ မန်တုံမြို့ကိုလည်း ထိန်း ချုပ်ထားပါတယ်” TNLA ပြောရေးဆိုခွင့်ရုံးမှတာဝန်ခံ စစ်မေတဦးက မဇ္ဈိမကိုပြောကြားသည်။
TNLA က မြို့ပေါ်၌လုံခြုံရေးချထားသလို မန်တုံမြို့မရဲစခန်းနှင့် မန်တုံဌာနေ ပြည်သူ့စစ်စခန်းများတွင် တပ်စွဲထားပြီး ခန့်မှန်းအင်အား ၁၀၀ အောက်ရှိ ခလရ(၁၃၀)တပ်စခန်းကို ပတ်ပတ်လည်လည်ပိတ်ဆို့ ကာ ရိက္ခာဖြတ်တောက်ထားကြောင်း မြို့ခံများက ဆိုသည်။ 

“ ၁၃၀ တပ်က အပြင်မထွက်ရဲတော့ဘူး။ ဟင်းဝယ်တာတောင်မှ သူတို့ မိန်းမတွေ အပြင်ခိုးထွက်ပြီး ဝယ်ရ တာ။ TNLA က သူတို့စခန်းကို ပတ်ပတ်လည်ပိတ်ထားတယ်” ဟု မန်တုံမြို့ခံ အမျိုးသားတဦးက ပြော သည်။

ရိက္ခာဖြတ်တောက်ခံထားရသည့် ခလရ(၁၃၀)တပ်စခန်းထဲသို့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ လေကြောင်းအသုံးပြုပြီး ရိက္ခာနှင့် ခဲယမ်းများချပေးနေရကြောင်းလည်း ၎င်းကဆိုသည်။ 

ခလရ(၁၃၀)တပ်စခန်းထဲမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် အနီးအနားရှိ မြို့ပေါ်ရပ်ကွက် များမှ မြို့ခံအများအပြားသည် တောင်ပေါ်ကျေးရွာများသို့ တိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။ 

မန်တုံမြို့ကို စစ်ကောင်စီက ဖုန်းလိုင်းအချို့ဖြတ်တောက်ထားသလို တိုက်ပွဲများကြောင့် စက်သုံးဆီလည်း ပျက်တောက်လုနီးပါးဖြစ်နေကြောင်း မြို့ခံများက ပြောကြသည်။

လားရှိုး-မူဆယ်လမ်းပိုင်းမှ သိန်းနီမြို့အဝင် တံတားတစင်းကို ကိုးကန့်တပ်ဖွဲ့(MNDAA)က စစ်ရေးအရ ဖျက်ဆီးထားခြင်းကြောင့် ဒေသခံများအနေဖြင့် လားရှိုး-နမ္မတူ-မန်တုံ-နမ့်ခမ်း-မူဆယ် လမ်းကြောင်းကို အသုံးပြုနေရပြီး TNLA က မန်တုံမြို့ အဝင်အထွက်ကို ခွင့်ပြုပေးထားကြောင်း သိရသည်။ 

မြောက်ပိုင်းညီနောင်မဟာမိတ်များနှင့် ပူးတွဲဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအဖြစ် TNLA က မန်တုံမြို့ကို ပထမဆုံးထိန်းချုပ်နိုင်ခဲ့ပြီး တဆက်တည်းရှိ တရုတ်-မြန်မာနယ်စပ်မှ နမ့်ခမ်းမြို့ကိုလည်း အပြီးသတ်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

မန်တုံမြို့နှင့် နမ့်ခမ်းမြို့တလျှောက်မှ စစ်ကောင်စီတပ်စခန်းအများအပြားကို TNLA က တိုက်ခိုက်သိမ်း ပိုက်ထားပြီး နမ့်ခမ်းမြို့မှ စစ်ကောင်စီ၏နောက်ဆုံးတပ်စခန်းဖြစ်သော စခန်းသစ် တပ်စခန်းကိုလည်း ရိက္ခာဖြတ်တောက်ထားကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မန်တုံ၊ နမ့်ခမ်းမြို့အပြင် နောင်ချိုမြို့နှင့် ဂုတ်တွင်းတံတားကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များကထိန်းချုပ်ထားပြီး ကျောက်မဲ၊ သီပေါမြို့တို့ကိုလည်း တိုက်ခိုက်လျက်ရှိသည်။

စာတည်း။ ။စောဖေ

#ရှမ်းပြည်နယ်မြောက်ပိုင်း
#၁၀၂၇စစ်ဆင်ရေး

Photo/TRA

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤17👍5👏3😁1
ခင်ဦးမြို့တွင် စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်း ချီတက်ဆန္ဒထုတ်ဖော်
==============

008

မဇ္ဈိမ။   ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတရွာတွင် စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်း ချီတက်ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၁၆ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါချီတက် ဆန္ဒထုတ်ဖော်ပွဲကို ခင်ဦးမြို့နယ်သပိတ်ကော်မတီမှဦးဆောင်၍ ကျေးရွာအုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များ၊ ပညာရေး မိသားစုများအပါအဝင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀ ကျော် ပါဝင်ခဲ့သည်။

ချီတက်ဆန္ဒထုတ်ဖော်ကြသူများသည် "ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ၊ပြည်သူ့ရင်ခွင် ခိုလှုံကြ" စာတန်းများကိုင်ဆောင်ပြီး "၁၀၂၇စစ်ဆင်ရေး ပြည်သူအားလုံးပါဝင်ပေး၊ ၁၀၂၇ ရဲဘော်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊၁၀၂၇ ရဲဘော်တွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည် " စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခင်ဦးမြို့နယ်
#ချီတက်ဆန္ဒထုတ်ဖော်

ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
👍11❤1🔥1
​​ရွှေဘိုတွင် ကင်းလှည့်လာသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ
============

MTO

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရ သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက ရွှေဘိုမြို့မှ ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း ကင်းလှည့်လာသည့် စစ်ကောင်စီကားကို ပါဆယ်မိုင်းနှစ်လုံးတွဲ ပွိုင့်သုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“ နေ့တိုင်းလိုလို မြို့ထဲမှာကင်းပတ်တယ်။ အဲဒါကိုသိလို့ မိုင်းထောင်ပြီး လာချိန်စောင့်ပြီ မိုင်းဆွဲတိုက်ခိုက် ခဲ့တာပါ။ သေဆုံးနဲ့ဒဏ်ရာရရှိမှုကို အတည်ပြုတာကတော့ တာဝန်သိပြည်သူတစ်ယောက်ပါ”ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီကားမှာ နေရာတွင်ထိုးရပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ ကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူက ဆိုသည်။

ယခုတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)နှင့် တာနောယက္ခ ပြည် သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍4🔥1👏1
​​ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရပြီး ရဲတပ်သား ၉ ဦးသေဆုံး
=================

လွှမ်းမိုး

မဇ္ဈိမ။  ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ် တပ်စွဲနေသည့် ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ကိုးဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီခွဲအချိန်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီတပ်က ခံစစ်ပြင်ခုခံခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့မှ ကိုဥက္ကာက မဇ္ဈိမကို ပြောသည်။

“ ရဲစခန်းနှင့်ထွေအုပ်ရုံးကို အဓိကထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်သားတွေက ရဲစခန်းပတ်ပတ်လည်ကို နင်းမိုင်းတွေ ထောင်ထားပြီး ဘန်ကာတွေ ၊ ကတုတ်ကျင်းတွေကနေ ခံစစ်ပြင် ခုခံခဲ့ကြတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှု ခြောက်နာရီခန့်အကြာတွင် ပုလဲမြို့နှင့် ခုနစ်မိုင်ခန့်အကွာရှိ ကျားတက်ရွာရဲစခန်းမှ စစ်ကောင်စီတပ်သား ၈၀ ခန့် ပုလဲမြို့ပေါ်သို့ တပ်ကူထွက်လာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့ထံမှ သိရသည်။

ထိုတိုက်ပွဲတွင် ရဲစခန်းအတွင်း ခံစစ်အသွင်ဖြင့် ခုခံနေသည့် ရဲတပ်သားများအနီး ၅၀၀ မမ ငါးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲတပ်သား ကံကောင်း ၊ လင်းလင်း အပါအဝင် ရဲ ကိုးဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ကျားသစ်နက် တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်တပ်ဖွဲ့ ၊ ချင်းတွင်းတိုးနယား ၊ မြိုင်မြို့နယ် တပ်ရင်းများနှင့် မြိုင် ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းထားခြင်းကြောင့် ပုလဲမြို့ရှိ ဒေသခံများအပါအဝင် မြကုန်း ၊ အလယ်ဘုံ၊ လက်တောင်းကြီး ၊ ကြေးနန်း စတဲ့ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပုလဲမြို့
#ကျားသစ်နက်တပ်ဖွဲ့

ပုံစာ- ကျားသစ်နက်တပ်ဖွဲ့

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤3👏1😁1🎉1
မန္တလေးမြို့အ၀င်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်၊ ဌာနဆိုင်ရာများကို စစ်အင်အားတိုးချဲ့ချထား ဟုဆို
👍10😁3❤2🔥2
မန္တလေးမြို့အ၀င်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်၊ ဌာနဆိုင်ရာများကို စစ်အင်အားတိုးချဲ့ချထား ဟုဆို
====================

007

မဇ္စျိမ။ ။ မန္တလေးမြို့တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးကြေညာလိုက်ပြီးနောက်၊ မန္တလေးမြို့အ၀င်ဂိတ်များအား စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ချထားသည်ကိုတွေ့ရကြောင်း ဒေသခံများထံက သိရသည်။

“အတင်းကျပ်ဆုံး(နေရာ)ကတော့ ရွှေကျင်ဂိတ်ပဲ၊ မတ္တရာဘက်က အ၀င်ဂိတ်ဆိုတော့ တအားတင်းကျပ်ထားတာတွေ့ခဲ့ရတယ်” ဟု မြို့ခံသတင်းရင်းမြစ်တဦးက ပြောသည်။

ပြီးခဲ့သည့် နို၀င်ဘာလ ၁၃ ရက်နေ့က မန္တလေးခရိုင်တပ်ရင်း လေးရင်းဦးဆောင်မှုဖြင့် မန္တလေးမြို့ကိုသိမ်းယူမည့် ရွှေပြည်စိုးစစ်ဆင်ရေးစတင်ပြီဖြစ်ကြောင်း ပြည်သူသို့ တရား၀င်အသိပေးကြေညာလိုက်ရာ ထိုနေ့နောက်ပိုင်းကစ၍ မန္တလေးမြို့ကို စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ပြီးလုံခြုံရေးတင်းကျပ်နေခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ မြောက်ဘက်တွင် မန္တလေး-မတ္တရာလမ်းပိုင်း ရွှေကျင်ဂိတ်(မြို့အ၀င် Tool Gate)၊ တောင်ဘက်တွင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ မြစ်ငယ်တိုးဂိတ်(မြို့အ၀င် Tool Gate)၊ အနောက်ဘက်တွင် စစ်ကိုင်းတံတားအနီးရှိ ရွှေကြက်ယက်ဂိတ်(မြို့အ၀င် Tool Gate)၊ အရှေ့ဘက်တွင် မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း ၁၆ မိုင်စစ်ဆေးရေးဂိတ်(X-Ray) တို့မှ ၀င်ရောက်နိုင်သည့်အတွက် အဆိုပါဂိတ်များတွင် လုံခြုံရေးနှင့်စစ်ဆေးရေးတင်းကျပ်ထားပြီး အင်အားတိုးမြှင့်ချထားသည်ကိုလည်း တွေ့ရကြောင်း ဒေသခံများကဆိုသည်။

“မေမြို့အဆင်း ၁၆ မိုင်(X-Ray)ဂိတ်မှာ အရင်ရက်တွေတုန်းက စစ်သားနှစ်ယောက်သုံးယောက်လောက်ပဲ အပြင်လုံခြုံရေးယူထားတယ်၊ အခု ငါးယောက်နဲ့အထက်တွေ့ရတယ်” ဟု ယမန်နေ့ညနေပိုင်းက ပြင်ဦးလွင်မြို့ မှပြန်လာသည့် မန္တလေးမြို့သူတဦးကလည်း ယနေ့(နို၀င်ဘာ ၁၆ ရက်)နံနက်ပိုင်းတွင် မဇ္စျိမကိုပြောသည်။

မြို့အနောက်ဘက်မှ ၀င်လမ်းဖြစ်သည့် စစ်ကိုင်းတံတားအဆင်း အမရပူရမြို့နယ် ရွှေကြက်ယက်ဂိတ်အနီး ၀န်းကျင်တွင်လည်း မသင်္ကာဖွယ်ရာအရပ်၀တ်တချို့တွေ့ခဲ့ရကြောင်း၊ ၎င်းတို့သည် ပျူလက်နက်ကိုင်များ ဖြစ်နိုင်ကြောင်း ယနေ့နံနက်ပိုင်း စစ်ကိုင်းမြို့ဘက်ကမ်းမှ မန္တလေးမြို့သို့ပြန်လာသူတချို့ကလည်း ဆိုသည်။

အလားတူ မြို့တွင်းအချက်အချာကျသော နေရာများအပါအ၀င်၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း အင်အားဖြည့်တင်းထားကြောင်း အထူးသဖြင့် လုံခြုံရေးအကာအရံများ ထပ်မံဖြည့်တင်းထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

“စစ်သားတွေအများကြီး ယောက်ယက်ခတ်နေတာမျိုးတော့ မတွေ့ရဘူး၊ ရပ်ကွက်ရုံးနဲ့ရဲစခန်းရှေ့ အကာအရံတွေတော့ ထပ်တိုးထားတယ်” ဟု နောက်သတင်းရင်းမြစ်တဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က၊ ရှမ်းပြည်မြောက်ပိုင်းတွင် စခဲ့သည့် စစ်ဆင်ရေး ၁၀၂၇ ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်သည်အထိ တော်လှန်ရေးရေချိန်မြင့်တက်ခဲ့သည်။

မန္တလေးတိုင်းတွင်လည်း မတ္တရာနှင့်သပိတ်ကျင်းမြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေးဆင်နွှဲနေရာ၊ ယနေ့နံနက်နောက်ဆုံးရရှိသောသတင်းအရ မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် TNLA , PDF MDY နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းထားသည့် မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေးမြို့
#လုံခြုံရေး
#စစ်အင်အား

ပုံစာ - မြို့အဝင်ဂိတ်များတွင်လုံခြုံရေးတင်းကျပ်ထားပြီး၊ မြို့တွင်းဌာနဆိုင်ရာရုံးများတွင် အကာအရံများထပ်တိုးချထား။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24👏3❤2🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၆ နိုဝင်ဘာ၂၀၂၃)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ၏ ညံ့ဖျင်းမှုကြောင့် စက်သုံးပြတ်လပ် နေခြင်းကို စ...
https://ift.tt/QzEciy6
👍11😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၆ နိုဝင်ဘာ၂၀၂၃)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ၏ ညံ့ဖျင်းမှုကြောင့် စက်သုံးပြတ်လပ် နေခြင်းကို စ...
https://ift.tt/qVNW75v
👍8😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၆ နိုဝင်ဘာ၂၀၂၃)
=====================

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ၏ ညံ့ဖျင်းမှုကြောင့် စက်သုံးပြတ်လပ် နေခြင်းကို စီးပွားရေးသမားများက တမင်ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးအရေးယူနေပြန်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁4
ပြည်ကြီးတံခွန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်
😁7🥴1
ပြည်ကြီးတံခွန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်
==============

008
မဇ္ဈိမ။ ။မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၅ လမ်း၊ ၆၀-၆၂ လမ်းကြား၊ (စျ)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်က ဗုံးပစ်တိုက်ခဲ့ကြောင်း မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ရွှေပြည်စိုးစစ်ဆင်ရေးအနေဖြင့် မန္တလေးခရိုင် အမှတ်(၃)တပ်ရင်း၊ တပ်ခွဲ(၂)ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုစာရင်းကို အခြေအနေရ အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေပြည်စိုးစစ်ဆင်ရေးအနေဖြင့် မန္တလေးမြို့တွင် စစ်ဆင်ရေးများ အရှိန်မြှင့်တင် လုပ်ဆောင်သွားမည်ဖြစ် သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များ၏ အထိုင်စခန်းများ၊ စစ်ရေးလှုပ်ရှားမှုများဖြစ်ပွားနိုင် သည့်နေရာများကို အဝေးဆုံးမှရှောင်ရှားသွားလာကြရန် မန္တလေးခရိုင် အမှတ်(၃)တပ်ရင်းက မြို့လူထု အား အသိပေးနိုးဆော်ထားသည်။

မန္တလေးမြို့တွင် ရွှေပြည်စိုး စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ကြောင်းကြေညာခဲ့ပြီး ယင်းနေ့မှာပင် စစ်ကောင်စီတပ်၏ အမှတ်(၂) ပင်မအလုပ်ရုံ၊ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဉ်သိုလှောင်ရေး တပ်ဝင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။

စာတည်း။ ။စောဖေ

#မန္တလေးမြို့
#ရွှေပြည်စိုးစစ်ဆင်ရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2
​​ပေါက်တောမြို့ကို စစ်ကောင်စီ ရေတပ်၊လေတပ်အသုံးပြု တိုက်ခိုက်နေ၊ အရပ်သားသေဆုံးမှုရှိ
===================

Rahkine VJ
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာလ၁၆ရက် နံနက်တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ရေတပ်‌ရော လေတပ်ပါအသုံးပြုပြီး တမြို့လုံးကို ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များက‌ ပြောသည်။

ပေါက်တောမြို့ရဲစခန်းမှ မြို့နယ်ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်ကို AA က သုံ့ပန်းအဖြစ်ယ‌နေ့ နံနက် အစောပိုင်းကဖမ်းဆီးခဲ့ပြီးနောက် မြို့တွင်း ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်ခဲ့သည်ဟု သိရသည်။

"မနက်ပိုင်း AA က လည်းမြို့ကို ရသွားပြီး နေ့လယ်ပိုင်းမှာ ရေတပ်က စစ်သင်္ဘောနဲ့ မြို့ကို ပစ်တယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ ညနေ သုံးနာရီလောက်မှာ မြို့ထဲသူတို့စစ်သားတွေဝင်လာပြီး မြင်မြင်ရာ လူကို ပစ်တော့တာပဲ" ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေပြည်တန်သင်္ဘောဖြင့် စစ်တွေမြို့မှ ထွက်လာပြီး ပေါက်တောမြို့သို့ရောက်ရှိလာခြင်းဟု သိရသည်။လက်ရှိတွင် ပေါက်တောမြို့ဒေသခံများသည် မြို့လုံးကျွတ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရပြီး လက်နက်ကြီးထိမှန်၍ သေဆုံးသူ သုံးဦးရှိသည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း သေဆုံးသူအရေအတွက် များလာနိုင်သည်ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ယနေ့ ညပိုင်းတွင် စစ်ကောင်စီ‌‌ရေတပ်သင်္ဘောအချို့သည် ပေါက်တောမြို့အနီးရခိုင်ကမ်းရိုးတန်း နှင့် ပင်လယ်အတွင်းရှိနေပြီး လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေကြောင်းဒေသခံများက ပြောသည်။သံတွဲမြို့နယ်၊ သပြုချိုင်ကျေးရွာတွင်လည်း စစ်ကောင်စီ၏ အခြေစိုက် ရေတပ်စခန်းရှိပြီး ကမ်းရိုးတန်းတလျှောက် ကင်းလှည့်အင်အားပြနေသည်ဟု သိရသည်။

ယခင်ငါးဖမ်းသင်္ဘောများ ဆိုက်ကပ်ရာ ငပလီကမ်းခြေ ဂျိတ္တောကျေးရွာ၊ ဖောင်ဆိပ်အနီး ရေပြင်တွင် စစ်သင်္ဘော သုံးစီး အသင့် အနေ အထားဖြင့် ရပ်ထားသည်ဟု ဒေသခံများကပြောသည်။
ရက္ခိုင့်တပ်တော်(AA) က နိုဝင်ဘာလ ၁၃ရက်နေ့နံနက်မှစ၍ ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့ရှိ စစ်ကောင်စီ စခန်းအချ်ို့ကိုတိုက်ခိုက်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီက အင်အားသုံးတိုက်ခိုက်လာပြီး AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဒေသခံအရပ်သားများကို ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေသည်။

တိုက်ပွဲများအတွင်း မင်းပြားမြို့ ခမရ (၃၄၄) မှ ဗိုလ်မှူးအဆင့်အပါအ၀င် ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားပြီးမောင်တောမြို့၊ ခလရ(၂၃၂) မှ ဒုစစ်ကြောင်းမှူး အပါအ၀င် ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုဝင်ဘာလ၁၄ရက်တွင် သတင်းထုတ်ပြန်ထာသည်။ရသေ့တောင်မြို့၊ အပေါက်၀ ရဲစခန်းမှ တပ်သား ၂၂ ဦးလည်း လက်နက်ချ အညံ့ခံခဲ့ကြောင်း အသိပေးထားသည်။

စာတည်း - အေးချမ်း
#Mizzima
#ပေါက်တောမြို့
#စစ်ကောင်စီလေကြောင်း၊ရေကြောင်းတိုက်ခိုက်မှု
#ဒေသခံများထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီ တိုက်ခိုက်မှု‌ကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြသည့် ပေါက်တောမြို့ ဒေသခံများ (Photo/CJ)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥5❤1👏1