ဂါဇာအပစ်အခတ်ရပ်စဲရေး အမေရိကန် ရပ်တည်ချက် | VOA on Mizzima
ဂါဇာမြောက်ပိုင်းမှာ လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ...
https://www.youtube.com/watch?v=ngfhPvinTXE

YouTube
ဂါဇာအပစ်အခတ်ရပ်စဲရေး အမေရိကန် ရပ်တည်ချက် | VOA on Mizzima
ဂါဇာမြောက်ပိုင်းမှာ လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် အစ္စရေး အနေနဲ့ နေ့စဉ် ၄ နာရီ ကြာ အပစ်ရပ်ပေးမယ်ဆိုတာကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီပြောခွင့်ရ John Kirby က အတည်ပြုပါတယ်။ ပါလက်စတိုင်း အသေအပျောက် အရေအတွက် တိုးလာတာကြောင့် ဒီမိုကရက်တစ် လွှတ်တော်…
🔥2
ဂါဇာအပစ်အခတ်ရပ်စဲရေး အမေရိကန် ရပ်တည်ချက် | VOA on Mizzima
ဂါဇာအပစ်အခတ်ရပ်စဲရေး အမေရိကန် ရပ်တည်ချက် | VOA on Mizzima Watch more detail ...
https://www.youtube.com/watch?v=zqhxb8U0f8Y

Watch more detail - https://youtu.be/ngfhPvinTXE
#VOA # ဂါဇာ#အမေရိကန်#Mizzima #shorts #reels
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

စစ်ပွဲကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု တိုး | VOA on Mizzima
စစ်ပွဲကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု တိုး | VOA on Mizzima Watch more ...
https://www.youtube.com/watch?v=S_1S76qk6lA

Watch more detail - https://youtu.be/E4b-827mulI
#VOA # စစ်ပွဲ#သဘာဝပတ်ဝန်းကျင် #Mizzima #shorts #reels
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…

🔥3👍1
သက်ကြီးမှတ်ဉာဏ်လျော့ရောဂါရှင်များရပ်ကွက် ဖန်တီး | VOA on Mizzima
သက်ကြီးမှတ်ဉာဏ်လျော့ရောဂါရှင်များရပ်ကွက် ဖန်တီး | VOA on Mizzima Watch ...
https://www.youtube.com/watch?v=q-hh670ifO0

Watch more detail - https://youtu.be/Z6jJqPFz4LQ
#VOA # သက်ကြီးမှတ်ဉာဏ်လျော့ရောဂါရှင်#ရပ်ကွက်#Mizzima #shorts #reels
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယ…

🔥3👍2
ဖလမ်းအခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အပါအဝင် ၅ ဦး CNDFထံ အလင်းဝင်
=====================
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ် နှစ်ဦး နှင့် တပ်သား တဦး စုစုပေါင်း ငါးဦး သည် နိုဝင်ဘာလ ၁၄ ရက် က ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (CNDF) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
‘’ဖလမ်းမှာ တာဝန်ကျတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ကျွန်တော်တို့ဆီမှာ အလင်းဝင်လာတယ်ဆိုတာကို အတည်ပြုလို့ရပါတယ်။ စကစကတော့ တော်တော်လေးအားနည်းလာတာတော့သိသာတာပေါ့။ ညီနောင်မဟာမိတ်သုံးဖွဲ့အပြင် ဒေသအသီးသီးမှာလည်း ထိုးစစ်ဆင်လာတာရယ်၊ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် ရက်ပိုင်းတွေမှာ သူတို့လုပ်ရှားလို့မရတာကတော့ ပေါ်ပေါ်ထင်ထင်ပါပဲ။ ကျွန်တော်တို့သိမ်းလိုက်တဲ့စခန်းတွေဆိုရင် ဘယ်နေရာမဆို လွယ်လွယ်လေးနဲ့ သိမ်းလိုက်နိုင်တယ် ။
မင်းအောင်လှိုင်တပ်တွေက စိတ်ဓါတ်တော်တ်ောကျလာတယ်ဆိုတာ သိသာလာတယ်။ အရင်က ခက်ခက်ခဲခဲနဲ့ ငါးရက်ကျော်တိုက်ခဲ့တဲ့ သီးဘွလ်စခန်းဆိုရင် တညထဲနဲ့ပြန်ရနိုင်တဲ့အနေအထားရှိတယ်ဆိုတော့ ဘာပဲပြောပြောသူတို့စိတ်ဓါတ်ရေးရာမှာတော့ တော်တော်လေးကျလာတယ်။ စစ်ကူလည်း မပေးနိုင်တော့တဲ့ အနေအထားမှာရှိတယ် ’’ဟုလည်း ချင်းအမျိုးသားအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဝီလျှံချင်းက ဆိုသည်။
CNDF ထံ အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး နှစ်ဦး မှာ တပ်ကြပ်ကြီး ဦးလှော်ကာလ် အသက် ၆၀ နှစ် ၊တပ်ကြပ်ကြီး ဦးကျူံးငွန်ဆန်း အသက် ၅၂ နှစ်၊ တပ်ကြပ် ဘွဲ့သင်းထန်း အသက် ၄၁ နှစ်၊ တပ်ကြပ် စုခန့်ပြန်း အသက် ၃၅ နှစ် နှင့် တပ်သား ထောင်းနွန်ထန်း အသက် ၂၆ နှစ်တို့ဖြစ်ပြီးလည်းကောင်းတို့ထဲမှ တပ်ကြပ်ကြီး နှစ်ဦးသည် ဖလမ်းဆေးရုံးကြီးတွင် ကင်းစောင့်နေသည့်သူများဖြစ်သည်ဟုလည်းသိရသည်။
လက်ရှိ အလင်းဝင်လာသည့်သူ ငါးဦးကို ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (CNDF)က ၎င်းတို့၏ အသက်လုံခြုံရေး အတွက် တာဝန်ယူပေးထားပြီး လွတ်မြောက်နယ်မြေအတွင်း ပို့ဆောင်းထာ ပြီးဖြစ်ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#CNDF
#အလင်းဝင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍15😁2
လွိုင်ကော်မှ တောင်ကြီးသို့ စစ်ရှောင်ကြသူများ တည်းခိုနေထိုင်ခွင့်မရ၍ လှည့်ပြန်ကြရ
🤬11😢4👍2🔥1
လွိုင်ကော်မှ တောင်ကြီးသို့ စစ်ရှောင်ကြသူများ တည်းခိုနေထိုင်ခွင့်မရ၍ လှည့်ပြန်ကြရ
======================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က မြို့ပေါ်သို့ လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်နေမှုများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်သို့ စစ်ဘေးတိမ်းရှောင်ကြသူများသည် တောင်ကြီးဒေသခံများက တည်းခိုနေထိုင်ခွင့်မပြု၊ လက်မခံသောကြောင့် လှည့်ပြန်နေကြရကြောင်း စစ်ရှောင်များမှ မဇ္ဈိမကိုပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့နှင့် ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တို့တွင် လွိုင်ကော်မြို့မှစစ်ဘေးရှောင်များသည် တောင်ကြီးခရိုင် တောင်ကြီးမြို့၊ အေးသာယာမြို့၊ ညောင်ရွှေမြို့နှင့် ပင်းတယဘက်သို့ စစ်ဘေးတိမ်းရှောင်ရန် ထွက်ခွာခဲ့ကြသော်လည်း အဆိုပါမြို့များမှ တည်းခိုခန်းများ၊ အိမ်ငှားပိုင်ရှင်များနှင့် ဆွေမျိုးတော်စပ်သူများသည် လက်မခံခဲ့ကြခြင်းဖြစ်ကြောင်း စစ်ရှောင်များက ပြောသည်။
"ညောင်ရွှေဘက်ထွက်လာတာအများကြီး၊ လက်မခံဖို့ ပြောထားတယ်တဲ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေးထားတာတဲ့။ လူသစ်တွေကို ဧည့်စာရင်းမလုပ်ပေးဖို့” ဟု လွိုင်ကော်မြို့မှ စစ်ဘေးရှောင်တဦးကပြောသည်။
မဇ္ဈိမမှ တောင်ကြီးဒေသခံအချို့သို့ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က ဌာနဆိုင်ရာအဖွဲ့အစည်းအချို့မှ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် ဟိုတယ်ပိုင်ရှင်များအား အစည်းအဝေးခေါ်ယူကာ စာထုတ်မှာကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။
"အစည်းဝေးလုပ်တယ်၊ လာတည်းတဲ့လူအကုန်လုံးကို တကိုယ်လုံးပုံအတိအကျရိုက်တယ်။ လာတဲ့နေရာ သွားမယ့်နေရာ ဖုန်းနံပတ်တွေ၊ အဲ့လိုမျိုးပေါ့။ A4 စာရွက်တဲ့ အကုန်လုံးလူပုံစံရောဘာရော အဲ့လိုမျိုးလုပ်ပေးရမယ်။ မနေ့ကမှ စာစထုတ်တယ်၊ ဧည့်စာရင်း သန်းခေါင်စာရင်းဆို အဖွဲ့အစည်း ခုနစ်ခုလောက်ကို တင်ပြရ ပို့ပေးရတာတော့ အရင်ကတည်းက” ဟု တောင်ကြီးမြို့ရှိ တည်းခိုခန်းပိုင်ရှင်တဦးမှ မဇ္ဈိမကိုပြောသည်။
တောင်ကြီးသို့ စစ်ရှောင်ရန်သွားကြသော လွိုင်ကော်ဒေသခံများသည် နေထိုင်တည်းခိုခွင့် မရရှိသဖြင့် ပင်းတယဘုန်းကြီးကျောင်းအချို့တွင်နေထိုင်နေကြသူများ၊ တီဂျစ်အင်းဘက်သို့ သွားရောက်နေထိုင်ကြသူများရှိသကဲ့သို့ ယနေ့ နံနက်တွင် လွိုင်ကော်သို့ ပြန်လှည့်လာကြသူ များကြောင်းလည်း စစ်ရှောင်တဦးမှပြောသည်။
"လူလူချင်း လက်မခံတာကို အသည်းပါ နာတယ်။ လွိုင်ကော်ကို စစ်တပ်ကပိတ်ထားလို့ ပြေးစရာက ရှမ်းပြည်ဘက်ပဲရှိတာပါ၊ အဲ့တာကိုလုပ်ရက်ကြတာပါ။ တချို့ ဇရပ်မှာအိပ်နေကြရတယ်” ဟု လွိုင်ကော်ဒေသခံမှပြောသည်။
လွိုင်ကော်မြို့ပေါ်တွင် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညက တညလုံးနီးပါး စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံ၏ ပြောဆိုချက်အရသိရှိရသည်။
"အခုလိုလှည့်ပြန်လာရတာတွေလည်းအများကြီးပါ။ ထွက်တော့ ရှောင်တော့ဆိုတာက အလွယ်လေး။ အခုလိုမျက်နှာငယ် ဘယ်သူမှလက်မခံတာထက်စာရင် ကိုယ့်အိမ်မှာကျောတပြင်စာက ပိုသာပါသေးတယ်။ အများကြီးမမျှော်လင့်ပါဘူး ရှင်သန်ချင်တာ တခုထဲပါ” ဟု လွိုင်ကော်ဒေသခံ တဦးမှလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်ကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF )နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။
လွိုင်ကော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားရာ လွိုင်ကော်တက္ကသိုလ်အား KNDF မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁၀ ကျော်သေဆုံးကာ စစ်သုံ့ပန်း ၃၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၃၂ ဦးမှာ KNDF ထံလက်နက်ချအညံ့ခံခဲ့သည်။
ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ထိ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန်ခုခံနေဆဲဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လွိုင်ကော်မြို့
#လေကြောင်း

Facebook
#mizzima – Explore
explore #mizzima at Facebook
😢10👍9🔥3
မတူပီမြို့နယ် ဝေလူးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ် ၈ ဦး အပါအဝင် ၁၁ ဦးသေဆုံး
================
(မဇ္ဈိမ)။ ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် နယ်စပ်ရှိ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ရှစ်ဦး အပါအဝင် ၁၁ ဦးသေဆုံးပြီး အမျိုးသမီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
နိုဝင်ဘာလ ၁၅ ရက် ညဦးပိုင်းက စစ်ကောင်စီ ဂျက်လေယာဥ်နှစ်စင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိကလေးငယ်များ ညပိုင်းစာသင်ကြားနေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တဦးက ဆိုသည်။
‘’ရွာသားတွေပြောတာ အဲဒီညမှာ လေယာဉ်ပျံတွေ နိမ့်နိမ့်လေး ပျံလာတာ ခေါင်မိုးပေါ်က ကပ်ပြီးပျံလာတာတဲ့။ အသံတွေအကျယ်ကြီး နောက်တော့ ပေါက်ကွဲသံတွေ ကြားရတာပဲတဲ့။ ပျက်စီးတာကတော့ စာသင်ကျောင်းနှင့်နီးတဲ့ နေရာက ပိုထိသွားတယ်” အဝေးရောက် ဝေလူးကျေးရွာ ဒေသခံက ပြောသည်။
မောင်ထန်ဟုန်း ( အသက် ၁၁ နှစ်)၊ မမလီလီမိုး ( အသက် ငါးနှစ်) ၊မောင်ရှမွေလ (အသက် ၁၂ နှစ် )၊ မောင်ကီးနိုင်း (အသက် ကိုးနှစ်) ၊ မောင်ဉာဏ်ဝင်းအောင် (အသက် ခုနစ်နှစ်) ၊ မောင်ဘွေကုန်းထန်(ခုနစ်နှစ်)၊ မဇွန်လီဆန်း( အသက် ရှစ်နှစ်) ၊ မခိုင်သဇင် ( အသက် ၁၁ နှစ်) ဦး အွမ်စာ (အသက် ၆၅) ၊ ဦးသဲနိုင် (အသက် ၃၉ နှစ်) နှင့် CDM ကျောင်းဆရာဦးဟာလောင်း တို့အပါအဝင် ၁၁ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေလူးကျေးရွာတွင် အိမ်ခြေ ၆၀ ကျော် ရှိပြီး သွပ်မိုးအိမ် ၁၈ လုံး မီးလောင်ပျက်စီးကာ ဘုရားကျောင်းနှစ်ကျောင်း နှင့် စာသင်ကျောင်းဆောင် နှစ်ဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။
ဝေလူးကျေးရွာနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့က ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းရကြောင်း ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်က ထုတ်ပြန်ထားသည်။
ထို့ပြင် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်၍ စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများက အရေးပေါ် တုံ့ပြန်ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း ယမန််နေ့က ထုတ်ပြန်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဝေလူးကျေးရွာ
#လေကြောင်းတိုက်ခိုက်

😢12❤1👍1
လောက်ကိုင်မြို့အနီး စစ်ကောင်စီ၏ ခုတ်ထန်စခန်းအား MNDAA ထပ်မံသိမ်းယူ
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီး၊ ကိုးကန့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်၏ ခုတ်ထန်စခန်းအား ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)မှ ထပ်မံသိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ဆင်ရေး ၁၀၂၇ ၏ ၂၁ ရက်မြောက်နေ့ဖြစ်သော နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ အဆိုပါ ခုတ်ထန် စစ်ကောင်စီတပ်စခန်းအား MNDAA မှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ခြောက်နာရီခန့်အကြာ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ခုတ်ထန်ကတော့ ပါစင်ကျော်ရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ တပ်စခန်းတခုဖြစ်တယ်။ စခန်းက နည်းနည်းကြီးတယ်။ ဒါပေမယ့် အဲ့ထဲမှာ ဘယ်တပ်ရင်းထိုင်နေလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ ချေမှုန်းနိုင်တာလည်းရှိတယ်။ ဒါပေမယ့်နောက်ဆုံးတော့ အကုန်လုံးထွက်ပြေးကြတယ်" ဟု MNDAA ၏ ပြောခွင့်ရသူ လီကျားဝင်းမှ မဇ္ဈိမကိုပြောသည်။
အဆိုပါ ခုတ်ထန်စခန်းသည် လောက်ကိုင်မြို့နှင့် ၁၁ မိုင်ခန့်အကွာတွင်တည်ရှိပြီး MNDAA မှ သိမ်းယူထားသည့် ပါစင်ကျော်ကျေးရွာနှင့် လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။
MNDAA သည် ချင်းရွှေဟော်မှ ပါစင်ကျော်ဒေသအထိ တကြောလုံးအား သိမ်းပိုက်ထားပြီးဖြစ်ကြောင်း လီကျားဝင်းမှ မဇ္ဈိမကိုအတည်ပြုဖြေကြားထားသည်။
ထို့ပြင် လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်ကြောင်းလည်း MNDAA မှ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။
ထို့နောက် လောက်ကိုင်မြို့တွင် နိုဝင်ဘာ ၁၄ ရက်နေ့မှစတင်ကာ လျှပ်စစ်မီးများပြတ်တောက်လျက်ရှိသောကြောင့် မြို့ခံများအခက်အခဲကြုံနေကြရကြောင်းလည်းသိရှိရသည်။
"လောက်ကိုင်တမြို့လုံးပျက်တာ၊ ပိုတောင်ဒုက္ခရောက်နေတယ်၊ ဒကစ ကနေ မြို့ပြင်ကို လှမ်းပစ်တာ ဒါတော့ နေတိုင်းပါပဲ၊ အရင်တိုင်းပါပဲ၊ တရက်ကို ၁၀ ခေါက်လောက်တော့ သူတို့ ပစ်သွားတာရှိတယ်။ ဒကစ က လောက်ကိုင်မြို့ထဲမှာ အကြီးဆုံး စခန်းပဲ။ လောက်ကိုင်က ရန်လုံကျိုင်ကြားမှာတော့ အစစ်အဆေးကြမ်းနေတယ်။ စစ်ကောင်စီတွေ ဖမ်းနေတာ" ဟု လတ်တလောလောက်ကိုင်မြို့အခြေအနေနှင့်ပတ်သက်၍ လောက်ကိုင်ဒေသခံတဦးမှ မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် ချင်းရွှေဟော်မှတဆင့် လောက်ကိုင်မြို့နှင့် အနီးကပ်ဆုံးနေရာသို့ MNDAA တပ်ဖွဲ့များ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
လောက်ကိုင်မြို့ ပေါက်ပေါက်ကျိုင်ရပ်ကွက် ဗိုင်းဝိုင်းအနီးတွင် စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လောက်ကိုင်)တည်ရှိပြီး အဆိုပါ ဒကစ၏လက်အောက်တွင် ခြေလျင်/ခြေမြန်တပ်ရင်း ခုနစ်ခုရှိသည်။
အဆိုပါ တပ်ရင်း ခုနစ်ခုအနက် အမှတ် (၁၂၈)၊ အမှတ် (၃၂၂)၊ အမှတ် (၂၃၉) နှင့် အမှတ် (၁၂၉) တပ်ရင်းတို့သည် လောက်ကိုင်မြို့အနီးတဝိုက်တွင် တည်ရှိသည်။
ထိုတပ်ရင်း လေးခုအနက်မှ ပါစင်ကျော်ရှိ အမှတ် (၁၂၈) တပ်ရင်းအား MNDAA မှသိမ်းယူထားပြီး အမှတ် (၁၂၉) တပ်ရင်း တရင်းလုံးသည် MNDAA ထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံပြီးဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#MNDAA
#လောက်ကိုင်မြို့
#ဒေသကွပ်ကဲမှုစစ်ဌာနချုပ်

Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
👍21😁2❤1👎1
ဖလမ်းအခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အပါအဝင် ၅ ဦး CNDFထံ အလင်းဝင်
ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ် နှစ်ဦး နှ.....
https://ift.tt/ubWUwEx

👍4😁1
စစ်ပွဲကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတိုး | VOA on Mizzima
နိုဝင်ဘာ ၆ ရက်နေ့ကို စစ်ပွဲတွေကြောင့် သဘာဝဝန်းကျင် ထိခိုက်ပျက်စီးတာကို တားဆီးတဲ့ နိုင်ငံတကာ နေ့အဖြစ် သတ်မှ...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DE4b-827mulI&h=AT2JufRY1j4LWgkU5bgLXcbgC6fCAk9kcUzjT_TZvodJufWgJBvvFNVDlMk9xfZae61opYVvbgCZZgSUmKZjVF3htfPAqVZLjhmStRf_PHoQH8MElNwuxb4F7IVxR6FN&s=1

👍3🔥1🤮1
မတူပီမြို့နယ် ဝေလူးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ် ၈ ဦး အပါအဝင် ၁၁ ဦးသေဆုံး
ချင်းပြည်နယ် ၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် နယ်စပ်ရှိ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက....
https://ift.tt/cTP2dSH

🤬2❤1😢1
နိုဝင်ဘာလ ၁၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:-00ပေါက်တောမြို့ကို စစ်ကောင်စီရေတပ်ရောလေတပ်ပါအသုံးပြု တိုက်ခိုက်တဲ့သတင်း03:46-Drone အသုံးပြု တိုက်ခိုက်ခံရမှုက...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FImEWVuobkIA&h=AT3P7GDUj5N8z2R8MQhVIYcGagUgDtpJCoRh2JlOzqm-I7k8CcYSzDQYzAbNh8ZQpOrRV3IE_jNXOKMvvqkUyGKOsQyjbNx9WJzSG-BRXRElXzFBNXwt_xAmw5BNOZEX&s=1

❤2🤬2
ဖလမ်းအခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အပါအဝင် ၅ ဦး CNDFထံ အလင်းဝင်
ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ် နှစ်ဦး နှ.....
https://ift.tt/wRDI5NU

👍6😁1