Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယူရို-၂၀၂၄ ခြေစစ်ပွဲ အုပ်စုပွဲစဉ်(၉)ရလဒ်များ
==============

အင်္ဂလန် ၂-၀ မော်လ်တာ
အီတလီ ၅-၂ မြောက်မက်ဆီဒိုးနီးယား 
ပိုလန် ၁-၁ ချက်
ဒိန်းမတ် ၂-၁ ဆလိုဗေးနီးယား
ဖင်လန် ၄-၀ မြောက်အိုင်ယာလန်
ကာဇက်စတန် ၃-၁ ဆန်မာရီနို 
မော်ဒိုဗာ ၁-၁ အယ်လ်ဘေးနီးယား

Photos: EPA

#EuroQualifiers #EURO2024 #Mizzima
👍14🔥1
နိုဝင်ဘာလ ၁၈ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...Drone အသုံးပြု တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်ဖို့ စစ်....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fsm-e2ymVrg0&h=AT3mIRS8FR05NeusbnItuZBjEZm_eeEENJ6Ntsgfs8p9Ya6BUGLxWEI8JIJ1J9cfu3K2O7BfySHTgrIoHcdortwMtTeMczOcUPCZuuI-hcOJd2P8AfXAQ-_l7WJtH1AE&s=1
👍11🔥1
နိုဝင်ဘာလ ၁၈ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...Drone အသုံးပြု တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်ဖို့ စစ်....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fsm-e2ymVrg0&h=AT1xyS1uGQhNAYBAxCf0_bxiCOQpr5JgRqxP7scsKGtaqM1eEpaTXHWSp1C3hxXwIiA1ySYJXMCdJ7YmpybXnaIDVpLTqO15l07IHzPEJij6WHBKCXBp0uoJkVTbj2sU&s=1
👍7🔥1
သပိတ်ကျင်းတွင် နာရေးကားဖြင့် လက်နက်ပို့သည့် ပျူများကို တိုက်ခိုက်၊ ၃ဦးသေ လက်နက်များ သိမ်းဆည်းရမိ
👍17👏3😁1
သပိတ်ကျင်းတွင် နာရေးကားဖြင့် လက်နက်ပို့သည့် ပျူများကို တိုက်ခိုက်၊ ၃ဦးသေ လက်နက်များ သိမ်းဆည်းရမိ
==================

MTO
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်တွင် နာရေးကားဖြင့် လက်နက်ပို့သည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ ပျူစောထီး သုံးဦးသေဆုံးပြီး ကားပေါ်ပါ လက်နက်များရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် က ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ ပျူစောထီးအဖွဲ့သည့် လက်ပံကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထံ လက်နက်ကြီးကျည် ထောက်ပို့ရန် လာခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်အချိန်တွင် ၎င်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် တွင်းငယ်အခြေစိုက် တပ်တန်းမြှင့်လေ့ကျင့်ရေး ကျောင်း (တတက-၁၃)မှ စခန်းမှ ကျည်များထောက်ပို့ရန် သယ်ဆောင်လာ ၏သည့် နာရေးကားကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ နာရေးကားအသုံးပြုပြီး သွားနေတာတော့ သတင်းရထားတာကြာပြီဗျ။ တိကျမှ လုပ်လိုက်တဲ့ သဘောပါဗျ ။ ၁၃ တပ်ကနေထွက်လာတာနဲ့ သတင်းကတိကျရထားပြီးလို့ လုပ်လိုက်တာပါ “ ဟုပြောသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီးများ ကိုင်ဆောင်လေ့ရှိသည့် သေနတ် နှစ်လက် ၊ ကျည်ဆန်များ နှင့် လက်နက်ကြီး ကျည်များကို သိမ်းဆည်းနိုင်ခဲ့ပြီး မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့်နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ခုနစ်ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#သပိတ်ကျင်း
#ပျူစောထီး

ပုံအညွှန်း - သိမ်းဆည်းရမိသည့်လက်နက်များနှင့် မီးရှို့ဖျက်ဆီးခဲ့သည့် ယာဉ်အားတွေ့ ရစဉ်
(ဓါတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကြာညှပ်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍29🥴4👏2❤1
​​တောင်ငူတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၊ စစ်တောင်းမြစ်ကူးတံတားကို ပိတ်ထား၍ ပြည်သူများ ပိတ်မိ
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ တောင်ငူမြို့၏ အရှေ့ဘက် ဆိတ်ဖူးတောင်ကျေးရွာအုပ်စု ၊ လေးမိုင်ကျေးရွာရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၃၉) သို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှ စတင်၍ သွားရောက်တိုက်ခိုက်ရာ ယနေ့ နံနက်ထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်နှင့် ပြည်သူ့စစ် ၃၀ ခန့်ရှိပြီး စစ်ကောင်စီတပ်သားများ၏ မိသားစုဝင်အချို့ရှိကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲမှူးတဦးထံက သိရသည်။

"တောင်ငူကနေ သံတောင်ကြီးဘက်ကိုထွက်တဲ့ ဘက်က ၄−မိုင်မှာ မနေ့ကနေ ဖြစ်နေတဲ့တိုက်ပွဲက ခုထိဆက်တိုက်ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း တောင်ငူမြို့အထွက် စစ်တောင်းမြစ်ကူးတံတားကိုပိတ်ထားလိုက်ပြီ။ အခု ပြည်သူတွေထောင်နဲ့ချီပြီး ပိတ်မိနေတယ်။ အခုလက်ရှိထိလည်း Mi-35 တွေ၊ ရဟတ်ယာဉ်တွေနဲ့ တောက်လျှောက်ကိုဗုံးတွေကြဲနေတယ်" ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲမှူးတဦးက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင်ပြောသည်။

ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် စစ်ကောင်စီတပ်က လေးမိုင်ရွာနှင့် ငါးမိုင်ရွာ အနီးတဝိုက်သို့ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ထားကြောင်း သိရသည်။
ထို့ပြင် တောင်ငူမြို့၏ အရှေ့ဘက်ရှိ စစ်တောင်းမြစ်ကူးတံတားကိုလည်း စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ထား၍ တံတား၏ အရှေ့ခြမ်းရှိ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာတဝိုက်မှ ပြည်သူများ ပိတ်မိနေကြခြင်းဖြစ်ကြောင်း သိရသည်။

လေးမိုင်ကျေးရွာသည် တောင်ငူမြို့၏ အရှေ့ဘက် လေးမိုင်ခန့်အကွာတွင် တည်ရှိပြီး မြို့နှင့်ကပ်လျက်ရှိနေသည့် ကျေးရွာဖြစ်သည်။

"လေးမိုင်ဘုရားခြေရင်းဂိတ် ဘယ်သူမှပေးမဖြတ်တော့ပါ။ ဂိတ်ပိတ်ချထားပါတယ်” ဟု ဒေသခံတဦးက လည်းပြောသည်။
ထို့ပြင် တိုက်ခိုက်ခံနေရသည့် ခြေလျင်တပ်ရင်း (၃၉) နှင့်အတူ ငါးမိုင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံး နှစ်ဦးရှိကြောင်း ကနဦးသတင်းရရှိပြီး ကျန်အသေးစိတ်အချက်အလက်များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#တောင်ငူ
#စစ်တောင်းမြစ်ကူးတံတား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26😁5🥰3👏2🔥1
“တော်လှန်ရေးမှာ အနုပညာရှင်တွေက လူငယ်တွေကို လက်တွဲခေါ်တဲ့ အတွက် ဒီလိုသီချင်းတွေထွက်ပေါ်
“တော်လှန်ရေးမှာ အနုပညာရှင်တွေက လူငယ်တွေကို လက်တွဲခေါ်တဲ့ အတွက် ဒီလိုသီချင်းတွေထွက်ပေါ်လာရတာဖြစ်တယ်” ကိုမ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F4ydlHkM2YTM&h=AT25OYsaog-gf3o_mYeQUnJw-Gr8jjV43G8HCbAgO3MGfisW4tTMs1ovYI_1yhzQQy6i9Y58FehhTyG5RyHFBN2Gw9A3HZSg0vLfsAzTl5sTRGEI67dzQW6jkd-D-l8l&s=1
👍5❤1🔥1
သပိတ်ကျင်းတွင် နာရေးကားဖြင့် လက်နက်ပို့သည့် ပျူများကို တိုက်ခိုက်၊ ၃ဦးသေ လက်နက်များ သိမ်
မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်တွင် နာရေးကားဖြင့် လက်နက်ပို့သည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ ပျူစေ.....
https://ift.tt/HvRy1W6
👍5👏2😁1
တောင်ငူတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၊ စစ်တောင်
ပဲခူးတိုင်း၊ တောင်ငူမြို့၏ အရှေ့ဘက် ဆိတ်ဖူးတောင်ကျေးရွာအုပ်စု ၊ လေးမိုင်ကျေးရွာရှိ စစ်ကောင်စီ၏ ခြေလျင်တပ.....
https://ift.tt/QHl86Jm
👍11🔥1