ရေတာရှည်မြို့တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်
ရွှေနွယ် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊
https://www.youtube.com/watch?v=i8EvVtvMMHY

YouTube
ရေတာရှည်မြို့တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်
ရွှေနွယ် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ ပိတောက်ကုန်းကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က လေကြောင်းပစ်ကူဖြင့် တို…
👍9🔥5👏1
ဒီတစ်ပတ်ရဲ့ My india အစီအစဉ်မှာ
အိန္ဒိယရဲ့ လက်မှုအနုပညာပုံစံများထဲက ...
https://www.youtube.com/watch?v=3IWlJyKi7fQ

- အိန္ဒိယရဲ့ လက်မှုအနုပညာပုံစံများထဲက အောက်မေ့ဖွယ်ယဉ်ကျေးမှုအမွေအနှစ်တွေကို ထုတ်ဖော်တင်ဆက်ပေးသွားမှာဖြစ်ပြီး မကြာသေးမီက ပရိတ်သတ်တွေကို မှင်သက်သွားစေတဲ့ ဖက်ရှင်ရှိုးနဲ့ ပြပွဲတို့ကိုပါ ထည့်သွင်းကျင်းပသွားတဲ့ ၉ ကြိမ်မြောက် အမျိုးသား
လက်မှုပညာရပ်နေ့မှာ မြင်တွေ့ရတဲ့သတင်း…
လက်မှုပညာရပ်နေ့မှာ မြင်တွေ့ရတဲ့သတင်း…
👍11🔥2
လွိုင်ကော်မြို့ခံများ မြို့မှစွန့်ခွာရန် KNDF စစ်ရေးချုပ် တိုက်တွန်း
ဂျူချန်း (မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ .....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FZMgK4-frUuM&h=AT28XyCmS_MqVhe_unnWTeFrZ-1gPLvXJc-8F2NzdakunKKRU9imCwBpLw7uF5ui6MNcnph8liF39C-F-AroRZ2LEJm0QDBD53IQojrGbNIuD3M0ENcLW5rHZjOEIV14&s=1

👍8❤2🔥2👎1
လွိုင်ကော်မြို့ခံများ မြို့မှစွန့်ခွာရန် KNDF စစ်ရေးချုပ် တိုက်တွန်း
ဂျူချန်း (မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ .....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FZMgK4-frUuM&h=AT0eCuXacfq27OajB_DJUE1Vcw_OegrxX2e9_cAO53PEJXkJz2mGpDymLSpBE9JDg6YEHVXge_XfnJmJHUBC-DAKKC53REL1ZCH04JI73egRpRDx6oh2zl45MnkSejg8&s=1

👍10🔥3
လွိုင်ကော်မြို့ခံများ မြို့မှစွန့်ခွာရန် KNDF စစ်ရေးချုပ် တိုက်တွန်း
ဂျူချန်း (မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ...
https://www.youtube.com/watch?v=ZMgK4-frUuM

ဂျူချန်း (မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ မြို့ကနေစွန့်ခွာပေးဖို့ KNDF စစ်ရေးချုပ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
လွိုင်ကော်ခရိုင်တရားရုံး မီးရှို့ခံရပြီးနောက် ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲ…

👍17🔥2
Biden says US 'derisking, not decoupling' with China after Xi talks
A day after meeting with his Chinese counterpart Xi Jinping in a bid to reduce tensions between the superpowers, President Joe ...
https://www.youtube.com/watch?v=k9zPXDsOnjQ

A day after meeting with his Chinese counterpart Xi Jinping in a bid to reduce tensions between the superpowers, President Joe Biden says the US is "derisking, not decoupling" its relations with China. Speaking at an APEC (Asia-Pacific Economic Cooperation)…
👍7🔥1
လွိုင်ကော်မြို့ခံများ မြို့မှစွန့်ခွာရန် KNDF စစ်ရေးချုပ် တိုက်တွန်း
==================
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ထိတွေ့တိုက်ပွဲများ ဆက်ရှိနေသည့်အတွက် ဒေသခံများအနေဖြင့် မြို့မှစွန့်ခွာပေးရန် ကရင်နီကာကွယ်ရေးတပ် (KNDF)စစ်ရေးချုပ်က တိုက်တွန်းပြောဆိုသည်။
“ရှောင်ဖို့ အခြေအနေ၊ အခွင့်ရသေးရင် အမြန်ဆုံး ရှောင်လိုက်ကြပါ။ တသက်တာ ငြိမ်းချမ်းဖို့ ၊ လွတ်လပ်ဖို့ ၊ မျှတတဲ့ လူမှုအသိုက်အဝန်းသစ်ဖြစ်လာဖို့ ခေတ္တ စွန့်ခွာလိုက်ပါ။ အရင်းအနှီးကြီးတော့ ကျနော်တို့ ပြန်ရယူရမဲ့ အရာကလည်း တန်ဖိုးဖြတ် နိူင်လိမ့်မည်မဟုတ်”ဟု KNDF စစ်ရေးချုပ်က နောက်ဆုံးအကြိမ် အသိပေးခြင်းဆိုသည့်မှတ်ချက်ဖြင့် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
လွိုင်ကော်မြို့တွင် ပြည်သူအချို့ ကျန်ရှိနေသေးပြီး လွိုင်ကော်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေသဖြင့် မြို့တွင်း ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် အန္တရာယ်များသောကြောင့် တိမ်းရှောင်ကြရန် KNDF ဗဟို ပြန်ကြားရေးတာဝန်ခံကလည်း ပြောသည်။
“လွိုင်ကော်မှာ ပြည်သူအချို့တော့ ကျန်သေးပါတယ်။ တိုက်ပွဲကတော့ ပိုပြင်းထန်လာနေတယ်။ ရှောင်နေမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ ယူဆတယ်။ မြို့တွင်းမှာ ကျန်နေရင်တော့ ဘေးကင်းဖို့က ရာခိုင်နှုန်းနည်းတယ်။ ဘာလို့ဆို စစ်ကောင်စီက တမြို့လုံးကို လေယာဉ်နဲ့ လိုက်ပတ်ကြဲနေတာ။ တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ် ဒရုန်းတွေနဲ့ ဗုံးချတာမျိုးတွေ လုပ်နေပါတယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
လွိုင်ကော်ခရိုင်တရားရုံး မီးရှို့ခံရပြီးနောက် ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF )နှင့် ဒေသခံများထံမှ သိရသည်။
လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ လွိုင်ကော်ခရိုင် တရားရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း KNDF စစ်ရေးချုပ် ခူးရီးဒူက မဇ္ဈိမကို နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီတွင် ပြောသည်။
ယင်းတရားရုံးအတွင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားခြင်းဖြစ်ပြီး ကရင်နီပူးပေါင်းတပ်များက လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တရားရုံးကို စွန့်ခွာကြသဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တရားရုံးကို မီးရှို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်ရက်တွေကဆို တောက်လျှောက်ရှိတယ်၊ ထောင်တို့ ရဲစခန်းတို့ တရားရုံးတို့မှာ၊ မနေ့ည (နိုဝင်ဘာ ၁၆) က ကျနော်တို့ သွားချောင်းကြည့်တာ မရှိကြတော့ဘူး။ ကျနော်ထင်တယ် သူတို့ ထောင်ဘက်ကို သွားပြန်စုတာထင်တယ်၊ ၁၁ ရက်နေ့မတိုင်ခင် တရားရုံး၊ စုပေါင်းရုံး နဲ့ ရဲစခန်းတွေမှာ အဲ့ထဲမှာ အကုန်လုံး တပ်စွဲထားကြတာ” ဟု ဒီးမော့ဆို PDF မှ ရဲဘော်တဦးက မဇ္ဈိမကို ပြောသည်။
မီးရှို့ခံရသည့် လွိုင်ကော်ခရိုင် တရားရုံးသည် ကရင်နီပူးပေါင်းတပ်များ စီးနင်းသိမ်းပိုက်ထားသည့် လွိုင်ကော် တက္ကသိုလ်နှင့် မီတာ ၂၀၀ ခန့်သာ ကွာဝေးကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မြန်မာသတင်း
#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့
#တိုက်ပွဲဖြစ်ပွား
ပုံအညွှန်း-လွိုင်ကော်ခရိုင် တရားရုံး မီးလောင်နေပုံ။
ပုံအညွှန်း-လေကြောင်းတိုက်ခိုက်မှုရှိနေ၍တိမ်းရှောင်နေကြသူများ(KHAI)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍25🔥1
ကဝမြို့နယ်တွင် စစ်ကောင်စီတပ်သား မြို့နယ် ပကဖ ထံ အလင်းဝင်
==================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၅၅၉) မှ တပ်သား ချစ်မင်းကိုသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ဆက်သွယ် အလင်းဝင်လာကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ထိုသို့ အလင်းဝင်ရောက်လာသည့်အတွက် တပ်သား ချစ်မင်းကိုအား နွေးထွေးလှိုက်လှဲစွာကြိုဆို၍ ဆုငွေ ၁,၀၀၀,၀၀၀ ကျပ်ကိုလည်း ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။
ထို့ပြင် ၎င်းသွားလိုရာသို့ အန္တရာယ်မရှိပို့ဆောင်ပေးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People’s Embrace) နှင့် ချိတ်ဆက်ကာ ကူညီစောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်ပေးလျက်ရှိကြောင်းလည်း သိရသည်။
"အကြမ်းဖက်စစ်ကောင်စီ၏ အသုံးချခံ၊ ထိုးကျွေးခံ ဖြစ်လျက်ရှိသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ပျူစောထီး)များသည် မိမိတို့၏ အသက်၊ ဂုဏ်သိက္ခာကို ငဲ့ကွက်တန်ဖိုးထားပါက အကြမ်းဖက်စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် ခိုဝင်ကာ အမြန်ဆုံး အလင်းဝင်ရောက်ကြရန် ကဝမြို့နယ်ပကဖက တိုက်တွန်းသတိပေးသည်” ဟုလည်း ကဝမြို့နယ် ပကဖ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် အလင်းဝင်ရောက်လာသူများအား အသက်အန္တရာယ်မရှိစေရန်ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်စေရန်၊ လူမှုဖူလုံရေး ဆုချီးမြှင့်ခြင်းကို တတ်နိုင်သမျှ ထောက်ပံ့ကူညီရန်၊ သွားလိုရာကို ဘေးကင်းစွာပို့ဆောင်ပေးရန်တို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တိုက်ပွဲများအတွင်း လက်နက်ချအညံ့ခံပါကလည်း စစ်သုံ့ပန်းဥပဒေများနှင့်အညီ စောင့်ရှောက်ပေးမည် ထုတ်ပြန်ချက်အတွင်းဖော်ပြထားသည်။
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၅၅၉) သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေကျေးရွာတွင် ဝေါ်လေဗျူဟာကုန်းတွင် တပ်စွဲထားသည့် တပ်ရင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ခြေမြန်တပ်ရင်း ၅၅၉
#အလင်းဝင်
ဓာတ်ပုံ − Kawa People Defense Force

👍19😁1
စစ်ရေးအရှိန်မြှင့်တော့မည်ဟု ပဒိုစောတောနီးပြော
=================
YT
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ အရှိန်အဟုန် မြင့်တက်နေသည့် အချိန်ကိုက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကလည်း ၎င်းတို့အနေဖြင့် စစ်ရေးအရှိန် မြှင့်တင်တော့မည်ဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က တရားဝင် ထုတ်ပြန်ပြောဆိုလိုက်သည်။
" ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အဖွဲ့အစည်း အသီးသီးကနေ အစဉ်တစိုက် တိုက်ပွဲဝင်တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ တိုက်ပွဲဝင်မှုတွေဟာ ဒီကနေ့ကာလမှာဆိုရင် အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်ပြီးတဲ့အခါမှာ အင်မတန်မှပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ စစ်ကောင်စီကို ရိုက်ခတ်နေတယ်ဆိုတာ နေ့စဉ်တွေ့နေရပြီး ဖြစ်ပါ တယ်၊ ဒီထက်ပိုပြီး လာမည့်မဝေးတော့တဲ့ အနာဂါတ်ကာလမှာ ပိုမိုပြင်းထန်လာတဲ့ လှိုင်းလုံးဂရက်ကြီးတွေနဲ့ ထပ်ခါထပ်ခါ ဒီအကြမ်းဖက် စစ်ကောင်စီကို ရိုက်ခတ်တော့မှာဖြစ်ပါတယ်" ဟု ပဒိုစောတောနီးက ပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း KNU နယ်မြေများဖြစ်သည့် တပ်မဟာ (၃) နယ်မြေ (ညောင်လေးပင်ခရိုင်)၊ တပ်မဟာ (၅) နယ်မြေ (ဖာပွန်ခရိုင်)၊ တပ်မဟာ (၆) နယ်မြေ (ဒူးပလာယာခရိုင်) တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
စစ်ရေးတိုက်ပွဲသာမက စစ်မျက်နှာအသီးသီးတွင် နိုင်ငံရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်သူလူထုတရပ်လုံး ပါဝင်သည့် လူထုတိုက်ပွဲများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။
ထိုကဲ့သို့ တိုက်ပွဲတွေ ဖော်ဆောင်သွားမည်ဖြစ်သဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီလက်အောက်မှ ထွက်ပြီး လူထုနှင့်အတူ လက်တွဲရန်၊အခက်အခဲရှိ၍ အတူလက်မတွဲနိုင်ပါကလည်း ရောက်ရာအရပ်တွင် နည်းလမ်းပေါင်းစုံဖြင့် စစ်ကောင်စီကို အပြုတ်တိုက်ရန် ပဒိုစောတောနီးက တောင်းဆိုထားသည်။
" အချိန်မနှောင်းခင်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တခုကို ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် ကျွန်တော်တို့နဲ့အတူ လက်တွဲပူးပေါင်းပြီး ဘက်ပြောင်းလာပါလို့ ကျွန်တော်တို့တောင်းဆိုချင်ပါတယ်။ အဲ့ဒါအပြင် အခက်အခဲအကျပ်အတည်း အမျိုးမျိုးကြောင့် ကျွန်တော်တို့နဲ့ ဘက်ပြောင်းလာပြီးတော့ လက်မတွဲနိုင်ဘူးဆိုရင်လည်း ရှိတဲ့နေရာမှာပဲ မဖြစ်ဖြစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီကို အပြုတ်တိုက်ကြပါလို့ပဲ ကျွန်တော်ပန်ကြားလိုပါတယ်" ဟု ၎င်းက ပြောသည်။
ပဒိုစောတောနီး ထုတ်ပြန်ပြောဆိုသည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ပင် KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများကလည်း ကော့ကရိတ်မြို့နယ်အတွင်း၏ စစ်ကောင်စီလက်အောက်ခံ စစ်ရေး၊ အုပ်ချုပ်ရေး ယန္တရားအသီးသီးရှိ ဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်းမှ တပတ်အတွင်း ထွက်ခွာသွားရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေး ထုတ်ပြန်ထားသေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပဒိုစောတောနီး
#စစ်ဆင်ရေး၁၀၂၇
#KNU
ပုံအညွှန်း- ပဒိုစောတောနီး (KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ KNU ဗဟို ပြောခွင့်ရ၊ KNU နိုင်ငံခြားရေးဌာန တာဝန်ခံ)

👍26❤9👏4🔥1
Media is too big
VIEW IN TELEGRAM
👉 7နှစ်ကြာအချစ်ဇာတ်လမ်းကို အဆုံးသတ်သွားပြီဖြစ်တဲ့ Ryu Junyeol နဲ့ Hyeri
Full Video Link - https://youtu.be/SeNkEogSeEs
#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts

🖕2
This media is not supported in your browser
VIEW IN TELEGRAM
👉 Now You See Me 3 ထုတ်လုပ်ဖို့ Lionsgate တရားဝင်ကြေညာ
Full Video Link - https://youtu.be/SeNkEogSeEs
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
Full Video Link - https://youtu.be/SeNkEogSeEs
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍3🖕2
ညောင်ခါးရှည် X- Ray ကို အမြန်ဖြတ်ရန် ယာဉ်ထိန်းရဲနှင့် ရဲကို ငွေပေးနေရ
=====================
YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ X- Ray စစ်ဆေးရေးဂိတ်တွင် တန်းစီရသည့် ကုန်တင်ယာဉ်များအနေဖြင့် ဂိတ်အမြန်ဖြတ်ရန် ယာဉ်ထိန်းရဲနှင့် ရဲများကို ငွေကြေးပေးနေရကြောင်း ယာဉ်မောင်းများထံက သိရသည်။
ကားပေါ်တွင် လက်နက် ခဲယမ်း ဒရုန်း စသည့်တော်လှန်ရေးနှင့် ပတ်သက်သည့်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိမရှိ အဓိကစစ်ဆေးသည့် ညောင်ခါးရှည် X- Ray ဂိတ်တွင် ယခု နိုဝင်ဘာလ ဒုတိယအပတ်မှစတင်၍ အစစ်အဆေးပိုမိုတင်းကျပ်လာသဖြင့် နေ့စဉ် ကုန်တင်ယာဉ် အစီးရေ ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။
ယာဉ်ကြောပိတ်ဆို့မှုများကြောင့် X- Ray ဂိတ်အား အမြန်ရောက်လိုသော ကားသမားများအနေဖြင့် လမ်းပေါ်တွင် စောင့်ကျပ်လျက်ရှိသည့် ယာဉ်ထိန်းရဲနှင့် ရဲများမှ တောင်းခံသည့် ငွေ ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေး၍ ယာဉ်တန်းအား ကျော်တက်နေရကြောင်း သိရသည်။
" သူတို့က ကားသမားတွေကို လိုက်ညှိတယ်၊ ၃၀,၀၀၀ ပေးတို့ ၊ ၄၀,၀၀၀ ပေးတို့၊ အဲ့ဒီလိုမျိုးညှိပြီးတောင်းပြီး ကျော်ခိုင်းတာတွေရှိတယ်။ တွဲကားသမားတွေဆိုရင် ငှက်ပျောတောတို့ ရထားလမ်းတို့ နေရာလေးခွဲထားတယ်၊ ငှက်ပျောတောအထိ ကျော်မယ်ဆိုရင် ၇၀,၀၀၀ လောက် ပေးရတာတို့ ရထားလမ်းထိဆို ၁၀၀,၀၀၀ လောက် ပေးရတာတို့ လုပ်တာပေါ့" ဟု ကုန်ကားယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။
၎င်းတို့ထံ ငွေမပေးဘဲ ကားတန်းအား ကျော်တက်ပါက ယာဉ်မောင်းအား လိုင်စင်သိမ်းခြင်း၊ ဒဏ်ငွေရိုက်ခြင်းတို့ ပြုလုပ်နေကြောင်းလည်း သိရသည်။
ယခင်ကာလများကလည်း X- Ray ဂိတ်အနီးရှိ ငှက်ပျောတောတွင် စောင့်ကျပ်နေသည့် ယာဉ်ထိန်းရဲကို ငွေကျပ် ၁၀,၀၀၀ ၊ ရထားသံလမ်းတွင် စောင့်သည့် ရဲကို ၅,၀၀၀ ကျပ်ပေး၍ ကားတန်းအား ဆက်တိုက်ကျော်တက်ခွင့်ပြုသည့် ဈေးကွက်ပေါ်ပေါက်ခဲ့သေးပြီး နောက်ပိုင်းတွင် ထိုကဲ့သို့ ဖြတ်သန်းခွင့် မပြုတော့ကြောင်း သိရသည်။
" အရင်က သူတို့ ဌာနဆိုင်ရာ ကားတန်းတွေ ပေးသွားနေတဲ့အချိန်တုန်းကဆိုရင် လက်ယာကြိုးကွင်း (ငှက်ပျောတောပတ်ချာလည်)ပေါ့၊ အဲ့ဒီမှာ မော်တော်ပီကယ်က ဖောကားတစီးကို ၁၀,၀၀၀ တောင်းတယ်။ အဲ့ဒီကနေ ဆက်မောင်းရင် သံလမ်းရောက်ရင် ရဲက ၅,၀၀၀ တောင်းတယ်။ အဲ့ဒီလို ၁၅,၀၀၀ လောက်ပေးရင် ကျော်လို့ရတယ်။ အခုနောက်ပိုင်းကျတော့ အဲ့ဒါတွေကို ပိတ်လိုက်တော့ အဲ့ဒီလိုပေးမကျော်တော့ဘဲနဲ့ ခိုးကျော်တဲ့ကောင်ကို ဖမ်းပြီး ဒဏ်ငွေရိုက်တာ၊ ထုတာထောင်းတာ ထိုးတာကြိတ်တာ သေနတ်ဒင်နဲ့ ကားတွေကိုထုတာ လူတွေကို ထုတာ အများကြီးပဲ အဲ့လိုတွေ ရှိတယ်"ဟု ရန်ကုန်- မော်လမြိုင် ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။
ယာဉ်မောင်းများအနေဖြင့်လည်း X- Ray ဂိတ်၏ ယာဉ်ပိတ်ဆို့မှု အခြေအနေသည် ညအိပ်ရသည်အထိ ကြာလွန်း၍ X- Ray ဂိတ်အမြန်ဖြတ်ရရေး ယာဉ်ထိန်းရဲနှင့် ရဲများကို ငွေပေးနေရကြောင်း သိရသည်။
" ကျွန်တော်တို့လည်း အမှန်အတိုင်းပြောရရင် ရရင် ဖြတ်မှာပဲ၊ ဘာလို့လဲဆိုတော့ အဲဲ့ဒီဂိတ်မှာက ညအိပ်တွေ တိုးရတာကိုး၊ မတိုးနိုင်ဘူးလေ။ ကားစက်နှိုးလိုက် နည်းနည်းတိုးလိုက် နည်းနည်းတိုးလိုက်ဆိုတော့ တခါတလေ ညအိပ်တိုးရတာတွေ ရှိတယ်။ အသွားတည အပြန်တည အိပ်ရတာတွေရှိတယ်။ တခါတလေကျတော့လည်း သူတို့ ၃၀,၀၀၀ လောက်နဲ့ ညှိတော့လည်း ပေးပြီးသွားကြတဲ့ကားတွေလည်း ရှိတာပေါ့" ဟု ကုန်ကားယာဉ်မောင်းက မဇ္ဈိမကို ဆက်လက်ပြောဆိုသည်။
X- Ray ဂိတ်တွင် ကားများ နေ့စဉ် ပိတ်ဆို့နေရခြင်းသည် စစ်ကောင်စီတပ်သားများ၊ ရဲများ၊ ယာဉ်ထိန်းရဲများ၏ ငွေကြေးရှာဖွေရန် ပြုလုပ်နေမှုများသာဖြစ်ကြောင်း ယာဉ်မောင်းတဦးက မှတ်ချက်ပြုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဝေါမြို့နယ်
#XRayဂိတ်
#ညောင်ခါးရှည်

👍14❤3😢1
Media is too big
VIEW IN TELEGRAM
👉 Single Mom Aff Taksaorn ကိုကြိုက်နေကြောင်း ဝန်ခံခဲ့တဲ့ မင်းသား Nonkul
Full Video Link - https://youtu.be/SeNkEogSeEs
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
Full Video Link - https://youtu.be/SeNkEogSeEs
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍7🖕1
About 250 Rohingya refugees reach Indonesia's west on decrepit boat
About 250 desperate Rohingya refugees reached western Indonesia on a decrepit, overcrowded wooden boat Thursday, bringing ...
https://www.youtube.com/watch?v=LldoixeDJNQ

About 250 desperate Rohingya refugees reached western Indonesia on a decrepit, overcrowded wooden boat Thursday, bringing the total number reported by local officials to have arrived this week to nearly 600.
The boat holding the members of the persecuted…

🔥4👍2
Xi warns Japan PM Fukushima water release affects 'health of all humankind'
Chinese leader Xi Jinping told Japanese Prime Minister Fumio Kishida that the release of wastewater from the Fukushima nuclear ...
https://www.youtube.com/watch?v=NxA9VxVcfws

Chinese leader Xi Jinping told Japanese Prime Minister Fumio Kishida that the release of wastewater from the Fukushima nuclear plant affected the "health of humankind", Beijing's foreign ministry said Friday.
-----------------------------------------
မဇ္ဈိမကို…

👍9🔥1
👍3🤮3