Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စစ်ရေးအရှိန်မြှင့်တော့မည်ဟု ပဒိုစောတောနီးပြော
=================

YT
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့​၏ စစ်ဆင်ရေး ၁၀၂၇ အရှိန်အဟုန် မြင့်တက်နေသည့် အချိန်ကိုက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကလည်း ၎င်းတို့အနေဖြင့် စစ်ရေးအရှိန် မြှင့်တင်တော့မည်ဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က တရားဝင် ထုတ်ပြန်ပြောဆိုလိုက်သည်။

" ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အဖွဲ့အစည်း အသီးသီးကနေ အစဉ်တစိုက် တိုက်ပွဲဝင်တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ တိုက်ပွဲဝင်မှုတွေဟာ ဒီကနေ့ကာလမှာဆိုရင် အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်ပြီးတဲ့အခါမှာ အင်မတန်မှပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ စစ်ကောင်စီကို ရိုက်ခတ်နေတယ်ဆိုတာ နေ့စဉ်တွေ့နေရပြီး ဖြစ်ပါ တယ်၊ ဒီထက်ပိုပြီး လာမည့်မဝေးတော့တဲ့ အနာဂါတ်ကာလမှာ ပိုမိုပြင်းထန်လာတဲ့ လှိုင်းလုံးဂရက်ကြီးတွေနဲ့ ထပ်ခါထပ်ခါ ဒီအကြမ်းဖက် စစ်ကောင်စီကို ရိုက်ခတ်တော့မှာဖြစ်ပါတယ်" ဟု ပဒိုစောတောနီးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင်လည်း KNU နယ်မြေများဖြစ်သည့် တပ်မဟာ (၃) နယ်မြေ (ညောင်လေးပင်ခရိုင်)၊ တပ်မဟာ (၅) နယ်မြေ (ဖာပွန်ခရိုင်)၊ တပ်မဟာ (၆) နယ်မြေ (ဒူးပလာယာခရိုင်) တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

စစ်ရေးတိုက်ပွဲသာမက စစ်မျက်နှာအသီးသီးတွင် နိုင်ငံရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်သူလူထုတရပ်လုံး ပါဝင်သည့် လူထုတိုက်ပွဲများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

ထိုကဲ့သို့ တိုက်ပွဲတွေ ဖော်ဆောင်သွားမည်ဖြစ်သဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီလက်အောက်မှ ထွက်ပြီး လူထုနှင့်အတူ လက်တွဲရန်၊အခက်အခဲရှိ၍ အတူလက်မတွဲနိုင်ပါကလည်း ရောက်ရာအရပ်တွင် နည်းလမ်းပေါင်းစုံဖြင့် စစ်ကောင်စီကို အပြုတ်တိုက်ရန် ပဒိုစောတောနီးက တောင်းဆိုထားသည်။

" အချိန်မနှောင်းခင်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တခုကို ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် ကျွန်တော်တို့နဲ့အတူ လက်တွဲပူးပေါင်းပြီး ဘက်ပြောင်းလာပါလို့ ကျွန်တော်တို့တောင်းဆိုချင်ပါတယ်။ အဲ့ဒါအပြင် အခက်အခဲအကျပ်အတည်း အမျိုးမျိုးကြောင့် ကျွန်တော်တို့နဲ့ ဘက်ပြောင်းလာပြီးတော့ လက်မတွဲနိုင်ဘူးဆိုရင်လည်း ရှိတဲ့နေရာမှာပဲ မဖြစ်ဖြစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီကို အပြုတ်တိုက်ကြပါလို့ပဲ ကျွန်တော်ပန်ကြားလိုပါတယ်" ဟု ၎င်းက ပြောသည်။

ပဒိုစောတောနီး ထုတ်ပြန်ပြောဆိုသည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ပင် KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများကလည်း ကော့ကရိတ်မြို့နယ်အတွင်း​၏ စစ်ကောင်စီလက်အောက်ခံ စစ်ရေး၊ အုပ်ချုပ်ရေး ယန္တရားအသီးသီးရှိ ဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်းမှ တပတ်အတွင်း ထွက်ခွာသွားရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေး ထုတ်ပြန်ထားသေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပဒိုစောတောနီး
#စစ်ဆင်ရေး၁၀၂၇
#KNU

ပုံအညွှန်း- ပဒိုစောတောနီး (KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ KNU ဗဟို ပြောခွင့်ရ၊ KNU နိုင်ငံခြားရေးဌာန တာဝန်ခံ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26❤9👏4🔥1
Media is too big
VIEW IN TELEGRAM
👉 7နှစ်ကြာအချစ်ဇာတ်လမ်းကို အဆုံးသတ်သွားပြီဖြစ်တဲ့ Ryu Junyeol နဲ့ Hyeri

Full Video Link - https://youtu.be/SeNkEogSeEs

#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
🖕2
This media is not supported in your browser
VIEW IN TELEGRAM
👉 Now You See Me 3 ထုတ်လုပ်ဖို့ Lionsgate တရားဝင်ကြေညာ

Full Video Link - https://youtu.be/SeNkEogSeEs

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍3🖕2
​​ညောင်ခါးရှည် X- Ray ကို အမြန်ဖြတ်ရန် ယာဉ်ထိန်းရဲနှင့် ရဲကို ငွေပေးနေရ
=====================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ X- Ray စစ်ဆေးရေးဂိတ်တွင် တန်းစီရသည့် ကုန်တင်ယာဉ်များအနေဖြင့် ဂိတ်အမြန်ဖြတ်ရန် ယာဉ်ထိန်းရဲနှင့် ရဲများကို ငွေကြေးပေးနေရကြောင်း ယာဉ်မောင်းများထံက သိရသည်။

ကားပေါ်တွင် လက်နက် ခဲယမ်း ဒရုန်း စသည့်တော်လှန်ရေးနှင့် ပတ်သက်သည့်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိမရှိ အဓိကစစ်ဆေးသည့် ညောင်ခါးရှည် X- Ray ဂိတ်တွင် ယခု နိုဝင်ဘာလ ဒုတိယအပတ်မှစတင်၍ အစစ်အဆေးပိုမိုတင်းကျပ်လာသဖြင့် နေ့စဉ် ကုန်တင်ယာဉ် အစီးရေ ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုများကြောင့် X- Ray ဂိတ်အား အမြန်ရောက်လိုသော ကားသမားများအနေဖြင့် လမ်းပေါ်တွင် စောင့်ကျပ်လျက်ရှိသည့် ယာဉ်ထိန်းရဲနှင့် ရဲများမှ တောင်းခံသည့် ငွေ ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေး၍ ယာဉ်တန်းအား ကျော်တက်နေရကြောင်း သိရသည်။

" သူတို့က ကားသမားတွေကို လိုက်ညှိတယ်၊ ၃၀,၀၀၀ ပေးတို့ ၊ ၄၀,၀၀၀ ပေးတို့၊ အဲ့ဒီလိုမျိုးညှိပြီးတောင်းပြီး ကျော်ခိုင်းတာတွေရှိတယ်။ တွဲကားသမားတွေဆိုရင် ငှက်ပျောတောတို့ ရထားလမ်းတို့ နေရာလေးခွဲထားတယ်၊ ငှက်ပျောတောအထိ ကျော်မယ်ဆိုရင် ၇၀,၀၀၀ လောက် ပေးရတာတို့ ရထားလမ်းထိဆို ၁၀၀,၀၀၀ လောက် ပေးရတာတို့ လုပ်တာပေါ့" ဟု ကုန်ကားယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

၎င်းတို့ထံ ငွေမပေးဘဲ ကားတန်းအား ကျော်တက်ပါက ယာဉ်မောင်းအား လိုင်စင်သိမ်းခြင်း၊ ဒဏ်ငွေရိုက်ခြင်းတို့ ပြုလုပ်နေကြောင်းလည်း သိရသည်။

ယခင်ကာလများကလည်း X- Ray ဂိတ်အနီးရှိ ငှက်ပျောတောတွင် စောင့်ကျပ်နေသည့် ယာဉ်ထိန်းရဲကို ငွေကျပ် ၁၀,၀၀၀ ၊ ရထားသံလမ်းတွင် စောင့်သည့် ရဲကို ၅,၀၀၀ ကျပ်ပေး၍ ကားတန်းအား ဆက်တိုက်ကျော်တက်ခွင့်ပြုသည့် ဈေးကွက်ပေါ်ပေါက်ခဲ့သေးပြီး နောက်ပိုင်းတွင် ထိုကဲ့သို့ ဖြတ်သန်းခွင့် မပြုတော့ကြောင်း သိရသည်။

" အရင်က သူတို့ ဌာနဆိုင်ရာ ကားတန်းတွေ ပေးသွားနေတဲ့အချိန်တုန်းကဆိုရင် လက်ယာကြိုးကွင်း (ငှက်ပျောတောပတ်ချာလည်)ပေါ့၊ အဲ့ဒီမှာ မော်တော်ပီကယ်က ဖောကားတစီးကို ၁၀,၀၀၀ တောင်းတယ်။ အဲ့ဒီကနေ ဆက်မောင်းရင် သံလမ်းရောက်ရင် ရဲက ၅,၀၀၀ တောင်းတယ်။ အဲ့ဒီလို ၁၅,၀၀၀ လောက်ပေးရင် ကျော်လို့ရတယ်။ အခုနောက်ပိုင်းကျတော့ အဲ့ဒါတွေကို ပိတ်လိုက်တော့ အဲ့ဒီလိုပေးမကျော်တော့ဘဲနဲ့ ခိုးကျော်တဲ့ကောင်ကို ဖမ်းပြီး ဒဏ်ငွေရိုက်တာ၊ ထုတာထောင်းတာ ထိုးတာကြိတ်တာ သေနတ်ဒင်နဲ့ ကားတွေကိုထုတာ လူတွေကို ထုတာ အများကြီးပဲ အဲ့လိုတွေ ရှိတယ်"ဟု ရန်ကုန်- မော်လမြိုင် ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

ယာဉ်မောင်းများအနေဖြင့်လည်း X- Ray ဂိတ်​၏ ယာဉ်ပိတ်ဆို့မှု အခြေအနေသည် ညအိပ်ရသည်အထိ ကြာလွန်း၍ X- Ray ဂိတ်အမြန်ဖြတ်ရရေး ယာဉ်ထိန်းရဲနှင့် ရဲများကို ငွေပေးနေရကြောင်း သိရသည်။

" ကျွန်တော်တို့လည်း အမှန်အတိုင်းပြောရရင် ရရင် ဖြတ်မှာပဲ၊ ဘာလို့လဲဆိုတော့ အဲဲ့ဒီဂိတ်မှာက ညအိပ်တွေ တိုးရတာကိုး၊ မတိုးနိုင်ဘူးလေ။ ကားစက်နှိုးလိုက် နည်းနည်းတိုးလိုက် နည်းနည်းတိုးလိုက်ဆိုတော့ တခါတလေ ညအိပ်တိုးရတာတွေ ရှိတယ်။ အသွားတည အပြန်တည အိပ်ရတာတွေရှိတယ်။ တခါတလေကျတော့လည်း သူတို့ ၃၀,၀၀၀ လောက်နဲ့ ညှိတော့လည်း ပေးပြီးသွားကြတဲ့ကားတွေလည်း ရှိတာပေါ့" ဟု ကုန်ကားယာဉ်မောင်းက မဇ္ဈိမကို ဆက်လက်ပြောဆိုသည်။

X- Ray ဂိတ်တွင် ကားများ နေ့စဉ် ပိတ်ဆို့နေရခြင်းသည် စစ်ကောင်စီတပ်သားများ၊ ရဲများ၊ ယာဉ်ထိန်းရဲများ​၏ ငွေကြေးရှာဖွေရန် ပြုလုပ်နေမှုများသာဖြစ်ကြောင်း ယာဉ်မောင်းတဦးက မှတ်ချက်ပြုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဝေါမြို့နယ်
#XRayဂိတ်
#ညောင်ခါးရှည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤3😢1
Media is too big
VIEW IN TELEGRAM
👉 Single Mom Aff Taksaorn ကိုကြိုက်နေကြောင်း ဝန်ခံခဲ့တဲ့ မင်းသား Nonkul

Full Video Link - https://youtu.be/SeNkEogSeEs

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍7🖕1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၈ နိုဝင်ဘာ၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ
https://ift.tt/E5N1G6V
👍9🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၈ နိုဝင်ဘာ၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ
https://ift.tt/aSrIpdF
👍3🤮3
ပတ်လည်အင်းရွာက စကစတပ်စခန်းကို PDF တိုက်ခိုက်၊ ၁၀ ဦးသေပြီး သုံ့ပန်း ၁ ဦး ဖမ်းမိ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသအခြေစိုက်ပြည်....
https://ift.tt/CyIrObc
👍9🔥1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FStEhyrUwPw0&h=AT15As4FMZdbmUkgAOhJ_Y3c8IALJVEHQiGScPwnKWuXoXexS3RBL-nC5NtQDIsIHRn4TWGw8MhWZRwy4uBjAIIM_VHUxLMwX1206gsTrc77vS2lE2p3Ro1KQ1qXp15M&s=1
👍7🤮1
ပတ်လည်အင်းရွာက စကစတပ်စခန်းကို PDF တိုက်ခိုက်၊ ၁၀ ဦးသေပြီး သုံ့ပန်း ၁ ဦး ဖမ်းမိ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသအခြေစိုက်ပြည်....
https://ift.tt/yhnLrkO
👍6😁4