Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F3oJ4D7G8SlQ&h=AT1rF78qnJmwcnVHeUrMWr-17u3Ieq-dree-cqe6vD129yueLqh-4o4jBNsuwjK2rTpfI_xLEAz_2rtMhg92LCKUqIEWZmkxm056aWngiv6jnVGQdhfqJsM0XlhZotGs&s=1
🤮2
ဒီပဲယင်း- ရေဦးအစပ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင် (ရုပ်/သံ)
MTO။ ။စစ်ကိုင်းတိုင်း ဒီပဲယင်း- ရေဦးကာလမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့က ရုတ်တရက်စစ်ကြောင်းထိုးပြီး ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyKT1b-3gF2g&h=AT0Ybquj0neLJelNlecirQxaNsj9EQ6e1OzoUttYOSw5js2MVo-bt5DJ8i4nSoQBa7F1oIk4vA-cCvLNswpNO9JAFCuyloXT8Oi-jyt_jxh5lvYHdAEUlpZeJ4Svh5GD&s=1
🔥4
Weekend News Roundup
00:45 အိမ်နီးချင်းနိုင်ငံ အစိုးရတွေအနေနဲ့ ကျရှုံးတော့မယ့် ...
https://www.youtube.com/watch?v=3oJ4D7G8SlQ
👍5🔥3🌭1
ဒီပဲယင်း- ရေဦးအစပ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင် (ရုပ်/သံ)
MTO။ ။စစ်ကိုင်းတိုင်း ဒီပဲယင်း- ရေဦးကာလမ်းဘေးက ကျေးရွာတွေကို ...
https://www.youtube.com/watch?v=yKT1b-3gF2g
😢12🔥1👏1🤬1
ဒီပဲယင်း- ရေဦးအစပ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင် (ရုပ်/သံ)
MTO။ ။စစ်ကိုင်းတိုင်း ဒီပဲယင်း- ရေဦးကာလမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့က ရုတ်တရက်စစ်ကြောင်းထိုးပြီး ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyKT1b-3gF2g&h=AT2B1-TXCXV43q4Xk6Xku0MFMwIr0ZLOnIbGygDOkbfggjQZf36JEO4PjH2nP_GRY-L1kg64WG7zEA6lHumz0YiCTAsYO-FmeBVQbn6UKLpDezR-IwIkZ8WTC0908uEs&s=1
🔥1👏1
ကြံခင်းမြို့နယ်တွင် "တလှိုင်းပြီး တလှိုင်းလာမယ်" စာတန်းကိုင်စွဲဆန္ဒပြ
ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များ ဦ...
https://ift.tt/5l4JXKu
❤3👍1🔥1
အတ္ထရံတံတား ဖျက်ဆီးခံလိုက်ရ၍ သွားလာရေး ခက်ခဲဟုဆို
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက....
https://ift.tt/1wtEqzj
👍7👏2🔥1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyxCETb_UXFo&h=AT2YDfpcIMcx4WhmBbcHELvbLEjjOsmfkpat9RdNlBO_VNH5Tv9nUWl0G8W7saVBDy4lyAegP8tCPrQrbpmdZ-JAuI1k7uK2U2CcluBA7Tqki6439VngDrR6idZCEerf&s=1
🤮2
ကြံခင်းမြို့နယ်တွင် "တလှိုင်းပြီး တလှိုင်းလာမယ်" စာတန်းကိုင်စွဲဆန္ဒပြ
ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များ ဦ...
https://ift.tt/4PbwnFa
👍7😁2❤1
အတ္ထရံတံတား ဖျက်ဆီးခံလိုက်ရ၍ သွားလာရေး ခက်ခဲဟုဆို
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက....
https://ift.tt/KX924Lu
🔥3👏2👍1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyxCETb_UXFo&h=AT3bEX2OCyaVXNuBtG26pfMNpCNekBTJORUqGicVqGYncklXUJIXsjjn6ObE8dMwPjJnBbZXjAJF_VG6z9SZl073vRq_M9uJKwhfoBSL7h50TpDGpiHau6QufIZ-y7ku&s=1
👍2🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၈ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၈ ...
https://www.youtube.com/watch?v=yxCETb_UXFo
👍4😁1🤮1
​​ပတ်လည်အင်းရွာက စကစတပ်စခန်းကို PDF တိုက်ခိုက်၊ ၁၀ ဦးသေပြီး သုံ့ပန်း ၁ ဦး ဖမ်းမိ
=====================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ၁၀ ဦး သေဆုံးပြီး ရဲတဦးကို အရှင်ဖမ်းမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ ရုံးက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ပတ်လည်အင်းကျေးရွာရှိ ဗိုလ်ကြီးကျော်ဟိန်း ဦးစီးသော စစ်ကောင်စီတပ်နှင့် ရဲအင်အား၅၀ ခန့် အခြေချနေသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ စဉ့်ကူးမြို့နယ် ပကဖနှင့် မတ္တရာမြို့နယ် ပကဖတို့က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရကာ စစ်သုံ့ပန်း ရဲတဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် သေနတ် သုံးလက်၊ ကျည် ၄၉ တောင့်၊ ကျည်အိမ် ခုနစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

တိုက်ပွဲအခြေအနေ အသေးစိတ် သိရှိနိုင်ရန် အမှတ် (၁) စစ်ဒေသရုံးကို မဇ္ဈိမက ဆက်သွယ်ထားသော်လည်း အဆက်သွယ်မရသေးပေ။
တိုက်ပွဲဖြစ်ပွားသည့် ပတ်လည်အင်းကျေးရွာသို့ စစ်ကူလာသော အင်ကြင်းမြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လေကြောင်းရန် ကာကွယ်ရေးတပ် (ကလတ-၁၀၁၄) တပ် စစ်ကြောင်းသည် လမ်းခုလတ်တွင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ခဲ့သည်။

ထိုစစ်ကြောင်းသည် မတ္တရာမြို့နယ် အောင်ကံသာ ကျေးရွာက “အားသစ်” လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော အမျိုးသမီး တဦးနှင့် အမျိုးသား ၁၀ ဦးကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် ပွဲစားကုန်းကျေးရွာက အရပ်သားတဦးကိုလည်း သတ်ဖြတ်သွားပြီး ပတ်လည်အင်းကျေးရွာက လူနေအိမ် ကိုးလုံးကို မီးရှို့သွားကြောင်း ဆိုသည်။

လက်ရှိတွင် မတ္တရာမြို့နယ်အရှေ့ခြမ်းကျေးရွာများ လျှပ်စစ်မီးနှင့် အင်တာနက်ပြတ်တောက်မှုများဖြစ်နေပြီး ဒေသတွင်းမှာလည်း နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း အမည်မဖော်လိုသည့် မတ္တရာမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“မတ္တရာအရှေ့ဘက်မှာ ပွဲကြမ်းနေတယ်၊ မီးနဲ့အင်တာနက်လိုင်းတွေလည်း ဖြတ်ထားတယ်၊ မတ္တရာမြို့ထဲတော့ အဆက်အသွယ်ရနေသေးတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ PDF ၊ ဒေသအခြေစိုက်ပူးပေါင်းတပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ပုံညွှန်း- ပတ်လည်အင်းတိုက်ပွဲတွင်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ (Photo/အမှတ်(၁)စစ်ဒေသရုံး)
စာတည်း။ ။ နောင်နောင်

#မတ္တရာ
#စစ်ကိုင်း
#Mizzima
#လျှပ်စစ်မီးပြတ်တောက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤1😁1
ကြံခင်းမြို့နယ်တွင် "တလှိုင်းပြီး တလှိုင်းလာမယ်" စာတန်းကိုင်စွဲဆန္ဒပြ
=====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

"တလှိုင်းပြီး တလှိုင်းလာမယ်"စာသားပါ ဘန်နာအား သပိတ်ကော်မတီဝင်များက ကိုင်စွဲကာ ပုသိမ်-မုံရွာကားလမ်းဘေး တနေရာတွင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်ကပြောသည်။

သပိတ်ကော်မတီဝင်များကိုင်စွဲဆန္ဒထုတ်ဖော်ခဲ့သည့် ဘန်နာအား ယမန်နေ့ညပိုင်းက ကားလမ်းဘေးတနေရာတွင်ချိတ် ဆွဲခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက အ ဆိုပါ ဘန်နာအား သေနတ်များပစ်ဖောက်ကာ လာရောက်ဖြုတ်သိမ်းခဲ့သည်ဟု ဒေသခံများကပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏ ၁၄၀ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
👍12❤4🔥1😁1
အတ္ထရံတံတား ဖျက်ဆီးခံလိုက်ရ၍ သွားလာရေး ခက်ခဲဟုဆို
👍9🔥1
အတ္ထရံတံတား ဖျက်ဆီးခံလိုက်ရ၍ သွားလာရေး ခက်ခဲဟုဆို
======================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခံလိုက်ရ၍ ကျိုးကျပျက်စီးသွားသဖြင့် ဒေသခံများ သွားရေးလာရေး အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ဘုရားဆုံးဆူ- ကြာအင်းဆိပ်ကြီး- ကျိုက်မရော- မုဒုံ- မော်လမြိုင် လမ်းကြောင်းပေါ်တွင် တည်ရှိပြီး တံတားအရှည် ၅၄၈ ပေနှင့် တံတားအကျယ် ၂၄ ပေရှိသည့် ကွန်ကရစ်တံတားအမျိုးအစား တံတားဖြစ်သည်။

"တံတားကျိုးသွားတော့ တံတားကနေလည်း သွားလို့မရတော့ဘူး။ တကယ်လို့အရေးပေါ်ဖြစ်လာလို့ရှိရင်တော့ ကျွန်တော်တို့ ဟိုဘက် တခြားလမ်း စပါယ်ဂူ ကျိုက်မရောလမ်းဘက်ကနေ ပတ်သွားမှ ရမယ်" ဟု ဒေသတွင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

အတ္ထရံတံတား (ချောင်းနှစ်ခွ) ထိပ်ရှိ တပ်စခန်းမှစစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများကြား နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ လေးရက်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့က အတ္ထရံတံတားကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည့် ငါးရက်မြောက်နေ့တွင် အတ္ထရံတံတား(ချောင်းနှစ်ခွ) ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတံတား ဖျက်ဆီးခံလိုက်ရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က KNU၊ PDF များက မိုင်းခွဲဖျက်ဆီးလိုက်သည်ဟုလည်းကောင်း၊ တော်လှန်ရေးအင်အားစုဘက်ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ကြဲသည့် ဗုံးသီးကျရောက်ပေါက်ကွဲ၍ ကျိုးကျသွားသည်ဟု လည်းကောင်း အသီးသီးပြောဆိုနေကြသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ချောင်းနှစ်ခွကျေးရွာနှင့် အနီးတဝိုက် ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများအကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံများ ဘုန်းကြီးကျောင်းများနှင့် တောစပ်များတွင် တိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူထံက သိရသည်။
ပုံအညွှန်း- အတ္ထရံတံတား (ချောင်းနှစ်ခွ) ပုံမှန်အချိန်နှင့် ဖြတ်တောက်ခံရပြီးနောက် မြင်ကွင်း။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ကျိုက်မရောမြို့နယ်
#အတ္ထရံတံတား
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2