Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဟားမတ်စ်၏ ဓားစာခံ ဖမ်းဆီးခံခဲ့ရသည့် ထိုင်းနိုင်ငံသားတချို့ ပြန်လွတ်လာ
===================

ဟားမတ်စ်အဖွဲ့၏ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက် ဂါဇာမှ ယခုနောက်ထပ် ပြန်လွတ်လာသည့် ထိုင်းနိုင်ငံသားသုံးဦးသည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက နိုဝင်ဘာ ၂၇ ရက် ဆိုရှယ်မီဒီယာပလက်ဖောင်း အိတ်စ်မှတဆင့် ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4
​​ဘင်္ဂလားဒေ့ရှ်တွင် ‘ပြင်းထန်ကြမ်းကြုတ်သည့်’ ဖြိုခွင်းနှိမ်နင်းမှုအတွင်း လူအမြောက်အမြား ဖမ်းဆီးခံရဟု HRW ပြော
====================

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့သည် တက်ကြွလှုပ်ရှားသူ ၁၀,၀၀၀ နီးပါးကို ဖမ်းဆီးခြင်း အပါအဝင် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြိုင်ဘက်များအပေါ် ဖယ်ရှားရန် အတိုက်အခံပါတီများအပေါ် ပြင်းထန်ကြမ်းကြုတ်ပြီး သိမ်းကျုံးလုပ်ဆောင်သည့် ဖြိုခွင်းနှိမ်နင်းမှုတရပ်ကို လုပ်ဆောင်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4
​​မြန်မာတိုက်ပွဲများ အပစ်ရပ်ရေး တရုတ်က တောင်းဆိုပြီး နယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုများ ဆက်လုပ်မည်ဟု ဆို
========================

ပြီးခဲ့သည့်လ မြန်မာ၏ တရုတ်နှင့် နယ်စပ်တလျောက်ရှိ နယ်စပ်ဖြတ်ကျော်နေရာတချို့ကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သိမ်းယူထားပြီးနောက် မြန်မာတွင် အပစ်ရပ်စဲရေး တရုတ်က တောင်းဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3🔥2👍1
​​ရွှေတိဂုံ ဘုရားရှေ့တွင် “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းချိတ်ဆွဲပြီး ဆန္ဒပြ
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား အရှေ့ဘက်စောင်းတန်းတွင် “ရန်ကုန်မှာပြန်ဆုံမယ်” ဘန်နာစာတန်းအား ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရေဘဝဲအဖွဲ့မှ သွားရောက်ချိတ်ဆွဲခဲ့ကြသည်။
လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ ယခုလှုပ်ရှားမှုအားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေဘဝဲအဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“ဒီနေ့လှုပ်ရှားမှုကတော့ တနိုင်ငံလုံးအဆင့် စစ်ဆင်ရေး ၁၁ လပိုင်း ၂၇ ရက်နေ့ပဲ ဖြစ်ပါတယ်၊ နောက်တခုကကျတော့ ရန်ကုန်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာခဲ့ရပြီးတော့ တခြားနေရာတခုမှာရောက်နေတဲ့ တော်လှန်ရေး ရဲဘော် ရဲဘက်တွေ၊ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေတဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေနဲ့ အကျဉ်းထောင်အသီးသီးမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား ရဲဘော်ရဲဘက်တွေနဲ့ ရန်ကုန်နဲ့ မကြာခင်အချိန်အတွင်းမှာ ပြန်ဆုံကြရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ရန်ကုန်မှာပြန်ဆုံမယ်ဆိုပြီးတော့ ဘန်နာစာတန်းချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။” ဟု ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။

ရေဘဝဲ အဖွဲ့ဝင်များ စာတန်းချိတ်ဆွဲနေစဉ်အတွင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် လုံခြုံရေးများမှ ဟန့်တားမှုများ ပြုလုပ်ခဲ့ပြီး ယင်းနောက် အနီးအနားရှိ အရပ်ဝတ်လူ အချို့က ဘန်နာချိတ်ဆွဲသူများကို ဖမ်းဆီးရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည်။

“စာတန်းချိတ်ဆွဲနေစဉ်အချိန်မှာပဲ ဂေါပကအဖွဲ့ဝင်လုံခြုံရေးရဲ့ ဝီစီမှုတ်သံနဲ့အတူ မပြေးနဲ့ရပ်ဆိုပြီး လှမ်းအော်တယ်၊ လှမ်းအော်တာနဲ့တပြိုင်နက် အနားမှာရှိတဲ့ သူတို့ဘက်မှာရှိတာ မဟုတ်ဘူးပေါ့နော်၊ သူတို့ဝန်းကျင်မှာရှိတဲ့ ဖိနပ်ထည့်တဲ့ ကြွတ်ကြွတ်အိတ်တွေရောင်းတဲ့ အသွင်ယူအရပ်ဝတ်တွေက နောက်ကနေ လိုက်ဖမ်းပါတယ်၊ သိပ်မဝေးဘူး ရေဘဝဲရဲဘော်တွေနဲ့ အကွာအဝေးကပေါ့နော်၊ ဖမ်းတဲ့အချိန်မှာ အော်ပြီးတော့ဖမ်းတယ်၊ အင်အားကတော့ အနည်းဆုံး ငါးယောက်နဲ့အထက်မှာရှိတယ်။” ဟု ရေဘဝဲဥက္ကဋ္ဌက ဆက်ပြောသည်။

သို့သော်လည်း ဘန်နာချိတ်ဆွဲသူ တဦးတယောက်မျှ ဖမ်းဆီးခံရခြင်း မရှိကြောင်း ရေဘဝဲအဖွဲ့ တာဝန်ရှိသူက ပြောသည်။
လက်ရှိအချိန်တွင် ဘန်နာချိတ်ဆွဲသူများ လုံခြုံသည့်နေရာတွင် ဘေးကင်းစွာရှိနေပြီး အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ထပ်မံလုပ်ဆောင်ရန် အဆင်သင့်ရှိနေကြောင်းလည်း ရေဘဝဲအဖွဲ့က ပြောသည်။

#ရန်ကုန်
#ပြန်ဆုံမယ်
#လိုက်လံဖမ်းဆီး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤1🔥1🥰1
စစ်မြေပြင်တွင် လက်နက်အပ်နှံပြီး ပြည်သူ့သစ္စာခံသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု NUG ထုတ်ပြန်
❤10👍1😁1
စစ်မြေပြင်တွင် လက်နက်အပ်နှံပြီး ပြည်သူ့သစ္စာခံသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု NUG ထုတ်ပြန်
================

KMN
(မဇ္ဈိမ)။ ။ စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအနေဖြင့် စစ်မြေပြင်တွင် ပြည်သူ့တော်လှန်ရေးအင်အားစုများထံ လက်နက်အပ်နှံလျက် ပြည်သူကို သာ သစ္စာခံမည့်အကြောင်း သဘောထားဖော်ပြလာသူများအားလွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူကို သာသစ္စာခံမည့်သူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းပြုမည်မဟုတ်ဘဲ မိသားစုထံ ပြန်လိုကပြန်နိုင်အောင် ကူညီစီစဉ်ပေး ခြင်း၊မိသားစုဝင်များ ပါလာလျှင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကို တာဝန်ယူခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်အခြေချနေထိုင်နိုင်ရန် လိုအပ်သော ထောက်ပံ့မှုများကို အစွမ်းကုန်ကူညီဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

"ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့စစ်များအတွက် လူ့ အဖွဲ့အစည်းမှာ ဂုဏ်သိက္ခာရှိစွာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့အထူး ခြွင်းချက်ထားပြီး လွတ်ငြိမ်းချမ်းသာခွင့်မူဝါဒ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အချိန်အခါကောင်းလည်း ဖြစ်ပါတယ်" ဟုအမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပြောဆိုသည်။

ပြည်သူ့နွေဦး တော်လှန်ရေး သုံးနှစ်ခန့်ကာလအတွင်း တနိုင်ငံလုံးအနှံ့အပြား ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်စုစုပေါင်း ၁၄,၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အားလုံး မိသားစုဝင်များနှင့်အတူ ဘေးကင်းလုံခြုံရာနေရာများသို့ ရောက်ရှိကာ လူ့ဂုဏ်သိက္ခာရှိစွာဖြင့် ဘဝကို ဖြတ်သန်းလျက် ရှိနေကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ အားလုံးမဟာဗျူဟာမြောက် ထိုးစစ်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စတင်ဆင်နွှဲနေကြပြီး မကြာခင်အကြမ်းဖက် စစ်အုပ်စုသည် ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့ဘဲ မုချရှုံးနိမ့်ကျဆုံးတော့မည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်ဆေးဆရာဝန်များ၊ သူနာပြုများ၊ ယာဉ်ထိန်းရဲများပါမချန် တိုက်ပွဲရှေ့တန်းများသို့ စေလွှတ်လာသည်ကို တွေ့ရပြီး ပြည်သူလူထုအပေါ် သစ္စာခံလျက် တော်လှန်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုများနှင့် အတူတကွ ရဲဝံ့ပြတ်သားစွာ လက်တွဲရပ်တည်ရန် အချိန်ကျရောက်နေပြီ ဖြစ်ကြောင်းလည်းအမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

စာတည်း။ ။ နောင်နောင်

#Mizzima
#NUG
#လွတ်ငြိမ်းချမ်းသာခွင့်

ပုံအညွှန်း - KNDF ထံသို့ လက်နက်ချခဲ့သည့်လွိုင်ကော်မြို့တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (Photo - KNDF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2🔥1😁1
မြန်မာစစ်ရှောင်များကို ခိုလှုံခွင့်ပေးရန် အိမ်နီးချင်းနိုင်ငံများအား NUG ဝန်ကြီးတိုက်တွန်း
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် တိမ်းရှောင်နေကြရသော စစ်ဘေးရှောင်များအား အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားချင်းစာနာမှုနှင့် တတ်နိုင်သ၍ အကူအညီပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ တရုတ်−မြန်မာနယ်စပ်မှတ်တိုင်အမှတ် (၁၂၅) အနီးတွင် စစ်ဘေးရှောင်နေကြသည့် မြန်မာနိုင်ငံသားများအား တရုတ်နယ်ခြားစောင့်တပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံး၍ တားဆီးခြင်းနှင့်ပတ်သက်ပြီး မဇ္ဈိမက ယနေ့ နိုဝင်ဘာလ ၂၇ရက်တွင် ဆက်သွယ်မေးမြန်းစဉ် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
👍16❤1😁1🤮1
"ဂျနီဗာကွန်းဗန်းရှင်းလို့ခေါ်တဲ့ ဒုက္ခသည်စာချုပ်ကို လက်မှတ်ထိုးထိုး၊ မထိုးထိုး ဒါက လူသားချင်းစာနာမှုအကူအညီ ပေးသင့်တဲ့အရာဖြစ်ပါတယ်။ သူတို့ကို(စစ်ဘေးဒုက္ခသည်များ) အန္တရာယ်ရှိနိုင်မယ့်နေရာကနေ ယာယီလုံခြုံမယ့်နေရာကို လုပ်ဆောင်ပေးဖို့၊ လုံခြုံတဲ့နေရာမှာ ခိုလှုံခွင့် ပေးဖို့အတွက် အိမ်နီးနားချင်း နိုင်ငံတွေမှာ ဒါတွေကို လေးစားစွာဖြင့် လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

စစ်ဘေးဒုက္ခသည်များသည် အရေးပေါ်တိမ်းရှောင်ရမည့်ကာလအတွင်း လိုအပ်သည့် ဘေးကင်းရာသို့ ယာယီထွက်ခွာကြသူများသာဖြစ်ကြောင်းနှင့် ၎င်းတို့အား လူသားချင်းစာနာမှုစိတ်ထားဖြင့် ကူညီထောက်ပံ့ပေးရန် ဝန်ကြီးက ထပ်ဆင့် တောင်းဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လောက်ကိုင်မြို့အနီး၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့၏ တောင်ဘက်ရှိ တုန်ချိန်အနီးတွင် စစ်ကောင်စီ၏ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသကဲ့သို့ လေကြောင်းမှလည်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် အရပ်သားနေထိုင်ရာ နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားများသည် တရုတ်−မြန်မာနယ်စပ်ခြံစည်းရိုးအနီးသို့ ထွက်ပြေးခဲ့ကြရကြောင်းဒေသခံများက ပြောသည်။ထိုအရပ်သားများအား တရုတ်နိုင်ငံ နယ်ခြားစောင့်တပ်က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်တားဆီးခဲ့ကြောင်း ဒေသခံများက ပြောသလို ရုပ်သံမှတ်တမ်းများလည်း ထွက်ပေါ်လာသည်။

"သိရသလောက်က နယ်စပ်မှတ်တိုင် (၁၂၅) ဘက်မှာ လက်နက်ကြီးသံတွေ အရမ်းကျယ် အရမ်းများလို့ဆိုပြီး (၁၂၇) ဘက်ကို ပြောင်းရွှေ့ကြတာ။ အဲ့လိုပြောင်းရွှေ့တဲ့အချိန်မှာ အဲ့ဒီရုပ်သံဖိုင်ထဲကလို ကိစ္စတွေ ဖြစ်သွားတယ်လို့ သိရတယ်" ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ၏ ပြောခွင့်ရသူလီကျားဝင်းက မဇ္ဈိမကိုပြောသည်။

မြန်မာစစ်ဘေးရှောင်များအား တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးဖြင့်တားဆီးခဲ့သည့်ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်၌ ဖြန့်ဝေထားပြီး ယင်းလုပ်ရပ်အပေါ် ပြစ်တင်ရှုံ့ချထားသည်။

" ဒီလုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်မို့လို့ ရှုံ့ချပါတယ်။ သူတို့ဘက်ကလည်း နယ်စပ်မျဥ်း ကပ်ပြီး လာလို့ရသလို ကျ​နော်တို့ဘက်ခြမ်းလည်း လာလို့ရတာပဲ။ ကျူး​ကျော်တာလည်း မဟုတ်ဘူး။ နယ်စပ်မျဥ်းတ​လျှောက် ကျ​နော်တို့နိုင်ငံ နယ်နိမိတ်အတွင်းသွားလာတဲ့ လူမှန်တမျှ ကို cctv ချိန်ရိုက်ပြီး ခြံစည်းရိုးကပ်လာတယ် ဆိုပြီး သတိ​ပေးသံ ထုတ်လွင့်​နေတာလဲ ရပ်သင့်ပြီ။ ကိုယ့်နိုင်ငံအတွင်း ကြိုက်သလို လုပ်ခွင့်ရှိ​ပေမယ့် နယ်စပ်​ကျော်ပြီး လုပ်​နေတာက​တော့ ​စော်ကားသလို ခံစားရတာ ကြာပါပြီ။

နိုင်ငံတကာ ဥပ​ဒေနဲ့လည်း ကိုက်ညီမှု မရှိဘူး" ဟု ဒေါက်တာတူးခေါင်က ရေးသားထားသည်။

မြန်မာ-တရုတ်နယ်စပ်ဒေသများပါဝင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့တွင် တလပြည့်မြောက်ပြီဖြစ်သည်။ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းသာမက ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ၁၀၂၇ စစ်ဆင်ရေးနှင့် ဆက်စပ်သည့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် မြန်မာနိုင်ငံအတွင်း စစ်ဘေးဒုက္ခသည် ၃၀၀,၀၀၀ခန့် ထပ်တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ နှစ်နှစ်ခွဲကျော်ကြာကာလအတွင်း မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်ပေါင်း နှစ်သန်းကျော်ရှိပြီဟု UNOCHA ၏ စစ်တမ်းများအရ သိရသည်။

စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပါအဝင် နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားရာ တိုက်ပွဲများပိုပြင်းထန်လာနိုင်ပြီး စစ်ဘေးရှောင်များအတွက် အကူအညီများပိုမိုလိုအပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သတိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း

#NUG
#UNOCHA
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22🔥2🥰2😁1
နိုဝင်ဘာလ ၂၇ ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
နိုဝင်ဘာလ ၂၇ ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်လောက်ကိုင်နဲ့ မူဆယ် ၁၀၅ မိုင်အနီး တိုက်ပွဲတွေပြင.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F1lB_OSVrydg&h=AT2pza07H6n5SLO1KzSZX3RTD5MAO8TugK4KI32fHbEXuOskyr6i4DVLQgKnSqaJ4kceCkiLbGWmm3LpE5i6zL6yDX5_X9MJUAd9BeZA_m9mPsEaVMcEi4MBE5PtUYKO&s=1
👍8🔥1
နိုဝင်ဘာလ ၂၇ ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
နိုဝင်ဘာလ ၂၇ ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်လောက်ကိုင်နဲ့ မူဆယ် ၁၀၅ မိုင်အနီး တိုက်ပွဲတွေပြင.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F1lB_OSVrydg&h=AT1skUbfshAVu3UzBh9am2y_x3mEkOjwYik-lSgB7hanqdURpIDGOfjrHrOt0QZ6vllieyhy8gdZ4GWV6EcjpFHc-kc8LQM-H78JkHw99qFzOLIa-mj97xBpGGiwpFbY&s=1
👍4🔥1
မြင်းခြံတွင် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်မှု အထိအခိုက်များဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စ....
https://ift.tt/D84V3Sm
👍9🔥3
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၇ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F6NDCOwqbI6E&h=AT3m6dJlwwPd7iaMqVh0zBi2qEwL-nU1yGS49oN0efPxyXfQ_SjVFT_2Qt5oZcubThbXkENTIGc1GNpeVRmX-_X_EOneZL4nutq0hYmOpXL3IRh1U76vmVLBgppX57tA&s=1
❤3🔥2👍1