Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြင်းခြံတွင် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်မှု အထိအခိုက်များဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စ....
https://ift.tt/D84V3Sm
👍9🔥3
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၇ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F6NDCOwqbI6E&h=AT3m6dJlwwPd7iaMqVh0zBi2qEwL-nU1yGS49oN0efPxyXfQ_SjVFT_2Qt5oZcubThbXkENTIGc1GNpeVRmX-_X_EOneZL4nutq0hYmOpXL3IRh1U76vmVLBgppX57tA&s=1
❤3🔥2👍1
မြင်းခြံတွင် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်မှု အထိအခိုက်များဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စ....
https://ift.tt/ds6evjJ
❤8
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၇ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F6NDCOwqbI6E&h=AT39bZ9jw6xhHEFK_Wz4OzOktE13-3zana61Fp7ViCgjB63V2AGq7gepjuXYxO60LPnrOQk5rmdugdrmZHyI1RuUMibThwXhoI2VBH369JGUKVrXidYHEGHKXpH_Q_ZR&s=1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၇ နိုဝင်ဘာ၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တောင်သမန်စစ်ဆင်ရေး တ.....
https://ift.tt/261fSpN
👍6❤1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၇ နိုဝင်ဘာ၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တောင်သမန်စစ်ဆင်ရေး တ.....
https://ift.tt/Vk1zHAE
👍5
မြင်းခြံနှင့်နွားထိုးကြီးမှ MYTELတာဝါတိုင် ၈ တိုင်ဖောက်ခွဲဖျက်ဆီး
ဓါတု (မဇ္ဈိမ)။ ။မန္တလေးတိုင်း၊မြင်းခြံနှင့်နွားထိုးကြီးမြို့မှ MYTEL ဆက်သွယ်ရေးတာဝါတိုင် ရှစ်တိုင်အား ကာကွယ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FIX6HDKIRaNo&h=AT3fhwwpAftAFs7w6s8uFrR6vwWkhRZjTRfFUioHq3K4lBA-O9y-X-p2gyxnnxC1Dcc6hZYXT81Xlq9AcMNjYJfet6wda1Qt00m18mnzd9UIsZYR8PP-D4C9H0lR3kkz&s=1
❤10👍2
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F7edSMFHa4lM&h=AT1XuUfZGqec2eOxXQk50QxfN4Fxe8SZTL2dlvf9ul-g2I_llLF7VM9h9JdgyrmpnJgVlOvEgiiO4k__y4n6vXoF2D2irpO8FO76wz0phwsJHjI3vFhgTSUOmoaVZGss&s=1
👍6
​​မြင်းခြံတွင် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်မှု အထိအခိုက်များဟုဆို
==================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၁ ဦးသေဆုံးသွားကြောင်း မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း၊ တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ် (NYSGF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နို၀င်ဘာလ ၂၆ ရက်နေ့နံနက် ၇ နာရီခွဲအချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ တလုပ်ကျေးရွာမှစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ထိုဖြစ်စဉ်ကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း NYSGF တာ၀န်ရှိသူတဦးကပြောသည်။

နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် မြင်းခြံမြို့နယ် ဥဒယကျေးရွာမှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှစ်ဦး နေရာတွင်ပင်လဲကျသေဆုံးကြောင်းNYSGF၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“နေရာမှာပဲပွဲချင်းပြီးသေတယ်။အလောင်းတွေကို နာရေးကားနဲ့လာကောက်သွားတယ်” ဟု NYSGF တာ၀န်ရှိသူတဦးကပြောသည်။
စစ်ကောင်စီတပ်သားများသေဆုံးမှုနှင့်ပတ်သက်၍ မဇ္စျိမအနေနှင့် သီးခြား အတည်ပြုချက်မရရှိ‌သေးပေ။

အဆိုပါတိုက်ခိုက်မှုများကို NYSGF၊ မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း Taloke PDF နှင့် Myingyan MP-9 အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

NYSGF နောင်ရိုးအထူးပြောက်ကျားတပ်နှင့်မဟာမိတ်များသည် ပြီးခဲ့သည့် နို၀င်ဘာလ ၂၂ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ရန္တပိုကျေးရွာအနီးတွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကိုမိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။ထိုတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့ကြောင်း NYSGF ကသတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင်စစ်ကောင်စီတပ်သည် တလုပ်နှင့်ရန္တပိုကျေးရွာတို့တွင် အင်အားဖြည့်တင်းပြီး ကျေးရွာအနီး၀န်းကျင်ကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။

စာတည်း - အေးချမ်း

#Mizzima
#မြင်းခြံမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
#NYSGF

မြင်းခြံမြို့နယ်အတွင်း တိုက်ပွဲတခုတွင်တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့

Photo/NYSGF

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤2👏2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၇ နိုဝင်ဘာ၂၀၂၃) 
=====================

စစ်တပ် ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့တပ်များ အဆောက်အဦများ တိုက်ခိုက်ခံနေရသည်ကို ပြည်သူများ၏ အကျိုးစီးပွားတိုက်ခိုက်ခံနေရဖွယ် စစ်တပ်လက်အောက်ခံ သတင်းစာများ မီဒီယာများတွင် နေ့စဉ် ပြောဆိုရေးသားဖော်ပြနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁5
မတ္တရာက တပ်စခန်း သိမ်းပိုက်ခံရပြီး စကစတပ်ဖွဲ့ဝင် ၁၅ ဦးသေ၊ အရှင် ၄ ဦး ဖမ်းဆီးရမိ
👍18
မတ္တရာက တပ်စခန်း သိမ်းပိုက်ခံရပြီး စကစတပ်ဖွဲ့ဝင် ၁၅ ဦးသေ၊ အရှင် ၄ ဦး ဖမ်းဆီးရမိ
======================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်း တခုကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် TNLA ပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့သို့ ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး လေးဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းကုန်းကို ယနေ့ နံနက် ၈ နာရီတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် စခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုသည်။

သို့သော် မေတ္တရာမြို့နယ် မည်သည့်နေရာက မည်သည့်တပ်စခန်းဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပေ။ တိုက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ကို မဇ္ဈိမက ဆက်သွယ်နေဆဲ ဖြစ်သည်။

စစ်ကောင်စီဘက်ကမှု တပ်စခန်း သိမ်းပိုက်ခံရခြင်းနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပေ။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င်လေးဦးအား အရှင်ဖမ်းဆီးရမိခဲ့သကဲ့သို့ လက်နက် မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် TNLA ပူးပေါင်း တပ်ဖွဲ့များသည် စစ်ကောင်စီတပ် အခြေစိုက်စခန်းများကို တခုပြီးတခုထိုးစစ်ဆင် တိုက်ခိုက်နေသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်၊ မိုးကုတ် မြို့နယ်တို့တွင် တောင်သမန်စစ်ဆင်ရေးအဖြစ် တိုက်ပွဲပေါင်း ၃၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁၁ ဦး ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်

#ရှမ်းမြောက်
#မန္တလေး
#မတ္တရာ
#Mizzima

ပုံအညွှန်း- ယနေ့ တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်နှင့် သုံ့ပန်းများ (Photo -MDY PDF)
👍15❤2👏1