Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြိတ်နှင့်ထားဝယ်တွင် အရပ်သားများကို စစ်ကောင်စီ ပစ်မှတ်ထားဖမ်းဆီးနေဟုဆို
တနင်္သာရီတိုင်း၊မြိတ်မြို့နှင့် ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို အစစ်အဆေးမရှိ ဖမ်းဆီးမှုမျ....
https://ift.tt/WbcelC8
🔥3
နည်းပညာမြင့်ဒရုန်းတွေနဲ့ဒရုန်းတွေကိုတားဆီးပစ်ချနိုင်တဲ့ လက်နက်တွေ ဝယ်ယူဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
နည်းပညာမြင့် ဒရုန်းတွေနဲ့ဒရုန်းတွေကို တားဆီး ပစ်ချနိုင်တဲ့ ...
https://www.youtube.com/watch?v=WOrSNV2vXX8
😁4❤1🤮1
နည်းပညာမြင့်ဒရုန်းတွေနဲ့ဒရုန်းတွေကိုတားဆီးပစ်ချနိုင်တဲ့ လက်နက်တွေ ဝယ်ယူဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
Watch more detail - https://youtu.be/WOrSNV2vXX8 #reels #shorts #politicalnews ...
https://www.youtube.com/watch?v=DFfbWIRlqI8
😁6❤1👍1👏1🤣1
​​မြိတ်နှင့်ထားဝယ်တွင် အရပ်သားများကို စစ်ကောင်စီ ပစ်မှတ်ထားဖမ်းဆီးနေဟုဆို
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊မြိတ်မြို့နှင့် ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို အစစ်အဆေးမရှိ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ၍ သတိထားသွားလာကြရန်မြို့ခံများက သတိပေးသည်။

" လူငယ်တွေ ညစဉ် ဖမ်းခံရနေတယ်၊ အများစုက စစ်တပ်က ကင်းပုန်းဝှက်နေတဲ့ ဂိတ်တွေကို ဖြတ်လာရင် သေနတ်ပြ ခြိမ်းခြောက်ပြီး ဖမ်းခံရတာမျိုး ရှိတယ်”လို့ ထားဝယ်မြို့ခံ လူငယ် တစ်ဦးက ပြော သည်။

ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ စောမိညိုလမ်းနှင့် ကာစတန်ဆိပ်ကမ်းတွင် နိုဝင်ဘာလ ၂၆ရက် ညက ဒေသခံ အမျိုးသား ၃၀ ဦးနီးပါးကို စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ က ဖမ်းဆီးသွားသည်ဟုမြို့ခံများထံမှ သိရ သည်။ အဆိုပါဖမ်းဆီးခံရသူများ ပြန်လွတ်မြောက်လာခြင်းရှိမရှိမသိရသေးပေ။

နိုဝင်ဘာလဆန်းမှစတင်ကာ စစ်ကောင်စီက ပြည်သူများကိုအကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေမှုကြောင့် ဒေသခံများ၊ ခရီးသွားများ သတိထား သွားလာကြရန် မြို့ခံများက ပြောသည်။
မြိတ်မြို့တွင်လည်း စစ်ကောင်စီက ညဖက် ကင်းလှည့် ချိန်တွင် အလုပ်မှ ပြန်လာသူများ၊ လမ်းပေါ်တွေ့ရှိသူများကို အစစ်အဆေးမရှိ ဖမ်းဆီးနေသည်ဟု မြို့ခံများထံမှ သိရ သည်။

“မြိတ်မှာ ညဖက် လူ ၁၀ ဦး ထက် မနည်း ဖမ်းဆီးခံနေရတာ ရှိတယ်။ ဖမ်းခံရတဲ့ သူတွေကိုလည်း ငွေညှစ်တာရှိသလို ပိုက်ဆံမပေးနိုင်တဲ့ သူတွေကျတော့ ထောင် တလကျတာရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြိတ်နှင့် ထားဝယ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာအချို့တွင် စစ်ကောင်စီစခန်းနှင့် စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်နေသည်။

စစ်ကောင်စီသည် မြိတ်မြို့နယ်၌ ည ၁၂ နာရီမှ နံနက် ၄ နာရီ အထိနှင့် ထားဝယ်မြို့တွင် ည ၈ နာရီမှ နံနက် ၄ နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ထို့အပြင် မြိတ်ခရိုင်မှ တနင်္သာရီနှင့် ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စာတည်း - အေးချမ်း

#Mizzima
#တနင်္သာရီ
#မြိတ်
#ထားဝယ်
#အရပ်သားများကိုစစ်ကောင်စီဖမ်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤2🤬2😁1
​​မြန်မာကလပ်အသင်း သြစတြေးလျဗီဇာ ပယ်ချခံရပြီးနောက် AFC Cup ပွဲစဉ်ကို ပြောင်းရွှေ့ခဲ့
======================

By PKThawn
အဝေးကွင်းမှာ သွားရောက်ကစားမယ့် ရှမ်းယူနိုက်တက်အသင်းကို ကင်ဘာရာက ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုဖို့ ပယ်ချခဲ့ပြီးနောက် ဩစတြေးလျကလပ် မာကာတာနဲ့ မြန်မာကလပ်အသင်းတို့ရဲ့ AFC Cup ပွဲစဉ်ကို ကြားကွင်းအဖြစ် ထိုင်းနိုင်ငံသို့ ရွှေ့လိုက်ပြီဖြစ်တယ်လို့ ဩစတြေးလျဘောလုံးအဖွဲ့ချုပ် (Football Australia)က တနင်္လာနေ့မှာ ပြောပါတယ်။

ရှမ်းယူနိုက်တက်ဟာ ဩစတြေးလျကလပ် မာကာတာကို ကြာသပတေးနေ့မှာ ဆစ်ဒနီမှာ ဒုတိယမြောက် ဒေသတွင်းကလပ်ပြိုင်ပွဲတစိတ်တပိုင်းအဖြစ် ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားခဲ့တာပါ။
ဒါပေမယ့် တာဝန်ရှိသူတွေဟာ အဝေးကွင်းကစားမယ့် မြန်မာကလပ်အသင်းကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ ပယ်ချခဲ့ပြီးနောက် “သြစတြေးလျမြေမှာ ကစားဖို့ အလားအလာမရှိဘူး”လို့ သြစတြေးလျဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

အဆိုပါပွဲစဉ်ကို "ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BG အားကစားကွင်းသို့ ပြောင်းရွှေ့လိုက်ပြီဖြစ်တယ်"လို့ ၎င်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သြစတြေးလျဘောလုံးအဖွဲ့ချုပ်ဟာ ဘာကြောင့် ဗီဇာတွေ ငြင်းပယ်ခံရတယ်ဆိုတာကို ရှင်းလင်းခဲ့ခြင်းမရှိဘဲ သြစတြေးလျ ပြည်ထဲရေးဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

လူ့အခွင့်အရေးအဖွဲ့တွေက ရှမ်းယူနိုက်တက်နဲ့ မြန်မာစစ်အစိုးရကြား ဆက်နွှယ်မှုတွေရှိကြောင်း စွပ်စွဲမှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုရှိလာခဲ့တယ်လို့ ယခင်က ထုတ်ဖော်ပြောဆိုထားပါတယ်။
မာကာတာအသင်းဟာ အစိုးရရဲ့ အကြံပေးမှုကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံမှာ သွားရောက်ကစားပြီးနောက် အောက်တိုဘာလက ဝေဖန်ခံခဲ့ရပါတယ်။

(AFP)
File photo: Facebook/Myanmar National League

#AFCCup #ShanUnited #macarthur #ရှမ်းယူနိုက်တက် #မာကာတာ
👍8🔥2
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲပြင်းထန်
တရုတ်-မြန်မာနယ်စပ် မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FrUUWEDm5Eag&h=AT3BjejFZ0pXYiQrDDVHCVKyz_hmPJFd5JrFCmbDDmCtqrX7CTEAV5B0NyA93laTfXzQWltznHhKR1_HckgnuUybkr3siZGMziVu6xWcoEgvq1cO8vpA9uTJdqmO-uOm&s=1
🔥2
မြိတ်နှင့်ထားဝယ်တွင် အရပ်သားများကို စစ်ကောင်စီ ပစ်မှတ်ထားဖမ်းဆီးနေဟုဆို
တနင်္သာရီတိုင်း၊မြိတ်မြို့နှင့် ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို အစစ်အဆေးမရှိ ဖမ်းဆီးမှုမျ....
https://ift.tt/U7oqVEF
❤3👍1😁1
အိန္ဒိယမှာ မိုးကြိုးပစ်ခံရပြီး လူ ၁၈ ဦးသေဆုံး
#Internationalnews#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F0n0qlAvCujI&h=AT2uF5vPqdFMvRdODSFuvUeleYKHCC0QvmXCaJAdOnQGMmP_OxTlJOxN9Jr01HTg8DJEz5gsJOsmcTjbLYbOUr9XSjBOYzge77hsTSaT1opro7irM_182kTrwco1UiSf&s=1
🔥2
နည်းပညာမြင့်ဒရုန်းတွေနဲ့ဒရုန်းတွေကိုတားဆီးပစ်ချနိုင်တဲ့ လက်နက်တွေ ဝယ်ယူဖို့ စစ်ကောင်စ
နည်းပညာမြင့် ဒရုန်းတွေနဲ့ဒရုန်းတွေကို တားဆီး ပစ်ချနိုင်တဲ့ လက်နက်တွေ ဝယ်ယူဖို့ စစ်ကောင်စီ ကြိုးပမ်းနေ အာဏ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FWOrSNV2vXX8&h=AT1tj3AmVvLb842ceVSOjRd3ejmdqGqixHYHNB0nxmP3YfWqzD3cyu44Ili5lNhQpvSjW8GtUZgwMiy2wt_LibN5WltsjSfHgGS1XXJMvfNSqmJ86RgzuOuxIMX380S9&s=1
🔥2👏1
မန္တလေးတွင် ၃နေရာ ပေါက်ကွဲမှုဖြစ်ပွား
မန္တလေးမြို့တွင် ယနေ့ နိုဝင်ဘာ ၂၈ရက်နံနက်ပိုင်း၌ စစ်​ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် နေရာ သုံးနေရာတွင် ပေါက.....
https://ift.tt/t4vOycF
🔥2😁1
လက်နက်ခဲယမ်းဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ဦးကို CDF ကျပ်သိန်း ၁၀၀ ချီးမြှင့်
ချင်းပြည်နယ် ၊ မတူပီခရိုင် ၊ရေဇွာမြို့တွင်းရှိ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်.....
https://ift.tt/LYgiGOK
🔥2😁1
​​မန္တလေးတွင် ၃နေရာ ပေါက်ကွဲမှုဖြစ်ပွား
=============

008
(မဇ္ဈိမ)။ ။ မန္တလေးမြို့တွင် ယနေ့ နိုဝင်ဘာ ၂၈ရက်နံနက်ပိုင်း၌ စစ်​ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် နေရာ သုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယနေ့ နံနက် ၆နာရီခန့်တွင် အမရပူရမြို့နယ်၊အိုးတော်ရပ်ကွက်ရုံးနှင့်ကန်တော်ကြီး မီးပွိုင့်တို့၌ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နံနက် ၇နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ပေါက်ကွဲမှုတွေဖြစ်တာ ဟုတ်ပါတယ်။ဒီမနက်တင် သုံးနေရာလို့ကြားတယ်။ကျွန်တော်တို့ရပ်ကွက်ရုံးမှာ စခ (စစ်ကောင်စီတပ်သား) တွေက အရပ်ဝတ်နဲ့ရှိနေတာဗျ။ အထိအခိုက်တော့ ရှိမယ်မထင်ဘူး။ အခုက သူတို့ရုံးတံခါးတွေပိတ်ထားတယ်။ ရုံးရှေ့လည်းဖြတ်သွားလို့ မရတော့ဘူး"ဟု အိုးတော်ရပ်ကွက်သားတဦးကပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအနီး နေထိုင်သူတဦးကလည်း "ပစ်သွားတာလား ဘာလားတော့ မသိလိုက်ဘူး။ အုန်းဆိုမှသိတာ အခုကတော့ ရုံးထဲမှာငြိမ်နေတယ်။ ထိပုံမရဘူး "ဟုပြောသည်။
ရုံးနှစ်ရုံးလုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး ရုံးအတွင်းမှ သေနတ်ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ရပ်ကွက်‌ေနသူများကဆိုသည်။
ကန်တော်ကြီး မီးပွိုင့်ပေါက်ကွဲမှုတွင်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

"မီးပွိုင့် ပေါက်ကွဲမှုကတော့ရှင်းတယ်။ ပြည်သူကို အနိုင်ကျင့် ဂုတ်သွေးစုတ်နေတဲ့ ယာဥ်ထိန်းရဲတွေကို သတိပေးတဲ့သဘောလို့မြင်တယ်"ဟု မြို့ခံတဦးက​ သုံးသပ်ပြောဆိုသည်။
ရွှေတောင်ပံ စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ရွှေတောင်ပံ စစ်ဆင်ရေးအဖွဲ့က ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင်"တော်လှန်ရေး အရှိန်မြှင့်တက်လာသည်နှင့်အညီ ကျွန်ုပ်တို့ ရွှေတောင်ပံစစ်ဆင်ရေးသည်လည်း တစ်ဖက်တွင် မြို့သိမ်းတိုက်ပွဲများကို ဆက်လက်အားကောင်းစွာ ဖော်ဆောင်နေသည့် နောင်တော်ကြီးများ၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူတော်လှန်ရေးအား ပူးပေါင်းပါဝင်သည့် ပထမဆုံး စစ်ဆင်ရေးအဖွင့်အား မန္တလေးမြို့၏ မြို့နယ်များတွင် စိမ့်ဝင်ရောက်ရှိနေပြီဖြစ်သော ရွှေတောင်ပံ ရဲဘော်များနှင့် တော်လှန်ရေးမဟာမိတ်များမှ အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့သည်။

မန္တလေးမြို့ သုံးနေရာတွင် တစ်ချိန်ထဲ တပြိုင်ထဲဖောက်ခွဲကာ ယနေ့ စတင်လိုက်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်"ဟုရေးသားထားသည်။

ပြည်သူများ မျှော်လင့် စောင့်စားနေခဲ့ရသော မြို့သိမ်းတိုက်ပွဲအတွက် အထောက်အကူဖြစ်စေမည့် စစ်ရေးတိုက်ခိုက် မှုများကို အချိန်အခါကောင်းကောင်းတွင် သတိကြီးကြီးဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်သည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့ရဲဘော်များနှင့်အတူ အသံနှင့်အလံကို နားစွင့်ကာ ရန်သူ့လှုပ်ရှားမှုများအား စောင့်ကြည့် ကာကွယ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးပါရန် မြို့လူထုကို အထူးတောင်းဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မန္တလေးမြို့
#ဖောက်ခွဲတိုက်ခိုက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2🔥2👏1