Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နမ့်ခမ်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းမှ တရုတ် ၈၈ ဦးကို တရုတ်အစိုးရထံ လွှဲပေးခဲ့ကြောင်း SSPP ထုတ်ပြန်
👍9😁1
နမ့်ခမ်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းမှ တရုတ် ၈၈ ဦးကို တရုတ်အစိုးရထံ လွှဲပေးခဲ့ကြောင်း SSPP ထုတ်ပြန်
=======================

001
(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်သည့် ဂိုဏ်းမှ တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် SSPP/SSA ထိန်းချုပ်နယ်မြေရှိ အဆောက်အအုံတခုအတွင်း အွန်လိုင်းငွေလိမ်လည်လုပ်ငန်းများလုပ်ကိုင်သည့် ဂိုဏ်းတခုကို SSPPက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကိုလည်း ထိုနေ့တွင်ပင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်စီးနင်းမှုတွင် မြန်မာနိုင်ငံသား ၂၈ ဦးအပါအဝင် စုစုပေါင်း ၁၁၆ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာနှင့် ဖုန်းအလုံးရေ ၃၅၀ နီးပါး၊ တရုတ်ယွမ်ငွေ ၁၉,၀၀၀ ကျော်၊ မီးခံသေတ္တာနှင့် ကားတစီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း SSPP က ဆိုထားသည်။

ကျန်ရှိသည့် မြန်မာနိုင်ငံသား ၂၈ ဦးကိုလည်း အမှုစစ်ဆေးပြီး လိုအပ်သလိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူအချို့ကို မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း ယ​နေ့ မွန်းလွဲပိုင်းအထိ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပေ။

SSPP ၏ ထိန်းချုပ်နယ်မြေအတွင်း တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုံးဝမရှိစေရန်အတွက် အားလုံးတားဆီးနှိမ်နင်းသွားရန် အမိန့်ထုတ်ထားပြီးဖြစ်ကြောင်း SSPP က ဆိုထားသည်။
နယ်စပ်​ဒေသများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ အများအပြားကို ဝတပ်ဖွဲ့ (UWSA ) က တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လွှဲပြောင်းပေးအပ်မှုရှိခဲ့သကဲ့သို့ စစ်ကောင်စီကလည်း တရုတ်အစိုးရအလိုရှိသူများကို ထပ်ဆင့်ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးလွှဲပြောင်းပေးမှုများရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြန်မာသတင်း
#ကျားဖြန့်
#အွန်လိုင်းငွေလိမ်ဂိုဏ်း

ပုံအညွှန်း - နိုဝင်ဘာ ၂၃ ရက်​နေ့က ဖမ်းဆီးရမိသူများအား တရုတ်ထံ လွှဲ​ပြောင်း​​ပေးစဥ် (ဓာတ်ပုံ- SSPP Info)
👍11😁1
နိုဝင်ဘာလ (၂၈) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:00−မြန်မာစစ်ရှောင်တွေကို ခိုလှုံခွင့်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG ဝန်ကြီးတိုက်တွန်းတဲ့သတင်း03:46− နည...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FYoNcxSvo4Cg&h=AT1jVxbLU_gxfC3RAeIX0W8Ad1mxDgW-ledUDfOe6jRUeTv43fCMSafmlAnwsfV7Y7fN0oHBs1yCcZZSIgHl_-6YgQFYTEpHZy75LgaWTutb6CKtSjKLpeayPVhAvvFa&s=1
👍2🤮1
လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဒကစ စစ်ဌာနချုပ်အနီး ချဥ်းကပ်လာပြီဟုဆို
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပြီဖြစ်ကြောင်း မြန်မာအမျိုးသာ...
https://ift.tt/FSYOJgl
👍14😁2❤1
နိုဝင်ဘာလ (၂၈) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:00−မြန်မာစစ်ရှောင်တွေကို ခိုလှုံခွင့်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG ဝန်ကြီးတိုက်တွန်းတဲ့သတင်း03:46− နည...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FYoNcxSvo4Cg&h=AT3hjxkENMtf8lk1S0qPmfN7kYe9sxkePszazYYkO_OTTJsbIDA9k6JdJqKTs-0Q-mRUyJgMzCaG9UwhA0E-JQQmSIS0XW7MaswHzEmqlGlC4Mq16DnXiw9u8dkj2Eo_&s=1
👍2🤮1
လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဒကစ စစ်ဌာနချုပ်အနီး ချဥ်းကပ်လာပြီဟုဆို
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပြီဖြစ်ကြောင်း မြန်မာအမျိုးသာ...
https://ift.tt/MmaYdR3
👍13👏2😁1
​​Movie Name - NH10

ဒီကနေ့မှာတော့ အထိုးအကြိတ်တွေနဲ့ ခပ်ကြမ်းကြမ်းအက်ရှင် ဇာတ်လမ်းမျိုးတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်...

သွက်လက်ထက်မြတ်တဲ့ မီရာနဲ့ သူ့ရဲ့အမျိုးသားတို့ဟာ နယ်မြို့လေးတစ်ခုဆီကို အပျော်ခရီးထွက်ခဲ့ကြပါတယ်...

အားလပ်ရက်အပန်းဖြေခရီးလေးဟာ သူတို့နှစ်ယောက်အတွက် ပျော်စရာကောင်းမယ်လို့ထင်ထားခဲ့ပေမယ့် လမ်းတစ်ဝက်အရောက်မှာ ဒုက္ခတွေနဲ့ကြုံတွေ့ခဲ့ပါတယ်...

အကြောင်းကတော့ စုံတွဲတစ်တွဲကို လူတစ်စုကရိုက်နှက်နေတာတွေ့ပြီးတော့ မီရာ့ကောင်လေးက မနေနိုင်လို့ဝင်ပါခဲ့ရာကနေ ပြသနာကိုမီးမွှေးသလိုဖြစ်ခဲ့တာပါ...

အဲ့ဒီ့ လူတစ်စုနဲ့ နောက်တစ်ကြိမ် ပြန်ဆုံခဲ့တဲ့အခါမှာ ဖမ်းသွားတဲ့စုံတွဲကို သတ်ဖို့လုပ်နေတာကို မီရာတို့တွေ့လိုက်တဲ့အချိန်မှာ မတရားမှုကိုလက်ပိုက်ကြည့်မနေနိုင်တဲ့ မီရာ့ကောင်လေးက ကူညီဖို့သွားရာကနေ လူဆိုးတွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပါတယ်...

ကူရာကယ်ရာမရှိ လူသူကင်းမဲ့တဲ့နေရာမှာ ဒီလူဆိုးတွေရဲ့လက်ထဲကနေ လွတ်မြောက်ဖို့ မီရာတို့ဘယ်လိုကြိုးစားမလဲ...

ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းစ၊လယ်၊ဆုံးထိ ပရိသတ်တွေကို ဆွဲခေါ်သွားနိုင်တဲ့ "NH10"ဆိုတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးမှာ ပရိသတ်တွေက စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။ 28.11.2023

ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ

#Replay ပြန်လည်ပြသမည့်အချိန် ။ ။ 29.11.2023

ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၃ ခု နေရာကွက်၍ မိုးကြီးနိုင်
ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် သုံးခုတွင် နေရာက...
https://ift.tt/AWO4HXg
👍7🔥1
မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၃ ခု နေရာကွက်၍ မိုးကြီးနိုင်
ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် သုံးခုတွင် နေရာက...
https://ift.tt/5yYgtcD
👍8🔥1
နိုဝင်ဘာလ ၂၈ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58-မြန်မာနိုင်ငံရှိ စစ်ဖြစ်ပွားရာဒေသများမှ အမျိုးသမီး ၉သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fw-ZiudMKJvI&h=AT2-6CyNuR5nCuiSJgZkyvW_wIIEGJEs0cFmXZrhvTiuK3-ALUrsRvBNpP4OzL3MCbg2BK8lDbFonPah8G39SsubCbvKNSLczz1ExgIE7JnsXdgX4wkcBIgWZiHViMGf&s=1
👍5🔥1🤮1
နိုဝင်ဘာလ ၂၈ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58-မြန်မာနိုင်ငံရှိ စစ်ဖြစ်ပွားရာဒေသများမှ အမျိုးသမီး ၉သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fw-ZiudMKJvI&h=AT2fT_KxaOlcd0pzYjwYYMo2v_t3iceCqHsKnPP3sJRec1wjVymnbVvS6wYBZcnFTqqN6ZAZTx-9iQgvjT8LcNMStu0wo_Gv3CDt1LQXLMH62fNn_oeRm72ChdkVlgqB&s=1
🔥3👍2