Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၃ ခု နေရာကွက်၍ မိုးကြီးနိုင်
ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် သုံးခုတွင် နေရာက...
https://ift.tt/AWO4HXg
👍7🔥1
မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၃ ခု နေရာကွက်၍ မိုးကြီးနိုင်
ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် သုံးခုတွင် နေရာက...
https://ift.tt/5yYgtcD
👍8🔥1
နိုဝင်ဘာလ ၂၈ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58-မြန်မာနိုင်ငံရှိ စစ်ဖြစ်ပွားရာဒေသများမှ အမျိုးသမီး ၉သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fw-ZiudMKJvI&h=AT2-6CyNuR5nCuiSJgZkyvW_wIIEGJEs0cFmXZrhvTiuK3-ALUrsRvBNpP4OzL3MCbg2BK8lDbFonPah8G39SsubCbvKNSLczz1ExgIE7JnsXdgX4wkcBIgWZiHViMGf&s=1
👍5🔥1🤮1
နိုဝင်ဘာလ ၂၈ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58-မြန်မာနိုင်ငံရှိ စစ်ဖြစ်ပွားရာဒေသများမှ အမျိုးသမီး ၉သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fw-ZiudMKJvI&h=AT2fT_KxaOlcd0pzYjwYYMo2v_t3iceCqHsKnPP3sJRec1wjVymnbVvS6wYBZcnFTqqN6ZAZTx-9iQgvjT8LcNMStu0wo_Gv3CDt1LQXLMH62fNn_oeRm72ChdkVlgqB&s=1
🔥3👍2
ကလေးများဖြင့် ဘင်္ဂလားဒေ့ရှ်မှ လှေဖြင့် ထွက်ခွာသည့် ရိုဟင်ဂျာ ဦးရေ တိုးများလာ
မြန်မာနိုင်ငံသို့ နေရပ်ပြန်ရေး မျှော်လင့်ချက်များ မှေးမှိန်နေခြင်းကြောင့် ပို၍ ကောင်းမွန်သော ဘဝအား ရှာဖွ.....
https://ift.tt/MPFQ9ly
🔥3😁1
ကလေးများဖြင့် ဘင်္ဂလားဒေ့ရှ်မှ လှေဖြင့် ထွက်ခွာသည့် ရိုဟင်ဂျာ ဦးရေ တိုးများလာ
မြန်မာနိုင်ငံသို့ နေရပ်ပြန်ရေး မျှော်လင့်ချက်များ မှေးမှိန်နေခြင်းကြောင့် ပို၍ ကောင်းမွန်သော ဘဝအား ရှာဖွ.....
https://ift.tt/nMTEa5F
👍3🔥1😁1
စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၅,၀၀၀ အထိဖြစ်လာ | Business Roundup (28.7.2023)
- စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၅,၀၀၀ အထိဖြစ်လာ - ရခိုင်တွင် စက်သုံးဆီပြတ်လပ်ပြီး လုပ်ငန်းများ ရပ်ဆိုင.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FdU4SaSCOD2A&h=AT29nFBOSDNEGHMJnIQltVIcAbCB9id_-2TipH82ivJvtfboStfodFsbeB3dbZP-wMv4ZEfYvGYO_kitpQU_q5Z9YOmRtJhSSKJ1gDgnO42lWI7tVzo-w3Y_CAhSdI6a&s=1
👏3🔥1
တနင်္သာရီမှာ မဟာမိတ် သုံးဖွဲ့ ပေါင်းပြီး တောင်ပိုင်း ညီနောင် တပ်ပေါင်းစု စစ်ကြောင်း ဖွဲ့
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F-y9PfOIMYLE&h=AT3VQt-Vd3hxxIWRhPBzpTQcZ9gGvKPHu01gRqPA9hihqcC6J740CZf_AgvYQQ-GS3lB7o0oZju-FivI1cR_dHfPLiXYZcFLhvGJndqAA2DmDb5LWOQ_tt9sVm-o5UhS&s=1
👍4🔥1👏1
တနင်္သာရီမှာ မဟာမိတ် သုံးဖွဲ့ ပေါင်းပြီး တောင်ပိုင်း ညီနောင် တပ်ပေါင်းစု စစ်ကြောင်း ဖွဲ့စည်း(ရုပ်သံ)
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊
https://www.youtube.com/watch?v=-y9PfOIMYLE
❤11👍8😁2🥰1
​​လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဒကစ စစ်ဌာနချုပ်အနီး ချဥ်းကပ်လာပြီဟုဆို
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပြီဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ကြေညာထားပြီးနောက် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့၌ တိုက်ပွဲသည် စစ်ကောင်စီ၏ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အနီးသို့ ချဥ်းကပ်လာပြီဖြစ်ကြောင်း လောက်ကိုင်သတင်းရင်းမြစ်ထံက သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့တို့သည် လောက်ကိုင်မြို့၏ တောင်ဘက်ပိုင်းရှိ မြို့ဝင်ကြေးကောက်ခံသည့် တဆယ်တန်ဂိတ်ကိုကျော်လွန်၍ ဒကစ အနီးတွင် ပစ်ခတ်သံများကြားနေရကြောင်း လောက်ကိုင်သတင်းရင်းမြစ်က ပြောသည်။

"တဆယ်တန်ကနေဝင်လာပြီး ငါးမိနစ်လောက်မောင်းရင် စစ်တပ်ရှိတယ်။ ဂိတ်ကြီးရှိတယ်။ ဒကစပေါ့။ အဲ့ဒါခုက တဆယ်တန်ကြားနဲ့ ဒကစကြားမှာဖြစ်နေတာ။ ခုနကတော့ အသံကြားလိုက်ရတယ်။ မြို့အပြင်အစပ်လေးနားမှာ တိုက်နေကြတာ” ဟု လောက်ကိုင်မြို့ တုန်ချိန်တွင်နေထိုင်သည့် သတင်းရင်းမြစ်က ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင်ပြောသည်။

ချင်းရွှေဟော်မြို့မှ တဆင့် လောက်ကိုင်သို့ တဆင့်ချင်းချီတက်လာခဲ့သည့် MNDAA ၏စစ်ကြောင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့တွင်မူ မြို့အနီးရှိ စစ်ကောင်စီ၏ နောက်ဆုံးစစ်စခန်းကုန်း ဆိုင်တာအိုင်တောင်ကုန်းကို သိမ်းပိုက်ခဲ့ကြောင်း MNDAA မှထုတ်ပြန်ခဲ့သည်။
လောက်ကိုင် ဒကစသည် မြို့အဝင်တွင် တည်ရှိနေခြင်းဖြစ်ပြီး အဆိုပါ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို ဖြတ်ကျော်ပြီးပါက လောက်ကိုင်မြို့ကိုထိန်းချုပ်နိုင်မည့် အလားအလာများစွာရှိနိုင်ကြောင်းလည်း လောက်ကိုင်မြို့ရှိ စစ်ရေးစောင့်ကြည့်သူဒေသခံတို့က သုံးသပ်သည်။

ယနေ့ လောက်ကိုင်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ မဇ္ဈိမမှ MNDAA ၏ပြောခွင့်ရသူ လီကျားဝင်းကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့ချိန်မှစတင်ကာ လောက်ကိုင်မြို့၌ လုပ်ငန်းများရပ်ဆိုင်းလိုက်ပြီးဖြစ်သော်လည်း နေရပ်ပြန်ခွင့်မရဘဲ မြို့တွင်ပိတ်မိနေခဲ့ကြသည့် ပြည်သူများသည် ယခုသတင်းပတ်အတွင်း လောက်ကိုင်မြို့ကို စွန့်ခွာသွားကြပြီဖြစ်ကြောင်းလည်း လောက်ကိုင်ဒေသခံက ပြောသည်။

"မြို့ထဲမှာတော့ခြောက်ကပ်ကပ်နဲ့ ဆိုင်ဖွင့်တဲ့လူတို့ ပြန်လို့မဖြစ်တဲ့လူတို့ အဲ့တာလောက်ပဲကျန်တော့တယ်။ အခုလည်း ပြန်တဲ့ဟာတွေက အကုန်လုံးပြန်နေကြတာ။ ကားကျပ်တာက လောက်ကိုင်ရဲ့ တုန်ချိန်မြို့ထဲ မြို့အလယ်ထိကိုကျပ်နေတယ်” ဟု လောက်ကိုင်သတင်းရင်းမြစ်က ပြောသည်။

လောက်ကိုင်မြို့ကို တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များလိုက်နာရန် စည်းကမ်းများကို MNDAA က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်နေ့တွင်မူ စစ်ဆင်ရေးသည် လောက်ကိုင်သို့ ဦးတည်နေပြီဖြစ်ကြောင်း ထပ်မံအသိပေးထုတ်ပြန်ခဲ့သည်။

စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့ထိ တလအတွင်း ရှမ်းမြောက် ကိုးကန့်ဒေသ၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု MNDAA ပြောခွင့်ရသူ လီကျာဝင်းက မဇ္ဈိမကိုပြောကြားထားသည်။

ထို့ပြင် စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ စခန်းကြီး စခန်းငယ် စုစုပေါင်း ၁၇၈ ခုကို သိမ်းပိုက်ရရှိထားကြောင်းလည်း MNDAA ၏ထုတ်ပြန်ချက်များအရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ဆင်ရေး၁၀၂၇
#MNDAA
#လောက်ကိုင်မြို့

ပုံအညွန်း − နိုဝင်ဘာ ၂၅ ရက်နေ့က လောက်ကိုင်မြို့အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲမှတ်တမ်းဓာတ်ပုံနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုမှတ်တမ်းဓာတ်ပုံ
ဓာတ်ပုံ − လောက်ကိုင်ဒေသခံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤3😁2❤‍🔥1
​​ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအနီး နေသူများ ရှောင်တိမ်းကြရန် ပကဖ သတိပေး
=================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲများ အရှိန်မြှင့်တော့မည် ဖြစ်သဖြင့် စစ်ကောင်စီတပ်စခန်းအနီး‌နေ ပြည်သူများ ရှောင်တိမ်းကြရန် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်သည်။
“ကလေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဘက်မှာ စစ်ရေးအရှိန်မြှင့်ပြီး တိုက်နေတာတွေက မြို့နားအထိ ဖြစ်လာနေပြီ ။ စစ်ကောင်စီတပ်စခန်းနဲ့ နီးတဲ့ သူတွေကရှောင်ရင် အန္တရာယ်ကင်းတာပေါ့” ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။
ကလေးမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေပိုမို ထိန်းချုပ်လာနိုင်ပြီး တောင်ပိုင်းတွင် GTC , သာစည် ၊ ဇင်းကလင်းနှင့် ကြံသာ ၊ မြောက်ပိုင်းတွင် ကံကြီး နှင့် စစ်ကောင်စီတပ်သာ ကျန်သောကြောင့် စစ်ကောင်စီအထိုင်တပ်များကို တိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
စစ်ကောင်စီတပ်၏ တပ်ရင်းများ၊ တပ်စခန်းများ ၊ ဂိတ်များ၊ တပ်စွဲထားသည့်နေရာများနှင့် ပျူစောထီးကျေးရွာများအနီးရှိ မိဘပြည်သူများအနေဖြင့် ဒီဇင်ဘာလ ၁၅ ရက်နောက်ဆုံးထား၍ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် အလေးအနက် တိုက်တွန်းသည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ကလေးမြို့က တကယ်စစ်ဖြစ်လာပြီဆိုရင် ဘယ်မှ သွားစရာမရှိဘူး ။ ကိုယ့်အိမ်မှာပဲ လုံလုံခြုံခြုံနေနိုင်အောင် ပြင်ဆင်မှပဲရမယ့်အခြေအနေရှိတယ် ။ တပ်စခန်းနဲ့ နီးတဲ့သူတွေတော့ ရှောင်နိုင်ရင်ကောင်းတာပေါ့” ဟု ကလေးမြို့ခံတဦးက ပြောသည်။
ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းများတွင်လည်း လုံခြုံမှုမရှိဘဲ ရှောင်တိမ်းစရာ နေရာမရှိသဖြင့် အိမ်တွင်လုံခြုံ‌အောင် အတတ်နိုင်ဆုံးပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကလေးမြို့တွင် မြေအနက် လေး - ငါးပေခန့်တူးယုံမျှ ရေထွက်သဖြင့် ဗုံးခိုကျင်း တူးရန်အဆင်မပြေဖြစ်ပြီး အကယ်၍ ဗုံးခိုကျင်းတူးထားကြောင်း စစ်ကောင်စီတပ် သိပါက ဖမ်းဆီးမှုများဖြင့် ကြုံတွေ့ရနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
“တို့တိတို့တိ လုပ်မနေကြနဲ့ ချစရာရှိရင် အပြတ်သာချ ၊သေစရာရှိရင်လည်းသေရုံပဲ ။ အကြီးကြီးသာချဗျာ။ မသေဘဲကျန်တဲ့သူ ပြန်ထူထောင်ရေးလုပ်ကြမယ်” ဟု မြို့ခံ နောက်တဦးက ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်သေကြေသည့်အပြင် ပြည်သူများ ထိခိုက်သည်မှာ ဓမ္မတာဖြစ်ပြီး အမြန်ဆုံး တိုက်ပွဲများပြီးဆုံးရန်သာ မျော်လင့်ကြောင်း ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ရဲများ ၊ ပျူစောထီးဆိုသူများနှင့် စစ်ကောင်စီဒေါက်တိုင် ဝန်ထမ်းများ အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ကလေးမြို့နယ် ပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်လာသူများကို အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံးပြန်လည်ပေါင်းစည်းခွင့်ရစေရန် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတိပေးမှုများနှင့်ပတ်သက်ပြီး တိကျစွာ လိုက်နာရန်နှင့် လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်ကို လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်တိုက်တွန်းသတိပေးထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မြန်မာသတင်း
#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
ပုံအညွှန်း - ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ
ဓါတ်ပုံ - Kalay PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁3👏2