Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအနီး နေသူများ ရှောင်တိမ်းကြရန် ပကဖ သတိပေး
=================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲများ အရှိန်မြှင့်တော့မည် ဖြစ်သဖြင့် စစ်ကောင်စီတပ်စခန်းအနီး‌နေ ပြည်သူများ ရှောင်တိမ်းကြရန် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်သည်။
“ကလေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဘက်မှာ စစ်ရေးအရှိန်မြှင့်ပြီး တိုက်နေတာတွေက မြို့နားအထိ ဖြစ်လာနေပြီ ။ စစ်ကောင်စီတပ်စခန်းနဲ့ နီးတဲ့ သူတွေကရှောင်ရင် အန္တရာယ်ကင်းတာပေါ့” ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။
ကလေးမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေပိုမို ထိန်းချုပ်လာနိုင်ပြီး တောင်ပိုင်းတွင် GTC , သာစည် ၊ ဇင်းကလင်းနှင့် ကြံသာ ၊ မြောက်ပိုင်းတွင် ကံကြီး နှင့် စစ်ကောင်စီတပ်သာ ကျန်သောကြောင့် စစ်ကောင်စီအထိုင်တပ်များကို တိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
စစ်ကောင်စီတပ်၏ တပ်ရင်းများ၊ တပ်စခန်းများ ၊ ဂိတ်များ၊ တပ်စွဲထားသည့်နေရာများနှင့် ပျူစောထီးကျေးရွာများအနီးရှိ မိဘပြည်သူများအနေဖြင့် ဒီဇင်ဘာလ ၁၅ ရက်နောက်ဆုံးထား၍ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် အလေးအနက် တိုက်တွန်းသည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ကလေးမြို့က တကယ်စစ်ဖြစ်လာပြီဆိုရင် ဘယ်မှ သွားစရာမရှိဘူး ။ ကိုယ့်အိမ်မှာပဲ လုံလုံခြုံခြုံနေနိုင်အောင် ပြင်ဆင်မှပဲရမယ့်အခြေအနေရှိတယ် ။ တပ်စခန်းနဲ့ နီးတဲ့သူတွေတော့ ရှောင်နိုင်ရင်ကောင်းတာပေါ့” ဟု ကလေးမြို့ခံတဦးက ပြောသည်။
ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းများတွင်လည်း လုံခြုံမှုမရှိဘဲ ရှောင်တိမ်းစရာ နေရာမရှိသဖြင့် အိမ်တွင်လုံခြုံ‌အောင် အတတ်နိုင်ဆုံးပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကလေးမြို့တွင် မြေအနက် လေး - ငါးပေခန့်တူးယုံမျှ ရေထွက်သဖြင့် ဗုံးခိုကျင်း တူးရန်အဆင်မပြေဖြစ်ပြီး အကယ်၍ ဗုံးခိုကျင်းတူးထားကြောင်း စစ်ကောင်စီတပ် သိပါက ဖမ်းဆီးမှုများဖြင့် ကြုံတွေ့ရနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
“တို့တိတို့တိ လုပ်မနေကြနဲ့ ချစရာရှိရင် အပြတ်သာချ ၊သေစရာရှိရင်လည်းသေရုံပဲ ။ အကြီးကြီးသာချဗျာ။ မသေဘဲကျန်တဲ့သူ ပြန်ထူထောင်ရေးလုပ်ကြမယ်” ဟု မြို့ခံ နောက်တဦးက ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်သေကြေသည့်အပြင် ပြည်သူများ ထိခိုက်သည်မှာ ဓမ္မတာဖြစ်ပြီး အမြန်ဆုံး တိုက်ပွဲများပြီးဆုံးရန်သာ မျော်လင့်ကြောင်း ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ရဲများ ၊ ပျူစောထီးဆိုသူများနှင့် စစ်ကောင်စီဒေါက်တိုင် ဝန်ထမ်းများ အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ကလေးမြို့နယ် ပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်လာသူများကို အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံးပြန်လည်ပေါင်းစည်းခွင့်ရစေရန် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတိပေးမှုများနှင့်ပတ်သက်ပြီး တိကျစွာ လိုက်နာရန်နှင့် လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်ကို လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်တိုက်တွန်းသတိပေးထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မြန်မာသတင်း
#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
ပုံအညွှန်း - ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ
ဓါတ်ပုံ - Kalay PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁3👏2
​​မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၃ ခု နေရာကွက်၍ မိုးကြီးနိုင်
===============

ရောင်နီ
(မဇ္စျိမ)။။ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် သုံးခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
နို၀င်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ မိုးလေဝသအခြေအနေကို ထုတ်ပြန်ရာတွင် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မနက်ဖြန် နို၀င်ဘာလ ၂၉ ရက်နေ့တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း ဆိုသည်။
အဆိုပါ မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံသို့ တိုက်ရိုက်မသက်ရောက်နိုင်သော်လည်း လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်စဥ်များကြောင့် မြန်မာနိုင်ငံတွင် နေရာကွက်၍ မိုးရွာနိုင်ကြောင်း MOHADM က သတိပေးထားသည်။
အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ၃ ရက်၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ကြိုတင် အသိပေးထားသည်။
စစ်ကောင်စီ၏ မိုးဇလဌာနကလည်း ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ယနေ့ နို၀င်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်သည် ဆောင်းရာသီဖြစ်ပြီး မုန်တိုင်းကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်၍ စိုက်ပျိုးရေးတောင်သူများ ရာသီဥတုအခြေအနေကိုကြိုတင်သတိပြုကြရန် ရာသီဥတုအရေးလေ့လာသူများကသတိပေးသည်။
စာတည်း - အေးချမ်း
#Mizzima
#လေဖိအားနည်းရပ်ဝန်း
#မုန်တိုင်း
#တိုင်းနှင့်ပြည်နယ်သုံးခုမိုးကြီးနိုင်
#MOHADM
ပုံအညွှန်း - ယခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေစဉ်။ (ပုံ - မဇ္စျိမ)
Website Link - https://www.mizzimaburmese.com/article/136029
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3❤1
​​ရခိုင်တွင် လေကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်ခံရ၍ ရွာဘုန်းကြီးကျောင်း မီးလောင်ပြီး အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ
================

ဓါတု
(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ရေကြောင်း ပစ်ခတ်မှုကြောင့် ရွာဘုန်းကြီးကျောင်း မီးလောင်ပြီး အရပ်သား နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၂ နာရီဝန်းကျင်မှစ၍ ၃ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်၏ ဒရုန်းပေါ်မှ ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာမှ ဘုန်းကြီးကျောင်း မီးလောင်ကျွမ်းကာ ပြာကျသွားကြောင်း ဒေသခံက ပြောသည်။
ထို့နောက် နံနက် ၉ နာရီဝန်းကျင်တွင် ရဲရိုးပြင်ရွာကပ်ရပ်ရှိ ခမောင်းတောကျေးရွာ ကိုလည်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်ပေါ်မှ စက်သေနတ်ဖြင့် ရွာအတွင်းသို့ တောက်လျှောက်ပစ်ခတ်သောကြောင့် လမ်းပေါ်သွားလာနေသည့်အမျိူး သမီးတဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့ပြင် ပေါက်တောပြင်ကျေးရွာတွင်လည်း စစ်ကောင်စီရေတပ်က ပစ်ခတ်သည့်လက်နက်ကြီးအစထိမှန်ပြီး အမျိုးသားတဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံတဦးက မဇ္စျိမကိုပြောသည်။
"အဲ့ဒီရွာတွေက ကုလားတန်မြစ်နဲ့နီးတော့ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ရော စက်သေနတ်နဲ့ရော ပစ်ခံရတယ်၊ ဒရုန်းနဲ့လည်း ဗုံးကြဲတယ်၊ အဲ့ဒီနားက ခမောင်းတောကတော့ လမ်းမှာသွားနေတာကို ရဟတ်ယာဥ်တွေ့တော့ ကြောက်လန့်ပြီး ပြေးတာကို စက်သေနတ်နဲ့ပစ်လို့ သူ့ကိုယ်ပေါ် သုံး နေရာလောက် ထိတယ်၊ မနေ့ကတနေကုန် တညလုံး ဆက်တိုက်ပစ်နေတာဗျာ" ဟု ဒေသခံက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာ၌ စပါးရိတ်သိမ်းနေသော တောင်သူတဦး စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်ပေါ်မှ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့ သေးသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲ ရက်သတ္တပတ် တပတ်ကျော်ကြာမြင့်သည်အထိ နေ့စဥ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
ကုလားတန်မြစ်ကြောင်းတလျှောက် တက်လာသော စစ်ကောင်စီတပ်၏ ရေတပ်သင်္ဘောနှင့် ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀) တပ်ရင်းက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် အရပ်သားနေထိုင်ရာကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်တွေမြို့၊ အမှတ် (၁၂) ရဲတပ်ရင်းကလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည့် ပေါက်တောမြို့ဘက်သို့ ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် အရပ်သားထိခိုက်မှုနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု ရှိနေသည်။
အဆိုပါပေါက်တောမြို့တွင် နိုဝင်ဘာလ ၁၆ ရက်မှစ၍ ယနေ့နိုဝင်ဘာလ ၂၈ ရက်အထိ သုံးကြိမ်ထက်မနည်း လေကြောင်းပစ်ခတ်မှု ခံထားရကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်က သောင်းနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာ စစ်ဘေးတိမ်း ရှောင်နေရပြီး စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံနေရသည့်အပြင် အခြေခံစားသောက်ကုန်များ ပြတ်လုနီးပါးဖြစ်နေ၍ အခက်အခဲကြုံနေရကြောင်း စစ်ဘေးရှောင်ကူညီသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားနေပြီး ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ရေးအရှိန် ပိုမိုပြင်းထန်နေဆဲ ဖြစ်သည်။
ပုံအညွှန်း - (နိုဝင်ဘာလ ၂၆ ရက်က စစ်ကောင်စီ၏ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီး ပုဏ္ဏားကျွန်းတနေရာ၌ ပျံဝဲနေပုံ) (phot- CJ)
စာတည်း။ ။ နောင်နောင်
#Mizzima
#ပုဏ္ဏားကျွန်း
#အရပ်သားထိခိုက်
#၁၀၂၇
#ရခိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2🤬2😁1
စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၅,၀၀၀ အထိဖြစ်လာ | Business Roundup (28.7.2023)
- စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၅,၀၀၀ အထိဖြစ်လာ - ရခိုင်တွင် စက်သုံးဆီပြတ်လပ်ပြီး လုပ်ငန်းများ ရပ်ဆိုင.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FdU4SaSCOD2A&h=AT0wLLrmjedKBVA1KmjK0pUUQrzzGLVLtorsojSQOjfyX0Uh031pOj7ZWMKoiJtSI_yt-urT5YdopWGlwtJs40PvJBx5HtuCw321XbuIucyl0NL-NwZrD1ZijlRH6W5f&s=1
🔥2
တနင်္သာရီမှာ မဟာမိတ် သုံးဖွဲ့ ပေါင်းပြီး တောင်ပိုင်း ညီနောင် တပ်ပေါင်းစု စစ်ကြောင်း ဖွဲ့
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F-y9PfOIMYLE&h=AT1gr05TsGHfn5kAqkcm3UOmYZr3BfPUMzyfb79cYfs-YGfu8ZvFx45p7iIieF2Mmd_NrHZL6P7PKXE6K8uTdTKxNRfSiOkkCw7IydoK4xhm7s7hjBxQ8QPf5QKtiiF6&s=1
👍7🔥1😁1
လိုင်လင်းပီစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းခိုလှုံ
ချင်းပြည်နယ် ၊မတူပီမြို့နယ် ၊လိုင်လင်းပီတပ်စခန်းမှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံအ....
https://ift.tt/WMaLyYB
😁5👍1
ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဦးဆောင်သည့် Freedom Tattoo Campaign နယူးယောက်တွင် ကျင်းပမည်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် ဦးဆောင်သ....
https://ift.tt/fh4lTZp
👍7🔥1
ကျိုက်ထိုမြို့ မြေစာရင်းရုံး တိုက်ခိုက်ခံရပြီး ဝန်ထမ်းဒဏ်ရာရ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံး ဗုံးသီးပစ်ခတ် တိုက်ခိုက်ခံ....
https://ift.tt/P93aJRf
👍7😁1
ပုလဲမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ဦး သေ ၅ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်...
https://ift.tt/9TVlI13
👍4😁2
အမျိုးသမီးကဏ္ဍအစီအစဉ်
Hand to Hand charity နွေရာသီသင်တန်းကျောင်းကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေခြားထဲက ကြိုးစားရုန်းကန်ဖွင့်လှစ်ပေးခ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FeZ9mmi8VSeU&h=AT1oyGcG4wT-oFu1LmnCwIi_VwZg4MV00-5_qpYVkRCVVJHTlOHXb7meowg-35kZSX-sUxM8VQBYqI0DU9_EGwnn3N3_HvKVwlTMXdrMTJTcaSLj_80wBiK2vmQMvY7f&s=1
👍3🤮1
​​လိုင်လင်းပီစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းခိုလှုံ
=======================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊မတူပီမြို့နယ် ၊လိုင်လင်းပီတပ်စခန်းမှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံအတွင်းသို့ နိုဝင်ဘာ၂၈ရက် ယနေ့တွင် ဝင်ရောက်ခိုလှုံခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
လိုင်လင်းပီမြို့တွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသည့် ခမရ(၃၀၄) လက်အောက်ခံ စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၁၉ရက် ည ၉ နာရီကျော်မှ စတင်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၄ရက်နေ့တွင် သိမ်းပိုက်ရခဲ့ကြောင်း သိရသည်။
စခန်းကိုစွန့်ခွာပြီး တောထဲသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေရာမှ ယခုကဲ့သို့ အိန္ဒိယနိုင်ငံ ၊ ဆိုင်ဟားခရိုင်အတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။
“လူအယောက် ၃၀မှာ ဒဏ်ရာရထားတဲ့ သုံးယောက်ကို တံပိုးနဲ့ထမ်းပြီး ဒီနေ့မနက်ပိုင်းက အာသံရိုင်ဖယ်တပ်မှာ ဝင်ရောက်သွားတယ်၊ အဲဒီကနေတဆင့် နေလယ် ၁နာရီမှာ ဗျူဟာမှူးထိုင်တဲ့နေရာကို ထပ်ပို့တယ်လို့ သိရတယ်” ဟု CDF – Mara တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
၎င်းတို့နှင့်အတူ စစ်ကောင်စီတပ်သားများကိုင်ဆောင်သည့် မောင်းပြန်ရိုင်ဖယ် ၂၉လက်နှင့် ပစ္စတိုတလက်တို့ကိုအပ်နှံပြီး ၎င်းတို့၏ စခန်းကိုဝင်တိုက်စဥ် မိသားစုအရေး စိုးရိမ်သည့်အတွက် လက်နက်မချခဲ့ခြင်းဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်နှင့် နီးစပ်သူထံက သိရသည်။
ဝင်ရောက်ခိုလှုံလာသည့် စစ်ကောင်စီတပ်သားများကို မွန်းလွဲ ၁နာရီအချိန်တွင် အာသံ ရိုင်ဖယ်ဗျူဟာမှူးရုံးထိုင်သည့် ဆိုင်ဟားခရိုင် သွီပန်းရွာသို့ ကားဖြင့်ပို့ဆောင်သည်ဟု ၎င်းက ဆိုသည်။
လိုင်လင်းပီစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားများ ဖွက်ထားသည့် လက်နက်ကြီး ငါးလက် ထပ်မံသိမ်းဆည်းရခဲ့ကြောင်း CDF – Mara တာဝန်ရှိသူက ဆက်ပြောသည်။
ငါးရက်အကြာ တိုက်ခိုက်ခဲ့ရသည့် လိုင်လင်ပီစခန်းတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး စိုးထိုက်အပါအဝင် ရုပ်အလောင်းသုံးလောင်းတွေ့ရှိရပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရမိခဲ့ကြောင်း ချင်းတော်လှန်ရေးအဖွဲ့ က နိုဝင်ဘာ ၂၅ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၁၀ကြိမ်ထက်မနည်း လာရောက်ပြီး ၂၉ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅၀အရွယ် ဒေသခံအမျိုးသားသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရကာ လူနေအိမ် ၁၆လုံးပျက်စီးခဲ့ကြောင်း သိရသည်။
“သူတို့ကညှိထားပြီးသားဖြစ်မှာပါ ၊ ဒီဖက်ကနေ သူတို့ကို ပြန်ပို့မှာလို့ပဲထင်တယ် ၊ အရေးယူတာတွေ လုပ်မှာမဟုတ်ပါဘူး” ဟု မီဇိုရမ်ပြည်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်တဦးက သုံးသပ်ပြောဆိုသည်။
အိန္ဒိယ - မြန်မာနယ်စပ်မျဥ်းအနီးရှိ စစ်ကောင်စီတပ်သားများ စခန်းလက်လွှတ်ရပါက အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံရန် ၎င်းတို့ကိုအသိပေးထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်းမရှိသေးပေ။
နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့သော တမူးမြို့နယ် ဝိတုတ် ၊ခါမ်းပါတ်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါဒါရ် နှင့် သီးဘွာလ်စခန်းများကို တော်လှန်ရေးတပ်သားများက တိုက်ခိုက်စဥ် ယင်းစခန်းများရှိ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် မဏိပူရပြည်နယ်အတွင်းသို့ဝင်ရောက်ခိုလှုံခဲ့ပြီး မြန်မာနိုင်ငံသို့ ဘေးမသီရန်မခ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တမူးမြို့နယ်
#မတူပီမြို့နယ်
#CDF

Website Link - https://www.mizzimaburmese.com/article/136042

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏2😁2❤1🔥1
လိုင်လင်းပီစခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ အတွင်းခိုလှုံ
ချင်းပြည်နယ် ၊မတူပီမြို့နယ် ၊လိုင်လင်းပီတပ်စခန်းမှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံအ....
https://ift.tt/2GnxoKy
😁4
ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဦးဆောင်သည့် Freedom Tattoo Campaign နယူးယောက်တွင် ကျင်းပမည်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် ဦးဆောင်သ....
https://ift.tt/z1LQoWt
👍5😁2❤1🤮1
ကျိုက်ထိုမြို့ မြေစာရင်းရုံး တိုက်ခိုက်ခံရပြီး ဝန်ထမ်းဒဏ်ရာရ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံး ဗုံးသီးပစ်ခတ် တိုက်ခိုက်ခံ....
https://ift.tt/p4Cm0xA
😁2
ပုလဲမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ဦး သေ ၅ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်...
https://ift.tt/6TcIxmb
👍2😁2
အမျိုးသမီးကဏ္ဍအစီအစဉ်
Hand to Hand charity နွေရာသီသင်တန်းကျောင်းကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေခြားထဲက ကြိုးစားရုန်းကန်ဖွင့်လှစ်ပေးခ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FeZ9mmi8VSeU&h=AT0IjYJDk6gxH0Hcd4_m-u9KBDcTSjA9M1N8GhrW-a05uKbvPVc3TMaD_seG0b_m__xoOeBRAUM9F4QZP92rTk-p8n-TzEGJm5rThbbUEepKMdVmB88lyB1xvStYAJkn&s=1
👍3🔥1
လုံခြုံရေး စိုးရိမ်မှုကြား တရုတ်ရေတပ်သင်္ဘောများ မြန်မာဆီ လာရောက်
တရုတ်နယ်စပ်အနီး မြန်မာ အာဏာသိမ်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား တိုက်ပွဲများ အရှိန်မြင့...
https://ift.tt/Cd8DZsh
😁3👍1
နိုဝင်ဘာလ ၂၈ ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဒကစ စစ်ဌာနချုပ်အနီး ချဥ်းကပ်လာပါပြီ ၊ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ဆောင်...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FV0D6tQoF-6Y&h=AT11BkaHu9JQc2Bl4JosSu4gztVXitlB_PbLRl8EETgQZnzwZehF-Mu9wmY1rHZB8ErlyRzRoHlK6ywqF_vEfjQqNXANjg3Ad1IBXOGp_JeDoEqHszbxLm05ADtR8S7K&s=1
🔥2
ဘင်္ဂလားဒေ့ရှ်၌ ရွေးကောက်ပွဲ မတိုင်ခင် ဖြိုခွင်းမှုများအတွင်း လူထောင်ပေါင်းများစွာကို
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများ မတိုင်ခင် “ယှဉ်ပြိုင်ဘက်များကို ရှင်းလင်းဖယ်ရှားခြင်....
https://ift.tt/zfSnOPd
🔥2👏2
ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဦးဆောင်သည့် Freedom Tattoo Campaign နယူးယောက်တွင် ကျင်းပမည်
❤6😁2🤮1