Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်သူပုန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်စဖို့ သဘောတူ
ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်သူပုန်တွေကြား ...
https://www.youtube.com/watch?v=mmOqKTRpVYE
👍5🔥3
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FmmOqKTRpVYE&h=AT0UV-cHbSs3aSLg6hbFjQxVmNqyVHZGYt0wumGcwP8zMQwsOhSni3Jp0g9yUcV7HHSOtY8Vf1ThoV7gDyqR2x8pamx2tpVXgcUi0K-PBJEOvHDo5d7JqBcv3DtOE-WH&s=1
👍2🤮1
​​အိန္ဒိယအသင်း ခရစ်ကတ်ကမ္ဘာ့ဖလား ရှုံးနိမ့်မှုအပေါ် အောင်ပွဲခံခဲ့တဲ့ ကက်ရှ်မီးယားကျောင်းသား ၇ ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့ ဖမ်းဆီး
===================

ဩစတြေးလျနဲ့ ကမ္ဘာ့ဖလားခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အိန္ဒိယအသင်းရှုံးနိမ့်မှုအပေါ် အောင်ပွဲခံခဲ့တဲ့ တက္ကသိုလ် ကျောင်းသား ၇ ဦးကို ကက်ရှ်မီးယားရှိ အိန္ဒိယရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ပွဲအပြီးမှာ "အိန္ဒိယဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ပြိုင်ဖက်တွေကို ခြိမ်းခြောက်စိန်ခေါ်ခဲ့မှုတွေ ပြုလုပ်မှုအတွက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲက နိုဝင်ဘာ ၂၈ ရက် အင်္ဂါနေ့က ပြောပါတယ်။
အိမ်ရှင်အိန္ဒိယဟာ နိုဝင်ဘာ ၁၉ ရက် ဗိုလ်လုပွဲမှာ ခရစ်ကတ်သရဖူကိုရယူဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမဲ့ ဩစတြေးလျကို six-wicket နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ကျောင်းသားခုနစ်ဦးကို ပြင်းထန်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအပြင် ရာဇသတ်ကြီးပုဒ်မများဖြင့် တရားမဝင် လှုပ်ရှားမှုများ တားဆီးကာကွယ်ရေးဥပဒေ (UAPA) ဖြင့် တရားစွဲဆိုထားပါတယ်။

ကက်ရ်ှမီးယားရှိ လူအများအပြားဟာ ပြိုင်ဖက် ပါကစ္စတန်အပါအဝင် အိန္ဒိယအသင်းနဲ့ ကစားတဲ့ ဘယ် ခရစ်ကတ်အသင်းကိုမဆို ထောက်ခံအားပေးကြပြီး သြစတြေးလျရဲ့ အောင်ပွဲကို ဂုဏ်ပြုဖို့အတွက် အဓိကမြို့ Srinagar မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ကြပါတယ်။

ကက်ရှ်မီးယားဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အိန္ဒိယနဲ့ပါကစ္စတန်ကြား ကွဲထွက်သွားပြီး နှစ်ဖက်စလုံးက ကုန်းမြင့်ပိုင်နက်ကို အပြည့်အဝပိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အစိတ်အပိုင်းတွေကို သီးခြားစီခွဲဝေအုပ်ချုပ်ခဲ့ ပါတယ်။

အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှ်မီးယားမှာ ၁၉၈၉ ခုနှစ်ကတည်း သူပုန်ထခဲ့ပြီး ပါကစ္စတန်နဲ့ပေါင်းစည်းရေးကို တောင်းဆိုခဲ့ကြပရာ ပဋိပက္ခများအတွင်း အရပ်သားနဲ့စစ်သား ထောင်နဲ့ချီသေဆုံးခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ကက်ရ်ှမီးယားဒေသခံ၊ ဂျာနယ်လစ်တွေနဲ့ အတိုက်အခံတွေကို တိုက်ခိုက်ရာမှာ ပြဋ္ဌာန်းချက်အချို့ မရှင်းမလင်းလုပ်ထားတဲ့ UAPA ဥပဒေကို အိန္ဒိယက အသုံးပြုခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေထံမှ သိရပါတယ်။

UAPA ဥပဒေဟာ လူအများကို စွဲချက်မတင်ဘဲ ခြောက်လကြာ ချုပ်နှောင်ထားခွင့်ပြုထားပြီး အာမခံဟာ မဖြစ်နိုင်သလောက်ပင် ဖြစ်ပါတယ်။

Ref; AFP
Photo: AFP

#cricketworldcup #iccworldcup2023 #Kashmir #ခရစ်ကတ် #ကက်ရှ်မီးယား #Mizzima
👍7😁3
ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်
👍13
ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်
=====================

မောင်ခက်နွေ(မဇ္ဈိမ)
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာန(MOD)က ယမန်နေ့ နိုဝင်ဘာလ ၂၈ရက်ညတွင် သတင်းထုတ်ပြန်သည်။

ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို နိုဝင်ဘာလ ၂၁ရက်၊ နံနက် ၆နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ (၂၂) ရက်၊ ညနေ ၆ နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မြို့ကိုသိမ်းယူပြီး ခုနစ်ရက်အကြာမှ MOD က တရားဝင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ရန်သူ့တပ်သား ရှစ်ဦး ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

ရွှေပြည်အေးမြို့ လတ်တလောအခြေအနေနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက " " မြို့ထဲမှာ ဘာစစ်စခန်းမှမရှိ‌‌တော့ဘူး။ ကျနော်တို့ ထိန်းချုပ်ထားပါတယ်။စစ်ကောင်စီကတော့ လေကြောင်းကနေ နေ့တိုင်း လာပစ်နေပါတယ်"ဟုယနေ့ နေ့လယ်တွင် ပြောသည်။

ရွှေပြည်အေးမြို့တွင် ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီလ ၃ရက်က တိုက်ပွဲ၌ စစ်ကောင်စီရဟတ်ယာဉ်တစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချတိုက်ခိုက်နိုင်ခဲ့သည်။

ကောလင်းမြို့နှင့် ခမ်းပတ်မြို့ကို နိုဝင်ဘာလဆန်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ရာ ယခု ရွှေပြည်​အေးမြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်း မြို့ သုံး မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည်ဟု MOD ၏ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း - အေးချမ်း

#Mizzima
#ရွှေပြည်အေးမြို့
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
#ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူ
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2
နိုဝင်ဘာလ ၂၉ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00-တန့်ဆည်မြို့ပေါ် စစ်ကောင်စီအဓိကစခန်းကို သိမ်းယူပြီး မြို့ကိုထိန်းထားနိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းရ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FHmU-_8SaeOM&h=AT1XbECaJvRK7rlgDRadjigRKJYL9T0Qf4INy8HuGNvXcwK6I1tAuhA9SK_1wmBm2mpYqph6qUfez8F-V6IV25LD0prBAizonlmpXMqOpd5o-1x599C1Iw1Unx6AdC_Y&s=1
👍10
နိုဝင်ဘာလ ၂၉ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00-တန့်ဆည်မြို့ပေါ် စစ်ကောင်စီအဓိကစခန်းကို သိမ်းယူပြီး မြို့ကိုထိန်းထားနိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းရ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FHmU-_8SaeOM&h=AT2lnPO1Ce6x_ulPmuGU7Gd4QVZxvWgk1KCgzQg48yDqbbZKqiToHgfAE05grc5k4kWC_JHAAn6r9d598of93laxTLoD5KNJDAoqrmlGTvh0PkSaaPvCmQ4o1ehndyjA&s=1
👍3
တရုတ် ရေတပ်သင်္ဘော ၃ စင်း မြန်မာကိုရောက်
နယ်စပ် မတည်ငြိမ်မှုတွေကြောင့် နှစ်ဖက် ဆက်ဆံရေးအပေါ် ရိုက်ခတ်မှုတွေ ရှိနေချိန်မှာ စစ်ရေယာဉ်ဝန်ထမ်း ၇၀၀ နီး....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FrYxoBj55n0I&h=AT2W7GivkMN9Cvslo01abpSKX5HWEPUvTqIHO2-74Z9lBxxwLigdsjmta9i9ldqDeAYKPZjo9j_QTqHyXrcj3AIAtroR4Qqc-_0yszPvhAjTLUNNA3U-Cm9ThkeYb2v8&s=1
👍1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FAsafcJASmRE&h=AT3w8ydTqXWhuAYygNqW0lUH053NXufQ2_UmHM0mE1-MvonxSPMvGW8oK1tSLIVk9Jr_lmp48l8ESuyb2Z-DlofvCRlPbUE7KouaBCgXOMwNy6GnS7O0kZ7YP6lL7FTk&s=1
👍2
တရုတ် ရေတပ်သင်္ဘော ၃ စင်း မြန်မာကိုရောက်
နယ်စပ် မတည်ငြိမ်မှုတွေကြောင့် နှစ်ဖက် ဆက်ဆံရေးအပေါ် ရိုက်ခတ်မှုတွေ ရှိနေချိန်မှာ စစ်ရေယာဉ်ဝန်ထမ်း ၇၀၀ နီး....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FrYxoBj55n0I&h=AT0Xrex8ugI86Jq8b8qLNVqBPgvsyYMS9lqliwmaUGV6XsB1NWyBaTeqSxnUZmG-IH5TZx6RMiPWkooMeSEFaw7gOTPwTlsM9twRQQ-ji60Jr6m2c1uznmQj8Wmj0C--&s=1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FAsafcJASmRE&h=AT3kMmpDkXqwY2vxjHSE8CXF8wt2yUaWYkoQ36Ka3J8rXeZ3pKQou5QC4TdUjtFbzEQ2lTB9I1-ulxrIRFOlSFV098TXfJ-17GsqMcypjIqTG6efxM5Nf7-ouTtNkGDn&s=1
ဟားမတ်စ်တို့က နိုင်ငံသား ၂ ဦးကို ပြန်လွှတ်ပေးခြင်းအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြိုဆ
အစ္စရေးနှင့် ဟားမတ်စ်ကြားက ယာယီအပစ်ရပ်မှုအောက် နောက်ဆုံး ဓားစာခံပြန်လွှတ်ပေးခြင်းတွင် ဂါဇာ၌ ဟားမတ်စ်တို့...
https://ift.tt/C7oM308