Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကုန်းကြမ်းမြို့ကို သိမ်းပိုက်ထားပြီး ခလရ (၁၂၅) တပ်ရင်း အလံဖြူပြ လက်နက်ချဟု MNDAA ပြော
====================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ခရိုင်ရှိ ကုန်းကြမ်းမြို့ကို ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်နေ့က အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (၁၂၅) မှ စစ်ကောင်စီတပ်သားများ အလံဖြူပြ၍ လက်နက်ချခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကို ပြောသည်။

"ကုန်းကြမ်းဒေသတခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ပြောလို့ရပါတယ်၊ ခလရ (၁၂၅) ကအလံဖြူထောင် လက်နက်ချ အလင်းဝင်လာခဲ့ပြီ" ဟု MNDAA ၏ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကို ပြောသည်။
အလံဖြူပြ လက်နက်ချလာသည့် အမှတ် (၁၂၅) ခြေလျင်တပ်ရင်းသည် လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ လက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လက်နက်ချလာခြင်းဖြစ်ကြောင်း ပြောသည်။
လက်နက်ချသည့် တပ်ဖွဲ့အရေအတွက်နှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အရေအတွက်ကို စာရင်းပြုစုဆဲဖြစ်သည့်အတွက် မကြာမီတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
MNDAA အနေဖြင့် အဆိုပါ ကုန်းကြမ်းမြို့နှင့် အနီးတဝိုက်ဒေသများအား ရှင်းကိုင်းဒေသဟုသာခေါ်ဆိုပြီး စစ်ကောင်စီတပ်သည် ၁၉၉၂ ခုနှစ်မှ စတင်ကာ ကုန်းကြမ်းမြို့ရှိ စစ်စခန်းကို အခိုင်အမာတည်ဆောက်ထားခြင်း ဖြစ်သည်။
၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် ကိုးကန့်ဒေသ၌ တိုက်ပွဲများပြင်းထန်မှုရှိခဲ့သော်လည်း အဆိုပါ ကုန်းကြမ်းစခန်းအား MNDAA ဘက်မှသိမ်းပိုက်နိုင်ခြင်းမရှိဘဲ ယခု ၁၀၂၇ စစ်ဆင်ရေးတွင်မှ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
"သူက ကွမ်းလုံဗျူဟာကုန်းကဲ့သို့ ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ စခန်းကြီး တခုဖြစ်တယ်၊ ဆိုတော့ ဒီလို နှစ် ၄၀ ကျော်ကြာ ခိုင်ခိုင်မာမာ တည်ဆောက်လာတဲ့ စခန်းကြီးက ကျွန်တော်တို့ ၁၀၂၇ စစ်ဆင်ရေးမှာ လက်လွတ်ဆုံးရှုံးခဲ့ရပြီဆိုတော့ စစ်ကောင်စီရဲ့ပြိုကွဲမှု အတွင်းပိုင်းကနေ ပျက်စီးနေမှုကိုတော့ တွေ့မြင်နိုင်ပါတယ်" ဟု MNDAA ပြောခွင့်ရသူ လီကျားဝင်းက ပြောသည်။
လောက်ကိုင် ဒကစ လက်အောက်တွင် အမှတ် (၁၂၅)၊ အမှတ် (၁၂၇)၊ အမှတ် (၁၂၈)၊ အမှတ် (၁၂၉) ၊ အမှတ် (၂၃၉)၊ အမှတ် (၃၁၂) နှင့် အမှတ် (၃၂၂) ဟူ၍ ခြေလျင်နှင့် ခြေမြန်တပ်ရင်း ခုနှစ်ခုရှိသည်။
ထိုတပ်ရင်းများအနက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း လောက်ကိုင်အခြေစိုက် ခြေလျင်တပ်ရင်း (၁၂၉) မှ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ တပ်ရင်းလိုက် လက်နက်ချခဲ့ကြသေးသည်။
ထို့ပြင် အမှတ် (၁၂၈) ပါစင်ကျော်တပ်ရင်းကိုလည်း MNDAA က သိမ်းပိုက်ရရှိထားသည်။
စစ်ဆင်ရေး ၁၀၂၇ အတွင်း MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကွမ်းလုံ၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။
MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များသည် လောက်ကိုင်မြို့သိမ်းတိုက်ပွဲအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြပြီး နိုဝင်ဘာလ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်၏ တပ်စခန်းအကြီး၊ အသေး စုစုပေါင်း ၁၈၀ ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ပုံအညွှန်း- ကုန်းကြမ်းမြို့ (Photo- Google)
စာတည်း။ ။ နောင်နောင်

#Mizzima
#MNDAA
#ကုန်းကြမ်းမြို့
#မြောက်ပိုင်းသုံးဖွဲ့
#ရှမ်းမြောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤6👏3🤣1
​​ဟားမတ်စ်တို့က နိုင်ငံသား ၂ ဦးကို ပြန်လွှတ်ပေးခြင်းအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြိုဆို 
===================

အစ္စရေးနှင့် ဟားမတ်စ်ကြားက ယာယီအပစ်ရပ်မှုအောက် နောက်ဆုံး ဓားစာခံပြန်လွှတ်ပေးခြင်းတွင် ဂါဇာ၌ ဟားမတ်စ်တို့ ဖမ်းဆီးထားသော ထိုင်းဓားစာခံ နှစ်ဦးကို ပြန်လွှတ်ပေးခြင်းအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဘာဟစ်ဒါ နူကာရာက နိုဝင်ဘာ ၂၉ ရက်တွင် ကြိုဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
ကမ္ဘောဒီးယားတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ကျောက်မီးသွေးစီမံကိန်းကို ဖျက်သိမ်း
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုများကို ဒူဘိုင်း၌ ကျင်းပစဉ် ကမ္ဘောဒီးယားအနေဖြင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီ...
https://ift.tt/XC7FSUn
👍2😁1
ကမ္ဘောဒီးယားတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ကျောက်မီးသွေးစီမံကိန်းကို ဖျက်သိမ်း
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုများကို ဒူဘိုင်း၌ ကျင်းပစဉ် ကမ္ဘောဒီးယားအနေဖြင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီ...
https://ift.tt/mZepDMy
🔥1
​​ပိုင်ရှင်သစ်အောက် ရန်ကုန်ဆီဒိုးနားဟိုတယ် ပြန်ဖွင့်မည်
=====================

မြန်မာတွင် COVID-19 ကြောင့် ရှပ်ဒေါင်း တိုးချဲ့ချမှု၊ စီးပွားရေးလုပ်ငန်းကိစ္စဖြင့် ခရီးသွားသူများနှင့် ချမ်းသာသော ပြည်တွင်း ဧည့်သည်များထံမှ တောင်းဆိုမှု အနည်းအကျဉ်းကိုသာ မျှော်လင့်နိုင်မှုနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတို့နောက်တွင် ရန်ကုန်ရှိ ဆီဒိုးနားဟိုတယ်ကို ယခုသောကြာနေ့ (ဒီဇင်ဘာ ၁ ရက်) တွင် ပြန်ဖွင့်တော့မည် ဖြစ်ကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3
​​စစ်ကောင်စီက တရုတ်နှင့် မြန်မာလူမျိုးများအကြား အမုန်းမီးပွား‌အောင် လုပ်ဆောင်နေသည်ဟု NUG ယာယီသမ္မတ သတိပေး
=====================

စစ်ကောင်စီက တရုတ်နှင့် မြန်မာလူမျိုးများအကြား အမုန်း မီးပွား‌အောင် လုပ်ဆောင်နေသည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက နို၀င်ဘာ ၂၈ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သတိပေး‌သည်။

" အခု စစ်ကောင်စီဟာ စစ်ရေးအရှုံးတွေနဲ့ တစ်လှိုင်းပြီး တစ်လှိုင်း အဖုံးဖိ ခံရပြီးနောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာ အကြား လူမျိုးရေး အမုန်းမီးပွားအောင် မှိုင်းတိုက် လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်" ဟု ၎င်းက‌ပြောသည်။

စစ်ရေးအရှုံးများနှင့်အတူ အရာရာရှုံးနေသည့် စစ်ကောင်စီက ၎င်း၏ အကျိုးစီးပွားအတွက် မည်သည့်ကိစ္စမဆို လုပ်ဆောင်မည် ဖြစ်ရာ နိုင်ငံရေးအသိများဖြင့် ကျော်ဖြတ်ရမည်ဟု ယာယီသမ္မတက ‌ပြောသည်။

" ပြည်တွင်းမှာလည်း လူမျိုးရေး သွေးခွဲပြီး ဘာသာရေးမှိုင်း တိုက်တာတွေကို လုပ်ဆောင်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်အောင် လုပ်နေသလို၊ အခုလည်း တရုတ်နဲ့ လူမျိုးရေး ‌သွေးထိုးပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေတာ ထင်ရှားပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံးအပါအဝင် လူထုတစ်ရပ်လုံးလည်း ကျယ်ကျယ်ပြန့်ပြန့် သတိရှိဖို့ လိုတယ်လို့ ယူဆပါတယ်။ ပြည်မဒေသမှာလည်း ရိုးသားဗမာ တိုင်းရင်းသားလူထုကို ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး သွေးထိုးလှုံ့ဆော်တာမျိုးတွေကို စစ်အစိုးရ အဆက်ဆက်က ဟိုးယခင်ကတည်းက လုပ်ဆောင်နေခဲ့ပါတယ်။

အခု နွေဦးတော် လှန်ရေးမှာ ဗမာလူထုဟာ ဘာသာရေးနဲ့ သွေးထိုးလှုံ့ဆော်တာကို သိနားလည်ကြပြီဖြစ်လို့၊ စစ်ကောင်စီရဲ့ လုပ်ဇာတ်တွေ မအောင်မြင်ဘူးဆိုတာ ထင်ရှားပါတယ်။ ယခုလည်း စစ်ကောင်စီက မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေးဇာတ်သွင်းတာကို နိုင်ငံရေးသတိရှိရှိနဲ့ တုန့်ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ၎င်းက ‌ပြောသည်။

နို၀င်ဘာလလယ်ပိုင်း စစ်ကောင်စီလက်အောက်ခံ မဘသ အဖွဲ့အစည်းအချို့က ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ပြီး ‌မြောက်ပိုင်းတိုက်ပွဲများတွင်လည်း တရုတ်နိုင်ငံက ပါ၀င်ပတ်သက် မှုများရှိသည်ဟု တပ်ထောက်ခံသည့် တယ်လီဂရမ် ချန်နယ် အချို့တွင် ရေးသားဖော်ပြမှုများရှိခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤮3❤1
​​လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဖြစ်လာနိုင်၊ မိုးကြီးမည့်သတိပေးချက် ဆက်ရှိနေ
=======================

ရောင်နီ
(မဇ္စျိမ)။ ။ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့်လေဖိအားနည်းရပ်ဝန်းသည် ပိုအားကောင်းလာပြီး နို၀င်ဘာလ ၃၀ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးဇလဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် မလက္ကာရေလက်ကြားတွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့နိုဝင်ဘာလ ၂၉ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာပြီး နို၀င်ဘာလ ၃၀ ရက်နေ့တွင် မုန်တိုင်းငယ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)ကလည်း အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းနိုင်ကြောင်း နို၀င်ဘာလ ၂၇ ရက်နေ့တွင် ကြိုတင်သတင်းထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်မသက်ရောက်နိုင်သော်လည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ ၃ ရက်၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM က ကြိုတင်သတိပေးထားသည်။

ပုံအညွှန်း - အောက်တိုဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးမြို့ပေါ်ရပ်ကွက်အချို့ ရေကြီးရေလျှံမှု ဖြစ်ပွါးခဲ့သည့် မြင်ကွင်း။ (ပုံ - လူမှုကွန်ရက်)
စာတည်း - အေးချမ်း

#Mizzima
#လေဖိအားနည်းရပ်ဝန်း
#မုန်တိုင်းငယ်
#မိုးသတိပေးချက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9
ကလေးမြို့ ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲ ၁၇ ဦးဖမ်းမိ၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိဟု NUG ထုတ်ပြန်
👍4
ကလေးမြို့ ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲ ၁၇ ဦးဖမ်းမိ၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိဟု NUG ထုတ်ပြန်
====================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ရန်ကြီးအောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန့်နေ့ နိုဝင်ဘာလ ၂၈ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း၊ ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီစခန်းကို အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ကလေးခရိုင်၊ အမှတ် (၂/၄/၅/၆) တပ်ရင်း၊ မြို့နယ် ပ.က.ဖ၊ ခရိုင်ဒရုန်းအဖွဲ့၊ ခရိုင်မိုင်းတပ်ဖွဲ့၊ SR-4၊ CDF KKG၊ CNDF၊ RKDF တို့ပူးပေါင်းကာ နို၀င်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“ ရန်ကြီးအောင်စခန်းက ကလေးနဲ့ဂန့်ဂေါနဲ့ ဆက်သွယ်တဲ့နေရာမှာ အရေးပါတယ်။ အခိုင်အမာစခန်းတော့ မဟုတ်ဘူး၊ အင်အား ၄၀ လောက်နဲ့ ထိုင်တဲ့ စခန်းပေ့ါ။ မြောက်စည်းရွာ စခန်းသိမ်းခံထားရတော့ အဲ့ဒီ့စခန်းကသူတွေလည်း ရန်ကြီးအောင်စခန်းမှာ လာပေါင်းနေတာရှိတယ်” ဟု မြေပြင်တော်လှန်ရေးရဲဘော်တဦးက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ဝင်ရောက်စီးနင်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦးသေဆုံးကာ ၁၇ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း NUG MOD က ထုတ်ပြန်သည်။

ထို့အပြင် G-3 သေနတ် သုံးလက်၊ MA-1 သေနတ် ၁၀ လက်၊ MA-3 သေနတ် ငါးလက်အပါအဝင် လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တဦး ကျဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ စစ်ကောင်စီတပ်၏ အဓိကစခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက််ခိုက်သိမ်းပိုက်ကာ မြို့အားထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက မဇ္စျိမကို ပြောကြားထားသည်။

ပုံအညွှန်း - ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံ - NUG /MOD)
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကလေးမြို့
#ရန်ကြီးအောင်စခန်း
#NUG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤1
​​ဂျပန်နှင့် ဗီယက်နမ်အကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူ
=========================

အာရှ-ပစိဖိတ်ဒေသ၌ တရုတ်၏ စစ်မက်ရေးရာအရ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းကြောင်း တိုးမြှင့်ပြသနေမှုနှင့် ရင်ဆိုင်ရစဉ် နှစ်နိုင်ငံအကြား ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနှင့် ဗီယက်နမ်သမ္မတ ဗိုဗန်သောင်တို့အကြား နိုဝင်ဘာ ၂၇ ရက်က သဘောတူခဲ့ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2
​​လိင်ပိုင်းဆိုင်ရာ ဗီဒီယိုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုကြောင့် တိုက်စစ်မှူး ဟွမ်အီဂျိုကို တောင်ကိုရီးယားအသင်းမှ ထုတ်ပယ်
======================

By PKThawn
ချစ်သူဟောင်းကို တရားမဝင်ရိုက်ကူးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာကြောင့် အာရှဖလားပြိုင်ပွဲမတိုင်ခင် ခုနစ်ပတ်အလိုမှာ တိုက်စစ်မှူး ဟွမ်အီဂျိုကို တောင်ကိုရီးယားအသင်းက ပွဲကစားခွင့် ဆိုင်းငံ့ထားလိုက်ပါတယ်။
နောဝှစ်ချ်တိုက်စစ်မှူးဟာ ခွင့်ပြုချက်မရှိဘဲ ချစ်သူဟောင်းဖြစ်သူနဲ့အတူ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုတခုကို ၎င်းရဲ့ဖုန်းဖြင့် ရိုက်ကူးခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ သူဟာ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။
ဟွမ်ဟာ အခုလမှာ တောင်ကိုရီးယားအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲ ကစားခဲ့ပြီး စင်ကာပူနဲ့ပွဲမှာ ပင်နယ်တီဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းရင်း ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) က သူ့ကို အင်္ဂါနေ့က ဆိုင်းငံ့ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ အဆိုပါကစားသမားဟာ အင်္ဂလန်ဒုတိယတန်းကလပ် နောဝှစ်ချ်အသင်းမှာ ဆက်လက်ကစားနေနိုင်ပြီး အင်္ဂါနေ့က ဝက်ဖို့ဒ်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းခဲ့ပါတယ်။
“တိကျတဲ့ ကောက်ချက်မဆွဲမချင်း ဟွမ်ကို နိုင်ငံအသင်းကနေ ထုတ်ပယ်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်”လို့ KFA ထုတ်ပြန်ချက်က ပြောပါတယ်။
KFA ရဲ့ ကျင့်ဝတ်ကော်မတီကို ဦးစီးတဲ့ လီယောင်နမ်က နိုင်ငံအသင်း ကစားသမားတွေဟာ "အကျင့်စာရိတ္တနဲ့ တာဝန်သိစိတ် ရေချိန်မြင့်မားမှုနဲ့အတူ" သူတို့ကိုယ်သူတို့ ကျင့်ကြံပြုမှုရမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
"ကစားသမားကို သံသယရှိသူအဖြစ် စုံစမ်းစစ်ဆေးခံနေရတယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် နိုင်ငံအသင်း ပုံမှန်လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ သူ့အတွက် ခက်ခဲပါတယ်"လို့ လီက ပြောပါတယ်။
"ဘောလုံးပရိသတ်တွေက နိုင်ငံအသင်းအတွက် မျှော်လင့်ချက်ကြီးကြီးမားမားရှိကြတာမို့ နိုင်ငံအသင်းအတွက် ဟွမ်အီဂျိုကို ရွေးချယ်ဖို့ မသင့်တော်ဘူးလို့ ကျနော်တို့ ယူဆထားပါတယ်။"
နော်တင်ဟမ် ဖောရက်စ်ကနေ နောဝှစ်ချ်အသင်းမှာ အငှားနဲ့ ရောက်ရှိနေသူ ဟွမ်ဟာ တောင်ကိုရီးယားအသင်းအတွက် ၆၂ ပွဲကစား၊ ၁၉ ဂိုး သွင်းယူထားပါတယ်။
နည်းပြ ဂျာဂန် ကလင်စမန်းက "လက်ရှိ အခြေအနေကို ကျနော် အပြည့်အဝ နားလည်ပြီး ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှာပါ"လို့ KFA မှ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။
ဟွမ်ကို ရဲတွေက စတင်စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ကလင်စမန်းဟာ မကြာသေးခင်က ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စင်ကာပူနဲ့ တရုတ်တို့ကို အနိုင်ရဖို့အတွက် သူ့ကို ရွေးချယ်ခဲ့ပြီး အဲအချိန်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရှန်ကျန်းမှာ တရုတ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရအပြီး ပြန်လည်ရောက်ရှိလာပြီးနောက် ကလင်စမန်းက “ထင်ကြေးတွေကတော့ အမြဲရှိနေပါတယ်”လို့ ပြောပါတယ်။
"ဘာမှ သက်သေမပြနိုင်သေးသရွေ့ .... ကျနော် အဲဒါကို ယုံလို့ မရပါဘူး"
အာရှဖလားပြိုင်ပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ ကာတာမှာ စတင်ကျင်းပမှာဖြစ်ပြီး သုံးရက်အကြာမှာ တောင်ကိုရီးယားအသင်းဟာ ဘာရိန်းအသင်းနဲ့ သူတို့ရဲ့ အဖွင့်ပွဲစဉ်ကို ကစားမှာဖြစ်ပါတယ်။
(AFP)
Photo: EPA
#hwanguijo #ဟွမ်အီဂျို #Mizzima
👍5❤1