Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅) အစောပိုင်းပွဲစဉ်ရလဒ်များ

ဂါလာတာစာရေး ၃-၃ မန်ယူ (FT)
ဇီယာ့ရှ် ၂၉' ၊ ၆၂' | ဂါနာချို ၁၁'၊ ဘရူနိုဖာနန်ဒက်စ် ၁၈'၊ တောမီနေး ၅၅'
ကာရင်မ် အာတူကိုလူ ၇၁'

ဆီဗီလာ ၂-၃ PSV (FT)
ရာမို့စ် ၂၄'  | ဆိုင်းဘာရီ ၆၈'၊ ဂူဒယ် ၈၁'(OG)၊ ရီကာဒို ပီပီ ၉၀+၂'
အင်-နေဆီရီ ၄၇'

Photos: EPA

#ChampionsLeague #UCL
👍6
​​ရန်ကုန်မှ ဦးပိုင်ကုမ္ပဏီကားဝန်း ပစ်ခတ်တိုက်ခိုက်ခံရ
===============

ဂန္ဒမာ

(မဇ္ဈိမ)။  ။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဂျပန်လမ်းရှိ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကားဝန်းအား မြို့ပြအထူးစစ်ဆင်ရေးအဖြစ် ၄၀ မမဖြင့် ပစ်ခတ်ခဲ့ကြောင်း တိုက်ခိုက်မှုပြုလုပ်သည့် စစ်ဆင်‌ရေးတာဝန်ခံများထံမှသိရသည်။

ဦးပိုင်ကုမ္ပဏီကားဝန်းအား ယနေ့ နိုဝင်ဘာ ၂၉ ရက် ၊ ည ၇ နာရီ ၄၀ မိနစ်အချိန်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

မြို့ပြအထူးစစ်ဆင်ရေး(USO)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက “ထိခိုက်မှုအရေအတွက်တော့မသိသေးပါဘူး။ ကုန်ကားနဲ့အဆောက်အဦးရုံးကို ထိမှန်အောင်တော့တိုက်ခိုက်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

ယနေ့ည ၇နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်ကွဲသံနှစ်ကြိမ်ကြားလိုက်ရသည်ဟု အင်းစိန်မြို့ဒေသခံတဦးကပြောသည်။
 
USO ဆိုသည်မှာ အဖွဲ့အစည်းအမည်မဟုတ်ဘဲ စစ်ဆင်ရေးအမည်ဖြစ်သည်။ Urban Special Operation- မြို့ပြအထူးစစ်ဆင်ရေးဟု ခေါ်ဆိုသည်။ USO စစ်ဆင်ရေးအား ရန်ကုန်မြို့၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင်စတင်ခဲ့ရာ ယခုတိုက်ခိုက်မှုသည် ခြောက်ကြိမ်မြောက်ဖြစ်သည်။ 

ထို့အပြင် စစ်ရေးပစ်မှတ်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း USOက အသိပေးထားသည်။

စာတည်း - အေးချမ်း

#Mizzima
#အင်းစိန်
#ဦးပိုင်ကုမ္ပဏီကားဝန်း
#မြို့ပြအထူးစစ်ဆင်ရေး
#ပစ်ခတ်တိုက်ခိုက်

ပုံအညွှန်း - တိုက်ခိုက်ခံရသည့် ဦးပိုင်ကားဝန်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤3