တန့်ဆည်တွင် စစ်ကောင်စီက စာသင်ကျောင်းပေါ် ပေါင် ၅၀၀ဗုံးကျဲဟုဆို
=============
MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ ရွာရှည်(မြောက်)ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး နှစ်လုံးကျဲချတိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁နာရီ ၃၈မိနစ်နှင့် ၁နာရီ ၄၅ မိနစ်တွင် နှစ်ကြိမ် တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
“ တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိဘဲ ဒီအတိုင်းလာကျဲသွားတာ"ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ ဗုံးကျဲချတိုက်ခိုက်မှုကြောင့် ပင်မနှစ်ထပ်ကျောင်းဆောင်တဆောင်၊ တထပ်ဆောင်တဆောင်၊ ခန်းမဆောင်၊ရေသန့်စက်ဆောင်နှင့် နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တန့်ဆည်မြို့ ပေါ် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့ပေါ် သို့ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
တန့်ဆည်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘောလုံးကွင်းတို့ကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။လတ်တလော အခြေအနေများကြောင့် ဒေသခံအများအပြားသည် စစ်ရှောင်နေကြရသည်ဟု သိရသည်။
စာတည်း - အေးချမ်း
#Mizzima
#တန့်ဆည်
#ရွာရှည်(မြောက်)ကျေးရွာ
#ပေါင်၅၀၀ဗုံးကျဲ
ပုံအညွှန်း - စစ်ကောင်စီ၏လေကြောင်းမှတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်စာသင်ကျောင်းဆောင်များကိုတွေ့ရစဉ် (ဓါတ်ပုံ - Voice Of Taze)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
🤬6👍5😁1😱1
ခရမ်းနှင့် သုံးခွမြို့ စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၄ ခု တချိန်တည်း တိုက်ခိုက်ခံရ
================
ရောင်နီ
(မဇ္စျိမ)။ ။ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်ရှိ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်မှ စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား တချိန်တည်း ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများက မဇ္စျိမကို ပြောသည်။
ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ အချိန်တွင် ခရမ်းမြို့မရဲစခန်း၊ ဆည်မြောင်းစစ်ဆေးရေးဂိတ်နှင့် ရေကျော်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Khayan PDF)က တိုက်ခိုက်ခြင်းဖြစ်သည်။
“ ရဲစခန်း၊ စစ်ကောင်စီတပ်စွဲထားတဲ့ ရေကျော်ဘုန်းကြီးကျောင်း၊ ဆည်မြောင်းဂိတ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်တာပါ။ ပြင်းအားမြင့်ဗုံး၊ ဒရုန်းနဲ့ ၄၀ မမတွေ အသုံးပြုခဲ့ပါတယ်။” ဟု Khayan PDF တာ၀န်ရှိသူက ပြောသည်။
ထိုသို့ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အလားတူ တချိန်တည်းတွင် သုံးခွမြို့နယ်ရဲစခန်းကို သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၄၀မမ ဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ခရမ်းနဲ့ တချိန်တည်း ကစားတာပါ။ သုံးခွမြို့မရဲစခန်းကို ၄၀ မမနဲ့ သုံးလုံး ကျွေးလိုက်တာဖြစ်ပါတယ်။ နှစ်လုံးက စခန်းထဲ တိတိကျကျ ပေါက်ကွဲပါတယ်။ ထိခိုက်မှုရှိတာ သိရပေမယ့် အသေအပျောက်ကို သေချာမသိရသေးပါဘူး” ဟု သုံးခွမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လုံခြုံရေးတင်းကျပ်ကာ အင်အားသုံးပိတ်ဆို့မှုကြောင့် ခရမ်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှု မပြုလုပ်နိုင်သည်မှာ ခြောက်လခန့်ကြာမြင့်နေပြီဖြစ်ပြီး သုံးခွမြို့နယ်တွင် ၁၁ လခန့်ရှိပြီ ဖြစ်သည်။
ယနေ့ နံနက်အစောပိုင်း ပစ်ခတ်တိုက်ခိုက်မှုသည် ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ကာကွယ်ရေးတပ်ဖွဲ့များ၏ တကျော့ပြန် တိုက်ခိုက်မှုဖြစ်သည်။
“ ဒီနေ့ နံနက် တိုက်ခိုက်မှုကို အားရပါတယ်။ စနစ််တကျ ပြန်လည်ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက်လည်း အေးဆေးပါ။ သူတို့(စစ်ကောင်စီတပ်)က ခရမ်းကို အင်အားသုံးပြီး ပိတ်ဆို့ထားပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ မြို့ ကျွန်တော်တို့ ပိုင်တယ်ဆိုတာကို ပြလိုက်တာပါ။ ပြည်သူတွေက အောင်သပြေပန်းနဲ့ ကြိုနေပါလို့ မှာချင်ပါတယ်” ဟု ခရမ်း PDF တာဝန်ရှိသူက ပြောသည်။
သုံးခွမြို့နယ် ပကဖ တာဝန်ရှိသူကလည်း “ မြို့နယ်နှစ်ခုလုံးက ပြည်သူတွေအတွက် ကျွန်တော်တို့ ခရမ်းနဲ့သုံးခွက ညီနောင်တွေ တလှိုင်းပြီး တလှိုင်းလာတော့မယ်ဆိုတာ ပြောချင်ပါတယ်” ဟု ဆိုသည်။
ခရမ်းနှင့် သုံးခွမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့နယ်နှစ်မြို့နယ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
“ မနက်အစောပိုင်းကြီး ပေါက်ကွဲသံတွေ သေနတ်သံတွေကြားလိုက်ရတယ်။ အခုတော့ ခရမ်းမြို့ကနေ ရွာတွေဘက်သွားတဲ့ လမ်းတွေကို ပိတ်ထားလိုက်ပြီ။ မြို့ထဲမှာလည်း စစ်သားတွေ ကားနဲ့ ပတ်ပြီး ကင်းလှည့်နေတယ်။ သုံးခွမှာလည်း မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေ ရှိနေတယ်။ ဖမ်းဆီးခံရတာတော့ မကြားသေးဘူး” ဟု ဒေသခံတဦးက ပြောသည်။
ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်သည် ပဲခူးတိုင်းနှင့် နယ်နိမိတ်ထိစပ်နေသည့် ရန်ကုန်တိုင်း၏ အစွန်ဆုံး မြို့နယ်များဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ခရမ်းမြို့နယ်
#သုံးခွမြို့နယ်
#KhayanPDF
ပုံအညွှန်း - ခရမ်းမြို့နယ်အား Google Maps မှတဆင့် မြင်ရပုံ။

👍15👏3😁1
သရက်ချောင်းမှာ PDF လက်ခံရင် ရွာကိုဖျက်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်စာရေး
🤬4👏2🤣2😱1🤮1
သရက်ချောင်းမှာ PDF လက်ခံရင် ရွာကိုဖျက်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်စာရေး
================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်က ရွာထဲရှိ နေအိမ်အများအပြားကို မွှေနှောက်ရှာဖွေကာ PDF ထောက်ခံရင်၊ လက်ခံရင် ရွာဖျက်မည်ဟု ခြိမ်းခြောက်စာများကို ရေးသားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် စစ်ကောင်စီတပ်သည် မြေတင်ကား သုံးစီး အင်အား ၅၀ နီးပါးဖြင့် ရွာထဲသို့ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် ဒေသခံများ ကြောက်လန့် ထွက်ပြေး ချိန်တွင် နေအိမ်များကို မွှေနှောက် ရှာဖွေကာ ဆိုင်ကယ် နှစ်စီး အပါဝင် ငွေကြေး၊ လက်ကိုင်ဖုန်းနှင့် တခြားတန်ဖိုးကြီး ပစ္စည်းများကို ယူဆောင် သွားပြီးနောက် အခုလို ခြိမ်းခြောက်စာများကို ရေးသားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
သရက်ချောင်းမြို့နေ ဒေသခံအမျိုးသမီး တဦးက “ရွာမှာ တိုက်ပွဲ ဖြစ်တာ မရှိပါဘူး၊ စစ်တပ်က အကြောင်းမဲ့ ဝင်လာပြီး ရွာထဲကို PDF တွေ ဝင်နေတယ် ဆိုပြီး လာလုပ်သွားတာပါ”ဟု ပြော သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သရက်ချောင်းမြို့နယ်ရှိ ပိတိုင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပြီး အခုလို ရွာထဲကို PDF အဖွဲ့ ရောက်ရှိနေသည်ဟု အကြောင်းပြချက်ဖြင့် လာရောက်ခြိမ်းခြောက်တာ ဖြစ်သည်ဟု ဒေသခံများက ဆို သည်။
အဆိုပါ စစ်ကောင်စီ တပ်သားများသည်၊ ရွာထဲက လမ်းနှင့် ရွာခံများရဲ့ အိမ်နံရံများ ပေါ်တွင် ညစ်ညမ်းသည့် အသုံးအနှုန်းများနှင့် အတူ‘PDF ကိုထောက်ခံရင် ရွာဖျက်မယ်၊ PDF လက်ခံရင် ရွာဖျက်မယ် ဆိုတဲ့’ စာများကို ရေးသားထားခဲ့ခြင်း ဖြစ် သည်။
“စစ်တပ်က ရွာထဲကို ဝင်လာတာနဲ့ပဲ သေနတ်တွေ ပစ်ပြီး ဝင်လာတော့ ရွာခံတွေက အကုန်ပြေးတာပေါ့ရှင်၊ မပြေးခင်တဲ့ စာသင်ကျောင်း အနီးတဝိုက်မှာရှိတဲ့ လူတွေတော့ အကုန်ထိုင်ခိုင်းထားတာ ရှိတယ်”ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။
ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး ထားဝယ်ခရိုင်ထဲတွင် အောက်တိုဘာလကလည်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှ နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ခဲ့သလို "နောက်တစ်ကြိမ် တရွာလုံး ပြာကျမယ်"ဟု ခြိမ်းခြောက်စာ ရေးသားခဲ့သေးသည်။
အလားတူ လောင်းလုံးမြို့နယ် သပြေရှောင်ရွာကိုလည်း အခုတပတ် အတွင်းတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်ကာ ရေလုပ်သားတဲနှင့် ဆိုင်ကယ် ၂၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကာ "ဆန္ဒ ထပ်ပြရင် ဒီထက် ပိုဆိုးမယ်"ဆိုပြီး ခြိမ်းခြောက်စာ ရေးသားခဲ့သည်။
စစ်ရေးသတိကြီးကြီးထားပြီး စစ်ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှု သတင်းများ နီးစပ်ရာ ပြည်သူ့ ကာကွယ်ရေး တပ်သားများဆီ ပေးပို့ခြင်းနှင့် လူထုခုခံတွန်းလှန်စစ်တွင် ပါဝင်ကြပါရန် တနင်္သာရီတိုင်းစစ်ဌာန၏ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သရက်ချောင်းမြို့နယ်
#PDF
#ခြိမ်းခြောက်စာ
------------------------

😱4🤬4👍2👏1🤣1