Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အန္တာတိကရေခဲထုအရည်ပျော်ဆင်းမှု ၃ ဆပိုမြန်လာ | VOA On Mizzima
အန္တာတိကနဲ့ ဂရင်းလန်းကျွန်းက ရေခဲမြစ်နဲ့ ရေခဲလွှာတွေရဲ့ အရည်ပျော်မှုနှုန်းဟာ ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FPIFkBilh7Ow&h=AT03xXdSmSBYAmKwA_9f6TSBbSfl7gERR-g75_5M8cYhMgcH8CaubK3VoNgjMqOJRnhYPrsf69n4y2gt-oNeIU1_oAA-ZBW94uAE3o1X1oTC-uHDi2Xd5HtN1QEfWm3u&s=1
👍1
ကော့ကရိတ်မြို့ပေါ် နေရာအနှံ့ တိုက်ပွဲပြင်းထန်၊ အာရှလမ်း ယာဉ်ပိတ်ဆို့မှု ဖြစ်ပွား
👍8
ကော့ကရိတ်မြို့ပေါ် နေရာအနှံ့ တိုက်ပွဲပြင်းထန်၊ အာရှလမ်း ယာဉ်ပိတ်ဆို့မှု ဖြစ်ပွား
=========================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြိို့နယ်အတွင်းရှိ စစ်ကောင်စီ အထိုင်ချရာ တပ်စခန်းနေရာများကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက် နံနက် ၄ နာရီ ဝန်းကျင်အချိန်မှစ၍ လှိုင်ဝအမြောက်တပ်၊ ခလရ (၉၇) အနီးတဝိုက်နေရာများ၊ ကော့ကရိတ်မြို့ပေါ် တံတားဦးရပ်ကွက်၊ မြို့တော်ဦး၊ ဝင်းကြီး၊ ချောင်းတောင်၊ သပြေကုန်း၊ ခင်နိမ်းမူ စသည့် နေရာများရှိ စစ်ကောင်စီအထိုင်ချရာ နေရာများအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟုဆိုသည်။

"မနက်စောစောကတည်းက ရန်သူ့ စခန်းတွေကို ဒီဘက်က အကုန်ဝိုင်းပြီး တိုက်နေပြီ။ အခြေအနေ အသေးစိတ်တော့ ပြောလို့ မရသေးဘူး အခုထိ တိုက်နေတုန်းပဲ" ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်ပွားနေမှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချရာ နေရာများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြောင်း ယနေ့ နံနက် ၁၁ နာရီအချိန် မေးမြန်းချက်အရ သိရသည်။

တိုက်ပွဲများကြောင့် မြဝတီ- ကော့ကရိတ် အာရှလမ်း၊ ကော့ကရိတ်- ကျုံဒိုးလမ်း စသည့်လမ်းကြောင်းများပေါ်တွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားနေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများရှိနေ၍ ယာဉ်မောင်းများ ခရီးမဆက်ရဲကြကြောင်း သိရသည်။

"ကားလမ်းက အမိန့်တွေ ဘာတွေနဲ့ ပိတ်တာတော့ မဟုတ်ဘူး။ တိုက်ပွဲတွေဖြစ်နေလို့ ကားတွေက ဆက်မသွားရဲကြတော့တာ။ အာရှလမ်းမကြီးပေါ်ထိ လက်နက်ကြီး လာကျတာတွေ ရှိတယ်။ အခုထိလည်း ကားတွေ ပိတ်နေဆဲပဲ" ဟု ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများက ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်ရေး၊ အုပ်ချုပ်ရေး ယန္တရားအသီးသီးရှိ ဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်းမှ တပတ်အတွင်း ထွက်ခွာသွားရန် သတိပေးစာထုတ်ပြန်ခဲ့သည်။

ပုံအညွှန်း- အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှုများနှင့် ယာဉ်မောင်းများ (ဓါတ်ပုံ- Crd)
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12
ရခိုင်ပြည်နယ်မှာတကျော့ပြန်တိုက်ပွဲကြောင့်စစ်ရှောင်သူ ၂ သိန်းနီးပါးအထိထပ်တိုးလာနေပြီး အကူအညီလိုအပ်နေ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ...
https://www.youtube.com/watch?v=QBwvzNhr-jQ
😢6👍3🥰1
​​ကောလင်းမြို့ ပုဂ္ဂလိကဘဏ်များမှ ကျပ်သန်းပေါင်း ၄၄,၀၀၀ကျော်ကို သိမ်းဆည်းထားသည်ဟု ကြားကာလဗဟိုဘဏ်ထုတ်ပြန်
=====================

(မဇ္ဈိမ) ။ ။ NUG အစိုးရ ထိန်းချုပ်ထားသည့် ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များမှ ကျပ်သန်းပေါင်း ၄၄,၀၀၀ ‌ကျော်ကို သိမ်းဆည်းထားသည်ဟု ကြားကာလဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

‌ကောလင်းခရိုင်‌ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များကို လုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ် ထိန်းသိမ်းခဲ့ရာ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၄၄,၅၁၈.၂၉၇ ကို လက်ခံသိမ်းဆည်း ရရှိကြောင်း၊ အချို့သော ပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးစည်းကျိုး ‌ပေါက်၍ ဘဏ်ငွေတိုက်ခန်း (Vault) ကို ဖောက်ထွင်း ဝင်ရောက်ရန် ကြံစည်အားထုတ်ထားသည့် အထောက်အထားများ တွေ့ရှိရပြီး အချိန်မီ ကာကွယ်တားဆီးနိုင်ခဲ့သောကြောင့် ပြည်သူလူထု အပ်နှံငွေများ ဆုံးရှုံးခဲ့ခြင်း မရှိကြောင်း ကြားကာလဗဟိုဘဏ်က ဆိုသည်။

ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် တာဝန်ခံလျက် ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့်ခွဲသွားမည် ဖြစ်‌ကြောင်း ကြားကာလဗဟိုဘဏ်က ထုတ်ပြန်သည်။

ကောလင်းမြို့တွင် KBZ၊ ဧရာ၀တီနှင့် UAB ဘဏ်တို့က ဘဏ်ခွဲများ ဖွင့်လှစ်ထားသည်။ ထို့ပြင် ကောလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂.၃၄၃ အား လက်ခံသိမ်းဆည်းရရှိထား သည်။

ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်တွင် အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် ကောလင်းခရိုင်အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကောလင်းမြို့
#ဘဏ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12
ပညာရည်ချို့တဲ့မှုက ဖိလစ်ပိုင်မှာ HIV ကူးစက်မှု ဆိုးရွားစွာမြင့်တက်စေတဲ့အကြောင်းရင်းဖြစ်န
ပညာရည်ချို့တဲ့မှုက ဖိလစ်ပိုင်မှာ HIV ကူးစက်မှု ဆိုးရွားစွာမြင့်တက်စေတဲ့အကြောင်းရင်းဖြစ်နေ#International#MizzimaTV-----------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FePXVFEJro2I&h=AT1YPMH0C9jzN9bxMixPrKwijFU7zzcZ1-31aNGVktPxnD96PiCqedrqNu0u_6CIa__iLjo9mfmzx_7aMJmTQEINIpy8puSf7ESFTwvBfe4DQhTDhDHwTwpPw-2UqMlA&s=1
အန္တာတိကရေခဲထုအရည်ပျော်ဆင်းမှု ၃ ဆပိုမြန်လာ | VOA On Mizzima
အန္တာတိကနဲ့ ဂရင်းလန်းကျွန်းက ရေခဲမြစ်နဲ့ ရေခဲလွှာတွေရဲ့ အရည်ပျော်မှုနှုန်းဟာ ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FPIFkBilh7Ow&h=AT28JvKoweF3d06-8Gbqeb00mMM86GTqBG03acz5-L0h8PNo4Eg_gVMNrkzlrajE_hAhWfVTxwka0NZQ9lNouCa6miLg0fEXT3R6SuTQjuNCf5QDMcI2n-Ra9-MZBp7j&s=1
ရခိုင်ပြည်နယ်မှာတကျော့ပြန်တိုက်ပွဲကြောင့်စစ်ရှောင်သူ ၂ သိန်းနီးပါးအထိထပ်တိုးလာနေပြီး
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၂၉ ရက်အထိ စစ်ဘေးရှောင်အသစ် ၂ သိန်းနီးပါးအ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQBwvzNhr-jQ&h=AT3rU6yhYwU7GHaerrYDM9XzmwGCmiBrGKN2QIuKICqElRwzGHmc-wUE_hGefCj2jUbKxGxgPccmkzsD5DULmECIZK1bY4ZiPKUTT6sNlrj8hLF3sgOG7Zg0JUuvI2ID&s=1
👍1