ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ စခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်
======================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချတပ်စွဲနေသည့် ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၂၉ ရက် ည ၈ နာရီ အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံက သိရသည်။
“ထွေအုပ်ရုံး နဲ့ သစ်တောရုံး နေရာတွေကို လက်လုပ် ၈၀ မမ ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ၊ လက်နက်ကြီး ၊လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တယ်” ဟု ချင်းတွင်းတိုးနယား သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်စွဲရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး ၊ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို မသိရှိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား နှင့် ဒေသခံ မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့ပေါ်ရှိ ဆေးရုံ ၊ ထွေအုပ်ရုံး၊ သစ်တောရုံး ၊ စာသင်ကျောင်း နှင့် ရဲစခန်းတို့တွင် စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ဖြင့် တပ်ဖြန့်နေရာ ယူထားကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
ယင်းအခြေအနေများကြောင့် ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများနှင့် နီးစပ်သည့် ဒေသခံအချို့ ကြိုတင်စစ်ရှောင်နေရကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံက သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11
နိုင်ငံလိုအပ်ချက်ကြောင့် မဟုတ်ဘဲ အလုပ်မလုပ်၍ ပို့ကုန်နည်းပါးဟု စစ်ကောင်စီခေါင်းဆောင်ပြော
=================
001
(မဇ္စျိမ)။ ။ ကုန်သွယ်မှုမှရရှိသည့် ဝင်ငွေမှာ ပို့ကုန်ထက် သွင်းကုန်ပိုများနေသဖြင့် လိုငွေပြနေပြီး ပို့ကုန်နည်းပါးရခြင်းမှာ နိုင်ငံ၏ လိုအပ်ချက်ကြောင့်မဟုတ်ဘဲ အလုပ်မလုပ်သည့်အတွက်သာ ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် ပြောသည်။
“မိမိတို့နိုင်ငံအနေဖြင့် လုပ်ကိုင်စားသောက်နိုင်မည့် ရေမြေသယံဇာတနှင့် ရာသီဥတုတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း အလုပ်ကို ဖိဖိစီးစီးဆောင်ရွက်မှုမရှိသောကြောင့် ကုန်ထုတ်လုပ်မှုများ အားနည်းခဲ့ခြင်းဖြစ်သည်” ဟု စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများထက် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) နည်းပါးလျက်ရှိသည်ကို တွေ့ရပြီး အလုပ်လုပ်မှ GDP တိုးတက်မည်ဟု ၎င်းက ဆိုသည်။
ကုန်ထုတ်လုပ်မှုများနှင့် ပတ်သက်ပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရတက်လာချိန်တွင် ယခင်က ဆောင်ရွက်ခဲ့သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆက်လက်လည်ပတ်ရန် အားပေးမှုမရှိခြင်း၊ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးခြင်းနှင့် ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်ခဲ့သည့်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းမှုဖြစ်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ကြောင့် ကုန်ထုတ်လုပ်မှုများကို အားပေးရမည်ဖြစ်ပြီး ကောင်စီဝင်များအနေဖြင့်လည်း တာဝန်ယူထားသည့် နယ်မြေဒေသများကို ရောက်ရှိချိန်တွင် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး စွပ်စွဲပြောဆိုမှုများလည်း ထပ်မံပြုလုပ်ခဲ့ကာ စစ်ကောင်စီအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီးလည်း တိုင်းရင်းသားလက်နက်အဖွဲ့အချို့ကို ဝေဖန်ပြောဆိုမှုများလည်း ပြုလုပ်သွားခဲ့သည်ဟု သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကိုအကြောင်းပြုပြီး နောက်ကွယ်တွင် အင်အားစုစည်းတည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင်တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF များကို သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချပေးခြင်းတို့ကို လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက်ရှိသည်ဟု ၎င်းကပြောသည်။
ရက္ခိုင့်တပ်တော်( AA )အနေဖြင့်လည်း သစ္စာမရှိဘဲ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး ကိုးကန့်တပ်မတော် (MNDAA) အဖွဲ့နှင့် ဖြစ်ပွားသည့် ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်းရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ရာတွင် TNLA ၊ KIA ၊ AAအဖွဲ့တို့အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ ဒရုန်းပညာရှင်များ စုပေါင်းအင်အား ၆,၅၀၀ ခန့်ပါဝင်ခဲ့ကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သာလွန်အင်အားများ၊ နည်းပညာသာလွန်မှုအသုံးချ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး Drop Bomb အလုံးပေါင်း ၂၅,၀၀၀ ကျော်၊ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးအလုံး ၁၂၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။
"ဝ"တပ်ဖွဲ့ UWSA ကိုလည်း ၁၉၈၉ ခုနှစ်တွင် ဝဒေသကို အထူးဒေသ(၂)အဖြစ် သတ်မှတ်ပေးခဲ့ပြီး ရိက္ခာဖူလုံမှုမရှိသည့် ဝဒေသအတွက် လိုအပ်သည့် ဆန်များကို စဉ်ဆက်မပြတ်ထောက်ပံ့ခဲ့ရသော်လည်း လွန်ခဲ့သည့် ၁၀ စုနှစ်မှစပြီး ဝဒေသသည် သိသိသာသာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ခေတ်မီမြို့ပြအဆင့်သို့ပင် ရောက်ရှိခဲ့ကာ ထိုသို့တိုးတက်လာမှုနှင့်အတူ ကိုယ်ပိုင်လက်နက်ထုတ်လုပ်မှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။
ထို့အပြင် စစ်ကောင်စီခေါင်းဆောင်က KIA ၊ KNU ၊ MNDAA၊ TNLA ၊ KNPP၊ KNDF စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်ခံရမှုများအပြင် စစ်ကောင်စီအား တိုက်ခိုက်မှုများ၊ လက်နက်ကိစ္စများ၊ PDF များကို သင်တန်းပေးသည့် ကိစ္စတို့နှင့် ပတ်သက်ပြီး ဝေဖန်မှုများပြုလုပ်ခဲ့သကဲ့သို့ ဖမ်းဆီးရမိခဲ့သည့် ကရင်နီပြည်နယ်သို့ ပို့ဆောင်မည့် လက်နက်များမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နယ်မြေမှတဆင့် ရောက်ရှိလာခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

👍9😁7❤2💩2
မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံနေရပြီး တိုက်ပွဲပြင်းထန်
====================
သွင်ထူးဈာန်
ကောသူးလေ(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ၊မြဝတီ- ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရပြီး
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ယမန်နေ့ နိုဝင်ဘာလ ၃၀ရက် ညပိုင်းမှ စတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
အာရှလမ်းမပေါ်ရှိ သင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းအနီး သင်္ချိုင်းကုန်းအနောက်ဖက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့ည ၉နာရီလောက်ကစပြီး လက်နက်ကြီးပစ်သံစကြားရတယ်၊ လက်နက်ငယ်သံတွေရောပေါ့၊ အခုမနက်၁၁နာရီခွဲအထိ ပစ်ခတ်သံတွေ ကြားနေရတယ်၊ အာရှကားလမ်းမကြီးက ပိတ်လိုက်ပြီ၊ မနေ့ညက တိုက်ပွဲစဖြစ်ကတည်းက ပိတ်လိုက်တာ”ဟု သင်္ဃန်းညီနောင်မြို့မှ ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ ခမရ(၂၇၅)နှင့် သင်္ဃန်းညီနောင် ဗျူဟာစခန်းကုန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
“သင်္ဃန်းညီနောင် ဗျူဟာစခန်းကုန်းကလွဲပြီး ကျန်တဲ့တပ်ရင်းတွေမှာ စကစတွေမရှိတော့ဘဲ တပ်ထဲမှာ မိုင်းတွေခင်းထားတယ်၊ သူတို့ တပ်ရင်းအနောက်ကနေ နေရာပြန်ယူပြီး သတ်ကွင်းပြန်ဖော်ထားတာ၊ ကင်းပုန်းတွေလည်းအများကြီးပဲ၊ မြဝတီနဲ့ ကော့ကရိတ်ကို အတိုက်ခံရမယ်ဆိုတာ သူတို့အစောကြီးကတည်းက သတင်းပေါက်ထားတယ်”ဟု စစ်ရေးသတင်း အရင်းအမြစ်တဦးက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့ရှိ ခလရ(၉၇)တပ်ရင်းနှင့် စကခ(၁၃)လက်အောက်ခံ တပ်ရင်းများလည်း တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များအတွင်းသို့ ပစ်ခတ်နေကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အာရှကားလမ်းမကြီး ပိတ်သွားကာ ခရီးသွားပြည်သူအများအပြား ပိတ်မိနေကြောင်း လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#တိုက်ပွဲဖြစ်ပွား

တမူးမြို့နယ်အတွင်း အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေး လှုပ်ရှားမှုပြုလုပ်
=====================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခါမ်းပတ်မြို့၌ အပြည်ပြည် ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းမှုပပျောက်ရေး အထိမ်း အမှတ်အဖြစ် နိုဝင်ဘာလ ၂၈ရက်နေ့ပြုလုပ်ခဲ့ကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့် အရေးအစည်းအရုံး ထံက သိရသည်။
နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ ၁၆ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှုအဖြစ် “အမျိုးသမီးများအပေါ်အကြမ်းမဖက်ဖို့ ဖဲကြိုးဖြူနှင့်ကတိပြုစို့” ဆောင်ပုဒ်ဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ခါမ်းပတ်မြို့နယ်အတွင်း အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေး လက်ကမ်း စာစောင်များဝေငှခြင်း ၊ ဖဲကြိုးဖြူများကိုတပ်ဆင်ပေးခြင်းများနှင့် တပ်ဆင်ရခြင်း အကြောင်းအရင်းများကို ရှင်းပြခြင်းများ အမျိုးသမီးအဖွဲ့ ဝင်များက ပြုလုပ်ခဲ့ကြောင်းသိရသည်။
“ ကျမတို့ ဖဲကြိုးဖြူတပ်ဆင်ပေးတာကို အမျိုးသမီးအများစုနဲ့ အချို့သော အမျိုးသား များကလက်ခံပေမဲ့ တချို့ အမျိုးသားတွေကလက်မခံကြတာကိုတွေ့ရပါတယ်” ဟု ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံး မှ နိမ်ဘွိုင်း က မဇ္စျိမ ကိုပြောသည်။
ဖဲကြိုးဖြူတပ်ဆင်ရခြင်းမှာ အမျိုးသမီးများအပေါ် စိတ်ပိုင်း ၊ရုပ်ပိုင်းနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်းကို မပြုလုပ်တော့ကြောင်းကတိကဝတ်ပြု တပ်ဆင် စေခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုလျော့နည်းလာစေရေးအတွက် ပူးပေါင်း ပါဝင်ကြရန်ဖိတ်ခေါ်ခဲ့ကြောင်းဆိုသည်။
အလားတူ လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၇ရက်နေ့ကလည်း အိန္ဒိယနယ်စပ်ကျေးရွာတစ် ရွာတွင် နေရပ်စွန့်ခွာခဲ့သော အမျိုးသမီးထုနှင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းလှုပ်ရှားမှုအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုလျော့နည်းလာနိုင်စေရန် အမျိုးသမီးများကိုယ်တိုင် ရေငုံနုတ်ပိတ်မနေသင့်ကြောင်းနှင့် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
အမျိုးသမီးငယ်နှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေ့ကြုံလာပါက လုံခြုံအိမ် (Safe House)တွင် လာရောက်ရန် ဝန်ဆောင်မှုပေးနေပြီး ၊ ဆေးဝါးကုသပေးခြင်း ၊ နှစ်သိမ့် ဆွေးနွေးပေးခြင်းများကိုကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးက ပြုလုပ်ပေးနေကြောင်းသိရသည်။
ယခုလတ်တလောအချိန်တွင် တမူးမြို့ခရိုင်အတွင်း တိုက်ပွဲများ နေ့စဥ်မပြတ်ရှိနေ ပြီး ရာသီအကူးအပြောင်းဖြစ်နေသောကြောင့် စစ်ဘေးရှောင်များအတွက် အရေးပေါ် ဆေးဝါးများ ၊ အခြေခံစားသောက်ကုန်များကို လိုအပ်လျက်ရှိပြီး မိဘပြည် သူများအနေဖြင့် ဖြည့်ဆည်းပေးစေလိုကြောင်း နမ်ဘွိုင်း ကပြောကြားခဲ့သည်။
အလားတူ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တမူးခရိုင် မှလည်း “အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွပါဝင်ပံ့ပိုးစို့” ဆောင်ပုဒ်ကိုကိုင်စွဲပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပါဝင်ကာ ဖဲကြိုးဖြူ ကမ့်ပိန်းပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအခြေပြုအကြမ်းဖက်မှုအကြောင်းများ ဟောပြောခဲ့ကြောင်းသိရှိရသည်။
ပုံအညွှန်း - အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေးလှုပ်ရှားမှုများပြုလုပ်နေစဥ်
ဓါတ်ပုံ - ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံး
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အမျိုးသမီး
#ဖဲကြိုးဖြူလှုပ်ရှားမှု

👍5
ရခိုင်ပြည်နယ်မှာတကျော့ပြန်တိုက်ပွဲကြောင့်စစ်ရှောင်သူ ၂ သိန်းနီးပါးအထိထပ်တိုးလာနေပြီး
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၂၉ ရက်အထိ စစ်ဘေးရှောင်အသစ် ၂ သိန်းနီးပါးအ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQBwvzNhr-jQ&h=AT10UQCeWsJ0MInD0U5R6S9vqnMj5gvvQLsHUUgZHw7XiYFqtKdbeMzgwPbhdlR4TAc2m1ojyx6sYZ3qRl5H1miziwOPMoAjdnjQaSe-KCq6UPtoYXtVGCxQ-_p7AHUd&s=1

အိန္ဒိယမှာ အကျဉ်းသားအမျိုးသမီးတွေရဲ့ အခက်အခဲကို လူ့အခွင့်အရေးရှေ့နေက မီးမှောင်းထိုးပြ
အိန္ဒိယမှာ အကျဉ်းသားအမျိုးသမီးတွေရဲ့ အခက်အခဲကို လူ့အခွင့်အရေးရှေ့နေက မီးမှောင်းထိုးပြ#International#MizzimaTV-----------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsnZb-PycKzU&h=AT2QjiJt1W7nsTEi255lHLknb59saK8U3Qb59G9k9GZfx_YuGY__tnuU6cZZRZzbEIav_XT4uNbspEcQdghTxG5mKlwuOucEg30EBqR1Gxs75rxWcQhzxo_4LTI-YLFU&s=1

👍1
Ukelele သံပြိုင်တီးတဲ့ သြစတြေးလတြးလျ သက်ကြီးပိုင်းအုပ်စု | VOA On Mizzima
သြစတေးလျနိုင်ငံမှာ ဂီတကို နားဆင်ရတာကြိုက်နှစ်သက်သူတွေ အများကြီးရှိပေမယ့် အဲဒီထဲမှာ လူအနည်းစုလောက်ကပဲ ဂီတ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F5KntPh2h8X8&h=AT0ij_HL0Lg0sLQSbhonTQ9EuMnRXL3cU5tavGI_grykLG-y1wVR-m8XNZdR8mh-L_ReEMyokgugOUcOZtqStcXzGgfUJB-rd5Am-3hXNI3h-YXWxU18kcGI7SyILgQr&s=1

👍3
နိုင်ငံလိုအပ်ချက်ကြောင့် မဟုတ်ဘဲ အလုပ်မလုပ်၍ ပို့ကုန်နည်းပါးဟု စစ်ကောင်စီခေါင်းဆောင်ပြ
ကုန်သွယ်မှုမှရရှိသည့် ဝင်ငွေမှာ ပို့ကုန်ထက် သွင်းကုန်ပိုများနေသဖြင့် လိုငွေပြနေပြီး ပို့ကုန်နည်းပါးရခြင....
https://bit.ly/4aciiqe

👍2
မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံနေရပြီး တိုက်ပွဲပြင
ကရင်ပြည်နယ် ၊မြဝတီ- ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်န.....
https://bit.ly/3uGfq4J

- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FjhIfvTAWLag&h=AT1XkbbBpKRpoffmqNlkbKZO5_CohWue-cVzsHyQs9h-S8YV56XOG4CIfNb0Yj4HFU8C9DmpFjwsjG3292bKSGoUgJcg1H4vLN58j6qZTWsA7OEHgkOcrMgp04Rx4cPc&s=1

China says Taiwan's Democratic Progressive Party is 'doomed to fail'
China on Thursday responded to comments by Taiwan President Tsai Ing-wen saying that China is not likely to consider a major ...
https://www.youtube.com/watch?v=RBtupDIW6js

YouTube
China says Taiwan's Democratic Progressive Party is 'doomed to fail'
China on Thursday responded to comments by Taiwan President Tsai Ing-wen saying that China is not likely to consider a major invasion of the island for now due to domestic challenges.
"As Taiwan is an inseparable part of China's territory, there is no President…
"As Taiwan is an inseparable part of China's territory, there is no President…
အိန္ဒိယမှာ အကျဉ်းသားအမျိုးသမီးတွေရဲ့ အခက်အခဲကို လူ့အခွင့်အရေးရှေ့နေက မီးမှောင်းထိုးပြ
အိန္ဒိယမှာ အကျဉ်းသားအမျိုးသမီးတွေရဲ့ အခက်အခဲကို ...
https://www.youtube.com/watch?v=2Ehvd4J3vks

#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

https://www.youtube.com/watch?v=snZb-PycKzU

#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ ...
https://www.youtube.com/watch?v=ca04f5FvFdE
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ ...
https://www.youtube.com/watch?v=ca04f5FvFdE
YouTube
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့…
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့…
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ ...
https://www.youtube.com/watch?v=jhIfvTAWLag
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ ...
https://www.youtube.com/watch?v=jhIfvTAWLag
YouTube
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…