Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တမူးမြို့နယ်အတွင်း အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေး လှုပ်ရှားမှုပြုလုပ်
=====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခါမ်းပတ်မြို့၌ အပြည်ပြည် ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းမှုပပျောက်ရေး အထိမ်း အမှတ်အဖြစ် နိုဝင်ဘာလ ၂၈ရက်နေ့ပြုလုပ်ခဲ့ကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့် အရေးအစည်းအရုံး ထံက သိရသည်။

နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ ၁၆ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှုအဖြစ် “အမျိုးသမီးများအပေါ်အကြမ်းမဖက်ဖို့ ဖဲကြိုးဖြူနှင့်ကတိပြုစို့” ဆောင်ပုဒ်ဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ခါမ်းပတ်မြို့နယ်အတွင်း အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေး လက်ကမ်း စာစောင်များဝေငှခြင်း ၊ ဖဲကြိုးဖြူများကိုတပ်ဆင်ပေးခြင်းများနှင့် တပ်ဆင်ရခြင်း အကြောင်းအရင်းများကို ရှင်းပြခြင်းများ အမျိုးသမီးအဖွဲ့ ဝင်များက ပြုလုပ်ခဲ့ကြောင်းသိရသည်။
“ ကျမတို့ ဖဲကြိုးဖြူတပ်ဆင်ပေးတာကို အမျိုးသမီးအများစုနဲ့ အချို့သော အမျိုးသား များကလက်ခံပေမဲ့ တချို့ အမျိုးသားတွေကလက်မခံကြတာကိုတွေ့ရပါတယ်” ဟု ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံး မှ နိမ်ဘွိုင်း က မဇ္စျိမ ကိုပြောသည်။

ဖဲကြိုးဖြူတပ်ဆင်ရခြင်းမှာ အမျိုးသမီးများအပေါ် စိတ်ပိုင်း ၊ရုပ်ပိုင်းနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်းကို မပြုလုပ်တော့ကြောင်းကတိကဝတ်ပြု တပ်ဆင် စေခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုလျော့နည်းလာစေရေးအတွက် ပူးပေါင်း ပါဝင်ကြရန်ဖိတ်ခေါ်ခဲ့ကြောင်းဆိုသည်။

အလားတူ လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၇ရက်နေ့ကလည်း အိန္ဒိယနယ်စပ်ကျေးရွာတစ် ရွာတွင် နေရပ်စွန့်ခွာခဲ့သော အမျိုးသမီးထုနှင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းလှုပ်ရှားမှုအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုလျော့နည်းလာနိုင်စေရန် အမျိုးသမီးများကိုယ်တိုင် ရေငုံနုတ်ပိတ်မနေသင့်ကြောင်းနှင့် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

အမျိုးသမီးငယ်နှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေ့ကြုံလာပါက လုံခြုံအိမ် (Safe House)တွင် လာရောက်ရန် ဝန်ဆောင်မှုပေးနေပြီး ၊ ဆေးဝါးကုသပေးခြင်း ၊ နှစ်သိမ့် ဆွေးနွေးပေးခြင်းများကိုကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးက ပြုလုပ်ပေးနေကြောင်းသိရသည်။

ယခုလတ်တလောအချိန်တွင် တမူးမြို့ခရိုင်အတွင်း တိုက်ပွဲများ နေ့စဥ်မပြတ်ရှိနေ ပြီး ရာသီအကူးအပြောင်းဖြစ်နေသောကြောင့် စစ်ဘေးရှောင်များအတွက် အရေးပေါ် ဆေးဝါးများ ၊ အခြေခံစားသောက်ကုန်များကို လိုအပ်လျက်ရှိပြီး မိဘပြည် သူများအနေဖြင့် ဖြည့်ဆည်းပေးစေလိုကြောင်း နမ်ဘွိုင်း ကပြောကြားခဲ့သည်။

အလားတူ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တမူးခရိုင် မှလည်း “အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွပါဝင်ပံ့ပိုးစို့” ဆောင်ပုဒ်ကိုကိုင်စွဲပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပါဝင်ကာ ဖဲကြိုးဖြူ ကမ့်ပိန်းပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအခြေပြုအကြမ်းဖက်မှုအကြောင်းများ ဟောပြောခဲ့ကြောင်းသိရှိရသည်။

ပုံအညွှန်း - အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေးလှုပ်ရှားမှုများပြုလုပ်နေစဥ်
ဓါတ်ပုံ - ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံး
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အမျိုးသမီး
#ဖဲကြိုးဖြူလှုပ်ရှားမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5
ရခိုင်ပြည်နယ်မှာတကျော့ပြန်တိုက်ပွဲကြောင့်စစ်ရှောင်သူ ၂ သိန်းနီးပါးအထိထပ်တိုးလာနေပြီး
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၂၉ ရက်အထိ စစ်ဘေးရှောင်အသစ် ၂ သိန်းနီးပါးအ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQBwvzNhr-jQ&h=AT10UQCeWsJ0MInD0U5R6S9vqnMj5gvvQLsHUUgZHw7XiYFqtKdbeMzgwPbhdlR4TAc2m1ojyx6sYZ3qRl5H1miziwOPMoAjdnjQaSe-KCq6UPtoYXtVGCxQ-_p7AHUd&s=1
အိန္ဒိယမှာ အကျဉ်းသားအမျိုးသမီးတွေရဲ့ အခက်အခဲကို လူ့အခွင့်အရေးရှေ့နေက မီးမှောင်းထိုးပြ
အိန္ဒိယမှာ အကျဉ်းသားအမျိုးသမီးတွေရဲ့ အခက်အခဲကို လူ့အခွင့်အရေးရှေ့နေက မီးမှောင်းထိုးပြ#International#MizzimaTV-----------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FsnZb-PycKzU&h=AT2QjiJt1W7nsTEi255lHLknb59saK8U3Qb59G9k9GZfx_YuGY__tnuU6cZZRZzbEIav_XT4uNbspEcQdghTxG5mKlwuOucEg30EBqR1Gxs75rxWcQhzxo_4LTI-YLFU&s=1
👍1
Ukelele သံပြိုင်တီးတဲ့ သြစတြေးလတြးလျ သက်ကြီးပိုင်းအုပ်စု | VOA On Mizzima
သြစတေးလျနိုင်ငံမှာ ဂီတကို နားဆင်ရတာကြိုက်နှစ်သက်သူတွေ အများကြီးရှိပေမယ့် အဲဒီထဲမှာ လူအနည်းစုလောက်ကပဲ ဂီတ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F5KntPh2h8X8&h=AT0ij_HL0Lg0sLQSbhonTQ9EuMnRXL3cU5tavGI_grykLG-y1wVR-m8XNZdR8mh-L_ReEMyokgugOUcOZtqStcXzGgfUJB-rd5Am-3hXNI3h-YXWxU18kcGI7SyILgQr&s=1
👍3
နိုင်ငံလိုအပ်ချက်ကြောင့် မဟုတ်ဘဲ အလုပ်မလုပ်၍ ပို့ကုန်နည်းပါးဟု စစ်ကောင်စီခေါင်းဆောင်ပြ
ကုန်သွယ်မှုမှရရှိသည့် ဝင်ငွေမှာ ပို့ကုန်ထက် သွင်းကုန်ပိုများနေသဖြင့် လိုငွေပြနေပြီး ပို့ကုန်နည်းပါးရခြင....
https://bit.ly/4aciiqe
👍2
မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံနေရပြီး တိုက်ပွဲပြင
ကရင်ပြည်နယ် ၊မြဝတီ- ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်န.....
https://bit.ly/3uGfq4J
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FjhIfvTAWLag&h=AT1XkbbBpKRpoffmqNlkbKZO5_CohWue-cVzsHyQs9h-S8YV56XOG4CIfNb0Yj4HFU8C9DmpFjwsjG3292bKSGoUgJcg1H4vLN58j6qZTWsA7OEHgkOcrMgp04Rx4cPc&s=1
👍2
​​ကမ္ဘာ့ကုန်သွယ်ရေးတွင် ထောက်ပံ့ရေး အဓိက ပြိုင်ဘက် အမေရိကန်နှင့် တရုတ်
===================

China
အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု စနစ်တွင် သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍများ၌ ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်များကို ခံနိုင်ရည်ရှိပြီး ရေရှည် တည်တံ့အောင် တည်ဆောက်ထားကြပြီး အခိုင်အမာ ရပ်တည်နိုင်ရန် အဓိက ပြိုင်ဆိုင်နေကြသည်။

တရုတ်မှ Tesla၊ Apple၊ Intel နှင့် Qualcomm တို့ကဲ့သို့ အမေရိကန် နည်းပညာကုမ္ပဏီကြီးများ ပါဝင်သည့် ၎င်း၏ ပထမဆုံးသော နိုင်ငံတကာ ကုန်စည်ပြပွဲ မစတင်မီ နာရီပိုင်းအလိုတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က “ခံနိုင်ရည်ရှိသော ထောက်ပံ့ရေး ကွင်းဆက်များ ကောင်စီ” အစည်းအဝေးကို နိုဝင်ဘာ ၂၇ တွင် ခေါ်ယူခဲ့သည်။
"အမေရိကန်၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးသော ထောက်ပံ့ရေး ကွင်းဆက်များကို ခိုင်မာစေရန်" လုပ်ဆောင်ချက်အသစ် ၃၀ ကို သမ္မတ ဘိုင်ဒင်က ကြေညာခဲ့သည် ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သည်။

ယင်းအစီအမံများမှာ ပြည်တွင်းတွင် မရှိမဖြစ် လိုအပ်သော ဆေးဝါးများထုတ်လုပ်မှုကို အားပေးရန်နှင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များတွင်"အန္တရာယ်များသော နိုင်ငံခြားထောက်ပံ့ရေးပစ္စည်းများ" အပေါ် မှီခိုမှုကို ဖြတ်တောက်ရန် ရည်ရွယ်သည်။ အမေရိကန်တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားခဲ့သော စိုးရိမ်ပူပန်မှုများကို သမ္မတဘိုင်ဒင်က သတိပေးသည်။

ရင်းနှီးမြှုပ်နှံမှု အသစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ ထောက်ပံ့ ရန် အကဲဖြတ်ခြင်း နှင့် ဖက်ဒရယ် အဖွဲ့အစည်းများကြား ပိုမိုထိရောက်စွာ အချက်အလက် မျှဝေနိုင်သည့် ထောက်ပံ့ရေး ကွင်းဆက်များကို စောင့်ကြည့်ရန် ကိရိယာများ ထုတ်လုပ်မှု လည်း ပါဝင်သည်။

ထို့ကြောင့် အမေရိကန် သည် အင်ဒို-ပစိဖိတ်စီးပွားရေး မူဘောင်ကဲ့သို့ အစပျိုးမှုမှ တဆင့် သတ္တုတွင်းထွက်များ ကဲ့သို့သော အဓိကကဏ္ဍများတွင် တရုတ်၏ လွှမ်းမိုး သက်ရောက်မှုကို လျှော့ချရန် မဟာမိတ်များနှင့် မိတ်ဖက်များကို ရှာဖွေခဲ့သည်။
ယင်းမူဘောင်အရ အချက်အလက် ကာကွယ်မှုမှ ကာဗွန်ထုတ်လွှတ်မှုအထိ နည်းဥပဒေများ ချမှတ်ရန် ကြိုးပမ်းနေပြီး ၎င်းတွင် ကမ္ဘာ့ GDP ၏ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော အာရှ-ပစိဖိတ်နိုင်ငံ ၁၄ နိုင်ငံ ပါဝင်သည်။

နိုဝင်ဘာလ အစောပိုင်းက ဆန်ဖရန်စစ္စကိုတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တက်ရောက်ခဲ့သော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် ကုန်သွယ်ရေး သဘောတူညီချက် မရယူနိုင်ခဲ့ခြင်းသည် စိတ်ဝင်စားဖွယ် ကိစ္စရပ် တခု ဖြစ်ခဲ့သည်။

သမ္မတ ဘိုင်ဒင် နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်များသည် အမေရိကန်၏ ထောက်ပံ့ရေး ကွင်းဆက်များကို ခိုင်ခံ့စေရန်နှင့် တရုတ်အပေါ် အားကိုးမှုနည်းပါးစေရန် ကတိကဝတ်များကို အကောင်အထည်ဖော်ခြင်းဖြင့် ၂၀၂၄ ရွေးကောက်ပွဲတွင် ထောက်ခံမှုရရန် စိတ်အား ထက်သန်နေကြသည်။ ၎င်း၏ သမ္မတသက်တမ်းအတွင်း စီးပွားရေး ကဏ္ဍ အသီးသီးတွင် အမေရိကန် ထုတ်ကုန်များကို ပိုမိုနေရာပေးရန် ကြိုးစားခဲ့သည်။

တရုတ်မှ တင်သွင်းသော အမေရိကန် ကုန်ပစ္စည်း ပမာဏ သိသိသာသာ ကျဆင်းသွားသော်လည်း၊ အမေရိကန် ထောက်ပံ့ရေး ကွင်းဆက်များသည် မကြာသေးမီက တရုတ်နှင့် စီးပွားရေး ဆက်ဆံမှု ပိုမို နက်ရှိုင်းလာသော မက္ကဆီကို ကဲ့သို့ ပြင်ပနိုင်ငံများမှတဆင့် အမေရိကန်သို့ သွယ်ဝိုက် ချိတ်ဆက်မှု ရှိနေသေးသည်။

တရုတ်၏ ထောက်ပံ့ရေး ကွင်းဆက် ကုန်စည်ပြပွဲ သည် နိုဝင်ဘာ ၂၈ မှ ဒီဇင်ဘာ ၂ အထိ နိုင်ငံနှင့် ဒေသပေါင်း ၅၅ ခုမှ ကုမ္ပဏီပေါင်း ၅၁၅ ခုကို လက်ခံကျင်းပမည်ဖြစ်သည်။ ယင်းပြပွဲ တွင် စာရင်းသွင်း ပါဝင်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၏ ၂၅ ရာခိုင်နှုန်းသည် အမေရိကန်မှ ဖြစ်သည် ဟု နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ဆိုင်ရာ တရုတ်ကောင်စီက ထုတ်ပြန်သည်။

တရုတ်ကုန်စည်ပြပွဲသည် “ ၎င်း၏ ရိုးသားမှု ကို ဖော်ထုတ်ပြရန် နှင့် တာဝန်ယူမှု အတွက် အဆင်သင့် ဖြစ်သည်ကို သက်သေပြနိုင်သော အဓိက နိုင်ငံ တခု” ဖြစ်ကြောင်း ကောင်စီက မှတ်ချက်ပေး ပြောကြားပြီး ကမ္ဘာ့ စီးပွားရေးသည် “တန်ပြန်စိန်ခေါ်မှုများ” နှင့် ရင်ဆိုင်နေရကြောင်းလည်း ထည့်သွင်းပြောကြားသည်။

တရုတ်အပေါ် “တဖက်သတ် ပိတ်ဆို့အရေးယူမှုများ၊ စီးပွားရေးအရ အကျပ်ကိုင်မှု၊ ခွဲထုတ်ခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် ဖြတ်တောက်မှု” များ အကြောင်းကို အောက်တိုဘာ တွင် ပြုလုပ်သော ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် ခါးပါတ်လမ်းစီမံကိန်း အစပြုမှု ၏ ၁၀ နှစ်မြောက် နှီးနှောဖလှယ်ပွဲ၌ ရှီက သတိပေးပြောကြားသည်။

အမေရိကန်သည် ယမန်နှစ် ကတည်းက တရုတ်၏ အဆင့်မြင့်နည်းပညာများ တင်ပို့မှု အပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့ပြီး တရုတ်ဗဟိုပြု ကုန်သွယ်ရေး ကွန်ရက်အတွင်း လမ်းကြောင်းများ ဝင်ရောက်မှုကို တားဆီးရန် ရည်ရွယ်သည်။
👍7
မင်းကင်းမြို့ အင်ကြင်းတောင်ရွာ ပင်မစခန်းကုန်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
👍5
မင်းကင်းမြို့ အင်ကြင်းတောင်ရွာ ပင်မစခန်းကုန်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ၊ အနောက်ခြမ်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များပူးပေါင်းတပ်စွဲနေသည့် ပင်မစခန်းကုန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၂၇ ရက် နံနက် ၄ နာရီ အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Student’s Revolutionary Force (SRF) တပ်ဖွဲ့ထံမှ သိရပါသည်။
အဆိုပါ စစ်ကောင်စီတပ် စခန်းကုန်းကို လေးနာရီအကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာဖြစ်ကြောင်း SRF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

“ ကတုပ်ကျင်းတွေ ၊ ဘန်ကာတွေနဲ့ ကျကျနန တည်ဆောက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပင်မစခန်းကုန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲကြာချိန် လေးနာရီခန့်မှာ စခန်းကို သိမ်းနိုင်ခဲ့တာဖြစ်ပြီး၊ ရန်သူ့တပ်ရဲ့ စစ်ကူများ ရောက်ရှိလာတဲ့အတွက် စခန်းကို ဖျက်ဆီးပြီး စနစ်တကျ ဆုတ်ခွာခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ဗိုလ် တဦး ၊ ရဲတပ်သား လေးဦး နှင့် ပြည်သူ့စစ် အဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ၊ SRF တပ်ဖွဲ့မှ ရဲဘော် တဦး ကျဆုံးကာ ရဲမေ တဦးနှင့် ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ဒုတိယ အကြိမ်စခန်းကုန်းကို သိမ်းနိုင်ခဲ့တာ ရန်သူကို လျှော့မတွက်ခဲ့တာ ကြောင့်ဖြစ်တယ်။ ပထမအကြိမ် သိမ်းပိုက်ခဲ့တာမျိုးနဲ့ အများကြီးကွာနေတာ ဖြစ်ပါတယ်။ ရန်သူ့တပ်က စစ်အင်အား ဖြည့်တင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်သားတွေ ပူးပေါင်းတပ်စွဲနေတာဖြစ်တယ်။ ပထအကြိမ် တုန်းကလိုမျိုး ရန်သူက ပျူစောထီးအဆင့်ရှိသူတွေ မဟုတ်ဘူး ၊ ဒါကြောင့် ရန်သူကို လျှော့မတွက်ဘဲ ကြိုးစားပြင်ဆင်ခဲ့ရတယ်” ဟု SRF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ MA10လောင်ချာ တလက်၊ MA5ပစ္စတို တလက်၊ .30Carbineကျည် ၁၄၇တောင့်၊ 5.56 ကပစကျည် ၁၉၉တောင့်၊ RPG ကျည် ၁၁ ဖူး၊ 14မိုင်း နှစ်လုံး၊ 40mmဗုံးသီး ငါးလုံး၊ MG1လက်ပစ်ဗုံး တလုံး နှင့် Drone Jammerစက် တလုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ်တွင် စစ်ရေးအရှိန်မြင့်လာသည့် အလားအလာများ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများနှင့် နီးစပ်သည့်နေရာများမှ သတိထားရှောင်ကျဥ်ကြရန် SRF တပ်ဖွဲ့မှ တိုက်တွန်းထားကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်းကင်းမြို့နယ်
#SRF
#အင်ကြင်းတောင်ရွာ
#သိမ်းပိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤1
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ #International#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FjhIfvTAWLag&h=AT3WtGj9x1QgmtAdopdSRoo9xuScVeczd6XS0sRB39kJQNXPng7z3nBVl8ppgt_IDP9wTHQEkN_fhaL3XCC9c93Iws9U5mOiAy9d7ROLDVkOVN6X9ozxXl7PRyb1yuEz&s=1
👍1
ဒီဇင်ဘာလ (၁) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58-ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ပြည်ပဒရုန်းပညာရှင်တွေပါဝင်နေတယ်လို့ စစ်ကောင်စီပြောတဲ့သတင်း04:26-ပြည်ပ ဒရုန်းပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FNLSuT3tRTD8&h=AT0w5pKeAWiacf7qIxw4Ej9YuC7VjoAoloGcyfi3b4cys-JaYPMvTW8FzL1iZKG4BZwPGUJ3UdBFD3JbZQksRIIZi_35uVIiNwpDGdaw2DiEXFBHJPP5l4fCNkEJseUr&s=1
ကမ္ဘာ့ကုန်သွယ်ရေးတွင် ထောက်ပံ့ရေး အဓိက ပြိုင်ဘက် အမေရိကန်နှင့် တရုတ်
အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု စနစ်တွင် သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍများ၌ ၎င်းတို့....
https://ift.tt/fRezT6r
❤3