ဒီဇင်ဘာလ ၁ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:57-တရုတ်ခရီးသွားများကို ဆွဲဆောင်ရန် စစ်ကောင်စီလက်အောက်ခံ ဟိုတယ်/ခရီး ပြင်ဆင်နေတဲ့သတင်း04:07-ထိုင်းမှာ MOU အလုပ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FlUcr_G2j6bY&h=AT1ZzPmDSZQ_-jLIQIQUjvB2L1ulpWO4D_3nRenRKqRKCgZm3OYU4g_Ipoei_shmCnwSD_yVAWkpjxuUS7cA9dy38GBnaVGJdN0F3ppYqK8Tw0cGQxmzgM1DSBG6C-ra&s=1

👍2🔥1
ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဌာနမှူး နေအိမ်ကို CGF ဗုံးပစ်တိုက်ခိုက်
008(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဌာနမှူး ဒေါ်နိုင်နိုင်မော်၏ နေအိမ်ကို ယနေ့ဒီဇ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FwigG35gbwpw&h=AT3hHGfZvwarhzt0rJZFzEu6dvcekvR1BdiBUteJh-Yl70P3CfndO3Vdmwx6-6YRSKlJmhH60ZfEDqSJ0McGKbd3ecH4SLf8-tY1JLdDqZ4D8vdF9f-F0iduzp_rK3BT&s=1

👍6😁1
December - 1 [4 Pm] Mizzima News Hour
December - 1 [4 Pm] Mizzima News Hour Mizzima Headline News #4pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=-A3B3aIbBeQ

YouTube
December - 1 [4 Pm] Mizzima News Hour
December - 1 [4 Pm] Mizzima News Hour
Mizzima Headline News
#4pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍1🔥1
ဒီဇင်ဘာလ ၁ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:57-တရုတ်ခရီးသွားများကို ဆွဲဆောင်ရန် စစ်ကောင်စီလက်အောက်ခံ ...
https://www.youtube.com/watch?v=lUcr_G2j6bY

00:57-တရုတ်ခရီးသွားများကို ဆွဲဆောင်ရန် စစ်ကောင်စီလက်အောက်ခံ ဟိုတယ်/ခရီး ပြင်ဆင်နေတဲ့သတင်း
04:07-ထိုင်းမှာ MOU အလုပ်သမားတွေရော တရားမဝင်လာရောက်တဲ့ မြန်မာတွေလုပ်သားတွေပါ အခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့သတင်း
09:05-နီပေါမှာပထမဆုံးအဖြစ် လိင်တူလက်ထပ်ထိမ်းမြားခွင့်ရရှိတဲ့သတင်း…
04:07-ထိုင်းမှာ MOU အလုပ်သမားတွေရော တရားမဝင်လာရောက်တဲ့ မြန်မာတွေလုပ်သားတွေပါ အခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့သတင်း
09:05-နီပေါမှာပထမဆုံးအဖြစ် လိင်တူလက်ထပ်ထိမ်းမြားခွင့်ရရှိတဲ့သတင်း…
👍2🔥1
ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဌာနမှူး နေအိမ်ကို CGF ဗုံးပစ်တိုက်ခိုက်
008(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ...
https://www.youtube.com/watch?v=wigG35gbwpw

008(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဌာနမှူး ဒေါ်နိုင်နိုင်မော်၏ နေအိမ်ကို ယနေ့ဒီဇင်ဘာလ ၁ရက် မွန်းလွဲ ၁နာရီခန့်က ဗုံးပစ်တိုက်ခိုက် သတိပေးခဲ့ကြောင်း Chauk Guerrilla Force(CGF)အဖွဲ့ တာဝန်ရှိသူက ပြောသည်။
မြို့နယ်စည်ပင်သာယာရ…
မြို့နယ်စည်ပင်သာယာရ…
👍5😁1
မြောက်ဥက္ကလာ အ.ထ.က (၃)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အ.ထ.က (၃) စာသင်ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့(၂)က မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား ယမန်နေ့ နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီက ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင် ပကဖ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
“အားပြင်းတဲ့မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ လမ်းကြောင်းမရှင်းလို့ မြေပြင်မဆင်းတော့ ထိခိုက်မှုနောက်ဆုံးအခြေအနေ မသိရသေးပါ။ သူတို့က ညပိုင်းဆို ကျောင်းကို အင်အားနဲ့ဝင်လာတယ်၊ မနက်ဆိုရင်တော့ ကင်းလောက်ပဲထားပြီး ပြန်ထွက်တယ်။ တပ်စွဲတာ နှစ်ပတ်လောက်ရှိပြီ။” ဟူ၍ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့(၂) ၏ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။
ယမန်နေ့က ပေါက်ကွဲမှုနှင့် ပတ်သက်၍လည်း “မနေ့ကပေါက်တဲ့အသံ နှစ်ချက်လောက်ကြားတယ်။ ပြင်းအားက အနီးနားက အိမ်ကိုတောင် သစ်သားစတွေစင်တယ်။” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။
မြောက်ဥက္ကလာပမြို့နယ်ထဲတွင် ယခုကဲ့သို့ စစ်ကောင်စီတပ်များ တပ်စွဲထားသော ကျောင်းများရှိသေးပြီး အ.ထ.က (၁) ကျောင်းတွင် စစ်တပ်မှ အထိုင်ချထားကာ ဆေးတက္ကသိုလ် (၂) တွင်တော့ ဗျူဟာမှူးကိုယ်တိုင် ရှိနေကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့(၂) ၏ ပြောပြချက်အရ သိရသည်။
အလားတူ ရန်ကုန်ရှိ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ ၊ လှိုင်သာယာ၊ လှိုင် နှင့် အခြားသောမြို့နယ်များတွင် နိုဝင်ဘာလအတွင်းမှ စတင်ကာ စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ခြင်းနှင့် တပ်စွဲထားခြင်းတို့ရှိကြောင်း ဒေသခံများထံကတဆင့် သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြောက်ဥက္ကလာပ
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပုံအညွှန်း - မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော အ.ထ.က ၃ ကျောင်း (ပုံဟောင်း)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍16👏4❤2😁1
ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်၊ အဆောက်အအုံ ၆၀ကျော်ပျက်စီး
🤬7❤1🔥1

==================
ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ် ၊ မတူပီခရိုင် ၊ ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၆၀ကျော် ပျက်စီးသွားကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီထံက သိရသည်။
“လူနေအိမ် ၁၀ လုံးက လုံးလုံးပျက်စီးတယ်။ ဘာသာရေးအဆောက်အအုံ တလုံးလည်း လုံးလုံးပျက်စီးတယ်။ ဘုရားကျောင်းတကျောင်းက မှန်တွေနဲ့ မျက်နှာကျက်တွေပျက်စီးတယ်။ အခြားဘာသာရေးအဆောက်အုံ သုံးလုံးက အမိုး၊ ပြတင်းပေါက်မှန်၊ မျက်နှာကျက်တွေ တော်တော်ပျက်စီးသွားပါတယ်” ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
ထို့အပြင် ပြည်သူ့အဆောက်အအုံများဖြစ်သော ရေဇွာမြို့ တိုက်နယ်ဆေးရုံ၊ ကုတင် ၁၀၀ဆံ့ဆေးရုံ၊ မြန်မာ့စီးပွားရေးဘဏ်၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းဆောင် နှစ်ဆောင် နှင့် လူနေအိမ် ၄၀ကျော်သည် အမိုးအကာများ၊ မျက်နှာကျက်များ ထိမှန်ပျက်စီးသွားသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီထံက သိရသည်။
ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် တပ်စခန်းအသိမ်းမခံရရေးအတွက် နိုဝင်ဘာ ၂၈နှင့် ၂၉ရက်များတွင် လေကြောင်းမှ အကြိမ် ၂၀ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF -Zotung ထံက သိရသည်။
“CDF-Zotung က ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ပြီးမှသာ နေရပ်ပြန်နိုင်မှာပါ တိုက်လေယာဉ် လာမှာကိုလည်း စိုးရိမ်မကင်းဖြစ်နေကြပါသေးတယ်။ ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးဘူး။ အများစုကနီးစပ်ရာရွာတွေမှာလည်းရှိကြပြီ။ အချို့ဆို မီဇိုရမ်နဲ့ အခြားကျေးရွာတွေမှာ နေထိုင်သူတွေလည်းရှိပါတယ် ” ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္စျိမအား ဆက်လက်ပြောသည်။
ရေရွာမြို့နေဒေသခံများသည် ၂၀၂၁ခုနှစ်က ရေရွာမြို့ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားနေစဥ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ထိုအချိန်မှစ၍ ယနေ့ထိ နေရပ်မပြန်နိုင်သူများနှင့် ယခုရေရွာမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဒေသခံ ဦးရေ ၂,၀၀၀ကျော်အတွက် ပြန်လည်နေရာ ချထားရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ် ကောင်စီက ဆိုသည်။
ရေဇွာမြို့ စစ်တပ်စခန်းကို “ZZLMSစစ်ဆင်ရေး” အဖွဲ့ဝင်များဖြစ်သော CDF – Zotung ၊ CDF – Zophei ၊ CDF – Lautu ၊ CDF – Mara ၊ CDF – Senthang တပ်ဖွဲ့များနှင့်အတူ ချင်းအမျိုးသားတပ်မတော်(CNA) နှင့် CDF – Matu (တပ်ရင်း-၂)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၃၀ကျော်အရှင်ဖမ်းမိခဲ့ကာ တပ်စခန်းရှိ လက်နက်ခဲယမ်းများ အကုန်သိမ်းဆည်းရရှိခဲ့သည်အပြင် စစ်ဆင်ရေးအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့မှ CDF – Zotung ၊CDF – Mara ၊ CDF – Lautu နှင့် CNA မှ ရဲဘော်တဦးစီ စုစုပေါင်း လေးဦးကျဆုံးကာ ငါးဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါဒါမြို့ကို နိုဝင်ဘာလ ၁၃ရက် နှင့် မတူပီမြို့နယ် လိုင်လင်းပီမြို့ကို နိုဝင်ဘာ၂၄ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင် ရေဇွာမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ပုံအညွှန်း ။ ။ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ရေဇွာမြို့ မြင်းကွင်း
ဓာတ်ပုံ- ဇိုတုန်ဖက်ဒရယ်ကောင်စီ
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရေဇွာမြို့သိမ်းတိုက်ပွဲ
------------------------

Facebook
#mizzima – Explore
explore #mizzima at Facebook
👍10🤬5😱2🔥1
တောင်ငူမြို့အနီး အင်အားအနည်းငယ်အဆင့်ငလျင်လှုပ်
===================
ရောင်နီ
(မဇ္စျိမ)။ ။ ပဲခူးတိုင်း၊ တောင်ငူမြို့အနီးကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၃ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်မြေငလျင်လှုပ်ရှားသွားကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတင်းထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၇ မိနစ်အချိန်တွင် တောင်ငူမြို့၏ မြောက် - အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဟု မိုးဇလက ထုတ်ပြန်ထားသည်။
" အသံကြားပြီး မြေကြီးတုန်သွားတာ။ နှစ်ကြိမ်။ ဗုံးလို့ထင်လိုက်သေးတာ။ ပြီးမှ ငလျင်လှုပ်မှန်း သိတယ်” ဟု တောင်ငူမြို့ပေါ်နေဒေသခံတဦးက ပြောသည်။
ငလျင်လှုပ်ရှားမှုကို တောင်ငူမြို့နှင့် အနီးတဝိုက်နေရာများတွင် သိသာစွာခံစားလိုက်ရပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း ဒေသခံများထံမှ သိရ ပြောသည်။
ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းနှင့် ပဲခူတိုင်း၊ ဧရာဝတီတိုင်းတို့တွင် မြေငလျင်လှုပ်ရှားမှု မကြာခဏ ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ ညကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၌ အင်အားရစ်(ခ်)တာစကေး ၄ဒသမ ၃အဆင့်ရှိမြေငလျင်လှုပ်ရှားခဲ့သည်။
စာတည်း - အေးချမ်း
#Mizzima
#တောင်ငူမြို့
#မြေငလျင်လှုပ်ရှား
#ထိခိုက်မှုမရှိ
ပုံအညွှန်း - တောင်ငူမြို့အဝင်ဆိုင်းဘုတ်မြင်ကွင်း။ (ပုံ - လူမှုကွန်ရက်)

👍16🔥1
ကလေးမြို့ အဝင်၊အထွက်လမ်းများ ကာကွယ်ရေးတပ်ဖွဲ့ ယာယီပိတ်
===================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့သို့ ဝင်ထွက်နိုင်သည် မြို့တောင်ဘက် နှင့် မြောက်ဘက်ရှိ လမ်းများကို ယာယီပိတ်ပင်လိုက်ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
“စစ်ဒေသရဲ့ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို အသိပေးပြီး ရပ်ရွာကနေတဆင့် ပြည်သူများကို အသိပေးထားပါတယ် ။ စစ်ရေးအရ အဝင်အထွက်ကို ယာယီပိတ်တာပါ” ဟု ၎င်းက မဇ္စျိမကို ပြောသည်။
ကလေးမြို့ပေါ်မှ ကလေးမြို့နယ်တောင်ဘက်သွားသည့် ကလေး - ဂန့်ဂေါလမ်းမ၊ ကလေး - လက်ပံချောင်းလမ်းနှင့် ကလေးတမူးလမ်းမကြီးတွသ် သွားလာခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်းဆိုသည်။
မြို့တွင်းမှစစ်ရှောင်သူလိုသူများအနေဖြင့် ကြေညာထားသည့် ယာယီ လမ်းပိတ်ခြင်းပြီးဆုံးချိန် ရက်အနည်းငယ်အကြာမှ ထွက်ခွာသင့်ကြောင်း ကလေး PDF တပ်ဖွဲ့ ဝင်တဦးက
အကြံပြုသည်။
ကလေးမြို့နယ်အတွင်း တိုက်ပွဲများအရှိန်မြှင့်တော့မည်ဖြစ်သဖြင့် စစ်ကောင်စီတပ်စခန်းအနီးနေ ပြည်သူများ ရှောင်တိမ်းကြရန် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က နိုဝင်ဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းနောက် မြို့မှ ဒေသခံအချို့ တိမ်းရှောင်ေနကြပြီး အချို့မှာ တပ်စခန်းအနီးမှ ဝေးရာ အခြားရပ်ကွက်များသို့ ပြောင်းရွှေ့ကာ ေနအိမ်များတွင်သာ လုံခြုံစွာနေနိုင်ရန် စီစဥ်ေနသူများ ရှိကြောင်း သိရှိရသည်။
ထိုသို့ သတိပေးပြီးနောက် စစ်ကောင်စီတပ်သည် မြို့အဝင်အထွက်လမ်းများကို ပိတ်ပင်ထားခဲ့ပြီး မြို့တွင်းအစစ်အဆေးတင်းကျပ်ကာ တပ်စခန်းအနီးနားရှိ နေအိမ်မှသူများကို မရှောင်တိမ်းကြရန်နှင့် အကယ်၍ရှောင်တိမ်းပါက နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကြောင်း ကလေးမြို့ခံတစ်ဦးကပြောသည်။
ကလေးမြို့နယ်အတွင်းရှိကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ရှောင်ပြည်သူများကို အကူအညီများပေးအပ်သွားရန်ပြင်ဆင်ထားကြောင်းသိရသည်။
ဒီဇင်ဘာ၁ရက် ယနေ့နံနက်၅နာရီအချိန်မှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီး များ ပစ်ခတ်၍ စစ်ကြောင်းထိုးလာနေသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေမှုများရှိ နေပြီး ပြည်သူများအတတ်နိုင်ဆုံး မြို့အပြင်သို့မထွက်ကြရန် ကလေး PDF တပ်ဖွဲ့ ဝင်တဦးက ဆိုသည်။
ကလေးမြို့တောင် -မြောက်အဝင်အထွက်လမ်းများအပြင် ချင်းပြည်နယ်သို့ အဝင်လမ်းများကိုလည်း အများပြည်သူလုံခြုံရေးအရ ခေတ္တပိတ်ပင်ထားကြောင်း CDF/CDM Siyin နိုဝင်ဘာ ၂၇ရက်နေ့ကထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကလေးမြို့
#လမ်းခေတ္တပိတ်

👍14❤1🔥1
မြန်မာစစ်ဗိုလ်ချုပ်များအား ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက်ကိစ္စ စုံစမ်းစစ်ဆေးမှု မပြုရန် ဂျာမနီပြည်ထောင်စုအစိုးရရှေ့နေချုပ် ဆုံးဖြတ်
========================
001
(မဇ္စျိမ)။ ။ မြန်မာစစ်ဗိုလ်ချုပ်များအား ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု မပြုလုပ်ရန် ဂျာမနီပြည်ထောင်စုအစိုးရရှေ့နေချုပ်က ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါ တိုင်ကြားမှုကို ဆောင်ရွက်ရာတွင်ပါဝင်သည့် Fortify Rights က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာနိုင်ငံမှ အကြီးတန်း စစ်ဗိုလ်ချုပ်ကြီးများနှင့် အပေါင်းအပါများအား ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် အာဏာသိမ်းခြင်းနှင့် ဆက်စပ်သည့် ကျူးလွန်သော ရာဇဝတ်မှုများအပေါ် Fortify Rights နှင့် မြန်မာနိုင်ငံမှ တိုင်ကြားသူ ၁၆ ဦးတို့က ရာဇဝတ်မှုဆိုင်ရာတိုင်ကြားစာကို ဂျာမနီနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလအတွင်းက တင်သွင်းထားခြင်းဖြစ်သည်။
အဆိုပါ တိုင်ကြားချက်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုမပြုရန် ဆုံးဖြတ်ခဲ့သည့်အပေါ် Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က “အစိုးရရှေ့နေချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အတော်စိတ်ပျက်စရာကောင်းပါတယ်” ဟု ဆိုသည်။ တိုင်ကြားချက်ပါအထောက်အထားများ၊ တရားရေးဆိုင်ရာဆွေးနွေးမှုများ၏ ခိုင်လုံမှုနှင့် ပတ်သက်ပြီး ယုံကြည်မှုအပြည့်အဝရှိကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ တိုင်ကြားစာအား တင်သွင်းရာတွင် ပါဝင်သည့် ၁၆ ဦးအနက် ထက်ဝက်ခန့်မှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ဦးဆောင်သည့် နယ်မြေရှင်းလင်းရေးမှ လွတ်မြောက်ခဲ့ကြသူများဖြစ်ပြီး ကျန်တဝက်မှာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းပြီးနောက် ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်လာသူများဖြစ်ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် တိုင်ကြားခံရသည့် သံသယရှိသူများ ဂျာမနီနိုင်ငံတွင် ရှိမနေခြင်းနှင့် အဆိုပါ စုံစမ်းစစ်ဆေးမှုက လက်ရှိဆောင်ရွက်နေသည့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)၏ လုပ်ငန်းတာဝန်ကို တပုံစံတည်း ထပ်ပွားသကဲ့သို့ ဖြစ်စေမည်ဟု ယုံကြည်သည့်အတွက် ဂျာမနီပြည်ထောင်စုအစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးရေးစတင်လုပ်ဆောင်ရန် ပြီးခဲ့သည့်လက ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဂျာမနီအစိုးရက မြန်မာနိုင်ငံရှိ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းထိန်းသိမ်းရန် ကြိုးပမ်းနေမှုများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်မှာ တိုင်ကြားသူများက တင်ပြထားသည့် အထောက်အထားများ၏ ခိုင်လုံမှုနှင့် မသက်ဆိုင်ကြောင်းကို အစိုးရရှေ့နေချုပ်က ရှင်းရှင်းလင်းလင်းတင်ပြခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်ဗိုလ်ချုပ်များက ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လွတ်မြောက်လာသူများအပါအဝင် အခြားသူများနှင့်အတူ မဟာနည်းဗျူဟာ အသစ်များဖြင့် အဆုံးတိုင်အောင် ကြိုးစားဆောင်ရွက်နေကြောင်း Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောသည်။
လက်ရှိ ပယ်ချခံရသည့် တိုင်ကြားချက်ပါ စုဆောင်းမှတ်တမ်းတင်ထားသည့် အထောက်အထားများမှာ အလဟဿဖြစ်သွားမည်မဟုတ်ဘဲ ဖြစ်နိုင်ချေရှိသည့်အချိန်တခုရောက်ပါက ရာဇဝတ်မှုများ ကျူးလွန်သူများအား အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) နှင့်တကွ အခြားအလားအလာရှိသော လမ်းကြောင်းများနှင့်လည်း မျှဝေကာပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း Fortify Rights က ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#fortify rights
#ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက်

👍9😁3😱2😢1🤮1