Cyclone Mocha victims suffer as junta blocks and manipulates aid
Cyclone Mocha victims suffer as junta blocks and manipulates aid ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=L6abOYzhBCM

YouTube
Cyclone Mocha victims suffer as junta blocks and manipulates aid
Cyclone Mocha victims suffer as junta blocks and manipulates aid
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.…

👍4🔥1
ဒီဇင်ဘာလ ၁ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဒီဇင်ဘာလ ၁ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊
https://www.youtube.com/watch?v=srOKmqpnGe4

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍5🔥1
"Tipping point ပြီးရင် End point ကိုရောက်ဖို့က ပိုမြန်တယ်"- ဒေါ်မီမီဝင်းဘတ်
အပြောင်းအလဲကြီးကြီးမားမားကိုဦးတည်သော ...
https://www.youtube.com/watch?v=bIQvKlfhwcU

အပြောင်းအလဲကြီးကြီးမားမားကိုဦးတည်သော အပြောင်းအလဲအငယ်များဖြစ်ပေါ်ခြင်း သို့မဟုတ် အဖြစ်အပျက်များဖြစ်ခြင်းကို Tipping point ဝင်သည်ဟု ဆိုကြသည်။ စစ်ဆင်ရေး ၁၀၂၇ ဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်၏ ထိုးစစ်ဆင်စခန်းသိမ်း၊ မြို့သိမ်…
👍9🔥1
Myanmar conflict displaces over a quarter of a million people, says UN
Myanmar conflict displaces over a quarter of a million people, says UN ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=4zTNij2IJB8
Myanmar conflict displaces over a quarter of a million people, says UN ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=4zTNij2IJB8
YouTube
Myanmar conflict displaces over a quarter of a million people, says UN
Myanmar conflict displaces over a quarter of a million people, says UN
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.…
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.…
👍2🔥1
NNDPပါတီဥက္ကဋ္ဌပစ်ခတ်ခံရပြီး သေဆုံး
=================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ နိုင်ငံတော်အာဏာကိုသိမ်းယူရန် တိုက်တွန်းခဲ့သူများတွင် ပါဝင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ပါတီဥက္ကဋ္ဌ ဦးသန်းထွန်းအား ယနေ့ ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းက ၎င်း၏နေအိမ်၌ရှိနေစဉ် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သေဆုံးသွားသည်ဟု ငမိုးရိပ် Mission Network က ထုတ်ပြန်သည်။
ဦးသန်းထွန်းသည် ယနေ့ နံနက် ၈နာရီခန့်၌ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် (၃)လမ်း နေအိမ်တွင် ပစ်ခတ်ခံရခြင်းဟု ဒေသခံများက ပြောသည်။ဦးသန်းထွန်အား အမျိုးသားနှစ်ဦးကလာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များက ရေးသားထားသည်။
စစ်တပ်အာဏာသိမ်းရန် တောင်းဆိုခဲ့ပြီး စစ်အာဏာသိမ်းမှုအား အကြွင်းမဲ့ထောက်ခံအားပေးကာ ပြည်သူများအားဖိနှိပ်သူဖြစ်သော ဦးသန်းထွန်းအား စီရင်ခဲ့သည်ဟု ငမိုးရိပ် Mission Network က ယနေ့ နံနက်တွင် ထုတ်ပြန်သည်။
ဦးသန်းထွန်းသည် စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင်ကြေညာချက်ထုတ်ထောက်ခံခဲ့သော NNDP ပါတီ ဦးဆောင်သူဖြစ်ပြီး စစ်တပ်က နိုင်ငံတော် အာဏာမသိမ်းခင်တွင်လည်း " ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာသိမ်းပိုင်ခွင့်မရှိဟု ပြဌာန်းထားသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ရန် တပ်မတော်မှာ လုပ်ပိုင်ခွင့်နှင့်အာဏာများရှိနေကြောင်း၊ အာဏာသိမ်းခဲ့သည်ရှိသော် တပ်မတော်ကို ထောက်ခံရမည်ဖြစ်ကြောင်း" ပြောကြားခဲ့သူဖြစ်ကြောင်း ငမိုးရိပ် Mission Network ဖော်ပြသည်။
ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီ သုံးလခန့်က ကြံ့ခိုင်ရေးပါတီ၏ ဦးဆောင်မှုဖြင့် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ၃၄ ပါတီနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံရာ၌ ရွေးကောက်ပွဲ မတရားမှုဖြစ်ခဲ့ပါက ဝင်ရောက်ဖြေရှင်းပေးရန်၊ လိုအပ်ပါက အာဏာသိမ်းရန် ပါတီခေါင်းဆောင်အချို့က အကူအညီတောင်းခံရာ ထိုထဲတွင် ဦးသန်းထွန်း ဦးဆောင်သည့် NNDPပါတီလည်းပါဝင်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီခေါင် ဆောင်၏ နာမည်ကြီး ပြောစကားဖြစ်သည့် “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး" ဟု ပြောဆိုမှုသည် အထက်ပါ တွေ့ဆုံပွဲအပြီး ပြောကြားခြင်းဟု ဆိုသည်။
ကိုဂျင်မီနှင့် ကိုဇေယျာသော်အား စစ်ကောင်စီတပ်က အကြမ်းဖက် ဖမ်းဆီးရမိခဲ့စဉ်ကလည်း ၎င်းတို့အား သေဒဏ်ပေးရန်နှင့် သတ်ပစ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သူဖြစ်ပြီး ကြိုးပေးခဲ့ကြောင်း ထုတ်ပြန်ချိန်တွင်လည်း ဦးသန်းထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အောင်ပွဲခံခဲ့ကြောင်း ငမိုးရိပ် Mission Network ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးသန်းထွန်းသည် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူသည့် ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဆူးလေဘုရားရှေ့၌ စစ်အာဏာသိမ်းမှု ထောက်ခံပွဲကို ဦးဆောင်ပြုလုပ်သူဟု ဆိုသည်။
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်က တိုင်းရင်းသားနယ်မြေများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို မှန်ကန်သည့်လုပ်ရပ်ဖြစ်ကြောင်း၊ အမြစ်ပါမကျန် မြေလှန်သင့်ကြောင်း ကြွေးကြော်ခဲ့သူလည်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
စစ်အာဏာမသိမ်းခင်ကNNDPပါတီဥက္ကဋ္ဌမှာ ဦးသိန်းညွန့်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်က ဦးသိန်းညွန့်အား စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ရာ ဦးသန်းထွန်းမှာ ပါတီဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၎င်းသည် ယခု သေဆုံးချိန်၌အသက် ၅၄နှစ်ရှိပြီဟု သိရသည်။ NNDP ပါတီသည် စစ်ကောင်စီက ပြုလုပ်မည်ဟု ထုတ်ဖော်ပြောကြားထားသည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။အေးချမ်း
#MizzimaTV
#NNDPပါတီ
#သင်္ဃန်းကျွန်းမြို့နယ်
#ပစ်ခတ်မှု
ပုံအညွှန်း - စစ်ကောင်စီအရာရှိတဦးနှင့်အတူ တွေ့ရသည့် ဦးသန်းထွန်း
Photo - ငမိုးရိပ် Mission Network
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍14😁4👏1
တောင်ငူလေတပ်စခန်းဌာနချုပ်ကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
=======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ လေတပ်စခန်းဌာနချုပ်အား ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် ဖျက်အားပြင်းဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု သံတောင်မြောက်ပိုင်းအထူးတပ်ရင်း စစ်ရေးသတင်း နှင့် သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုမော်ကြီးက မဇ္ဈိမကိုပြောသည်။
"မောင်းသူမဲ့လေယာဉ် တစီးပဲ။ ဖျက်အားပြင်းဗုံးနှစ်လုံး။ လေယာဉ်တွေ ထိန်းသိမ်းထားတဲ့ Aircraft Hangar တွေရှိတဲ့ အနီးဆုံးနားကိုပဲ ကျရောက်ပေါက်ကွဲသွားတယ်။ အဲ့တာကိုလည်း ကျွန်တော်တို့ ရုပ်သံမှတ်တမ်း ပြန်လည်ထုတ်ပြန်ပေးမှာဖြစ်တယ်” ဟု ပြန်ကြားရေးတာဝန်ရှိသူ ကိုမော်ကြီးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို သံတောင်မြောက်ပိုင်းအထူးတပ်ရင်း၊ ကျားသံလုံးစစ်ကြောင်း ၏ Drone တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုအား ဆောင်ရွက်နိုင်ရန် အချိန် တလခန့်ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခဲ့ရကြောင်းလည်းသိရသည်။
"ပြီးတော့ ဖြည့်စွက် ပြောချင်တာ က တောင်ငူလေတပ် က ကျွန်တော် တို့ တလရ(တော်လှန်ရေး) တပ်ဖွဲ့ တွေ နဲ့ ထိတွေ့ မှု ဖြစ်တိုင်း လေကြောင်း ပစ်ကူ အမြဲတမ်းပေးတဲ့ တပ်ပေါ့လေ။ သူတို့ကို အခုတကြိမ် တိုက်ခိုက်မှုနဲ့ သတိပေးချင်တယ် နောက်ထပ်အကြမ်းဖက် လုပ်ရက်တွေ ထပ်မံ မကျူးလွန်ဖို့ နဲ့ ပြည်သူ့ ရင်ခွင်ခိုလှုံဖို့ကိုပေါ့” ဟု ကိုမော်ကြီးက ဆိုသည်။
ယခု တိုက်ခိုက်မှုသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှစတင်ကာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် တို့တွင်ဖော်ဆောင်လျက်ရှိသည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ကရင်နီပြည်၌ ဖော်ဆောင်လျက်ရှိသည့် ၁၁၁၁ စစ်ဆင်ရေးတို့အား အပြည့်အဝထောက်ခံကြောင်း ပြသသည့်အနေဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ကျရောက်ပေါက်ကွဲမှုအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုနိုင်ရန် မဇ္ဈိမက ဒေသတွင်းသို့ ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။
တောင်ငူလေတပ်စခန်းဌာနချုပ်သည် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ လေကြောင်းတိုက်ခိုက်မှုအဓိကပြုလုပ်နေသည့် လေတပ်စခန်းဌာနချုပ်ဖြစ်ကြောင်း သက်ဆိုင်ရာဒေသများရှိ တော်လှန်ရေးအင်အားစုများ၏ စောင့်ကြည့်မှုမှတ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အေလာ လေတပ်စခန်းသို့ ကျားသံလုံးစစ်ကြောင်း၏ Drone တပ်ဖွဲ့မှ မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#တောင်ငူလေတပ်စခန်းဌာနချုပ်
#မောင်းသူမဲ့လေယာဉ်
ပုံအညွှန်း − တောင်ငူလေတပ်စခန်းဌာနချုပ်အား ဗုံးကြဲချတိုက်ခိုက်နေသည့်မြင်ကွင်း
ဓာတ်ပုံ − သံတောင်မြောက်ပိုင်း အထူးတပ်ရင်း ပြန်ကြားရေးဌာန

❤14👍6👏3😁2
"ခင်ဦးမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ကြိုဆိုထောက်ခံပွဲနှင့်စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြပွဲ ပြုလုပ်"
❤14🔥3

=====================
008
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး နှင့် ၁၁၂၇ စစ်ဆင်ရေးတို့အား ကြိုဆိုထောက်ခံပွဲနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။
စစ်ဆင်ရေးဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားတက်စေရန် အဓိကရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
"ပထမဆုံး စစ်ဆင်ရေး ဆင်နွှဲနေကြတဲ့ ပြည်သူ့သားကောင်းတွေ အန္တရာယ် ဘေးရှင်းပြီး တိုက်ပွဲတိုင်း အောင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရော ၁၁၂၇ စစ်ဆင်ရေးရောကို အောင်သပြေနဲ့ ကြိုဆို ထောက်ခံပါတယ်"ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ အမျိုးသမီး တဦးကပြောသည်။
အမျိုးသမီး နောက်တဦးကလည်း"လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေသူက အသက်ပေးဝင်နေတယ်။ကျွန်မတို့ကလည်း ဒီမှာ စစ်ခွေးတွေကို ဆန့်ကျင်ဆန္ဒပြပါတယ်။စစ်အာဏာရှင် ချုပ်ငြိမ်းပါစေ။အမြန်ဆုံး ကျဆုံးပါစေလို့ ပြောချင်ပါတယ်"ဟုပြောသည်။
အဆိုပါ ဆန္ဒပြပွဲကို အမျိုးသမီးများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး "ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ၊ပြည်သူ့ ရင်ခွင် ခိုလုံကြ၊၁၀၂၇ စစ်ဆင်ရေး ပြည်သူအားလုံး ပါဝင်ပေး၊စစ်အာဏာရှင် အလိုမရှိ "စသည့်တို့ကို ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#အမျိုးသမီး
#ဆန္ဒပြပွဲ
ဓါတ်ပုံ-ခင်ဦးမြို့နယ်၊သတင်းမှန်ပြန်ကြားရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U

Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
👍13🔥2❤1
မုန်တိုင်းငယ်အရှိန်ကြောင့် မိုးနှင့် လေပြင်းသတိပေး
==================
ရောင်နီ
(မဇ္စျိမ)။ ။ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် မလက္ကာရေလက်ကြားတွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မုန်တိုင်းငယ်ဖြစ်လာသည်ဟု မိုးဇလက ထုတ်ပြန်သည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ရန် မိုးဇလက အသိပေးသည်။ ထိုသို့ သတိပေးရာ၌ ဒေသအမည်ကို ဖော်ပြမထားပေ။ သို့သော် ဒီဇင်ဘာလပထမ၁၀ရက်အတွက် မိုးလေဝသခန့်မှန်းချက်တွင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
လက်တလောရာသီဥတုအခြေအနေအရ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိငါးဖမ်းရေယာဥ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလက သတိပေးထားသည်။
မုန်တိုင်းငယ်သည် မနက်ဖြန် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အားကောင်းသော မုန်တိုင်းငယ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ကာ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
မုန်တိုင်းသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်မသက်ရောက်နိုင်သော်လည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ ၃ ရက်၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)ကသတိပေးထားသည်။
စာတည်း - အေးချမ်း
#Mizzima
#ဘင်္ဂလားပင်လယ်အော်
#မုန်တိုင်းငယ်
#မိုးနှင့်လေပြင်းသတိပေး
ပုံအညွှန်း - ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်း ဝင်ရောက် တိုက်ခတ်ပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် မြင်ကွင်း။
(ပုံ - လူမှုကွန်ရက်)

👍9🔥3
Walmart သည် တရုတ်သွင်းကုန်များကို အိန္ဒိယ သွင်းကုန်များ နှင့် အစားထိုး
====================
(မဇ္ဈိမ)။ ။ အမေရိကန် Walmart (WMT.N) ကုမ္ပဏီ သည် တရုတ်မှ သွင်းကုန်များအပေါ် မှီခိုမှု လျှော့ချ၍ အိန္ဒိယ မှ သွင်းကုန်များ ပိုမိုတင်သွင်းခြင်းဖြင့် ထောက်ပံ့ရေးကွင်းဆက် ကို ကွဲပြားစေရန်နှင့် စရိတ် လျှော့ချရန် ကြိုးစားနေကြောင်း Reuter သတင်းဌာန မှ ဖော်ပြသည်။

👍3🔥3
ကမ္ဘာ့အကြီးဆုံး လက်လီရောင်းချသော ကုမ္ပဏီ Walmart သည် ယခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လ အတွင်း အမေရိကန်သွင်းကုန်များ၏ လေးပုံတပုံကို အိန္ဒိယမှ တင်သွင်းခဲ့ကြောင်း Import Yeti မှ အချက်အလက်များအရ သိရသည်။ ယင်းပမာဏ သည် ၂၀၁၈ ခုနှစ် နှင့် နှိုင်းယှဉ်လျှင် နှစ်ရာခိုင်နှုန်းသာ ရှိသည်။
၂၀၁၈ ခုနှစ်တွင် တရုတ် မှ တင်သွင်းမှု ၈၀ ရာခိုင်နှုန်း ရှိရာမှ ၆၀ ရာခိုင်နှုန်း သို့ လျှော့ချ လိုက်သည်။ သို့သော် တရုတ်သည် Walmart သို့ ကုန်ပစ္စည်းတင်သွင်းမှု တွင် အများဆုံး နိုင်ငံဖြစ်နေဆဲဖြစ်သည်။
တရုတ်မှ တင်သွင်းမှုစရိတ် မြင့်တက်လာခြင်းနှင့် အမေရိကန်နှင့် တရုတ်ကြား နိုင်ငံရေးတင်းမာမှုများ တိုးမြင့်လာခြင်းသည် အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် အခြား နိုင်ငံများမှ အမေရိကန် သို့ ကုန်ပစ္စည်း တင်သွင်းရန် ကြီးမားသော တွန်းအားပေးမှု ဖြစ်သည်။
အမေရိကန် တွင် စားသုံးသူများသည် စားသောက်ကုန်စျေးနှုန်းမြင့်မားခြင်းနှင့် အတိုးနှုန်း မြင့်မားခြင်း ကို ကြုံတွေ့နေရပြီး စုဆောင်းငွေ နည်းပါးလာကြခြင်းသည် Walmart နှင့် အခြားသော လက်လီရောင်းချသူများ အနေဖြင့် စားသုံးသူအသုံးစရိတ် မြင့်မားလားခြင်းကို သတိထားမိလာသည်။
"ကျွန်တော်တို့ အကောင်းဆုံးစျေးနှုန်းတွေကို လိုချင်ပါတယ်” ဟု Walmart ၏ အရင်းအမြစ်ရှာဖွေရေး ဒုတိယဥက္ကဋ္ဌ အန်ဒရီးရာ အဲလ်ဘရိုက် က အင်တာဗျူးတခုတွင် ပြောကြားသည်။ "ဆိုလိုတာက ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်တွေမှာ ခံနိုင်ရည်ရှိဖို့ လိုတယ်။ ဟာရီကိန်းမုန်တိုင်းတွေ၊ ငလျင်လှုပ်ခတ်မှုတွေ ကနေ ကုန်ကြမ်းပြတ်တောက်မှုတွေ အထိ အမြဲတမ်း စီမံခန့်ခွဲနေရတာကြောင့် ထုတ်ကုန်အတွက် တင်သွင်းသူ တဦးတည်း ဒါမှမဟုတ် ကုန်ပစ္စည်း တွေရဲ့ ပထဝီဝင် အနေအထားပေါ်ကို မှီခိုနေလို့ မရပါဘူး" ဟု သူက ပြောသည်။
“ကျွန်တော်တို့ က တိုးတက်မှု ရှိတဲ့ လုပ်ငန်းတခု ဖြစ်ပြီး ထုတ်လုပ်မှု စွမ်းရည် ပိုမို ကောင်းမွန်လာအောင် ကြိုးစားနေပါတယ်” ဟု Walmart မှ တာဝန်ရှိသူက ပြောသည်။
အိန္ဒိယသည် အဆိုပါ ကုန်ထုတ်လုပ်မှုစွမ်းရည်ကို တည်ဆောက်ရန် Walmart ၏ ကြိုးပမ်းအားထုတ် မှ အဓိက အစိတ်အပိုင်းတခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း အဲလ်ဘရိုက် က ပြောသည်။
Walmart သည် ၂၀၁၈ ခုနှစ်တွင် အိန္ဒိယ e-commerce ကုမ္ပဏီ Flipkart တွင် ရှယ်ယာ ၇၇ ရာခိုင်နှုန်း ကို ဝယ်ယူပြီးချိန်မှ စ၍ အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်လာခဲ့သည်။ နှစ်နှစ်အကြာ တွင် ၂၀၂၇ ခုနှစ် မှ စ၍ အိန္ဒိယမှ နှစ်စဉ် ကုန်ပစ္စည်းဒေါ်လာ ၁၀ ဘီလီယံ တင်သွင်းရန် ကတိကဝတ်ပြုထားသည်။ ယင်းသည် ပန်းတိုင်ရောက်ရန် လမ်းကြောင်းပေါ်ရှိနေဆဲဖြစ်ကြောင်း အဲလ်ဘရိုက် က ပြောသည်။ လက်ရှိတွင် အိန္ဒိယမှ နှစ်စဉ် ဒေါ်လာ သုံးဘီလီယံခန့် တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းနေသည်။
WORKFORCE, TECHNOLOGY ARE KEY DRAWS
အလုပ်အကိုင် နှင့် နည်းပညာများသည် အဓိကကျသော ရလဒ်များဖြစ် Walmart သည် အရုပ်များ၊ လျှပ်စစ်ပစ္စည်းများ၊ စက်ဘီးနှင့် ဆေးဝါးများ အထိ အိန္ဒိယမှ အမေရိကန်သို့ တင်သွင်းနေသည် ဟု အဲလ်ဘရိုက် က ပြောသည်။ ထုပ်ပိုးထားသော အစားအစာများ၊ အစေ့အဆန်ခြောက်များနှင့် ပါစတာ ခေါက်ဆွဲများသည် လူကြိုက်များသော အိန္ဒိယမှ တင်သွင်းကုန် များ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယခုနှစ်တွင် စတော့ဈေးကွက် စံချိန်တင်မြင့်တက်ခဲ့သည့် အိန္ဒိယ သည် ကုန်ကျစရိတ်နည်းပြီး အကြီးစားထုတ်လုပ်မှုတွင် တရုတ် ထက် စွမ်းဆောင်ရည် ပိုမိုသာလွန်သည့် နိုင်ငံဖြစ်လာသည်။
အိန္ဒိယ၏ လျင်မြန်စွာ တိုးပွားလာသော လုပ်သားအင်အားနှင့် နည်းပညာတိုးတက်မှုများသည် Walmart အတွက် ဆွဲဆောင်မှုတခုဖြစ်ကြောင်း အဲလ်ဘရိုက် က ပြောကြားသည်။ အခြားတဖက်တွင်မူ တရုတ်သည် ပြီးခဲ့သည့်နှစ်တွင် ဆယ်စုနှစ် ခြောက်ခုအတွင်း ၎င်း၏ ပထမဆုံး လူဦးရေ ကျဆင်းမှုကို ဖော်ပြခဲ့သည်။
Walmart သည် ၂၀၂၂ ခုနှစ် မှ စတင်၍ အိန္ဒိယတွင် လုပ်ငန်းများ စတင် လည်ပတ်ခဲ့ပြီး ၎င်း၏ Walmart Global Tech India ယူနစ်၊ Flipkart Group၊ PhonePe လက်အောက်ရှိ ရုံးအများအပြားတွင် ယာယီအလုပ်သမားများ အပါအဝင် လူပေါင်း တသိန်း ကျော် ဖြင့် လုပ်ဆောင်နေသည်။
Walmart ၏ CEO ဖြစ်သူ ဒေါင်မက်မီလန် သည် ယခုနှစ် မေ တွင် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ နှင့် အစည်းအဝေး တခု၌ တွေ့ဆုံခဲ့ကြသည်။
“အိန္ဒိယဟာ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုရှိတဲ့ နေရာတခုအဖြစ် ပေါ်ထွက်လာတာကို မြင်ရတာ ဝမ်းသာပါတယ်” ဟု မိုဒီက မေ ၁၄ ရက်နေ့တွင် ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။ Walmart သည် “အိန္ဒိယ ၏ ကုန်ထုတ်လုပ်မှုတိုးတက်မှုကို ဆက်လက်ပံ့ပိုးပြီး အခွင့်အလမ်း ဖန်တီးပေးမည်” ဖြစ်ကြောင်း မက်မီလန် က ပြောကြားခဲ့သည်။

👍13🔥1
Walmart သည် တရုတ်သွင်းကုန်များကို အိန္ဒိယ သွင်းကုန်များ နှင့် အစားထိုး
အမေရိကန် Walmart (WMT.N) ကုမ္ပဏီ သည် တရုတ်မှ သွင်းကုန်များအပေါ် မှီခိုမှု လျှော့ချ၍ အိန္ဒိယ မှ သွင်းကုန်များ ပိုမိုတင....
https://ift.tt/E1nhTWj

🔥1
မုန်တိုင်းငယ်အရှိန်ကြောင့် မိုးနှင့် လေပြင်းသတိပေး
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်...
https://ift.tt/vtRkXHJ

👍3🔥1
ထီးချိုင့်မြို့မှာ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်မျ
MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FHVkvrPao7og&h=AT18Ym4wAxeCbwzKrlwSAxQJn8NIZ-O-9FAXPCta7FR5hV9zBlboMVXM9TgRVKUHKEltR8xUrN89Ak_vmVB7gSnEIFQA45Wvzl2s5GwiQcORLaI9zN4Z6ZZeHVpSjQYu&s=1

https://bit.ly/41aAFI0
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်...
https://bit.ly/41aAFI0
👍2🔥1
ထီးချိုင့်မြို့မှာ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်မျ
MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FHVkvrPao7og&h=AT0IpLqCbusTOsVtf_uy-JOOgc7xEKKjb1wO1xjaiUnVucpbJu3xKtUD-n8mhW_tjWGPRxY70Mn2YqR3lCVfwz8qozdltvt3nQ4DJ2u1t-Jz_YhUcc-XERWjVfM2pa6p&s=1

Log in or sign up to view
See posts, photos and more on Facebook.
👍3🔥1