Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အယ်လ်နာဆာကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တဲ့ အယ်လ်ဟီလယ်

Al Hilal 3-0 Al Nassr ( FT )

Milinkovic-Savic 64'
Aleksandar Mitrović 90',92'
👍6🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁ ဒီဇင်ဘာ၂၀၂၃) 
=======================

စစ်ကောင်စီမှနေ့စဉ်စခန်းများ အသိမ်းခံရပြီး လက်နက်ချသူနှင့်စစ်တပ်မှထွက်ပြေးသူများလာကာ တပ်ပျက်နေသည့် အခြေအနေကိုရောက်နေသလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် စစ်တပ်သည် သာလွန်အင်အားဖြင့် အတိုက်ခံနေရကြောင်း ဝန်ခံပြောဆိုလာရသည် အထိဖြစ်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁12❤2👍1🔥1
A handout photo made available by the Ministry of Foreign Affairs of Malaysia on 01 December 2023 shows Deputy Minister of Foreign Affairs Mohamad Alamin (C) speaks to journalists aftyer meeting with some of the 121 Malaysian fraud victims at Kuala Lumpur International airport in Sepang, Malaysia. A total of 121 Malaysian who were stranded as victims of a fraud syndicate job offer in Laukkaing, Myanmar, were rescued and brought back to their homeland through a special flight from Kunming, China, on 01 December. EPA-EFE/Ministry of Foreign Affairs of Malaysia
👍7🔥1
​​စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလအတွင်း အမျိုးသမီး ၄၀ ခန့်သေဆုံး၊ ၁၆ ဦးဖမ်းဆီးခံရဟုဆို
==================

001
(မဇ္စျိမ) ။ ။နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အမျိုးသမီး ၄၀ နီးပါး သေဆုံးခဲ့ပြီး ၁၆ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသမီး သေဆုံးမှုများမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၁၃ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၉ ဦး၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှုကြောင့် တဦး၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လေးဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးသူ တဦး ရှိခဲ့ကြောင်း BWU က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်များမှာ ပဲခူး၊ မကွေး၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေး၊ ချင်း၊ တနင်္သာရီ၊ ရခိုင်၊ မွန်၊ ကရင်နီနှင့် ရန်ကုန် စသည့် တိုင်းနှင့် ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်ရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း အများစုမှာ အမျိုးသမီးနှင့် ကလေးသူငယ်များ ဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးက ပြောသည်။

“အမျိုးသမီးတွေမှာဆိုရင် သူတို့က လက်နက်ကြီးကြောင့် မီးနေသည်မိခင်နဲ့ သူရဲ့ လသားအရွယ် ကလေးလေးလည်း လက်နက်ကြီး ထိမှန်သေဆုံးတာလည်း ရှိတယ်။ နောက်ထပ်တခုက ခြောက်လလောက်ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်က စစ်ရှောင်ပြေးရင်းနဲ့ ကိုယ်ဝန်ပျက်ကျတဲ့အပိုင်းမျိုးတွေ ရှိတယ်။ အဲ့ဒီလိုမျိုးပေါ့လေ။ Case တွေက ပြောမယ်ဆိုရင်တော့ အများကြီးပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း စစ်ဘေးရှောင် အမျိုးသမီးနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ လုံးဝရပ်တန့်သွားသည့် အနေအထား ဖြစ်ပေါ်နေပြီး စစ်ဘေးရှောင်စခန်းများတွင်လည်း အမျိုးသမီးများအတွက် လုံခြုံရေးနှင့် ပတ်သက်သည့် ထောက်ပံ့မှုများ မရှိသည့်အတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

“အိမ်သာတွေကလည်း ပေါင်းသုံးနေရတဲ့ဟာတွေရှိတယ်။ အိပ်တဲ့နေရာတွေကလည်း တပြုံထဲနဲ့ တရက်ထက်တရက် စစ်ရှောင်တွေတိုးလာတဲ့ အနေအထားမျိုးမှာ စစ်ရှောင်အတွက် နေရာမလုံလောက်တဲ့အတွက်ကြောင့် အများစုပြုံပြီးမှ ဟောခန်းထဲမှာပဲ ပေါင်းအိပ်တဲ့ အနေအထားမျိုးတွေပေါ့နော်။ အများကြီးပဲ။ သူတို့မှာ အခက်အခဲမြောက်မြားစွာနဲ့ ကြုံကြိုက်နေရတာတွေရှိတယ်”ဟု TWO ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆက်ပြောသည်။
ထို့ပြင် နိုဝင်ဘာလအတွင်း အမျိုးသမီး ဖမ်းဆီးထိန်းသိမ်းခံရမှု ဖြစ်စဉ်များမှာ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အများဆုံး ဖြစ်ခဲ့ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ အမျိုးသမီးအချို့လည်း ဖမ်းဆီးခံခဲ့ရသည်ဟု BWU ၏ အချက်အလက်များအရ သိရသည်။

"၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကတည်းကနေ အခုအချိန်အထိ ဖမ်းဆီးခံနေရတဲ့ အမျိုးသမီးတွေ အကြမ်းဖက်စစ်တပ်ကနေပြီးတော့မှ နည်းပေါင်းစုံနဲ့ အကြမ်းဖက်နှိပ်စက် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေ အရေအတွက်က တနေ့တခြားတိုးတက်များပြားလာနေတာကို တွေ့ရပါတယ်"ဟု BWU၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) မဝေဝေက ပြောသည်။

ယခုအချက်အလက်များမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ အချက်အလက်များကို အဓိကမှီငြမ်းကိုးကားထားသည့်အပြင် ခိုင်လုံသော သတင်းမီဒီယာများမှ ထုတ်ဖော်ရေးသားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ ပြန်လည်စုစည်းတင်ပြထားခြင်းဖြစ်ပြီး မြေပြင်အခြေအနေတွင် သတင်းအချက်အလက် စီးဆင်းမှုများ၌ စိန်ခေါ်မှုများရှိသဖြင့် ယခုထက်ပိုမိုများပြားနိုင်ကြောင်း BWUက အသိပေးထားသည်။

BWU ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီး ၂,၄၀၀ကျော်၊ ပြစ်ဒဏ် ချမှတ်ခံရသူ ၇၀၀ ကျော်နှင့် သေဆုံးသူ ၆၆၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း

#အမျိုးသမီး
#BWU
#AAPP
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😢5😁3❤2
ဒီဇင်ဘာလ ၂ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fia231b9lbJk&h=AT1QQFN_FmECaFB0xNr7YVirtjpX0z9wjRE_pixN9RbwGq1hgd6lIRZTVnFu69AzoXSKaqIbtBJoJA_fH6rKZu7lGuzHDONaDUypE-mMRxaW8upIcsMk8UvK89jqUEnM&s=1
👍4🔥3
ဒီဇင်ဘာလ ၂ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fia231b9lbJk&h=AT0oQrvBNOVGEiu-f4zySilzbBCZbxmsRUgXr8lcE73eTBlB2GKBPNJfDEAJW8gG7EUbo5mf3W1aYy23WlJYSXuYXLNXc7IT4n6qxbYlu9T1Pvyodo4BryxcsNeP1R3c&s=1
👍9🔥3
ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများရှိနိုင်ဟု အနောက်ပိုင်းခရိ
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် (၁၁)ရပ်ကွက် ကံဘဲ့လမ်းရှိ ရန်ကင်းမြို့မရဲစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၁ ရက် ည ၇ နာ.....
https://ift.tt/CcARFuM
👍10😁3🔥1👏1
ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ အနောက် ဘက် ခြောက်မိုင်ခန့် အကွာရှိ မင်းတိုင်ပင် ကျေးရွာကို စစ်ကောင်စီတပ်က ယမန်.....
https://ift.tt/xjDJaw7
👍6👏3🤬3❤1
​​ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများရှိနိုင်ဟု အနောက်ပိုင်းခရိုင် ပကဖ ပြော
=================

ဂန္ဒမာ

(မဇ္ဈိမ)။  ။ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် (၁၁)ရပ်ကွက် ကံဘဲ့လမ်းရှိ ရန်ကင်းမြို့မရဲစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၁ ရက် ည ၇ နာရီ ၃၃ မိနစ်က အင်အားပြင်းမိုင်းများဖြင့် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။ 

“အင်အားပြင်းမိုင်း နှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်။ အသံက ရန်ကုန်တမြို့လုံးဟိန်းနေတာ။ ပေါက်ကွဲအားပြင်းတဲ့အတွက် ထိခိုက်မှုက များနိုင်တယ်။” ဟူ၍ဖြစ်သည်။

အဆိုပါရဲစခန်းအား အနောက်ပိုင်းခရိုင် ပကဖနှင့် Yangon Army(YA) မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ဖြင့် ဖော်ပြထားသည်။ 

ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဒေသခံတဦးက “အသံက ရန်ကင်းရဲစခန်းနားကလာတာပါ။ နှစ်ခါကြားရပါတယ်၊ ကျယ်ပါတယ်။” ဟု ပြောသည်။

တိုက်ခိုက်မှုခံရပြီး မိနစ် ၂၀ ခန့်အကြာတွင် ရန်ကင်းကလေးဆေးရုံရှေ့၌ စစ်ကောင်စီတပ်သားများရောက်ရှိလာခဲ့ပြီး ရန်ကင်း ပိုက်လုံးကြီး တံတားအကျော်နားတွင်လည်း အိမ်စီးကားများဖြင့် အရပ်ဝတ်များပါ ရှိနေကြောင်း သိရသည်။ 

ထို့နောက် ရန်ကင်းရဲစခန်းရှေ့အား လမ်းပိတ်ဆို့ခဲ့ပြီး မီးအမှောင်ချကာ ည ၉ နာရီဝန်းကျင်ခန့်မှစတင်၍ အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်သားများက ရှာဖွေစစ်ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြေပြင်ကင်းထောက်များ၏ ပြောပြချက်အရသိရသည်။

ရန်ကင်းမြို့မရဲစခန်းအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက God’s Hand Forces အဖွဲ့မှ အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ဖူးသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ရန်ကင်းမြို့နယ်
#ရဲစခန်း
#ပကဖ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁3❤1
​​ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်
=============

လွှမ်းမိုး

(မဇ္ဈိမ)။    ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ အနောက် ဘက် ခြောက်မိုင်ခန့် အကွာရှိ မင်းတိုင်ပင် ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် မွန်းတည့် အချိန်တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) က Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

“ရဟတ်ယာဉ်နဲ့ ရွာကို ခြောက်ပတ် ပတ်ပြီး မိနစ် ၃၀ ခန့်ကြာ လေကြောင်းသုံး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရွာအနောက်ပိုင်းနဲ့ စစ်ရှောင်အများစု ရှိတဲ့နေရာတွေကို ပစ်ခတ်သွားတာ ဖြစ်ပါတယ်” ဟု ဒေသကာကွယ်ရေး ရဲဘော်တဦးက ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတိုင်ပင်ကျေးရွာရှိ နေအိမ်နှစ်လုံး ပျက်စီးခဲ့ပြီး ဒေသခံစစ်ရှောင်များ နေရာပြောင်းရွှေ့ စစ်ရှောင်နေရကြောင်း သိရသည်။

“စစ်ရှောင်တွေ ရှိတဲ့နေရာကို ပစ်တာ နှစ်ကြိမ်ရှိပြီ။ ကန့်ဒေါင့်ဘက်မှာ တိုက်ပွဲ ဖြစ်ပွါးနေတာကို ဘာမှမဆိုင်တဲ့ မင်းတိုင်ပင်လိုနေရာမျိုးကို လာရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တဦးက ဆိုသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေပြီး ၊ နေရပ်စွန့်ခွါ စစ်ရှောင်များလည်း စစ်ရှောင်ရက် ကြာမြှင့်နေသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#မင်းတိုင်ပင်ကျေးရွာ
#လေကြောင်းတိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬16❤2👏2😱1
ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများရှိနိုင်ဟု အနောက်ပိုင်းခရိ
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် (၁၁)ရပ်ကွက် ကံဘဲ့လမ်းရှိ ရန်ကင်းမြို့မရဲစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၁ ရက် ည ၇ နာ.....
https://bit.ly/47B2nA7
👍11😁3
ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ အနောက် ဘက် ခြောက်မိုင်ခန့် အကွာရှိ မင်းတိုင်ပင် ကျေးရွာကို စစ်ကောင်စီတပ်က ယမန်.....
https://bit.ly/417BoK4
❤5👏1🤬1
​​2.12.2023 ( Saturday ) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်

✅Highlight ✅

👉သဘာဝရဲ့လက်ဆောင်   (ညနေ - ၆ နာရီ ၁၅ မိနစ် ) 

👉India Movie - Wake Up Sid (ည- ၈ နာရီ) 

👉Korea Movie -The Roundup (ည- ၁၀ နာရီခွဲ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv
👍11🔥1