ပြင်သစ်ကို ပယ်နယ်တီမှာနိုင်ပြီး ယူ (၁၇)ကမ္ဘ့ာဖလားချန်ပီယံဖြစ်လာတဲ့ ဂျာမနီ 🇩🇪
Germany U17 2-2 France U17 (FT)
Brunner 29'(Pen)
Darvich 51'
Bouabre 53'
Amougou 85'
Germany ❌✅✅✅❌✅
France ✅✅❌❌✅❌
Germany Won 4-3 By Penalties
Germany U17 2-2 France U17 (FT)
Brunner 29'(Pen)
Darvich 51'
Bouabre 53'
Amougou 85'
Germany ❌✅✅✅❌✅
France ✅✅❌❌✅❌
Germany Won 4-3 By Penalties
👍9
ကော့ကရိတ်မြို့ပြင်က စခန်း ၂ ခုကို KNU သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်ဖြစ်နေ
===============
YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်း နှစ်ခုကို KNU ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး မြို့တွင်း မြို့ပြင်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စခန်းနေရာများတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း KNU နှင့် ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့အနီးရှိ ကော့နွှဲ့စခန်းကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် KNU ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပြီး သိမ်းပိုက်ထားသော နောက်ထပ်စခန်းတခုအမည်ကို မသိရသေးပေ။
"စခန်းက မြို့အပြင်ဘက်က နှစ်ခု သိမ်းထားပြီးပြီ၊ စခန်းတခုက ဝင်တဲ့အချိန် လက်နက်ချလိုက်တယ်၊ သိပ်မတိုက်လိုက်ရဘူး၊ နောက်တခုကတော့ တိုက်လိုက်ရတယ်၊ ဒါပေမယ့် အကုန်ရသွားပြီ စခန်းကတော့ နှစ်ခုရထားတယ်” ဟု ရှေ့တန်းရောက် KNU ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိမှာ ကော့ကရိတ်မြို့တွင်းက စစ်ကောင်စီတပ်၏ ကျန်စခန်းကို သိမ်းပိုက်ရန် KNU ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြပြီး စစ်ကောင်စီတပ် ဘက်ကလည်း စခန်းများ လက်မလွှတ်ရအောင် လေကြောင်းဖြင့် ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ယမန်နေ့ နံနက်အစောပိုင်းမှ စတင်၍ ကော့ကရိတ်မြို့နယ်အတွင်းရှိ လှိုင်ဝအမြှောက်တပ်၊ ခလရ (၉၇)၊ ကော့နွဲ့စခန်း အပါအဝင် ကော့ကရိတ် မြို့ပြင်၊ မြို့တွင်းရှိ စစ်ကောင်စီတပ်အထိုင်ချ စခန်းများအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများ ရှိနေကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
"လေယာဉ်တွေနဲ့ ပစ်လို့ ရွာသားတွေ ထိခိုက်မှုရှိတယ်၊ လေယာဉ်လာတယ်၊ လေယာဉ်ပြီးတော့ စကစက အခုဒရုန်းတွေပါ သုံးနေတယ်" ဟု ဒေသခံတဦးက ပြောသည်။
နှစ်ရက်တာတိုက်ပွဲများအတွင်း ကော့နွဲ့စခန်း အပါအဝင်စစ်ကောင်စီတပ် စခန်းနှစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထားချိန် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများအပြင် ဒရုန်းဖြင့် ဗုံးကြဲမှုများလည်း ရှိနေသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှ ယနေ့ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမှတ် (၄) ရပ်ကွက်၊ အမှတ် (၇) ရပ်ကွက်၊ အံဖကြီးကျေးရွာတို့မှ ကလေးငယ်တဦး၊ အမျိုးသမီးနှစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ တိုက်ပွဲများအတွင်း KNU ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီး ကော့ကရိတ်မြို့ပေါ်က စက်မှုလယ်ယာရုံး၊ စည်ပင်ရုံး အပါအဝင် ဌာနဆိုင်ရာရုံး အချို့ မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးနေရသော ဒေသခံများမှာသောင်းနှင့်ချီပြီး ရှိနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူများက ခန့်မှန်းထားကြသည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း- KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)
#KNU
#ကော့ကရိတ်
#Mizzima
#ကရင်

👍25👏3❤1😁1
ဓာတ်ဆီဈေး မြင့်တက်မှုကြောင့် မန္တလေးက အငှားယာဉ်မောင်းအချို့ အလုပ်ရပ်နား
===============
007
(မဇ္ဈိမ) ။ ။ ပြည်တွင်း ဓာတ်ဆီဈေးနှုန်း မြင့်တက်နေမှူကြောင့် အခက်အခဲဖြစ်၍ အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းကို ရပ်နားထားရကြောင်း မန္တလေးမြို့က အငှားယာဉ်မောင်းသမားများက မဇ္ဈိမကို ပြောသည်။
နိုဝင်ဘာတလလုံး ဈေးနှုန်းအတက်အကျ ကျပ် ၁၀ ဂဏန်းသာရှိခဲ့သည့် ပြည်တွင်းစက်သုံးဆီ ၉၂ နှင့် ၉၅ ဓာတ်ဆီဈေးနှုန်းသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပုံမှန်ထက် ကျပ်သုံးရာကျော် ရုတ်တရတ် ထိုးတက်သွားသည်။
“အထိုင်သမားတွေက သိပ်ပြဿနာမရှိပေမယ့် မြို့လှည့် လူရှာနေရသူတွေ အတွက်တော့ အဆင်မပြေဘူးလေ၊ အဲဒါကြောင့်မို့လို့ အငှားမလိုက်တော့ဘူး၊ အခြေအနေစောင့်ကြည့်ပြီးမှ ပြန်လုပ်မယ်စိတ်ကူးတာပဲ” ဟု မန္တလေးမြို့ခံ သုံးဘီးအငှားယာဉ်မောင်းတဦးက ပြောသည်။
မန္တလေးမြို့က နောက်ထပ် လုပ်သက်ရင့် တက္ကစီအငှားယာဉ်မောင်းတဦးကလည်း အခြေအနေကို စောင့်ကြည့်နေပြီး ဝန်ဆောင်ခကို ဈေးတင်သင့်၊ မတင်သင့် စဉ်းစားနေကြောင်း မဇ္ဈိမကို ပြောသည်။
“အခုဈေးနဲ့က လုပ်စားလို့ မကိုက်ဘူး၊ ဆီဈေးတက်ပေမယ့် ကားငှားစီးသူတွေကိုကျတော့ ဈေးတက်တောင်းလို့ မရဘူး၊ သူတို့က ဘယ်သွားရင် ဘယ်လောက်ဆိုတာကို အလွတ်မှတ်ထားတာဆိုတော့ ဆီဈေးတက်ပေမယ့် ဈေးတိုးတောင်းလို့မရဘူး၊ ဒီတော့ ရပ်ထားလိုက်တယ်” ဟု ဝါရင့်တက္ကစီအငှားယာဉ်မောင်းတဦးက ပြောသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ ပြည်တွင်းစက်သုံးဆီဓာတ်ဆီဈေးနှုန်းများမှာ ၉၂ တလီတာလျှင် မန္တလေးတွင် ၂,၅၆၀ ကျပ်နှင့် ရန်ကုန်တွင် ၂,၅၁၀ ကျပ်၊ ၉၅ တလီတာလျှင် မန္တလေးတွင် ၂,၆၉၀ ကျပ်နှင့် ရန်ကုန်တွင် ၂,၆၄၀ ကျပ် ရှိသည်။
အဆိုပါ ဈေးနှုန်းများသည် ယခင်ပုံမှန်ဈေးထက် ကျပ် ၃၄၀ ခန့် မြင့်တက်သွားခြင်း ဖြစ်သည်။
ပြည်တွင်းဓာတ်ဆီဈေးနှုန်းများ ရုတ်တရက်ထိုးတက်သွားခြင်းမှာ စစ်ကောင်စီက ဒေါ်လာကို လိုသလောက် ရောင်းချမပေးဘဲ ထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်ဟု စက်သုံးဆီအရောင်း မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။
“အရင်က တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို၊ ဗဟိုဘဏ်ပေါက်ဈေး ၂၁၀၀(ကျပ်)နဲ့တွက်ပြီး ဒေါ်လာရောင်းပေးတယ်၊ ကျန်တဲ့ရာခိုင်နှုန်းကိုတော့ ပြင်ပပေါက်ဈေးအတိုင်းပေါ့၊ အခုလတ်တလောဈေးထိုး တက်သွားရတဲ့ကိစ္စက စကစဆီကနေ ဒေါ်လာထွက်မလာတော့ ဆီဆိုင်တွေက အပြင်ပေါက်ဈေးအတိုင်း တွက် ပြီးရောင်းရတော့ ရုတ်တရတ်ဈေးအရမ်းမြင့်သွားတာ၊ အဓိကက ဒေါ်လာပြဿနာ” ဟု စက်သုံးဆီအရောင်း ဆိုင်ကြီးတခုမှ မန်နေဂျာဖြစ်သူက မဇ္ဈိမကို ပြောသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့ရေနံများ အဓိက ဝယ်ယူတင်သွင်း နေသည့် စင်ကာပူနိုင်ငံမှ ထုတ်ပြန်သောဈေးနှုန်းနှင့် ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ်မူတည်ကာ အတက်၊ အကျ ရှိသည်။
ပြည်တွင်းသုံးစွဲရန် စက်သုံးဆီလိုအပ်ချက်ကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနေသည်ဟု စစ်ကောင်စီကဆိုသော် လည်း လက်ရှိတွင် ဒေါ်လာရောင်းခြင်းဝယ်ခြင်း ကိစ္စကို တင်းကျပ်ထားသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ ၃၀ ရက်နေ့က စက်သုံးဆီ (ဓာတ်ဆီ) ၉၂ တလီတာလျှင် မန္တလေးတွင် ၂,၂၂၀ ကျပ်နှင့် ရန်ကုန်တွင် ၂,၁၇၀ ကျပ်၊ ၉၅ တလီတာလျှင် မန္တလေးတွင် ၂,၃၅၀ ကျပ်နှင့် ရန်ကုန်တွင် ၂,၃၀၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။
ပုံ- ဒီဇင်ဘာလ ၂ ရက်နေ့ စက်သုံးဆီပေါက်ဈေး
စာတည်း။ ။ နောင်နောင်
#မန္တလေး
#စက်သုံးဆီဈေးတက်
#အငှားယာဉ်မောင်း
#အလုပ်ရပ်

👍11😱3😁1😢1
ဂရန်နာဒါကို အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
Real Madrid 2-0 Granada (FT)
Diaz 26'
Rodrygo 57'
Real Madrid 2-0 Granada (FT)
Diaz 26'
Rodrygo 57'
👍2