Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အင်္ဂလိပ်စာ သင်ခန်းစာ | VOA On Mizzima
အင်္ဂလိပ်စာ သင်ခန်းစာ | VOA On Mizzima Watch more detail - https://youtu.be/XijgcdVcG2Q #VOA ...
https://www.youtube.com/watch?v=rLlSFCh05Hg
👍6
အင်္ဂလိပ်စာ သင်ခန်းစာ | VOA On Mizzima
VOA အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်မှာ အမေရိကန်အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို လေ့လာ၊ လေ့ကျင့်နိုင်ပါတယ်။ မမြသ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FXijgcdVcG2Q&h=AT3wNrY3KKdcvXcnQnC8CLPQMT0BLHjq27OINlN2gt_LeRD5fvzY5cqUWfjHFrE3cZt5b59URMaoFrWGobuI5gpzAOdzoq7yInbZ_os9z33hv54VfdV1yIiINmP1zK5U&s=1
👍3
ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ရွှေစျေး၊ စက်သုံးဆီစျေး၊စားအု
ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး-------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F5wcAsnjjFKg&h=AT3W6mSpkR82oXcAdOAz6FvlDp-KVRk5gML68oV1j1n8W4XNGBYnwAWhw69GwKCzunwIxP8PEMGShwSEpbDa5hebnmrVGrt7USHac8EEPP69laa_o8FBL1lgoffs6B3z&s=1
👍3
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
နီပေါနိုင်ငံမှာ Tiktok ကိုတားမြစ်လိုက်ခြင်းကို ပြည်သူများ ထောက်ခံဂယ်ဂစ် ဆေးပညာအသင်းမှလစာများကို ပြင်ဆင်မပေးလ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FhkPADUviMSs&h=AT26Y8xlee7Gbkr98Hoehuysz-lR-ACgu3U3opqUJ_1Ut9RqNnRL7U2cGX4ZUnwWJa2S4DFhcKetrGpETNXWTOWGK_ESo674gXDPS5BZy_cA7v2yeOLeX6yOFzToDKat&s=1
👍3
အင်္ဂလိပ်စာ သင်ခန်းစာ | VOA On Mizzima
VOA အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်မှာ အမေရိကန်အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို လေ့လာ၊ လေ့ကျင့်နိုင်ပါတယ်။ မမြသ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FXijgcdVcG2Q&h=AT3NVMIiHjwIn3KLOgajDqg2BM3GdtlJW2UFkOco17NeCXQIEHDz7GZ0_DBoHBhHRvsTjtK7Rq1AMiPIT7wZhpBCesOF6nLeS4NsGpWcB5ESkDzxQJfb69So3u13_uJu&s=1
👍3
ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ရွှေစျေး၊ စက်သုံးဆီစျေး၊စားအု
ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး-------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F5wcAsnjjFKg&h=AT0qL-Zu1GHXodjNNnCrJsRw6xbgMi5xZYZmw-1D8-huti0MlDX5CJOXHCy6qbk17IXeXwCNDRHwOwAnUoNCIviphiaB0Sivj9C0IIieDtUUPvP9gt0vEl2rcH2Eizah&s=1
👍3
ဖိလစ်ပိုင်မှာ ကက်သလစ်ဘာသာဝင်တွေကို ဗုံးခွဲတိုက်ခိုက်မှုအတွင်း ၄ ဦးသေဆုံး
ဖိလစ်ပိုင်မှာ ကက်သလစ်ဘာသာဝင်တွေကို ဗုံးခွဲတိုက်ခိုက်မှုအတွင်း ၄ ဦးသေဆုံး#InternationalNews#Mizzima-----------------------------------------မဇ္ဈိမကိ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F-n-nAGsBUlo&h=AT2rpHUnlXDJmKmBj5g2eW6dUHB4guH1eoPBeVariOpkVF4JhFQ1pyUIPbpAcYvh_oWNmX_tHQVSMdk_SDBvsJVuDuh1kjtE-Q-hF7gKx40RjBGECkEw5-Boy4QAW0B9&s=1
👍3👏1😢1
အာရှစီးပွားရေး | VOA On Mizzima
အာရှစီးပွားရေး | VOA On Mizzima Watch more detail -https://youtu.be/Lz7ur8jjX1Q #VOA ...
https://www.youtube.com/watch?v=HzyFuTx8Qkw
​​မုန်း စစ်ကောင်စီစခန်းအားလုံး ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်၊ တိုက်ပွဲဆက်ပြင်းထန်
===============

ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ထိန်းချုပ်ထားနိုင်ပြီး ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အမှတ်(၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူးရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

“မုန်းရဲ့အဓိက နေရာအားလုံးကို ကျွန်တော်တို့ထိန်းချုပ်ထားနိုင်ပါပြီ။ မုန်းကို ရှင်းလင်းရေးကတော့ ဆက်ပြီးတော့လုပ်နေပါတယ်"ဟု ရဲဘော်တင်ဦးက ယနေ့ ဒီဇင်ဘာ ၄ရက် နံနက်တွင် ပြောသည်။
မုန်းဒေသအတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချရာ တပ်စခန်းများဖြစ်သော ခြေမြန်တပ်ရင်း ခမရ(၅၉၉)၊ ခမရ (၅၉၀)၊ မုန်းမြို့မ ရဲစခန်းနှင့် မုန်းသံတံတားစစ်ကောင်စီဂိတ်တို့ကို ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNLA) နှင့် တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်‌ကောင်စီစခန်းအချို့ကို ယင်းနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ စစ်ကောင်စီ၏ အဓိကစခန်းများကို သိမ်းပိုက်ထား နိုင်ပြီဟု ရဲဘော်တင်ဦးကပြောသည်။

ယနေ့ နံနက်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေသလို စစ်ကောင်စီတပ်ဘက်မှလည်း စစ်ကူများထပ်မံလာရောက်နေသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

"မုန်းဘက်ကို အင်အားတွေထပ်ပို့တယ်လို့ သတင်းရပါတယ်။ ကျွန်တော်တို့လည်း မြေပြင်မှာလည်း သတင်းတွေရရှိထားတာတွေရှိပါတယ်။ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်” ဟု ရဲဘော်တင်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေများစွာပြုလုပ်နေကြောင်း သတင်းရရှိသည်။
ခြေမြန်တပ်ရင်း ခမရ (၅၉၉)အား ယမန်နေ့က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီက လေကြောင်းပစ်ကူတိုက်ခိုက်မှု အကြိမ် ၃၀ကျော်ပြုလုပ်ခဲ့သည်​ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ်က ယမန်နေ့ ဒီဇင်ဘာလ ၃ရက်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မုန်းမြိုနယ်၌ တယ်လီဖုန်းလိုင်းများပြတ်တောက်နေ၍ ဒေသခံများအား ဆက်သွယ်၍မရသေးပေ။
မုန်းမြို့သည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းပါဝင်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ နယ်မြေပိုင်းခြားသတ်မှတ်မှုအရ ကော်သူးလေအုပ်ချုပ်နယ်မြေလက်အောက်ရှိ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ (၃) မူးမြို့နယ်ဖြစ်သည်။

စာတည်း - အေးချမ်း

#မုန်းမြို့
#စစ်ကောင်စီတပ်စခန်းများ
#ထိန်းချုပ်
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁4❤1