Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တိုက်ပွဲများကြောင့် ပို့ကုန်လမ်းကြောင်းပိတ်ပြီး ကုန်တင်ပို့မှု ထိခိုက်ကျဆင်း | Business Round Up
- စစ်ကောင်စီက လုံခြုံရေးဆိုင်ရာအသုံးစရိတ်နဲ့ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ဖြည့်စွက်ငွေတောင်းခံ - နယ်စ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FuH-tvrXl5jE&h=AT1GYcKiVIde8nN5cHwzryp4m2C0EJlj087TU5lRIXIQmvdSkcNmes5nsEBUuZdtzE4l761L0r1Uo0Bk-cvJ0zWPAtP4Wo0h6bpfLb3twI14uavlvfuRP-jleW_6qYa8&s=1
👍4❤1🔥1👏1
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှု၌ အသေအပျောက် ၂၃ ဦး ရှိ
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲပြီးနောက် ပျောက်ဆုံးနေသော တောင်တက်သမားများကို ကယ်ဆယ်ရေးသမားများက တက်သ....
https://ift.tt/fgOqj6G
😢4👍1
စစ်ကောင်စီ စွန့်ခွာသည့် တနင်္သာရီက အကျဉ်းစခန်းကို PDF ပူးပေါင်း အဖွဲ့ မီးရှို့ဖျက်ဆီး
👍9🥴2
စစ်ကောင်စီ စွန့်ခွာသည့် တနင်္သာရီက အကျဉ်းစခန်းကို PDF ပူးပေါင်း အဖွဲ့ မီးရှို့ဖျက်ဆီး
===============

ကိုရွှေမြိတ်

(မဇ္ဈိမ)။  ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံခါရွာ အနီးရှိရဲဘက်ဆိုင်ရာ ပြစ်မှု အကျဉ်းသားများ ထားရှိ ဆင်ဖြူရှင် အမှတ် (၄) ရဲဘက် အကျဉ်းစခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ တွင် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း KTLA-tcjf အဖွဲ့ထံက သိရသည်။

အဆိုပါ အကျဉ်းစခန်းရှိ ရဲ၊ စစ်ကောင်စီ တပ်သားများနှင့် ထောင်ဝန်ထမ်း မိသားစုဝင် များကို စစ်ကောင်စီက လုံခြုံရေး မပေးနိုင်၍ နိုဝင်ဘာ ၂၆ ရက်နေ့ ရွေ့ပြောင်းခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။ 

၎င်းတို့အပါအဝင် အကျဉ်းသားများကို မြိတ်မြို့နယ် ကျောက်ဖြူတောင် ကျေးရွာရှိ ကျောက်ထုတ် ရဲဘက် အကျဉ်းစခန်းသို့ အကျဉ်းစခန်းသုံး ကျောက်သယ်သည့် ကားဖြင့်ပြောင်းရွှေ့ သွားသည်ဟု သိရ သည်။

တနင်္သာရီမြို့နယ် အခြေစိုက် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဇေက“ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်တို့ မဟာမိတ် ညီနောင် သုံးဖွဲ့ ပူးပေါင်းလိုက်ပြီး နောက် တနေ့မှာပဲ အကျဉ်းစခန်း တစ်ခုလုံး ပြောင်းရွှေ့သွားတာပါ။ ကျွန်တော် ထင်တာ သူတို့ စိုးရိမ်ပြီး စစ်တပ်ကလည်း လုံခြုံရေး မပေးနိုင်တော့လို့ ပြောင်းရွှေ့သွားတာ ဖြစ်မယ်လို့ ကောက်ချက်ချလို့ ရတယ်”ဟု ပြော မဇ္ဈိမကိုသည်။

အဆိုပါ အကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်းဖြင့် ဖောက်ခွဲကာ စခန်း တခုလုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောသည်။

“အကျဉ်းစခန်းမှာက ဘယ်သူမှ မရှိတော့ဘူးလေ။ အဲ့ဒါ ကျွန်တော်တို့ ပူးအဖွဲ့တွေက အဲ့နေ့က ချက်ချင်းပဲ သွားရောက် မီးရှို့ဖျက်ဆီးပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပြန်လည် မတိုက်ခိုက်ခင် ချက်ချင်း ပြန်ဆုတ်လာခဲ့တာ ဖြစ်တယ်”လို့ ကိုဇေက ဆက်ပြော သည်။

ယင်း ထုံခါအကျဉ်းစခန်းသည် ယခင်က နိုင်ငံရေး အကျဉ်းသားများကို ရံဖန်ရံခါ ထားရှိပြီး လက်ရှိ စစ်ကောင်စီ လက်ထက်တွင် ရာဇဝတ်မှု ကျူးလွန်ထားသော ပြစ်မှု အကျဉ်းသားများကိုသာ အဓိက ထားရှိသည့် အကျဉ်းစခန်း ဖြစ်သည်။

“ဒီ ရဲဘက် အကျဉ်းစခန်းမှာ အကျဉ်းသား ၆၀ ကျော် ၊ ၇၀ လောက်တော့ ရှိတယ်”ဟု ယင်း အကျဉ်းထောင်နှင့် နီးစပ်သော ဒေသခံက ပြော သည်။

မြိတ်ခရိုင်ထဲတွင် တနင်္သာရီမြို့နယ်ရှိ ထုံခါ အလုပ်ကြမ်း စခန်း (ခေါ်) ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အလုပ်သင် စခန်း ၊ ပုလောမြို့နယ်တွင် နတ်စင်ကုန်း အလုပ်ကြမ်း စခန်းနှင့် မြိတ်မြို့နယ်က ကျောက်ဖြူတောင် အလုပ်ကြမ်း စခန်းများရှိသည်။

အလားတူ ဒီဇင်ဘာ ၃ရက်နေ့ကလည်း ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇီးကျရွာ၏ အရှေ့ဘက် ကားလမ်းမနှင့် ရထား လမ်းကြားတွင် ရှိသော ထားဝယ် အကျဉ်းထောင်သစ် ဆောက်လက်စ တည်ဆောင်ရေး လုပ်ငန်းခွင်ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့က သွားရောက် မီးရှို့ဖျက်ခဲ့သေးသည်။

စာတည်း။  ။အောင်ကျော်ဖြိုး

#Mizzima
#အကျဉ်းစခန်း

ပုံအညွှန်း- ဆင်ဖြူရှင် အမှတ်(၄) ရဲဘက်အကျဉ်းစခန်း(သို့) ထုံခါရဲဘက် အကျဉ်းစခန်း/ ဓာတ်ပုံ-KTLA-tcjf 

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🥴2❤1
​​စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများ ၀န်ပိုထမ်းနေရဟု NUG ယာယီသမ္မတ ‌ပြော

မဇ္ဈိမ

စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများ ၀န်ပိုထမ်းနေရသည်ဟု NUG ယာယီသမ္မတ ‌ဒူဝါလရှီးလက နို၀င်ဘာ ၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ‌ပြောသည်။

" စစ်ကောင်စီက စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့လို့ အိမ်နီးချင်းနိုင်ငံတွေက အပိုဝန်ထုပ်ကို ထမ်းကြရတာတွေလည်း ရှိနေတာကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးကို လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်" ဟု ယာယီသမ္မတက ‌ပြောသည်။

အိမ်နီးချင်းနိုင်ငံများ၏ အကူအညီပေးမှုများကိုလည်း ကျေးဇူးတင် ‌ကြောင်း၊ ၎င်းတို့၏ သဘောထားများကိုလည်း ဆန်းစစ်လေ့လာ နေရန် အစိုးရအဖွဲ့ကို ယာယီသမ္မတက ‌ပြောသည်။

" ကျွန်တော်တို့ဟာ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာ နိုင်ငံရေး ရာသီဥတုကို ကြည့်ပြီးတော့ ပြည်တွင်းရေး အခြေအနေ တွေကို တိုးတက်သော ခြေလှမ်းတွေ လှမ်းနိုင်အောင် မပြတ်လုပ်ဆောင်နေဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံနဲ့ ပထဝီအားဖြင့် ထိစပ် နီးကပ်နေတဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ သဘောထားနဲ့ ပြုမူဆောင်ရွက်ချက်တွေကိုလည်း အထူး အလေးထား ဆန်းစစ်လေ့လာပြီး နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်အောင် ကြိုးစားလုပ်‌ဆောင်နေဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ‌ပြောသည်။

နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်ခါနီးချိန်တွင် တဆင့်ချင်း တက်လှမ်းနိုင်ခဲ့သည့် နိုင်ငံရေး‌ခြေလှမ်းများရှိပြီး ပြည်တွင်းရေး အ‌ခြေအနေကို ဗဟိုချက်ထား ကြည့်ရှုခြင်းမျိုးထက် ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေးအနေအထားကိုလည်း ကြည့်ရှုရမည်ဟု ယာယီသမ္မတက ‌ပြောသည်။

" ‌ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ တို့အကြား သံတမန်ဆက်သွယ်မှုတွေကို အလေးအနက်ထားကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာ စဉ်းစားချက်တွေ သုံးသပ်ပြီး ပြောင်းလဲလာတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းထဲက တော်လှန်ရေးအတွက် အထောက်အပံ့ကောင်းတွေ ရရှိအောင် ကြိုးစားလုပ်ဆောင်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်" ဟု ၎င်းက‌ပြောသည်။

မြန်မာနိုင်ငံနှင့် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ပါ၀င်ပတ်သက်နေသည့် နိုင်ငံများ၏ အနေအထားကိုလည်း ဂရုတစိုက် စောင့်ကြည့်ရန်လိုအပ်ပြီး အလှည့်အ‌ပြောင်းများကို နားလည်သဘောပေါက်မှသာ တော်လှန်ရေးထိရောက်ပြီး အောင်ပွဲများရရှိနိုင်မည်ဟု ယာယီသမ္မတက ‌ပြောသည်။

စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

#mizzima
#အာဏာသိမ်းမှု
#တော်လှန်ရေး
#NUG 
#ယာယီသမ္မတ

ဓာတ်ပုံ - NUG ယာယီသမ္မတ ‌ဒူဝါလရှီးလ (ပုံအဟောင်း)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤4😁2🔥1
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်လင်း ဦးဆောင်သည့် တက်တူးကမ်ပိန်း နယူးယောက်တွင် ကျင်းပ 
👍17😁2
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်လင်း ဦးဆောင်သည့် တက်တူးကမ်ပိန်း နယူးယောက်တွင် ကျင်းပ 
================

ကိုခင်မောင်

(မဇ္စျိမ)။   ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်လင်း(ခ) ကင်(မ်)ဦးဆောင်သော “Freedom Tattoo Campaign”ပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ရှိ ပီတိ လူကြီးမိဘများ နားခိုရာ ခန်းမတွင် ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့သည်ဟု Helping Hands for Burma (H2B) ထံက သိရသည်။

အခမ်းအနားတွင် ကိုထိန်လင်းအပါအဝင် ယူကေ နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ သက်ကိုကို၊ အလှမယ် မော်ဒယ် မေမြတ်နိုး တို့က အွန်လိုင်းမှတဆင့် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ပြည်သူများအတွက် စာနာမှုဆိုင်ရာအကူအညီများ ပိုပြီးလိုအပ်နေသည့်အတွက် အားလုံးပူးပေါင်းကူညီကြရန် ကိုထိန်လင်းမှ မေတ္တာရပ်ခံ ပြောကြားသွားကြောင်း Helping Hands for Burma (H2B)မှ တာဝန်ရှိသူတဦးက ပြောသည်။

“Freedom Tattoo Campaign အလှူငွေ လှူဒါန်းသူများအားလုံးကို ကင်မ်ရဲ့ လက်မှတ်ပါရှိတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေပေးအပ်ခဲ့ပါတယ်။ရရှိတဲ့ ရန်ပုံငွေတွေ အားလုံးကို အမေစုရဲ့သားငယ် ကင်မ်ရဲ့ Freedom Tattoo Campaign ကို ပေးပို့လှူဒါန်းသွားပါမယ်”ဟု H2Bမှ တာဝန်ရှိသူမှ မဇ္စျိမကို ပြောသည်။

အခမ်းအနားအတွင်း H2B အဖွဲ့မှ ယာယီတက်တူးများကို ရောင်းချပေးခဲ့ပြီး နဂါးရုပ်တက်တူး ပါ T-Shirts, Hoddies, နှင့် Tote Bags များကိုလည်း ရန်ပုံငွေအတွက်ရောင်းချပေးခဲ့ပြီး ပွဲလာ ပရိသတ် များ အား မြန်မာအစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း H2B အဖွဲ့ထံက သိရသည်။

Freedom Tattoo Campaignသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်းက မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၂,၀၀၀,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများပေးအပ်နိုင်ရန်နှင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံ တူးတူး၏အမည်နှင့် နဂါးရုပ်ကို ကိုထိန်လင်းက ၎င်း၏လက်မောင်းတွင်ရေးထိုး၍ ပါဝင်ထားသော ကမ်ပိန်းဖြစ်သည်။

Helping Hands For Burma - H2B အဖွဲ့သည် နွေဦးတော်လှန်ရေးအတွက် လိုအပ်လျက်ရှိသော လက်နက်ခဲယမ်းများနှင့် စစ်ဘေးဒုက္ခသည်များအားထောက်ပံ့နိုင်ရန်အတွက် အလှူငွေရှာဖွေပေးနေသော အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့အခြေစိုက်ထောက်ပို့အဖွဲ့အစည်းဖြစ်သည်။

Freedom Tattoo Campaignပွဲအား နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပခဲ့စဉ် ထိုင်းအာဏာပိုင်များ၏ တားမြစ်ခြင်းခံခဲ့ရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#တက်တူးကမ်ပိန်း
#ကိုထိန်လင်း
#နယူးယောက်

ပုံအညွှန်း - နယူးယောက်တွင် ကျင်းပသော Freedom Tattoo Campaign / ဓာတ်ပုံ - Helping Hands For Burma(H2B)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🥴2❤1
ဒီဇင်ဘာလ ၅ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 − စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ၀န်ပိုထမ်းနေရတယ်လို့ NUG ယာယီသမ္မတ ‌ပြောတဲ့သတင်း02:...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fwslcn0N_n_w&h=AT394na2Tf-qpFVl12v6MG6uHgTqH9vwKlj8LTilaq5JGM5ziufaSyLFFz1OUsijwi8TjUE4aLUc1EtpbloYcmk8L5tD2gnJBTUu_InTHzdtb0iuUHgQYQuj-8wVUH_j&s=1
😁2
ထိုင်းတွင် နှစ်ထပ်ကား လမ်းချော်ပြီး သစ်ပင်ဝင်တိုက်ရာမှ လူ ၁၄ ဦး သေဆုံး
ထိုင်းနိုင်ငံတွင် နှစ်ထပ်ဘတ်စ်ကားတစင်း လမ်းချော်ပြီး သစ်ပင်ဝင်တိုက်ရာမှ လူ ၁၄ ဦး သေဆုံးသည်။
https://bit.ly/41b8wRa
😢3
တိုက်ပွဲများကြောင့် ပို့ကုန်လမ်းကြောင်းပိတ်ပြီး ကုန်တင်ပို့မှု ထိခိုက်ကျဆင်း | Business Round Up
- စစ်ကောင်စီက လုံခြုံရေးဆိုင်ရာအသုံးစရိတ်နဲ့ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ဖြည့်စွက်ငွေတောင်းခံ - နယ်စ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FuH-tvrXl5jE&h=AT2YwfyWHtloZqpkovg21heBoM9DqCTheAaEwDcyhWYpDc1xnKp_QU91e48qD8lrnzorRC244svCWfnacZfvzu5XLybmBlRfozsR_FlogBDOwwBMOBaN75D0XKq3qZR4&s=1
👍3
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှု၌ အသေအပျောက် ၂၃ ဦး ရှိ
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲပြီးနောက် ပျောက်ဆုံးနေသော တောင်တက်သမားများကို ကယ်ဆယ်ရေးသမားများက တက်သ....
https://bit.ly/417i9jy