Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒီဇင်ဘာလ ၅ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျ
-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FCQuhdMnydbQ&h=AT3E_YVKSllvbsdorthz7SYCb39JbdSTbw3xnoSxTP-HzCHNBeHJMj1CTmvx9L3_fFVU50Q7a4hHfkTXVSxVXQMn6asgvN7w4fRnOhRuXgPAmX1HHC65yTAKOpQLofDU&s=1
နွားထိုးကြီး-မြင်းခြံလမ်းမတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မို
မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ၊နွားထိုးကြီး-မြင်းခြံလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့်...
https://ift.tt/g8pTqa6
❤1👍1
ထိုင်းနိုင်ငံတွင်း လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး အကြံပြုချက်များ
အကြောင်းကြောင်းကြောင့် ထိုင်းနိုင်ငံမှာ အခြေချ၊ နေထိုင်လုပ်ကိုင်ကြရတဲ့အခါလုံခြုံစိတ်ချစွာ နေထိုင်နိုင်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FhZ1bw2zhS_0&h=AT33edOCkhJSRLiO8Cz5GyEIbS44ou_X58jvam26i-1a9Tmvqg_8V7yHZyKuFVuX4FMDzNjcFr1cErY8e7TbcFLvJLlumg2IbOdwUmjCM7SIQ2QkomVWLj5Y2AWqk72R&s=1
တရုတ်က စီးပွား​ရေး ကျ​ဆင်းနေ​သော်လည်း ​မြေရှား တင်ပို့မှုကို ထိန်းချုပ်
တရုတ်သည် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေသော်လည်း အ​မေရိကန် ၏ စီးပွား​ရေးကန့်သတ်မှု ဗျူဟာများကြားမ.....
https://ift.tt/ra7UEj0
မုံရွာမြို့နယ်တွင် ပျူစောထီးများကို လက်နက်ကြီးများဖြင့်တိုက်ခိုက်
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုရွာမှ ပျူစောထီးအဖွဲ့ဝင်များ ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်....
https://ift.tt/uXyLj3N
နွားထိုးကြီး-မြင်းခြံလမ်းမတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မို
မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ၊နွားထိုးကြီး-မြင်းခြံလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့်...
https://bit.ly/3R7r6VE
ထိုင်းနိုင်ငံတွင်း လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး အကြံပြုချက်များ
အကြောင်းကြောင်းကြောင့် ထိုင်းနိုင်ငံမှာ အခြေချ၊ နေထိုင်လုပ်ကိုင်ကြရတဲ့အခါလုံခြုံစိတ်ချစွာ နေထိုင်နိုင်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FhZ1bw2zhS_0&h=AT0jGUVl5uyYoJ_PBsnwT4rKp3cn5qZ1SGgwz2EDEK8U4RbzCl2LHVl4gvJ5CV3hOoj2iCj1XlFvnRTz0Ft2h5qK641uwLcHwpPtuMr1pSO-7dl_PGMuXDk3Oh0uZPnT&s=1
တရုတ်က စီးပွား​ရေး ကျ​ဆင်းနေ​သော်လည်း ​မြေရှား တင်ပို့မှုကို ထိန်းချုပ်
တရုတ်သည် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေသော်လည်း အ​မေရိကန် ၏ စီးပွား​ရေးကန့်သတ်မှု ဗျူဟာများကြားမ.....
https://bit.ly/3R7y2Sw
မုံရွာမြို့နယ်တွင် ပျူစောထီးများကို လက်နက်ကြီးများဖြင့်တိုက်ခိုက်
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုရွာမှ ပျူစောထီးအဖွဲ့ဝင်များ ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်....
https://bit.ly/3RasQ03
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင် မိသားစုနှင့်ထောင်ဝင်စာ တွေ့ခွင့်မပြု
စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၂ နှစ် အမိန့်ချခံ ထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မော...
https://bit.ly/3NdbK0K
မတ္တရာမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရ၍ ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရ
👍3🤬2
မတ္တရာမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရ၍ ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရ
===========

008

(မဇ္ဈိမ)။  ။ မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

"ထိတွေ့မှု မရှိဘဲနဲ့ ဝန်စုရွာနဲ့ရွာသစ်ရွာကို ပစ်တာပဲ။ပြည်သူ နှစ်ဦးထိသွားတယ်။အမျိုးသားက ခေါင်းနဲ့ခါးထိတယ်။အမျိုးသမီးက နှာခေါင်းနဲ့မျက်နှာထိတယ်"ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မတ္တရာမြို့နယ် ဇီးဖြူပင်ကုန်းကျေးရွာနှင့် ရှမ်းမြောင်းကျေးရွာကြား၌ နိုဝင်ဘာ ၁၅ရက်နေ့မှ စတင်ကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာ ၄ရက် ည ၁၀နာရီခန့်တွင် ဝန်စုကျေးရွာနှင့် ရွာသစ်ကျေးရွာတို့အား ၁၂၀ မမ လက်နက်ကြီးဖြင့် ငါးကြိမ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ထိခိုက်သွားတဲ့ လင်မယားက ကျွန်တော်တို့ ဝန်စုရွာကပါ။ကျတာတွေကတော့ ရွာရှေ့ ဘုရားနားနဲ့ ရွာထဲကိုကျတယ်။အိမ်တွေ ပျက်တာလည်းရှိတယ်။ညက လွတ်ရာပြေးရတော့ ဘယ်နှစ်အိမ်ပျက်တယ်ဆိုတာ အတိအကျမသိရသေးဘူး"ဟု ဝန်စု ရွာသားတဦးကပြောသည်။

ပစ်ခတ်ခံရသည့် ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ထွက်မှုမရှိကြောင်းလည်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာနှစ်ရွာအတွင်းသို့ ဒီဇင်ဘာလ ၃ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆိတ်သာကျေးရွာမှ ဒေသခံ ငါးဦးနှင့် ရှားစေးချက် ကျေးရွာမှ ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့က အရှေခြမ်းနှင့်အနောက်ခြမ်းရှိ ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊မီးရှို့ခြင်းများ ပြုလုပ်နေခြင်းကြောင့် လက်ဝဲကြီး၊လမိုင်း၊မန်းကျီးကုန်း၊အောင်ချမ်းသာ၊မြောက်ဦး၊ကင်း၊စခန်းသာ၊ကျောက်ဆည်လေး၊ဇီးဖြူပင်၊ကြာပင်၊ကျွန်းပင်၊သဖန်းကိုင်း၊အုန်းလွတ်၊ဝန်စုနှင့်ရွာသစ်ကျေးရွာတို့မှ ဒေသခံဦးရေ ၁၀,၀၀၀နီးပါး စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မန္တလေးတိုင်း
#မတ္တရာမြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု

ဓါတ်ပုံ − မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1
​​ကျောက်ဆည်တွင် စစ်ဆေးရေးပြုလုပ်မည့် စစ်ကောင်စီတပ်ဖွဲ့ကို ဗုံးပစ်တိုက်ခိုက်
===========

008

မဇ္ဈိမ။   ။မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် စစ်ဆေးရေးပြုလုပ်ရန် ဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army( KRA )တာဝန်ရှိသူက ပြောသည်။

​ကျောက်ဆည်မြို့ အဓိကလမ်းမကြီးပေါ်တွင် စစ်ဆေးရေးဆောင်ရွက်ရန်အတွက် ရဲစုရပ်ကွက် အနောက်ဘက်အထွက် စိုက်ပျိုးရေးရုံး၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာ ၄ရက်၊ နံနက် ၁၁ နာရီခန့်က အနီးကပ် ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KRA တာဝန်ရှိသူကဆိုသည်။

"စစ်ဆေးရေးလုပ်ဆောင်ဖို့အတွက် အစိုးရစိုက်ပျိူးရေးရုံးအတွင်း ရောက်နေတဲ့ စကစ တပ်ဖွဲ့ဝင် ရှစ်ယောက်အတွင်းကို အနီးကပ် ပစ်သွင်း တိုက်ခိုက်ခဲ့တယ်။ သူတို့ကြားထဲ ပေါက်ကွဲတာဆိုတော့ ထိခိုက်မှုတွေရှိနိုင်ပါတယ်။"ဟု KRA တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို KRAနှင့်KDDFတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ တိုက်ခိုက်မှုများလုပ်ဆောင်နိုင်ရန်အတွက် Union Brother( UB )က ထောက်ပံ့ခဲ့ကြောင်း သိရသည်။

KRAနှင့်ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၄ရက်နေ့ကလည်း ကျောက်ဆည်မြို့နယ်၊ ပြည်ခိုင်ဖြိုးရုံးအတွင်း စစ်ကောင်စီအဖွဲ့ အစည်းအဝေးပြုလုပ်နေစဥ် ဗုံးပစ်တိုက်ခိုက်ခံထားရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်ဆည်မြို့နယ်
#KRA
#စစ်ဆေးရေး
#ဗုံးပစ်တိုက်ခိုက်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9