Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​လောင်းလုံးမြို့ စရဖရုံး တိုက်ခိုက်ခံရ

ကိုရွှေမြိတ်

(မဇ္ဈိမ) ။  ။ တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယ‌နေ့
နံနက်တွင် တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

လောင်းလုံးစရဖရုံးကို ယ‌နေ့ဒီဇင်ဘာ ၆ ရက် နံနက် ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လာရောက်တိုက်ခိုက်ခြင်းဟု ဒေသခံများက ပြောသည်။

“စရဖရုံးကိုပဲ လာပစ်ပြီး ပြန်ဆုတ်သွားတာမျိုးပါ။ ရုံးထဲ အထိတော့ ဝင်စီးတာမျိုး မရှိဘူး”ဟု လောင်းလုံးမြို့ခံတဦးက ပြောသည်။

နံနက် ၅နာရီခွဲခန့်တွင် ပစ်ခတ်သံများ မကြားတော့‌ဟု ၎င်းက ပြောသည်။တိုက်ပွဲဖြစ်နေချိန်၌ စရဖရုံးအနီးရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့ စရဖရုံး တိုက်ခိုက်သည့် အဖွဲ့ကို မသိရသေးပေ။ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ယနေ့ နေလယ် ၁နာရီခန့်အထိ သတင်းမထုတ်ပြန်သေးပေ။

ယနေ့ နံနက် တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း လောင်းလုံးမြို့နယ်အခြေစိုက်ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) အဖွဲ့ကဆိုသည်။

ထားဝယ်ခရိုင်အတွင်း ရေဖြူမြို့နယ် စရဖရုံးကိုလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနစ် ဇူလိုင်လတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

လောင်းလုံးမြို့နယ် မြို့အဝင် ဆိုင်းဘုတ်အား တွေ့ရစဉ်။

စာတည်း - အေးချမ်း

#လောင်းလုံးမြို့
#စရဖရုံး
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏3🔥1
ပုလဲမြို့တွင် ပျူစောထီး လက်နက်ဖြင့်အတူ အလင်းဝင်
👍12😁1
ပုလဲမြို့တွင် ပျူစောထီး လက်နက်ဖြင့်အတူ အလင်းဝင်
================

008

(မဇ္ဈိမ)။  ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှ ပျူစောထီးတဦး လက်နက်နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ( ၃) စစ်ကြောင်း တပ်ရင်း အမှတ် (၁၄)၊ (ချင်းတွင်းဒေသ)ထံ အလင်းဝင်လာကြောင်းသိရသည်။

ဒီဇင်ဘာ ၂ရက် ည ၁၀နာရီတွင် Type- 81 အမျိုးအစား သေနတ် တလက် ၊ ကျည်ဘောက် နှစ်ဘောက် ၊ ၇.၆၂ မီလီမီတာကျည် ၈၆တောင့် ၊ ၅.၅၆ မီလီမီတာကျည် ၁၄ တောင့် ၊ လက်ပစ်ဗုံး တလုံးနှင့် စကားပြောစက် တလုံးတို့ဖြင့် တပ်ရင်း အမှတ် (၁၄)၊တပ်ရင်းမှူး ရဲဘော်ဇေယျထံ အပ်နှံပြီး အလင်းဝင်လာခြင်း ဖြစ်သည်။

"အဲဒီလူငယ်ကို နွေးထွေးစွာ ကြိုဆိုပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပါတယ်။"ဟု အမှတ် (၁၄)တပ်ရင်း တာဝန်ရှိသူကပြောသည်။

ဇီးဖြူကုန်းပျူစောထီးကျေးရွာတွင် မနေထိုင်လို၍ ကျောင်းသားတပ်မတော်နှင့် ချိတ်ဆက်ကာ ပြီးခဲ့သည့်အောက်တိုဘာ ၂၄ရက်၊၂၅ရက်တို့တွင် ထွက်ပြေးလာသည့် ပြည်သူ ကိုးဦးကိုလည်း လုံခြုံသည့်နေရာတွင် ပို့ဆောင်ထားသေးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပျူစောထီး
#ပုလဲမြို့နယ်
#အလင်းဝင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁1
​​လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေါ်လာ ၂၂၅ သန်း စီမံချက်ကို ထိုင်းအစိုးရ အတည်ပြု
===============

၂၀၂၂-၂၃ ရိတ်သိမ်းရာသီအတွင်း လေထုထဲ အမှုန်အမွှားပါဝင်မှု လျှော့ချရာ၌ အထောက်အကူဖြစ်ရန် ရည်ရွယ်လျက် ထိုင်းအစိုးရသည် ကြံစိုက်တောင်သူများ ကြံပင်သစ်များ ခုတ်ယူရာ၌ အရွက်အဖတ် အကြွင်းအကျန်များကို မီးမရှို့ဘဲ ထားရန် သဘောတူသည့် တောင်သူများအတွက် မက်လုံးပေး ကမ်းလှမ်းမည့် ထောက်ပံ့ငွေ ဘတ် ရှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၅ သန်း ) စီမံချက်ကို အတည်ပြုလိုက်ပြီ ဖြစ်သည်။ 

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1
စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ် တပ်စခန်း ၂ ခု TNLA ထပ်မံ သိမ်းပိုက်
👏8👎4👍1🥴1
စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ် တပ်စခန်း ၂ ခု TNLA ထပ်မံ သိမ်းပိုက်
===============

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်တပ်စခန်း နှစ်ခုကို ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA )မှ ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA မှ ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“သုံ့ပန်းအနေနဲ့ ဖမ်းမိတာတော့ မရှိဘူး။ မိုင်းလုံဘက်စခန်းမှာတော့ သေဆုံးအလောင်းတွေ ကောက်ရတာတော့ ရှိတယ်။ အသေးစိတ်တော့ မသိရဘူး။ စခန်းကို ရှင်းတဲ့အချိန် အလောင်းတွေ တွေ့ရပေမယ့် ရာထူးတပ်ဆင်ထားတာမရှိတော့ ဘာရာထူးလဲ မသိရဘူး” ဟု PSLF/TNLA ပြန်ကြားရေးတာဝန်ခံ တားအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

ကျောက်မဲမြို့နယ်ရှိ မိုင်းလုံတပ်စခန်းကို ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၈ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တားအိုက်ကျော်က ပြောသည်။

အလားတူ နမ့်ခမ်းမြို့နယ်ရှိ မိုင်းဝီ တပ်စခန်းကိုလည်း ဒီဇင်ဘာ ၅ ရက် ညသန်းခေါင်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA မှ ထုတ်ပြန်သည်။

 စစ်ကောင်စီ၏ မိုင်းဝီတပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။ 

မိုင်းလုံတပ်စခန်းတွင် အလယ်ပိုင်းတိုင်းလက်အောက်ခံ ခလရ(၈၈) မှ အထိုင်ချတပ်စွဲထားပြီး မိုင်းဝီတပ်စခန်းတွင် နည်းဗျူဟာ စကခ(၁၆) မှ အထိုင်ချတပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းလုံတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းရှင်းလင်းချိန်တွင် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို တွေ့ရပြီး မိုင်းဝီတပ်စခန်းတွင်မှု သေဆုံးစစ်သားအလောင်းများကို မတွေ့ရသော်လည်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တားအိုက်ကျော်က ပြောသည်။

ယနေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် နမ့်ခမ်းမြို့ စခန်းသစ်ကုန်းအနီးဝန်းကျင်နှင့် သီပေါမြို့တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းကြီးငယ် ၅၃ ခုကို TNLA မှ သိမ်းပိုက်ထားကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

ပုံအညွှန်း-မိုင်းလုံနှင့် မိုင်းဝီတပ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များ (PSLF/TNLA)

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်မဲမြို့နယ်
#နမ့်ခမ်းမြို့နယ်
#TNLA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏3😁1
လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေါ်လာ ၂၂၅ သန်း စီမံချက်ကို ထိုင်းအစိုးရ အတည်ပြု
၂၀၂၂-၂၃ ရိတ်သိမ်းရာသီအတွင်း လေထုထဲ အမှုန်အမွှားပါဝင်မှု လျှော့ချရာ၌ အထောက်အကူဖြစ်ရန် ရည်ရွယ်လျက် ထိုင်းအစ....
https://ift.tt/791eRrI
ဒီဇင်ဘာလ ၆ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:53-စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ် တပ်စခန်း ၂ ခု TNLA ထပ်မံ သိမ်းပိုက်တဲ့သတင်း02:48-ရခိုင်ပြည်နယ်မှာ ၂ပတ်ကြာတိုက်ပွဲ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fj_NRezRTxII&h=AT0D4EJRF91dNqVv7Vp50g6yeYKiROsQ3fqwGOX5Op5qGzTu_NaIAxp0UoNiAqrVy-MnHo3tzGT29OECJtPAC6i88g-Sm9KwF8NUjv8-EPpX51_QSEzgvsnzVM7wD3_A&s=1
😁1
စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပွားနေကာ ဆိုင်အများစုပိတ်ထား| Business Roundup(6.12.2023)
- စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပွားနေကာ ဆိုင်အများစုပိတ်ထား- ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FqPW4MiG4xnY&h=AT3127vJ-PQ8d-RI52MdLzBx-ljRPM2Hfi98sxHGbYAdrGHMBcgryoP8hYvZxYI13fmggjGK497Z2HFeQ2Y2HXXvp4dSm7KFlY1ON7NhpX0AWlC3P25H1lJurSv0_Xvu&s=1
🔥1
ဒီဇင်ဘာလ ၆ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:53-စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ် တပ်စခန်း ၂ ခု TNLA ထပ်မံ သိမ်းပိုက်တဲ့သတင်း02:48-ရခိုင်ပြည်နယ်မှာ ၂ပတ်ကြာတိုက်ပွဲ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fj_NRezRTxII&h=AT2ItPwek1VUeQKLPTohYyjdsRfJGIcftyqgMH2rO0ya-xvU-gdkEh07mDN_Nb81vEaBAfP6arwyuLDfrNIeeEvCXtdgHNFypUcU3GmnV1_P8fWqSF8q0kSQfRQjR4Jz&s=1
😁1