🍿𝗡𝗶𝗰𝗸𝗲𝗹𝗼𝗱𝗲𝗼𝗻 𝗰𝗶𝗻𝗲𝗺𝗮 🍿
300K subscribers
4.25K photos
322 videos
3.57K links
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006
Download Telegram
ဆင်တို့ရဲ့ ထိပ်ခေါင်ရှင်ဘုရင် မွေထိုင်း ..

➪➪➪➪➪➪➪➪➪➪➪➪➪➪

သေခြင်းမှအခိုက်အတန့်တွင် ထင်ရှားကျော်ကြားသော သူရဲကောင်းတစ်ဦးမှ လူငယ်တစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။ လူငယ်လေး၏ သာလွန်မသာလွန်သော ရုပ်ပိုင်းဆိုင်ရာ အလားအလာကို သိရှိနားလည်ပြီး အန္တရာယ်အရှိဆုံး လူသားအဖြစ်သို့ လေ့ကျင့်ပေးသည်။ ငယ်ရွယ်စဉ်အခါက ဖခင်ကိုသတ်ခဲ့သော သစ္စာမဲ့သော ကျွန်ကုန်သည်များနှင့် ဖခင်ကို သတ်ခဲ့သော သစ္စာမဲ့သော စစ်ဘုရင်တို့ကို လက်စားချေရန် တစ်ဦးတည်းသော တာဝန်ကို ထမ်းဆောင်ခဲ့သည်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/kdramabox1/315?single

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍5❤1
ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ဥယျာဉ်စောင့်လေးတွေကို လိုက်ရှာပေးမယ့် ရှားလော့ဟုမ်းစ် မဟုတ်တဲ့ ရှားလော့နုမ်းစ် ... ⭐

Sherlock Gnomes ( 2018 )
📱

ဒီဇာတ်ကားလေးမှာတော့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..

ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်…

အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ …

လန်ဒန်ရဲ့ အကျော်ကြားဆုံး စုံထောက်ကြီး ရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာ ဝက်ဆန်ဟာ နုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ ဆုံတွေ့ခဲ့ကြပါတယ်…

လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ …

ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် …
 
😍ကြည့်ရန်နှိပ်ပါ👇

t.me/relaxmovie1/1595

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍2
Xiao Zhan ပါ၀င်ထားတဲ့ ရုံတင်ဇာတ်ကားအသစ်ကြီး မြန်မာစာတန်းထိုး😍😍

➪➪➪➪➪➪➪➪➪➪➪➪➪➪

အငြိုးတရား ကျေးဇူးတရားတွေနဲ့ ပြည့်နှက်နေတဲ့သိုင်းလောကရဲ့အာဏာရဖို့ လုယက်ရုန်းကန်နေကြတဲ့ ခေတ်ပျက်ကြီးမှာ‌ပေါ့

လူငယ်လေး ကောကျင့်ဟာ ငယ်ကတည်းက ဇာတိမြေကထွက်ခွာလာပြီး ဘ၀နဲ့ကံကြမ္မာကို ပြောင်းလဲစေဖို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရပါတော့တယ်

ရိုးသားပြီးကြိုးစားတဲ့ကောကျင့်တစ်ယောက်ကို သိုင်းအကျော်အမော်ဆရာကြီးတွေရဲ့သဘောကျခြင်းခံရပြီး ပြိုင်ဘက်ကင်းသိုင်းတွေဖြစ်တဲ့ မရဏသိုင်းကျမ်းနဲ့ နဂါးနိုင်လက်ဝါး၁၈ချက် ကို အမွေရခဲ့ပါတယ်

ဒီအကြောင်းကြောင့်ပဲ မနာလိုသူတွေများလာပြီး ဝိုင်းတိုက်ခိုက်လာခဲ့ကြပေမဲ့ သူရဲကောင်းစိတ်ဓာတ်နဲ့ဖြောင့်မတ်သောစိတ်ထားရှိသည့်ကောကျင့်ဟာ ကိုယ့်ဦးတည်ရာလမ်းကိုသာ

ချစ်ရသူ ဟွမ်ရုံနှင့် အတူဆက်လျှောက်ရင်း အန္တရာယ်တွေကြားကနေ တောင်ပိုင်းစုန့်နယ်စပ်ဂိတ်ကို  ဘယ်လိုကာကွယ်ပေးဖို့ဖြစ်လာမလဲဆိုတာ

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/567

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍3
The Curse of La Llorona (2019)

လာရိုရို့နာဆိုတာ အင်္ဂလိပ်လိုဆိုရင် ငိုကြွေးနေတဲ့မိန်းမ ပါတဲ့။သူ့ကလေးလေး သေသွားရတဲ့အတွက် ငိုနေပြီး ကလေးလေးတွေကို အစားလိုက်ဖမ်းတတ်တဲ့သရဲပါ။
(ဖြစ်ရပ်မှန် သရဲပုံပြင်)

ဒီရုပ်ရှင်မှာတော့ လာရိုရို့နာနဲ့ပတ်သက်နေတဲ့ မက္ကဆီကိုက တည်းခိုခန်းတစ်ခုကိုမသိဘဲနဲ့လာတည်းမိတဲ့ အမေရိကန်လင်မယားနှစ်ယောက်နဲ့သူတို့ရဲ့သားလေး ကြောက်စရာတွေကို ရင်ဆိုင်ရပုံတွေကို ပြထားတာပါပဲ။ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်လိုက်ကြပါဦးဗျ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/relaxmovie1/1614

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍3❤1
ထိုင်း စစ်သား ဇွန်ဘီ ဇာတ်ကားအသစ်စက်စက် 😍😍

➪➪➪➪➪➪➪➪➪➪➪➪➪➪

တလောကမှ ရုံတင်ထားတဲ့ á€‡á€˝á€”á€şá€˜á€Žá€¸á€€á€Źá€¸á€Ąá€žá€…á€şá€œá€ąá€¸á€€á€­á€Ż တင်ဆက်ပေးလိုက်ပါပြီ။

ဒုတိယကမ္ဘာစစ်ကာလ ထိုင်းနယ်စပ်ကို ဂျပန်စစ်သားတွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် စစ်ဖြစ်ကြရင်း နှစ်ဖက်သ‌ဘောတူ အပစ်အခတ် ရပ်စဲလိုက်ကြတာပေါ့။ဒီတော့ ဌာနချုပ်က မက်နဲ့မော့တို့ ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့တပ်ဖွဲ့တွေနဲ့ အတူနယ်စပ်မှာ နယ်မြေရှင်းလင်းရေးအတွက် လွှတ်လိုက်ပါတော့တယ်။ဒါပေမဲ့ သူတို့ မသိတာက ကျူးကျော်လာတဲ့ ဂျပန်စစ်သားတွေမှာ ထူးဆန်းတဲ့ဇီဝလက်နက်တစ်ခု ပါလာပြီးတော့ တိုက်ပွဲဖြစ်ရင်းအဲဒီလက်နက်က သေတ္တာထဲကကျသွားပြီး နယ်စပ်က ရွာနီးစပ်ချုပ်မှာ ပြန့်သွားတဲ့အခါကိုယ့်ဇာတ်ကိုယ်မကနိုင်လို့ အကုန်ရှင်းပစ်ဖို့ကြံစည်နေတဲ့ ဂျပန်စစ်သားတွေကတစ်ဖက်ကိုယ့်ရဲ့ရှင်သန်ရေးအတွက် တိုက်ခိုက်ရမယ့် ရွာသားတွေနဲ့ ထိုင်းစစ်သားတွေကတစ်ဖက်လွန်ဆွဲပွဲမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/warharhar1/165

🎬 Main channel
🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍8❤4🍓1
အသစ်ထွက်ထားတဲ့ကာတွန်းကားအသစ်စက်စက်လေး ကြည့်ပြီးသွားကြပြီလား 😍😍

➪➪➪➪➪➪➪➪➪➪➪➪➪➪

ချာလီဆိုတဲ့ အိမ်‌‌‌‌ခြေရာမဲ့ အမေရိကန် သူခိုးကောင်လေးဟာ တစ်ရက်မှာတရုတ်မင်းဆက်တစ်ခုရဲ့ ဆန်ချွင်ဒီ တိုင်းပြည်ကို မှော်‌ဂိတ်ပေါက်ကနေ
ရောက်သွားရာကနေ ..အဲဒီတိုင်းပြည်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာပုံကို ဒီဇာတ်ကားထဲမှာအရောင်စုံစုံနဲ့ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားက ၈၀ ခုနှစ်နှောင်းပိုင်းတွေတုန်းက တရုတ်ပြည်တောင်ပိုင်းမှာရှေး‌‌ဟောင်း မျက်နှာဖုံး‌တွေ ရှာတွေ့ထားတဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ပြီးစိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်ကားအနေနဲ့ Rating သိပ်မ‌ကာင်းပေမဲ့ ကလေးတွေနဲ့ လူငယ်တွေအတွက်‌‌တော့ ကြည့်လို့‌ ‌အဆင်ပြေတဲ့ Comedy & Adventure ဇာတ်ကားတစ်ကားပါပဲ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/717

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Visual ကမ္ဘာမှာပဲ အချိန်ကုန်ကြတော့မယ့် ၂၀၄၅ လူသားတွေ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။
ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် အိုအေစစ်ထဲမှာ အီစတာဥလို့ခေါ်တဲ့ပစ္စည်းတစ်ခုကိုထားခဲ့ပါတယ်။
အဲ့ဒီဥကို ရှာဖွေတွေ့ရှိသူဟာ ဟာလီဒေးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ အိုအေစစ်ကိုထိန်းချုပ်ခွင့်ပါ ရရှိမှာဖြစ်တဲ့အတွက် အိုအေစစ်ထဲက လူအားလုံးက အဲ့ဒီဥကို အသည်းအသန်လိုက်ရှာကြပါတော့တယ်။

အဲ့ဒီလိုလိုက်ရှာနေကြတဲ့သူတွေထဲမှာဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဝိတ်ဝက်စ်လဲ ပါဝင်ပါတယ်
ဥကို ရဖို့အတွက် သော့ ၃ ချောင်းအရင်ရှာရမှာဖြစ်ပြီးသဲလွန်စတွေကို ဘယ်လိုအဖြေဖော်ကြမလဲ၊
ဘယ်သူ အဲ့ဥကိုရသွားမလဲ၊
ဟာလီဒေးရဲ့ အစီအစဉ်ကရော ဘယ်လိုလဲဆိုတာတော့

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/347

🎬 Main channel
🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍5🥰2
မှားယွင်းတဲ့အယူအဆမှားတွေကြောင့် ရွာမှာ စုပုံလာတဲ့ လူသေကောင်အ‌လောင်းများ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

အိုက်နွန်ဟာ ဘော်ဒါကျောင်းတစ်ခုမှာနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘာသာရေးအဆုံးအမအောက်မှာကြီးပြင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း တီဗွီမှာလာလာနေတဲ့ပျောက်စေဆရာတစ်ယောက်ကိုအထင်ကြီးလေးစားနေပါတယ်။
တစ်နေ့မှာတော့ သူ့အထင်ကြီးတဲ့ ဆရာကြီးအဘား ရုတ်တရက်သေဆုံးသွားတဲ့သတင်းနဲ့အတူ အဲ့ဒီဆရာကြီးဟာ သူ့ဖခင်အရင်းဆိုတာကိုပါ
အံ့ဩတုန်လှုပ်ဖွယ်သိလိုက်ရပါတယ်။
နဂိုကတည်းက ဒီပညာနဲ့ဒီဆရာကို စိတ်အဝင်စားကြီးဝင်စားနေတဲ့ အိုက်နွန်ကတော့ အဘားရှိတဲ့ရွာကို သူငယ်ချင်းနှစ်ယောက်နဲ့အတူ
တဇွတ်ထိုးသွားရောက်ခဲ့ပြီးတဲ့နောက် အဘားရဲ့သေဆုံးမှုဟာ ထင်ထားတာထက်ပိုနက်နဲပြီး ပဟေဠိဆန်နေတာ တစ်ဖြည်းဖြည်းသိလာရပါတယ်။
အဲ့ဒီလိုနဲ့ အဘားရဲ့လက်ထောက်ဖြစ်သူက သူ့ကိုအဘားရဲ့အကြောင်းအတွင်းကျကျသိချင်ရင် အဘားရဲ့နေရာကိုဆက်ခံဖို့ကမ်းလှမ်းလာချိန်မှာ
အလွယ်တကူလက်ခံမိခဲ့ပေမယ့် သူနဲ့အတူလိုက်လာတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဒီရွာကြီးအပြင်ရွာသားတွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်
ပြန်ဖို့အသင့်ဖြစ်နေပါပြီ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/181

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1
Visual ကမ္ဘာမှာပဲ အချိန်ကုန်ကြတော့မယ့် ၂၀၄၅ လူသားတွေ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။
ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် အိုအေစစ်ထဲမှာ အီစတာဥလို့ခေါ်တဲ့ပစ္စည်းတစ်ခုကိုထားခဲ့ပါတယ်။
အဲ့ဒီဥကို ရှာဖွေတွေ့ရှိသူဟာ ဟာလီဒေးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ အိုအေစစ်ကိုထိန်းချုပ်ခွင့်ပါ ရရှိမှာဖြစ်တဲ့အတွက် အိုအေစစ်ထဲက လူအားလုံးက အဲ့ဒီဥကို အသည်းအသန်လိုက်ရှာကြပါတော့တယ်။

အဲ့ဒီလိုလိုက်ရှာနေကြတဲ့သူတွေထဲမှာဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဝိတ်ဝက်စ်လဲ ပါဝင်ပါတယ်
ဥကို ရဖို့အတွက် သော့ ၃ ချောင်းအရင်ရှာရမှာဖြစ်ပြီးသဲလွန်စတွေကို ဘယ်လိုအဖြေဖော်ကြမလဲ၊
ဘယ်သူ အဲ့ဥကိုရသွားမလဲ၊
ဟာလီဒေးရဲ့ အစီအစဉ်ကရော ဘယ်လိုလဲဆိုတာတော့

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/203

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍4
𝔼𝕟𝕔𝕒𝕟𝕥𝕠 (𝟚𝟘𝟚𝟙)

ဒစ္စနေးကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ်

𝔼𝕟𝕔𝕒𝕟𝕥𝕠ဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊

ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို 𝔼𝕟𝕔𝕒𝕟𝕥𝕠​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊

ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊

တစ်​နေ့မှာ​တော့ 𝔼𝕟𝕔𝕒𝕟𝕥𝕠​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊

သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ

😍ကြည့်ရန်နှိပ်ပါ👇

t.me/relaxmovie1/1666

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1
Confidential Informant (2023)

စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။
ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ… ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆို‌တော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်…။အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator 3: Rise of the Machines ထဲမှာ ဂျွန်ကော်နာလုပ်ခဲ့တဲ့ Nick Stahl ရယ်၊ Prison Break ထဲက Dominic Purcell တို့၊ Superman Returns ထဲက Kate Bosworth တို့လို စူပါတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စူပါတွေပါတိုင်း စူပါရုပ်ရှင်လို့ မဆိုသာပေမယ့်လို့ စူပါဝိတ်လေးတင်ထားတော့ အိပ်ချင်စရာတော့ မကောင်းဘူးပေါ့။

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/737

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2
The Human Centipede (2009)

လူသားကင်းခြေများဆိုတဲ့ ရုပ်ရှင်ကတော့ အော်ဂလီဆန်စရာအကောင်းဆုံး ဇာတ်ကားတွေထဲမှာ အပါအဝင်ပါပဲ။ပညာရှိတို့ အရူးထရင် ဘယ်လိုတောင်ကြောက်စရာကောင်းတယ်ဆိုတာကို မြင်တွေ့ရပါမယ်။

လူသား၃ယောက်ကို ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ကင်းခြေများလို တွယ်ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/mmsub2005/2585

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍1😁1
The Human Centipede II :(2011)

ဒုတိယရုပ်ရှင်ကတော့ ပထမကားကိုစွဲလမ်းပြီး လူသားတွေကို ကြုံသလို ဆက်မယ့် လုံခြုံရေးသမားအကြောင်းပါ၊သူဟာ ငယ်ငယ်ကတည်းက အဖေဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုကို ခံထားရသူပီပီ ပိုကြမ်းမှာပါ။

ဒီကားကိုတော့ ဒါရိုက်တာက ကင်းခြေများကိုပဲ Focus မလုပ်ဘဲ dark theme လေး ခံစားစေချင်လို့ black and white တင်ဆက်ထားပေမယ့် ကျနော်တို့ ကတော့ Colorized Version နဲ့ တင်ဆက်လိုက်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsub2005/2587

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍3😁1
သားကို အသည်းခွဲခဲ့သူကို လက်စားချေပေးမယ့် အောက်လမ်းဆရာမ မေမေ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

အိန်ဂျယ်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး သူ့အမေဖြစ်သူ ဆုံးပါးကာနီးမှာသွားတဲ့ ”လိုချင်တာတစ်ခုကို ဖြစ်တဲ့နည်းနဲ့ရအောင်ယူရမယ်” ဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်ကြိးပြင်းလာသူဖြစ်ပါတယ်။ အရွယ်ရောက်လာချိန်မှာတော့ ချစ်သူ ရွိုင်းကို ပစ်ပြီး အိမ်ထောင်သည်ရှူးဂါးဒက်ဒီကြီးဖြစ်တဲ့ ဘာဟန်ကိုအရရယူပြီး မယားပြိုင်အဖြစ်ခံယူခဲ့သလို ဘာဟန်ရဲ့တူဖြစ်တဲ့ လီယိုကိုလည်း သွေးသားဆန္ဒအတွက် တပ်မက်ပြီး အရယူဖို့ကြံပါတော့တယ်။ သူစွန့်ပစ်ခဲ့တဲ့ ချစ်သူဟောင်း ရွိုင်းရဲ့မိခင်က အစွမ်းထက်အောက်လမ်းဆရာမတစ်ဦးဖြစ်ပြီး သူ့သားအတွက် ကလဲ့စားချေဖို့ကြိုးစားချိန်မှာ အိန်ဂျယ်က အဘွားကြီးရဲ့ပျော့ကွက်ဖြစ်တဲ့ ရွိုင်းကိုချုပ်ကိုင်ပြီး လီယိုကို အရယူဖို့ကြိုးစားသလို ဘာဟန့်မယားကြိးဖြစ်တဲ့ ဗီဗီယန်ကိုပါ အောက်လမ်းအတတ်တွေနဲ့ဒုက္ခပေးဖို့ကြံစည်ပါတော့တယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/633

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍8❤1🔥1
ပြင်သစ်မှာ မတရားထောင်ကျခံရပြီး အနိုင်ကျင့်ခံရတဲ့ အမျိုးသမီး 😢😢

➪➪➪➪➪➪➪➪➪➪➪➪➪➪

သမီးလေးရယ်မိန်းမရယ်ယောင်္ကျားရယ် သာသာယာယာလေးနေနေတဲ့ဘ၀ထဲကို အကြွေးတွေလေတိုက်သလိုရောက်လာပြီးတော့ ဘ၀ပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျားလုပ်တဲ့သူရဲ့အခက်အခဲကို
တစ်နိုင်တစ်ပိုင်လေးဝင်ထမ်းချင်ခဲ့ရုံပါ ..

သူရလိုက်တာကတော့ သူတစ်ခါမှခြေမချဖူးတဲ့နိုင်ငံမှာ ပြစ်မှုကြီးနဲ့ထောင်ဒါဏ်တဲ့လေ
သူတို့လင်မယား၂ယောက်ရဲ့ အထိန်းအမှတ်နေ့လေးမှာ အရောက်သွားဖို့တိုင်ပင်ထားတဲ့နေရာမှာ ထောင်ချခဲ့ထားရတဲ့မိန်းမတစ်ယောက်ရဲ့အထီးကျန်မှုနဲ့ ၀မ်းနည်းခြောက်ခြားရမှုတွေကို စာနဲ့ဖေါ်ပြလို့ မရနိုင်လောက်ပါဘူး

ကံဆိုးမသွားရာမိုးလိုက်လို့ရွာမဟုတ်ပဲ မိန်းမထောင်ထဲမှာတောင် မတော်မတရားကျင့်ခံရသေးတာ ကိုယ့်လူမျိုးယုတ်တာခံလိုက်ရ သူများလူမျိုးယုတ်တာခံလိုက်ရနဲ့
သတ်သေဖို့ထိတောင်တွေးမိပေမယ့် သမီးလေးတစ်မျက်နှာနဲ့ရှေ့ဆက်ခဲ့ရတဲ့မိန်းမတစ်ယောက် နောက်ဆုံးဘယ်လိုနေရာထိအရောက်သွားနိုင်လဲဆိုတာ....

😍ကြည့်ရန်နှိပ်ပါ👇

t.me/kdramabox1/393

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Please open Telegram to view this post
VIEW IN TELEGRAM
👍3