ဂျက်ကီချမ်းကား / ဂျက်လီကားများ / ဂျက်မကားများ
63.4K subscribers
2.59K photos
114 videos
2.7K links
Download Telegram
ဂိုဏ်းစတားလေးနဲ့ ဟန်ဆောင်ရည်းစားလုပ်ရသောအခါ..📱

➪➪➪➪➪➪➪➪➪➪➪➪➪➪

She is Dating the Gangster

IMDb 7/10
Romance and Drama

"ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ" လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့
သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။
နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်း
ချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။

သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီး
သရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။
ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She's Dating the Gangster ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့...ဆက်ကြည့်ပေးကြနော်။


ကြည့်ရန်🔽⬇️
https://t.me/BlFansFansFromMyanmar/2858

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Ba"""ckco"""""unt""""ry (2014)


IMDb – 6/10, Rotten 🍅 - 92%


Backcountry ဆိုတဲ့ Survival Thriller ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်

မွန်းကျပ်လှတဲ့ နေ့စဉ်လူမှုဘဝထဲကနေ ရုန်းထွက်ပြီး တောတောင်ရေမြေအလှအပကို ခံစားဖို့အတွက် တောတွင်းခရီးစဉ်တစ်ခု ထွက်လာခဲ့တဲ့အဲလက်စ် နဲ့ ဂျန်းတို့စုံတွဲ..မထင်မှတ်ဘဲ လူထူးဆန်း ဘရက်ဒ်နဲ့ စတင်တွေ့ဆုံရချိန်.အဲလက်စ် နဲ့ ဂျန်းကြားမှာ ကတောက်ကဆမီးပွားလေးများ စတင်ဖြစ်ပေါ်လာရင်း.လူသူမရောက်တဲ့နေရာမှာ မမျှော်လင့်ထားတဲ့အန္တရာယ်တွေ ကြုံလာရချိန်ဘယ်လိုတွေ ဖြေရှင်းကြမလဲ.

လူသားနဲ့သားရဲကောင် ကြားက အသက်လုပွဲ.၊ survival ဆိုတဲ့အတိုင်း အသက်ရှင်သန်ဖို့ ဘယ်လောက်ထိ ရုန်းကန်ရမလဲ၊ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်ရမလဲ ဆိုတာကို ထင်ဟပ်ပြသထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

ကြည့်ရန်🔽⬇️
https://t.me/MyanmarsarthN/6308

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Su..p.er De..lu..xe (2019) မြန်မာစာတန်းထိုး
========================

မင်းကမ္ဘာကြီးကို ပြောချင်တဲ့ဟာကို ရုပ်ရှင်ံပုံစံမျိုးပြတဲ့အခါမှာ မင်းဘယ်လိုခံစားရမလဲ ။ ဒီရုပ်ရှင်က ကျွန်တော်တိုကိုဇာတ်လမ်းလေးခုပေးပြီး ဒီဇာတ်လမ်းတစ်ခုစီမှာရှိတဲ့ ဇတ်ကောင်တွေကို သူတိုရဲ့ယုံကြည်ချက်တွေထဲမှာ ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ စမ်းသပ်ထားတယ် ။ ဇနီးမောင်နှံ ဗာပူ နှင့် မူဂျီ အတွက် သူတို၏အခြေအနေမှာ ဆက်ဆံမှုကိုစစ်ဆေးရန်ဖြစ်သည် ။ သူမ၏မိသားစုကိုပြန်လာခဲ့သောလိင်ပြောင်းလဲသူ ရှီလာ ကိုသူမအပေါ်ထားရှိသော သူ၏မေတ္တာကိုစစ်ဆေးခြင်းဖြစ်သည် ။ ဆူနာမီဘေးဒဏ်မှလွတ်မြောက်ပြီး ဘုရားသခင်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သူ အာပုဒက် နှင့် ညစ်ညမ်းကြယ်ပွင့်ဟောင်းတစ်ဦးသည် ဒဏ်ရာရသောသားကိုကယ်တင်ရန်ကြိုးစားခြင်း ဖြစ်သည် ။ ဆုရီ သည်သူတို၏ဘုရားသခင်ကို ယုံကြည်မှုနှင့် လူသားကျင့်ဝတ်များအား အသီးသီးစမ်းသပ်မှုဖြစ်သည် ။"


ကြည့်ရန်🔽⬇️
https://t.me/DDDD1000Op/3693

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Forwarded from Pp Movie Uploader
ဥကြီးတစ်လုံးကို ရှာတွေ့ပြီး အချိန်ကို ရပ်တန့်ပစ်လိုက်တဲ့ ကောင်လေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

တောင်တွေပေါ်ကို ခရီးထွက်ခဲ့ကြတဲ့ ကလေးတစ်စုသွားခဲ့ရာက မတော်တဆ ပျောက်ဆုံးသွားခဲ့ကြပါတယ်။ကောင်မလေးတစ်ယောက်ကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။
ပျောက်ဆုံးသွားတဲ့ ၁၃ နှစ်သား ကောင်လေးကအသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်အနေနဲ့ ပြန်ပေါ်လာခဲ့တဲ့အခါမှာ ……

ကောင်မလေးကရော သူ့သူငယ်ချင်းကို မှတ်မိနိုင်ပါ့မလား?

ကောင်လေးက အချိန်တွေကို ရပ်တန့်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ ကလေးတွေကို သတ်တဲ့လူဟာလည်း

အဲဒီအမျိုးသားလို့ သံသယဝင်ခံရတဲ့အချိန်မှာတော့ …..


ကြည့်ရန်⬇️⬇️
https://t.me/MyanmarsarthN/6326

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Pp Movie Uploader
ရီမုခ်တစ်ချက်နဲ့တင် ဖြစ်ချင်တာအကုန် လုပ်လို့ရသွားသောအခါ ..📱

➪➪➪➪➪➪➪➪➪➪➪➪➪➪

လူတစ်‌ယောက်ရဲ့လက်ထဲ အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့ ရီမု ကွန်ထရိုး တစ်ခု ရောက်လာခဲ့ပါတယ်။ဘဝကို ဇာတ်ကား တစ်ခုလို ကျော်ပစ်လို့ရတဲ့အခါ စိတ်မရှည်တဲ့ အခန်းတွေကို သူ ကျော်ပစ်ခဲ့ပါတယ်။ ဒီလို ကျော်ပစ်ရင်း…မိသားစု အပါအဝင် အရာအားလုံးနဲ့ သူ ကင်းကွာလာခဲ့ပါတယ်၊ဘဝဆိုတာ ဖြတ်သန်းဖို့ပါပဲ… ဘဝမှာ ဘယ်အရာမဆို အစွန်းမရောက်ဖို့ လိုပါတယ်။မိုက်ကယ်လို အလုပ်အရမ်း လုပ်ပြီး ပတ်ဝန်းကျင်နဲ့ ကိုယ်ချစ်တဲ့ လူတွေကို ပစ်ပယ်မိကြသူတွေ အများကြီး ရှိနိုင်ပါတယ်။ အဲ့ဒီလို လူမျိုးတွေအတွက် ဒီကားလေးဟာ သူတို့ရဲ့ စိတ်ပြတင်းပေါက်ကို ပွင့်စေမှာပါ။ဒီကားလေးဟာ Rating 6.4ပဲ ရှိပေမဲ့ အတော်လေးကောင်းတဲ့ ဇာတ်ကားတစ်ခုပါပဲ။ တစ်ခုခုကိုတော့ ဒီကားလေးကနေ သင် ရမှာ သေချာပါတယ်။


ကြည့်ရန်⬇️⬇️
https://t.me/MyanmarsarthN/6345

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Forwarded from Pp Movie Uploader
အက်ရှင်အကြမ်းအရမ်းနဲ့ကြည့်ရမယ့်ငါးဖမ်းဇာတ်ကားသစ်📱

ဆိပ်ကမ်းမြို့လေးက တံငါသည် ငါးဖမ်းသမားအမျိုးဇာတ်ကသူတွေရဲ့ ဘဝဇာတ်ကြောင်းလေးကို အခြေခံပြီး ရိုက်ပြထားတာပဲ ဖြစ်ပါတယ်

တံငါသည်ရွာလေးက ငါးဖမ်းသမားတွေဟာ တစ်နှစ်မှာ ပင်လယ်ထဲကို ၉ လ ငါးဖမ်းထွက်ရပြီး ကျန် ၃လကိုတော့ ရွာပြန်လာခွင့်ရကြပါတယ် ၉လအတွင်းမှာ တစ်လတစ်ခါ ဆိပ်ကမ်းကပ်တိုင်း ရွာမှာကျန်ခဲ့တဲ့ ချစ်သူကောင်မလေးကို ဖုန်းခေါ်လေ့ရှိတဲ့ ရာဂျူးနဲ့ ချစ်သူရည်းစားကို လတိုင်း မြင်တွေ့ရဖို့ မျှော်နေတဲ့ ဆပ်သရာတို့ဟာ ရွာမှာတော့ လူတိုင်းသိကြတဲ့ အရမ်းချစ်ကြတဲ့အတွဲလေးပါပဲ
ရာဂျူးကို အန္တရာယ်များတဲ့ငါးဖမ်းသမားမလုပ်စေချင်တဲ့ ဆပ်သရာဟာ အမျိုးမျိုးဖြောင်းဖြပြီး အလုပ်ကို စွန့်လွှတ်ခိုင်းလည်း ရာဂျူးဟာ တံငါသည်တွေရဲ့ ခေါင်းဆောင်ဖြစ်နေတာကြောင့် စကားကို နားမထောင်ဘဲ ပင်လယ်ပြင်ကို ထွက်မြဲပါပဲ
တစ်နေ့မှာတော့ ရာဂျူးတို့လှေဟာ မုန်တိုင်းကြောင့် ပြန်မလာနိုင်တော့ဘဲ ပျောက်ချင်းမလှပျောက်သွားတဲ့အခါမှာ စိတ်နာသွားတဲ့ ဆပ်သရာဟာ တခြားတစ်ယောက်နဲ့ မင်္ဂလာဆောင်ဖို့ သဘောတူလိုက်ပါတယ် တကယ်ကတော့ ရာဂျူးတို့လှေကို ပါကစ္စတန်တွေက ဖမ်းခေါ်သွားခဲ့ပြီး အကျဥ်းချထားခဲ့တာပါ



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2719

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👍2❤1👏1
Forwarded from Pp Movie Uploader
နားလေးကြီးဘိုင်ရာဗာ📱

ဇာတ်လမ်းလေးကတော့၁၉၈၀ခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးက ဇာတ်လမ်းတပုဒ်ပဲ ဖြစ်ပါတယ်။

ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူးရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်။

ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ် (၃၀) ဆ က်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါလူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူးသူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။

ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။

သူနာမည်က ကူမာရ် ဘာဘူပါကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ဖြစ်ပါတယ်။

မတရားမှုကို ရင်ဆိုင်ဖို့ သူကြီးအဖွဲ့နဲ့ထိပ်တိုက်တွေ့နေတဲ့ အစ်ကိုဖြစ်သူကို ချစ်တီးဘာဘူတစ်ယောက်



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2734

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3
Forwarded from Pp Movie Uploader
မှုခင်းကားသဘောကျတဲ့ပရိတ်သတ်တွေအတွက်📱

အညွှန်းဖတ်ရန်
⬇️⬇️🔽

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာဟာ စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ / မရှင်သန်ချင်တော့လောက်အောင် စိတ်ဓာတ်အရမ်းကျနေလို့ ဆိုပြီး ပြောကြပေမယ့်......... တစ်မြို့ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ပေါ်လာတယ်ဆိုရင်ရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား......

မှုခင်းကားတွေကိုလည်း သဘောကျတယ် ကြောက်စရာ လန့်စရာ ဟော်ရာလေးလည်း ပါချင်တယ်ဆိုတဲ့ ပရိသတ်တို့အတွက် မတ်လကုန်ကမှ ထွက်ထားတဲ့ အသစ်စက်စက် မှုခင်းကားလေးတစ်ကားအကြောင်း ​ပြောလိုက်ပါရစေ။

ရဲမှူးအာလ်ခီ ဟာ တရားခံ ဖမ်းရင်း ဒဏ်ရာရသွားတဲ့အတွက် ရက်ရှည်ခွင့်နဲ့ အနားယူနေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ဆီကို ဖို့ ​အကြံပြုလိုက်ချင်ပါ

တယ်။



ဇာတ်​ကားကြည့်ရန်🔽🔽⬇️⬇️
https://t.me/Onepiecemmsub09/2742

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Pp Movie Uploader
ယင်ကောင်မင်းသားနာနီရဲ့ဇာတ်ကားကောင်း📱

မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီး
ဘတ်ဂျက်၆၅ကု​ဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်တဲ့
Dasaraကိုတင်ဆက်​ပေးချင်ပါတယ်
ဗီရာလပိုင်ဆိုတဲ့ရွာ​လေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့
လူ​တွေ​နေထိုင်ကြပါတယ် အရက်မ​သောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကို
အရက်စွဲ​နေကြသူ​တွေပါ ဒါ​တွေ​ကြောင့်လည်း ဒီရွာ​လေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အ
ရက်ဆိုင်ဟာအရက်ဝယ်သူ​တွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမ​စဲတသဲသဲပါပဲ ဒါတင်မက​သေးပါဘူး
ဒီဘားရဲ့​ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူ​​တွေအ​လေးစားရဆုံးရာထူးလည်းဖြစ်ပါတယ်

တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်း​ကောင်း​တွေဖြစ်ကာ ဒါရန်နီဟာ
ဗန်လာနီကို ဟိုးက​လေးဘဝကတည်းကချစ်​နေခဲ့​ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်​နေတာ​ကြောင့်
ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်​ယောက်အကျိုးကိုပဲ အမြဲကြည့်​ပေး​နေခဲ့သူပါ

တစ်​နေ့မှာ​တော့ ဗန်လာနီကိုတခြားလူတစ်​ယောက်နဲ့ အိမ်​ထောင်ချ​ပေးဖို့လုပ်ကြတဲ့မိဘ​တွေ​ကြောင့်
ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်​စေပြီး
ဘားရဲ့​ငွေကိုင်ရာထူးကိုရ​အောင်ကြိုးစားကြပါ​တော့တယ်

ဒါ​ပေမယ့်တကယ့်ပြိုင်ပွဲ​နောက်ကွယ်မှာ​တော့ ကြီးမှူးသူ​တွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကို
သတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လို​တွေလုပ်ကြမလဲ
သူတို့​တွေဒီလိုလှည့်ကွက်​တွေနဲ့ပြည့်နှက်​နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူ​တွေကို
ဘယ်လိုဖြတ်​​ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရ​အောင်​နော်



ဇာတ်​ကားကြည့်ရန်
🔽🔽⬇️⬇️
https://t.me/Onepiecemmsub09/2744

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
👍4❤3🥰1
Forwarded from Pp Movie Uploader
မိဘကိုပြန်တရားစွဲခဲ့တဲ့ကလေးလေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

Capernaum မြန်မာစာတန်းထိုး

အညွှန်းဖတ်ရန်
🔽🔽

တရားရုံးတွင် အမှုတစ်ခုကိုစစ်ဆေးနေသည်..
တခြားအမှုများနှင့်မတူ …အတော်ထူးခြားသည်…
အဘယ့်ကြောင့်ဆိုသော် တရားလိုက ၁၂နှစ်အရွယ် ထောင်ကျနေသည့်ကောင်လေးတစ်ယောက်ဖြစ်သည်….

ပြောရရင် သားက မိဘ (၂)ပါးကို တရားပြန်စွဲဆိုခြင်းဖြစ်သည်….

တရားသူကြီးက မိဘတွေဖြစ်တဲ့သူကိုမေးတယ်…“ခင်ဗျားတို့ တရားလိုဖြစ်တဲ့ဒီကောင်လေးကိုသိလား”
“သိပါတယ် ကျွန်မတို့သား ဇိမ်းပါ ထောင်ကျနေတဲ့ ကျွန်မတို့သားပါ”
" ဘာဖြစ်လို့ ထောင်ကျတာလဲ သိလား”
“သိပါတယ် သူက ကလေးဆန်ခဲ့ပြီးတော့ တခြားတစ်ယောက်ကိုဓါးနဲ့ထိုးခဲ့လို့ပါ အခုက ဘာကိစ္စကျွန်မတို့ကိုတရားရုံးကိုခေါ်တာလဲရှင့်”

အဲ့ဒီနောက် တရားသူကြီးက တရားလိုဖြစ်တဲ့ကောင်လေးကိုမေးတယ်….
“သားခု တရားရုံးကို ဘာလို့ရောက်နေတာလဲသိလား”
“ဟုတ်ကဲ့သိပါတယ်.. ကျွန်တော်မိဘတွေကိုတရားစွဲချင်လို့ပါ”
“မိဘတွေကို ဘာလို့တရားစွဲချင်ရတာလဲ”
“ကျွန်တော့်ကိုမွေးဖွားခဲ့လို့ပါ”အသက်(၁၂)အရွယ်ကောင်းလေး ပြောရရင် လူမမယ်အရွယ်လေးလို့တောင်ဆိုရမည်ထင်သည်…



ကြည့်ရန်🔽🔽
https://t.me/MyanmarsarthN/6389

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Pp Movie Uploader
အဖိုးဖြစ်သူရဲ့တိတ်တိတ်ပုန်းကလေးလေးကို ခေါ်ယူမွေးစားခဲ့တဲ့ လူပျိုကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

bunny drop

အညွှန်းဖတ်ရန်
🔽🔽

ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား။

ဒိုင်းကီချိ တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်းလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့‌ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ခေါ်ယူစောင့်ရှောက်တာကမှားသွားပြီလားလို့ လူပျိုဖြစ်တဲ့ ဒိုင်းကီချိတစ်ယောက် နောင်တရနေပေမဲ့ အဆိုးထဲကအကောင်းလို့ပြောရလောက်အောင် သိပ်လိမ္မာတဲ့ ရင်းကို တဖြည်းဖြည်း ကိုယ့်သမီးလို မြင်ယောင်ပြီး သံယောဇဉ်တွယ်လာမိတော့တယ်...



ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2896

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Pp Movie Uploader
သားဖြစ်သူကိုသ_တ်သွားတဲ့လူဆိုးဂိုဏ်းကိုကလဲ့စားချေမယ့်ထောင်မှူးကြီး📱

အညွှန်းဖတ်ရန်
🔽🔽

ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ
ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။

မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။

သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။

တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အThatခံလိုက်ရတာကိုသိလိုက်ရပါတယ်။

အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ
အThatအဖြ-တ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။


ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2767

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
တစ္ဆေကပ်နေတဲ့ အရုပ်မနဲ့ လက်ထပ်ပြီး အတူတူနေထိုင်ကြတဲ့ ကျိန်စာသင့်ရွာကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

မြို့ပြင်ကလူတွေဝင်လာလို့ပဲရပြီး မြို့ထဲက ဘယ်သူမှ အပြင်ကိုအသက်ရှင်လျက်ထွက်မသွားနိုင်တဲ့ တစ္ဆေမြို့...

မြို့ရဲ့တားမြစ်ထားတဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်မိရင်လည်းအသေဆိုးနဲ့သေရတတ်တယ်

ဒီလိုမျိုး တစ္ဆေကျိန်စာသင့်နေတဲ့မြို့ကို အရာရာစူးစမ်းချင်ပြီးတားမြစ်ထားတဲ့အရာကိုမှ လုပ်ချင်ပါတယ်ဆိုတဲ့ ရတနာသိုက်ရှာဖွေသူ ကောင်လေးနှစ်ယောက်ရောက်လာကာ မြို့စည်းမျဉ်းကို ဖောက်ဖျက်မိချိန်မှာတော့...

တစ်မြို့လုံးကံဆိုးမိုးမှောင်ကျပြီး ဘာတွေဆက်ဖြစ်ကြမှာလဲ

မြို့ထဲကနေရော သူတို့နှစ်ယောက်အသက်ရှင်လျက်ပြန်ထွက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ စိတ်လှုပ်ရှားချောက်ချားဖွယ်ကြည့်ရှုလို့ရပါပြီနော် ။


ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2904

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
ရတနာသိုက်စောင့် သရဲကြီး ဘာရိုဇ် 📱

ပုံပြင်ဆန်ဆန်နဲ့ စိတ်၀င်စားစရာကြည့်ရမဲ့မလေယာလမ်စကားပြော အိန္ဒိယရုပ်ရှင်တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

အညွှန်းဖတ်ရန်
🔽🔽

ငယ်ဘ၀က က‌လေးဘ၀ပုံပြင်တွေထဲမှာ ဘာရိုဇ်ဆိုတဲ့
ရတနာသိုက်စောင့်သရဲကြီးအကြောင်း
တချို့လည်း ကြားဖူးကြမယ်ထင်ပါတယ်။
သူဟာ အရှင်ဒဂါးမားရဲ့ ရတနာသိုက်ကို စောင့်ပေးနေရတဲ့
အိန္ဒိယရောက် သစ္စာရှိ ပေါ်တူဂီသရဲကြီးပါ။
ဘာရိုဇ်ဟာ ကျမ်းဂန်အလိုအတိုင်း
ရတနာသိုက်ကိုစောင့်ရှောက်ရင်း
အမွေဆက်ခံမဲ့သူကို စောင့်နေခဲ့တာပါ။
လက်ရှိ ဒီဘက်ခေတ်မှာတော့ အိန္ဒိယနိုင်ငံ ဂိုအာမှာ
လေလံပွဲကြီးတစ်ခု ကျင်းပနေပါတယ်။
ဂိုအာမှာလည်း ကာစီနိုမဖွင့်ရေးအတွက် ဆန္ဒပြနေသူတွေကတစ်မျိုး၊
လေလံပွဲအတွက် နိုင်ငံတကာကရောက်နေတဲ့ လုပ်ငန်းရှင်တွေကတစ်ဖုံနဲ့
စည်ကားလို့နေပါတယ်။
အဲဒီလေလံပွဲကို လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရွန်နဲ့
သူ့ရဲ့မိတဆိုးသမီးလေးအီဆာတို့လည်း ရောက်ရှိလာပါတယ်။
အီဆာဟာ ပြောမရဆိုမရ ဂျစ်တိုက်တတ်တဲ့
ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။
အဲဒီကို အီဆာရောက်လာတာနဲ့အတူ
ရတနာသိုက်မှာလည်း ထူးခြားမှုတွေဖြစ်ပေါ်လာပါတော့တယ်။
ဒီလိုနဲ့ ဂျစ်တူးမလေးအီဆာတစ်ယောက် ရောက်ရာနေရာမှာ ဘယ်လိုတွေမွှေဦးမလဲ၊
ရတနာသိုက်နဲ့အီဆာတို့ ဘယ်လိုပတ်သက်နေမလဲ၊ အီဆာနဲ့ ဘာရိုဇ်တွေ့ကြတဲ့အခါ
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…။
(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~KKKZ~V~Star ဖြစ်ပါတယ်။)



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2786

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍3🥰3
Forwarded from Pp Movie Uploader
သေသွားတဲ့ သရဲမက မကျွတ်မလွတ်ဘ၀နဲ့ ရုပ်ရှင်လာရိုက်သောအခါ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ပေါက်ကျီ ဟိုကျီနဲ့ကိုကျီဆိုတဲ့ သူငယ်ချင်း၃ယောက်က prank တွေရိုက်ကူးရင်း
ပိုက်ဆံရှာနေကြတဲ့သူတွေပါ တစ်နေ့သူတို့က ဆိုင်တစ်ဆိုင်မှာ သရဲခြောက်တဲ့ပုံစံ
prank ကိုရိုက်ကူးရာကနေ အမှတ်မထင်ဘဲ လျော်ကြေးပေးရတော့မယ့်အနေအထားနဲ့ကြုံလာပါတော့တယ်
အဲ့အချိန်မှာ သူငယ်ချင်းတွေက မသင့်မြတ်တော့ဘဲ လမ်းခွဲကြဖို့စကားစလာတဲ့အချိန်မှာတော့
သူတို့ထဲက အကြီးဆုံးဖြစ်တဲ့ပေါက်ကျီက ပရောဂျက်အကြီးကြီးတစ်ခုကို
လက်ခံပြီး ရလာတဲ့ငွေတွေကိုခွဲယူပြီးမှ လမ်းခွဲဖို့ ပြောရာမှာတော့
ကျန်တဲ့နှစ်ယောက်ကလည်း သဘောတူလိုက်ပြီးတော့ လက်ခံခဲ့ကြပါတယ်
သူတို့ရဲ ပရောဂျက်ကြီးကတော့ မိဖုရားလိသေဆုံးပြီး ခြောက်လှန့်တဲ့သရဲကားပဲဖြစ်ပါတယ်
အဲ့ဒါကိုငှားတဲ့သူကတော့ မျက်နှာသစ်သရုပ်ဆောင် မင်းသားရူးနေတဲ့ရှောင်ရှန်းပဲ
အဲ့ရိုက်ကွင်းနောက်ကွယ်ကို လိုက်လံရိုက်ကူးရင်း မိဖုရားလိနေရာက
မင်းသမီးငယ်လေးရဲ့ရိုက်ကူးရေးမှာ လည်ပင်းကြိုးအစ်ပြီးဆေးရုံ ရောက်သွားရတဲ့
မတော်တဆမှုကိုပါ ရိုက်ကူးမိသွားပါတယ်


ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2913

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Pp Movie Uploader
ကာတွန်းကားထဲက ခုန်ထွက်လာတဲ့ တံမြက်စည်းပျံစီးတဲ့ စုန်းမလေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

သာမန်လူတစ်ယောက်နဲ့ စုန်းမတစ်ယောက် ပေါင်းစပ်ပြီး မွေးဖွားလာတဲ့ ကလေးလေးတစ်ယောက်…ငယ်ငယ်ကတည်းက စုန်းမဖြစ်တဲ့ အမေဖြစ်သူရဲ့ ဆေးဖော်စပ်တာ တံမြက်စည်းပျံစီးတာတွေကိုကြည့်ရင်းကိုယ်တိုင်လည်း စုန်းမဖြစ်ချင်တယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိကိ… စုန်းမတစ်ယောက်ဖြစ်ဖို့အတွက်
စည်းကမ်းချက်ကတော့ ၁၃ နှစ်ပြည့်တဲ့အချိန်မှာ မိဘအကူအညီမပါဘဲ တစ်နယ်ခြားမှာကိုယ့်အစွမ်းအစနဲ့ကိုယ် တစ်နှစ်နေထိုင်ရမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ တံမြက်စည်းပျံပဲစီးတတ်တဲ့ကိကိလေးက ခိုရိကိုဆိုတဲ့မြို့လေးကို ရောက်လာပြီး အဲဒီမြို့လေးမှာ ဘယ်လိုလူတွေဘယ်လိုအရာတွေနဲ့တွေ့ဆုံကြုံကြိုက်ရမလဲ တကယ် စုန်းမကောင်းတစ်ယောက်ဖြစ်လာမှာလား ဆိုတာတော့….။



ကြည့်ရန်🔽🔽
https://t.me/Hdpwgdpw/1991


🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Pp Movie Uploader
အားလုံးစောင့်မျှော်နေကြတဲ့ဘေဘီဂျွန်ဇာတ်ကား📱

အညွှန်းဖတ်ရန်
🔽🔽

အခုကားလေးကတော့ အက်ရှင် ဒရမ်မာကားလေးဖြစ်ပြီး အိန္ဒိယားကားတွေရဲ့ထုံးစံအတိုင်း
နောက်ကြောင်းရှင်းပြီး အေးအေးချမ်းချမ်းနေတဲ့ဘ၀လေးကို လာနှောင့်ယှက်ကြမယ့် အတိတ်က အဖြစ်အပျက်တွေကြားထဲက ရဲအရာရှိဆက်တရာဗာမာအကြောင်းကို ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။
သမီးလေးနဲ့အတူ ဇာတ်မြှုပ်ပြီးနေနေပေမဲ့လည်း
အတိတ်က လူမိုက်တွေနဲ့ ပြန်ပတ်သက်လာမိတဲ့အခါ ရှောင်ပြေးလာခဲ့တဲ့ စိတ်ဆင်းရဲမှု ဒုက္ခတွေနဲ့ ဘယ်လိုတွေကြုံတွေ့ရင်ဆိုင်သွားရမလဲဆိုတာ အက်ရှင်ခန်းတွေအပြည့်နဲ့ ကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်။ 
အိန္ဒိယရုပ်ရှင်မူမပျက် နောက်ကြောင်းပြန်တာတွေနဲ့ comeback ပြန်ကြမ်းလာမယ့် မင်းသားကိုကြည့်ရမှာမို့လို့ အိန္ဒိယရုပ်ရှင်ပရိတ်သတ်တွေအတွက် စိတ်ကျေနပ်စေမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။



ကြည့်ရန်🔽🔽
https://t.me/Hdpwgdpw/1993

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
သင်္ဘောမြှုပ်တဲ့သူတွေကို ကယ်ဆယ်ပေးရာမှ ကြောက်ရွံ့ထိတ်လန့်စရာတွေဖြစ်လာသောအခါ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

Below (2002) မြန်မာစာတန်းထိုး

ဇာတ်လမ်းက 1943 ခုနှစ် ဒုတိယကမ္ဘာစစ် အချိန်ကာလကို အခြေခံထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘော USS Tiger Shark ဟာအတ္တလန်တိတ်သမုဒ္ဒရာအတွင်းကင်းလှည့်နေစဉ် အင်္ဂလိပ် သင်္ဘောတစ်စင်းနစ်မြှပ်မှုမှ အသက်ရှင်ကျန်သူသုံးဦးကိုကယ်ဆယ်ခဲ့ပြီးနောက်ဂျာမန် ဖျက်သင်္ဘောထံမှလွတ်မြောက်ခဲ့ပေမဲ့ ရေငုပ်သင်္ဘော အတွင်းမှာ ထူးဆန်းတဲ့ရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ထိုအချိန်မှာအချင်းချင်းသံသယဖြစ်လာကြပြီး မမြင်နိုင်တဲ့တစ်ခုခုက သူတို့ကိုခြိမ်းခြောက်နေတယ်ဆိုတာ သိလာကြပါတယ်။ စစ်ပွဲရဲ့ဖိအားအပြင် မမြင်နိုင်တဲ့ တစ်ခုခုရဲ့ ဆိုခြိမ်းခြောက်မှုကိုခံရတဲ့အခါ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေအပြင် အသက်အန္တရာယ်ကိုယ်စီပါ ကြုံလာရပါတော့တယ်။ အဘယ်ကြောင့် ဒီလိုထူးဆန်းတာတွေဖြစ်ပြီး အသက်အန္တရာယ်တွေကြုံလာလဲဆိုတာတော့ကြည့်ရှုသူပရိတ်သတ်တွေပါ ဇာတ်ကောင်တွေနဲ့လိုက်ပြီး အဖြေရှာရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်


ကြည့်ရန်🔽🔽
https://t.me/BahubaliMmSubkk/1943

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
အိန္ဒိယတာတေကြီး📱

ဒီကားက အထူးညွှန်းနေစရာတောင် မလိုအပ်တော့ပါဘူး

အညွှန်းဖတ်ရန်
🔽🔽

ရာဗာတိုသူငယ်ချင်းအုပ်စု ခရစ်ကတ် ကစားနေကြ မြေကွက်လပ်ကြီးက ကစားလိုမရတော့တဲ့အတွက်
နေရာအသစ် သွားရှာတဲ့အခါမှာ လူမရှိတဲ့ခြံကျယ်ကြီးတစ်ကွက်ကိုတွေ့ခဲ့ပါတယ်

ရာဗာတိုသူငယ်ချင်းအုပ်စုက အဲ့ဒီခြံကျယ်ကြီးထဲမှာ ခရစ်ကတ်ကစားဖို ပြင်ဆင်နေကြတဲ့အချိန်မှာပဲ လေပြင်းတွေတိုက် ကောင်းကင်တွေက မဲမှောင်လာခဲ့ပါတော့တယ်

ရာဗာတိုတွေလဲ ကြောက်အားလန့်အားနဲ့ အိမ်ပြန်ပြေးကြတဲ့အခါမှာတော့ ရာဗာရဲ့ ခရစ်ကတ်ကစားတဲ့တုတ်မှာ အဲ့ဒီခြံကျယ်ကြီးထဲက မကောင်းဆိုးဝါးရဲ့ သွေးတွေ ပေကျံပြီး ရာဗာရဲ့ အိမ်ကို လိုက်လာခဲ့ပါတော့တယ်

သရဲဆိုရင် အသံတောင်ကြားမရအောင်ကြောက်တတ်တဲ့ သတ္တိခဲရာဗာဆီမှာမှ အမုန်းတွေ၊ အညှိးတွေ၊ အာဂတတွေနဲ့ ပြည့်နေတဲ့ ခြံကျယ်ကြီးထဲက သရဲတွေ ဝင်ရောက်စီးကပ်သွားတဲ့အခါမှာတော့

ရာဗာတိုမိသားစုတွေ ဘယ်လိုအခြောက်အလှန့်တွေနဲ့ ရင်ဆိုင်သွားရမလဲ...ရာဗာကိုယ်တိုင်ကရော ဘယ်လိုပုံစံမျိုးတွေပြောင်းလဲသွားမလဲ....

ရာဗာ့ဆီမှာ ဝင်ပူးခဲ့တဲ့သရဲတွေကရော ဘယ်လိုအကြောင်းကြောင့်လဲဆိုတာ....


ကြည့်ရန်🔽🔽
https://t.me/Hdpwgdpw/1999

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Forwarded from Pp Movie Uploader
အချစ်ဦးနဲ့ အချစ်ဆုံး နှစ်ယောက် ထဲ တစ်ယောက်ကို ရွေးရမယ်ဆိုရင် ဘယ်သူ့ကို ရွေးဖြစ် လောက် မလဲ....…..📱

➪➪➪➪➪➪➪➪➪➪➪➪➪➪
အညွှန်းဖတ်ရန်
🔽🔽

(Sara Ali Khan) ဟာ သူ့ချစ်သူမျက်လှည့်ဆရာလေး ဆာဂျတ်ဒ်အလီ (Akshay Kumar) ကိုအရူးအမူးချစ်ခင်စွဲလန်းသူဖြစ်ပါတယ်။မတူညီတဲ့ ဘာသာရေးနောက်ခံတွေကြောင့်ရင်ကူးရဲ့အယူအစွဲကြီးတဲ့အသိုင်းအ၀ိုင်းဟာ သူခိုးရာလိုက်ပြေးတိုင်း မရရအောင်လိုက်ခွဲလေ့ရှိပြီးနောက်ဆုံးတစ်ကြိမ်မှာတော့ ဆာဂျတ်ဒ် မဟုတ်ရင်ပြီးရောဆိုပြီးလူတစ်ယောက်ကိုပြန်ပေးဆွဲခေါ်လာပြီး အတင်းအကျပ်လက်ထပ်ပေးလိုက်ပါတော့တယ်၊အဲ့ဒီလူကတော့ တမီလ်နာဒူးပြည်နယ်ကလာတဲ့ ဆရာဝန်လောင်းလေးဖြစ်တဲ့ ဗီရှူး (Dhanush) ပါပဲ။ပြဿနာက ဗီရှူးမှာလဲ မကြာခင်စေ့စပ်တော့မယ့်သတို့သမီးလောင်းရှိနှင့်နေပြီးဖြစ်နေတာပါ။မိဘသဘောတူရုံသက်သက် အချစ်ဆိုတာ ဘာမှန်းမသိဘဲ လက်ထပ်လုဆဲဆဲ ဗီရှူးဟာတစ်ပါးသူကိုအရူးအမူးချစ်နေတဲ့ ရင်ကူးကိုစွဲလန်းစပြုလာရာကနေ


ကြည့်ရန်🔽🔽
https://t.me/Hdpwgdpw/2004

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🥰1