ဂျက်ကီချမ်းကား / ဂျက်လီကားများ / ဂျက်မကားများ
63.4K subscribers
2.59K photos
114 videos
2.7K links
Download Telegram
Forwarded from Pp Movie Uploader
မိဘကိုပြန်တရားစွဲခဲ့တဲ့ကလေးလေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

Capernaum မြန်မာစာတန်းထိုး

အညွှန်းဖတ်ရန်
🔽🔽

တရားရုံးတွင် အမှုတစ်ခုကိုစစ်ဆေးနေသည်..
တခြားအမှုများနှင့်မတူ …အတော်ထူးခြားသည်…
အဘယ့်ကြောင့်ဆိုသော် တရားလိုက ၁၂နှစ်အရွယ် ထောင်ကျနေသည့်ကောင်လေးတစ်ယောက်ဖြစ်သည်….

ပြောရရင် သားက မိဘ (၂)ပါးကို တရားပြန်စွဲဆိုခြင်းဖြစ်သည်….

တရားသူကြီးက မိဘတွေဖြစ်တဲ့သူကိုမေးတယ်…“ခင်ဗျားတို့ တရားလိုဖြစ်တဲ့ဒီကောင်လေးကိုသိလား”
“သိပါတယ် ကျွန်မတို့သား ဇိမ်းပါ ထောင်ကျနေတဲ့ ကျွန်မတို့သားပါ”
" ဘာဖြစ်လို့ ထောင်ကျတာလဲ သိလား”
“သိပါတယ် သူက ကလေးဆန်ခဲ့ပြီးတော့ တခြားတစ်ယောက်ကိုဓါးနဲ့ထိုးခဲ့လို့ပါ အခုက ဘာကိစ္စကျွန်မတို့ကိုတရားရုံးကိုခေါ်တာလဲရှင့်”

အဲ့ဒီနောက် တရားသူကြီးက တရားလိုဖြစ်တဲ့ကောင်လေးကိုမေးတယ်….
“သားခု တရားရုံးကို ဘာလို့ရောက်နေတာလဲသိလား”
“ဟုတ်ကဲ့သိပါတယ်.. ကျွန်တော်မိဘတွေကိုတရားစွဲချင်လို့ပါ”
“မိဘတွေကို ဘာလို့တရားစွဲချင်ရတာလဲ”
“ကျွန်တော့်ကိုမွေးဖွားခဲ့လို့ပါ”အသက်(၁၂)အရွယ်ကောင်းလေး ပြောရရင် လူမမယ်အရွယ်လေးလို့တောင်ဆိုရမည်ထင်သည်…



ကြည့်ရန်🔽🔽
https://t.me/MyanmarsarthN/6389

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Pp Movie Uploader
အဖိုးဖြစ်သူရဲ့တိတ်တိတ်ပုန်းကလေးလေးကို ခေါ်ယူမွေးစားခဲ့တဲ့ လူပျိုကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

bunny drop

အညွှန်းဖတ်ရန်
🔽🔽

ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား။

ဒိုင်းကီချိ တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်းလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့‌ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ခေါ်ယူစောင့်ရှောက်တာကမှားသွားပြီလားလို့ လူပျိုဖြစ်တဲ့ ဒိုင်းကီချိတစ်ယောက် နောင်တရနေပေမဲ့ အဆိုးထဲကအကောင်းလို့ပြောရလောက်အောင် သိပ်လိမ္မာတဲ့ ရင်းကို တဖြည်းဖြည်း ကိုယ့်သမီးလို မြင်ယောင်ပြီး သံယောဇဉ်တွယ်လာမိတော့တယ်...



ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2896

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Pp Movie Uploader
သားဖြစ်သူကိုသ_တ်သွားတဲ့လူဆိုးဂိုဏ်းကိုကလဲ့စားချေမယ့်ထောင်မှူးကြီး📱

အညွှန်းဖတ်ရန်
🔽🔽

ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ
ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။

မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။

သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။

တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အThatခံလိုက်ရတာကိုသိလိုက်ရပါတယ်။

အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ
အThatအဖြ-တ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။


ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2767

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
တစ္ဆေကပ်နေတဲ့ အရုပ်မနဲ့ လက်ထပ်ပြီး အတူတူနေထိုင်ကြတဲ့ ကျိန်စာသင့်ရွာကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

မြို့ပြင်ကလူတွေဝင်လာလို့ပဲရပြီး မြို့ထဲက ဘယ်သူမှ အပြင်ကိုအသက်ရှင်လျက်ထွက်မသွားနိုင်တဲ့ တစ္ဆေမြို့...

မြို့ရဲ့တားမြစ်ထားတဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်မိရင်လည်းအသေဆိုးနဲ့သေရတတ်တယ်

ဒီလိုမျိုး တစ္ဆေကျိန်စာသင့်နေတဲ့မြို့ကို အရာရာစူးစမ်းချင်ပြီးတားမြစ်ထားတဲ့အရာကိုမှ လုပ်ချင်ပါတယ်ဆိုတဲ့ ရတနာသိုက်ရှာဖွေသူ ကောင်လေးနှစ်ယောက်ရောက်လာကာ မြို့စည်းမျဉ်းကို ဖောက်ဖျက်မိချိန်မှာတော့...

တစ်မြို့လုံးကံဆိုးမိုးမှောင်ကျပြီး ဘာတွေဆက်ဖြစ်ကြမှာလဲ

မြို့ထဲကနေရော သူတို့နှစ်ယောက်အသက်ရှင်လျက်ပြန်ထွက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ စိတ်လှုပ်ရှားချောက်ချားဖွယ်ကြည့်ရှုလို့ရပါပြီနော် ။


ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2904

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
ရတနာသိုက်စောင့် သရဲကြီး ဘာရိုဇ် 📱

ပုံပြင်ဆန်ဆန်နဲ့ စိတ်၀င်စားစရာကြည့်ရမဲ့မလေယာလမ်စကားပြော အိန္ဒိယရုပ်ရှင်တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

အညွှန်းဖတ်ရန်
🔽🔽

ငယ်ဘ၀က က‌လေးဘ၀ပုံပြင်တွေထဲမှာ ဘာရိုဇ်ဆိုတဲ့
ရတနာသိုက်စောင့်သရဲကြီးအကြောင်း
တချို့လည်း ကြားဖူးကြမယ်ထင်ပါတယ်။
သူဟာ အရှင်ဒဂါးမားရဲ့ ရတနာသိုက်ကို စောင့်ပေးနေရတဲ့
အိန္ဒိယရောက် သစ္စာရှိ ပေါ်တူဂီသရဲကြီးပါ။
ဘာရိုဇ်ဟာ ကျမ်းဂန်အလိုအတိုင်း
ရတနာသိုက်ကိုစောင့်ရှောက်ရင်း
အမွေဆက်ခံမဲ့သူကို စောင့်နေခဲ့တာပါ။
လက်ရှိ ဒီဘက်ခေတ်မှာတော့ အိန္ဒိယနိုင်ငံ ဂိုအာမှာ
လေလံပွဲကြီးတစ်ခု ကျင်းပနေပါတယ်။
ဂိုအာမှာလည်း ကာစီနိုမဖွင့်ရေးအတွက် ဆန္ဒပြနေသူတွေကတစ်မျိုး၊
လေလံပွဲအတွက် နိုင်ငံတကာကရောက်နေတဲ့ လုပ်ငန်းရှင်တွေကတစ်ဖုံနဲ့
စည်ကားလို့နေပါတယ်။
အဲဒီလေလံပွဲကို လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရွန်နဲ့
သူ့ရဲ့မိတဆိုးသမီးလေးအီဆာတို့လည်း ရောက်ရှိလာပါတယ်။
အီဆာဟာ ပြောမရဆိုမရ ဂျစ်တိုက်တတ်တဲ့
ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။
အဲဒီကို အီဆာရောက်လာတာနဲ့အတူ
ရတနာသိုက်မှာလည်း ထူးခြားမှုတွေဖြစ်ပေါ်လာပါတော့တယ်။
ဒီလိုနဲ့ ဂျစ်တူးမလေးအီဆာတစ်ယောက် ရောက်ရာနေရာမှာ ဘယ်လိုတွေမွှေဦးမလဲ၊
ရတနာသိုက်နဲ့အီဆာတို့ ဘယ်လိုပတ်သက်နေမလဲ၊ အီဆာနဲ့ ဘာရိုဇ်တွေ့ကြတဲ့အခါ
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…။
(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~KKKZ~V~Star ဖြစ်ပါတယ်။)



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2786

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍3🥰3
Forwarded from Pp Movie Uploader
သေသွားတဲ့ သရဲမက မကျွတ်မလွတ်ဘ၀နဲ့ ရုပ်ရှင်လာရိုက်သောအခါ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ပေါက်ကျီ ဟိုကျီနဲ့ကိုကျီဆိုတဲ့ သူငယ်ချင်း၃ယောက်က prank တွေရိုက်ကူးရင်း
ပိုက်ဆံရှာနေကြတဲ့သူတွေပါ တစ်နေ့သူတို့က ဆိုင်တစ်ဆိုင်မှာ သရဲခြောက်တဲ့ပုံစံ
prank ကိုရိုက်ကူးရာကနေ အမှတ်မထင်ဘဲ လျော်ကြေးပေးရတော့မယ့်အနေအထားနဲ့ကြုံလာပါတော့တယ်
အဲ့အချိန်မှာ သူငယ်ချင်းတွေက မသင့်မြတ်တော့ဘဲ လမ်းခွဲကြဖို့စကားစလာတဲ့အချိန်မှာတော့
သူတို့ထဲက အကြီးဆုံးဖြစ်တဲ့ပေါက်ကျီက ပရောဂျက်အကြီးကြီးတစ်ခုကို
လက်ခံပြီး ရလာတဲ့ငွေတွေကိုခွဲယူပြီးမှ လမ်းခွဲဖို့ ပြောရာမှာတော့
ကျန်တဲ့နှစ်ယောက်ကလည်း သဘောတူလိုက်ပြီးတော့ လက်ခံခဲ့ကြပါတယ်
သူတို့ရဲ ပရောဂျက်ကြီးကတော့ မိဖုရားလိသေဆုံးပြီး ခြောက်လှန့်တဲ့သရဲကားပဲဖြစ်ပါတယ်
အဲ့ဒါကိုငှားတဲ့သူကတော့ မျက်နှာသစ်သရုပ်ဆောင် မင်းသားရူးနေတဲ့ရှောင်ရှန်းပဲ
အဲ့ရိုက်ကွင်းနောက်ကွယ်ကို လိုက်လံရိုက်ကူးရင်း မိဖုရားလိနေရာက
မင်းသမီးငယ်လေးရဲ့ရိုက်ကူးရေးမှာ လည်ပင်းကြိုးအစ်ပြီးဆေးရုံ ရောက်သွားရတဲ့
မတော်တဆမှုကိုပါ ရိုက်ကူးမိသွားပါတယ်


ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2913

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Pp Movie Uploader
ကာတွန်းကားထဲက ခုန်ထွက်လာတဲ့ တံမြက်စည်းပျံစီးတဲ့ စုန်းမလေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

သာမန်လူတစ်ယောက်နဲ့ စုန်းမတစ်ယောက် ပေါင်းစပ်ပြီး မွေးဖွားလာတဲ့ ကလေးလေးတစ်ယောက်…ငယ်ငယ်ကတည်းက စုန်းမဖြစ်တဲ့ အမေဖြစ်သူရဲ့ ဆေးဖော်စပ်တာ တံမြက်စည်းပျံစီးတာတွေကိုကြည့်ရင်းကိုယ်တိုင်လည်း စုန်းမဖြစ်ချင်တယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိကိ… စုန်းမတစ်ယောက်ဖြစ်ဖို့အတွက်
စည်းကမ်းချက်ကတော့ ၁၃ နှစ်ပြည့်တဲ့အချိန်မှာ မိဘအကူအညီမပါဘဲ တစ်နယ်ခြားမှာကိုယ့်အစွမ်းအစနဲ့ကိုယ် တစ်နှစ်နေထိုင်ရမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ တံမြက်စည်းပျံပဲစီးတတ်တဲ့ကိကိလေးက ခိုရိကိုဆိုတဲ့မြို့လေးကို ရောက်လာပြီး အဲဒီမြို့လေးမှာ ဘယ်လိုလူတွေဘယ်လိုအရာတွေနဲ့တွေ့ဆုံကြုံကြိုက်ရမလဲ တကယ် စုန်းမကောင်းတစ်ယောက်ဖြစ်လာမှာလား ဆိုတာတော့….။



ကြည့်ရန်🔽🔽
https://t.me/Hdpwgdpw/1991


🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Pp Movie Uploader
အားလုံးစောင့်မျှော်နေကြတဲ့ဘေဘီဂျွန်ဇာတ်ကား📱

အညွှန်းဖတ်ရန်
🔽🔽

အခုကားလေးကတော့ အက်ရှင် ဒရမ်မာကားလေးဖြစ်ပြီး အိန္ဒိယားကားတွေရဲ့ထုံးစံအတိုင်း
နောက်ကြောင်းရှင်းပြီး အေးအေးချမ်းချမ်းနေတဲ့ဘ၀လေးကို လာနှောင့်ယှက်ကြမယ့် အတိတ်က အဖြစ်အပျက်တွေကြားထဲက ရဲအရာရှိဆက်တရာဗာမာအကြောင်းကို ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။
သမီးလေးနဲ့အတူ ဇာတ်မြှုပ်ပြီးနေနေပေမဲ့လည်း
အတိတ်က လူမိုက်တွေနဲ့ ပြန်ပတ်သက်လာမိတဲ့အခါ ရှောင်ပြေးလာခဲ့တဲ့ စိတ်ဆင်းရဲမှု ဒုက္ခတွေနဲ့ ဘယ်လိုတွေကြုံတွေ့ရင်ဆိုင်သွားရမလဲဆိုတာ အက်ရှင်ခန်းတွေအပြည့်နဲ့ ကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်။ 
အိန္ဒိယရုပ်ရှင်မူမပျက် နောက်ကြောင်းပြန်တာတွေနဲ့ comeback ပြန်ကြမ်းလာမယ့် မင်းသားကိုကြည့်ရမှာမို့လို့ အိန္ဒိယရုပ်ရှင်ပရိတ်သတ်တွေအတွက် စိတ်ကျေနပ်စေမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။



ကြည့်ရန်🔽🔽
https://t.me/Hdpwgdpw/1993

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
သင်္ဘောမြှုပ်တဲ့သူတွေကို ကယ်ဆယ်ပေးရာမှ ကြောက်ရွံ့ထိတ်လန့်စရာတွေဖြစ်လာသောအခါ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

Below (2002) မြန်မာစာတန်းထိုး

ဇာတ်လမ်းက 1943 ခုနှစ် ဒုတိယကမ္ဘာစစ် အချိန်ကာလကို အခြေခံထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘော USS Tiger Shark ဟာအတ္တလန်တိတ်သမုဒ္ဒရာအတွင်းကင်းလှည့်နေစဉ် အင်္ဂလိပ် သင်္ဘောတစ်စင်းနစ်မြှပ်မှုမှ အသက်ရှင်ကျန်သူသုံးဦးကိုကယ်ဆယ်ခဲ့ပြီးနောက်ဂျာမန် ဖျက်သင်္ဘောထံမှလွတ်မြောက်ခဲ့ပေမဲ့ ရေငုပ်သင်္ဘော အတွင်းမှာ ထူးဆန်းတဲ့ရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ထိုအချိန်မှာအချင်းချင်းသံသယဖြစ်လာကြပြီး မမြင်နိုင်တဲ့တစ်ခုခုက သူတို့ကိုခြိမ်းခြောက်နေတယ်ဆိုတာ သိလာကြပါတယ်။ စစ်ပွဲရဲ့ဖိအားအပြင် မမြင်နိုင်တဲ့ တစ်ခုခုရဲ့ ဆိုခြိမ်းခြောက်မှုကိုခံရတဲ့အခါ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေအပြင် အသက်အန္တရာယ်ကိုယ်စီပါ ကြုံလာရပါတော့တယ်။ အဘယ်ကြောင့် ဒီလိုထူးဆန်းတာတွေဖြစ်ပြီး အသက်အန္တရာယ်တွေကြုံလာလဲဆိုတာတော့ကြည့်ရှုသူပရိတ်သတ်တွေပါ ဇာတ်ကောင်တွေနဲ့လိုက်ပြီး အဖြေရှာရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်


ကြည့်ရန်🔽🔽
https://t.me/BahubaliMmSubkk/1943

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
အိန္ဒိယတာတေကြီး📱

ဒီကားက အထူးညွှန်းနေစရာတောင် မလိုအပ်တော့ပါဘူး

အညွှန်းဖတ်ရန်
🔽🔽

ရာဗာတိုသူငယ်ချင်းအုပ်စု ခရစ်ကတ် ကစားနေကြ မြေကွက်လပ်ကြီးက ကစားလိုမရတော့တဲ့အတွက်
နေရာအသစ် သွားရှာတဲ့အခါမှာ လူမရှိတဲ့ခြံကျယ်ကြီးတစ်ကွက်ကိုတွေ့ခဲ့ပါတယ်

ရာဗာတိုသူငယ်ချင်းအုပ်စုက အဲ့ဒီခြံကျယ်ကြီးထဲမှာ ခရစ်ကတ်ကစားဖို ပြင်ဆင်နေကြတဲ့အချိန်မှာပဲ လေပြင်းတွေတိုက် ကောင်းကင်တွေက မဲမှောင်လာခဲ့ပါတော့တယ်

ရာဗာတိုတွေလဲ ကြောက်အားလန့်အားနဲ့ အိမ်ပြန်ပြေးကြတဲ့အခါမှာတော့ ရာဗာရဲ့ ခရစ်ကတ်ကစားတဲ့တုတ်မှာ အဲ့ဒီခြံကျယ်ကြီးထဲက မကောင်းဆိုးဝါးရဲ့ သွေးတွေ ပေကျံပြီး ရာဗာရဲ့ အိမ်ကို လိုက်လာခဲ့ပါတော့တယ်

သရဲဆိုရင် အသံတောင်ကြားမရအောင်ကြောက်တတ်တဲ့ သတ္တိခဲရာဗာဆီမှာမှ အမုန်းတွေ၊ အညှိးတွေ၊ အာဂတတွေနဲ့ ပြည့်နေတဲ့ ခြံကျယ်ကြီးထဲက သရဲတွေ ဝင်ရောက်စီးကပ်သွားတဲ့အခါမှာတော့

ရာဗာတိုမိသားစုတွေ ဘယ်လိုအခြောက်အလှန့်တွေနဲ့ ရင်ဆိုင်သွားရမလဲ...ရာဗာကိုယ်တိုင်ကရော ဘယ်လိုပုံစံမျိုးတွေပြောင်းလဲသွားမလဲ....

ရာဗာ့ဆီမှာ ဝင်ပူးခဲ့တဲ့သရဲတွေကရော ဘယ်လိုအကြောင်းကြောင့်လဲဆိုတာ....


ကြည့်ရန်🔽🔽
https://t.me/Hdpwgdpw/1999

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Forwarded from Pp Movie Uploader
အချစ်ဦးနဲ့ အချစ်ဆုံး နှစ်ယောက် ထဲ တစ်ယောက်ကို ရွေးရမယ်ဆိုရင် ဘယ်သူ့ကို ရွေးဖြစ် လောက် မလဲ....…..📱

➪➪➪➪➪➪➪➪➪➪➪➪➪➪
အညွှန်းဖတ်ရန်
🔽🔽

(Sara Ali Khan) ဟာ သူ့ချစ်သူမျက်လှည့်ဆရာလေး ဆာဂျတ်ဒ်အလီ (Akshay Kumar) ကိုအရူးအမူးချစ်ခင်စွဲလန်းသူဖြစ်ပါတယ်။မတူညီတဲ့ ဘာသာရေးနောက်ခံတွေကြောင့်ရင်ကူးရဲ့အယူအစွဲကြီးတဲ့အသိုင်းအ၀ိုင်းဟာ သူခိုးရာလိုက်ပြေးတိုင်း မရရအောင်လိုက်ခွဲလေ့ရှိပြီးနောက်ဆုံးတစ်ကြိမ်မှာတော့ ဆာဂျတ်ဒ် မဟုတ်ရင်ပြီးရောဆိုပြီးလူတစ်ယောက်ကိုပြန်ပေးဆွဲခေါ်လာပြီး အတင်းအကျပ်လက်ထပ်ပေးလိုက်ပါတော့တယ်၊အဲ့ဒီလူကတော့ တမီလ်နာဒူးပြည်နယ်ကလာတဲ့ ဆရာဝန်လောင်းလေးဖြစ်တဲ့ ဗီရှူး (Dhanush) ပါပဲ။ပြဿနာက ဗီရှူးမှာလဲ မကြာခင်စေ့စပ်တော့မယ့်သတို့သမီးလောင်းရှိနှင့်နေပြီးဖြစ်နေတာပါ။မိဘသဘောတူရုံသက်သက် အချစ်ဆိုတာ ဘာမှန်းမသိဘဲ လက်ထပ်လုဆဲဆဲ ဗီရှူးဟာတစ်ပါးသူကိုအရူးအမူးချစ်နေတဲ့ ရင်ကူးကိုစွဲလန်းစပြုလာရာကနေ


ကြည့်ရန်🔽🔽
https://t.me/Hdpwgdpw/2004

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🥰1
Forwarded from Pp Movie Uploader
သရဲမြင်ရတဲ့ကောင်မလေးကို ချစ်မိနေတဲ့သရဲလေး 😳

Senior (2015)

➪➪➪➪➪➪➪➪➪➪➪➪➪➪

အညွှန်းဖတ်ရန်
🔽🔽

မွန်ဆိုတဲ့ကလေးမလေးတစ်ယောက်ဟာ သီလရှင်ကျောင်းမှာပညာသင်ယူနေပြီး သူဟာ ဝိညာဉ်တွေရဲ့ အသံတွေကိုကြားနိုင်စွမ်းရှိပါတယ်။ သူတို့တက်ရောက်နေတဲ့ ကျောင်းကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀လောက်က မင်းသမီး ပန်နာဝါဒီ နေထိုင်ခဲ့တဲ့ စံအိမ်ကြီးဖြစ်ခဲ့တာပါ။ အဲဒီ မင်းသမီး ပန်နာဝါဒီဟာ သတ်ဖြတ်ခံရပြီးသေဆုံးသွားခဲ့တာပါ။ အဲဒီ အမှုမှာ မင်းသမီးရဲ့ဥယျာဉ်မှူးဖြစ်တဲ့ ဂျစ်က သတ်ခဲ့တယ်လို့ တရားရုံးကအမိန့်ချပြီး ဂျစ်ဟာသေဒဏ်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာ မွန့် ဆီကို ကျောင်းသား လေးတစ်ယောက်ရဲ့ ဝိညာဉ်ရောက်ရှိလာပြီး ဂျစ်ဟာ လူသတ်တရားခံမဟုတ်ကြောင်း လူသတ်တရားခံအစစ်ကိုရှာဖို့ သူ့ကိုကူညီပါဆိုပြီး အကူအညီလာတောင်းပါတော့တယ်။ သူ့ကို စီနီယာလို့ သိထားဖို့နဲ့ မွန်ကသာ သူ့ကိုကူညီပေးနိုင်ကြောင်း ကူညီပေးဖို့တောင်းဆိုပါတယ်။ မွန်လည်း နောက်ဆုံးမှာ အကူအညီတောင်းတာကို လက်ခံလိုက်ပြီး သူတို့နှစ်ယောက် အဲဒီ ပန်နာဝါဒီစံအိမ်ကြီး အကြောင်း စံအိမ်ကြီးထဲက လူတွေအကြောင်းကို ဘယ်လိုတွေစုံစမ်းဖော်ထုတ်သွားမလဲဆိုတာတော့


ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2929

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🥰1
Forwarded from Pp Movie Uploader
မွေးကင်းစကလေးချိန်းသွားလို့မိန်းမဖြစ်သူရူးမတတ်ဖြစ်နေလို့ ကလေးလိုက်ရှာမယ့်ကား📱

အညွှန်းဖတ်ရန်
🔽🔽

ဘောလိဝုဒ်ဖန်တွေအသဲစွဲ မင်းသားဗီဂျေးရဲ့ DNAဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလာလို့ ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းလေးရဲ့အစမှာတော့ အာနမ်ဟာ အချစ်ပျောက်လို့ အရက်သောက်ရင်း ယမကာလုလင်ဘဝရဲ့ ဘဝကို ရေစုန်မျှောပစ်နေတဲ့ အချစ်ရှုံးသမား ဒတ္တလက်သစ်လေးလုပ်နေတာပေါ့။

ကိုယ့်ရဲ့ ပညာတတ်မျိုးရိုးကိုမှအားမနာ တစ်နေ့နေ့မူးပြီးမှောက်မှောက်နေတော့ အဖေက သူ့ကိုမကြည်တော့ဘဲ အာနမ်အိမ်ပြန်လာတဲ့နေ့တိုင်း အိမ်မှာ ပြဿနာဖြစ်ရတာချည်းပါပဲ။
ဒီလိုနဲ့ ညီဖြစ်သူကို မိန်းမပေးစားဖို့ လူကြီးချင်းတွေ့ပေးတော့လည်း အာနမ်က မူးမူးနဲ့ အချစ်ဆိုတာနာကျင်မှုပဲဆိုပြီး ပွဲဝင်ဖျက်ပြန်တော့ မိဘတွေလည်းခေါင်းကိုက်ပြီး အာနမ်ကို ချက်ချင်းဆိုသလို မိန်းမပေးစားဖို့လုပ်ပါတော့တယ်။
တစ်ဖက်ကသတို့သမီး ဒိဖ်ရာကလည်း BPD ဖြစ်နေလို့ ရပ်ကွက်ထဲက စာဥမလေးအဖြစ် သတင်းမွှေးနေသူ၊ ဒါပေမဲ့ သတို့သမီးဘက်ကလည်း စိတ်ဝေဒနာရှိတာကို မသိစေချင် သတို့သားဘက်ကလည်း အမူးသမားဆိုတာ မသိစေချင်တာနဲ့ အလျင်စလို အိမ်ထောင်ပြုပေးခံလိုက်ရတာပေါ့။
လိုအပ်ချက်ကိုယ်စီနဲ့ အိမ်ထောင်ကျတဲ့သူတို့နှစ်ယောက် တစ်ယောက်ကွက်လပ်ကို တစ်ယောက်ကဖြည့်ပေးရင်းနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ ရှုစားကြပါဦးစို့။
🔽🔽🔽🔽🔽🔽

ကြည့်ရန်🔽⬇️🔽
https://t.me/DDDD1000Op/3897

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
ပီယသဒ္ဓိယူနေတဲ့ မိန်းမငယ်သုံးယောက်နဲ့ ကြေးမုံစုန်းမကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

အညွှန်းဖတ်ရန်
🔽🔽

ဒီကား ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အင်ဒိုဟော်ရာကားတစ်ကားဖြစ်ပြီး အောက်လမ်းပညာ၊မှော်အတတ် စုန်းအတတ်တွေကိုအခြေခံတဲ့ ဇာတ်ကားပါပဲ၊ ဒီကားရဲ့ထူးခြားချက်ကတော့ အင်ဒိုဟော်ရာကားအများစုမှာမြင်နေကျ ခေါင်းမြီးခြုံ ရိုးရိုးအေးအေး ကောင်မလေးတွေအစား အနောက်တိုင်းသူတွေလို အတိုအပြတ်တွေ၊ မိတ်ကပ်ထူထူတွေနဲ့ အလန်းစားအဟော့စား အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာပါ။ လိုင်လာဆိုတဲ့ အသက်အရွယ်နဲ့မလိုက် အံ့ဩစရာကောင်းအောင်အရွယ်တင်နုပျိုလှတဲ့ အမျိုးသမီးတစ်ယောက်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောက်လမ်းအတတ်ကိုစိတ်ဝင်စားပြီး နတ်ဆရာဆီ ခန္ဓာကိုယ်ပေးအပ်ရင်း ပီယသိဒ္ဓိယူနေတဲ့ သူ့သမီးဖြစ်သူ ရီဟန်းနာနဲ့သူငယ်ချင်း သုံးယောက်၊ ပင်ကိုယ်စိတ်စွမ်းရည်ပိုင်ရှင် တီအားရာဆိုတဲ့ ရိုးသားရှက်ကြောက်တတ်တဲ့ ကောင်မလေးတို့ကြားက မှော်မှန်တစ်ချပ်ရယ်၊မှန်ရဲ့အစောင့်အရှောက်စုန်းမအိုကြီးတို့ကြားက အားပြိုင်မှုတွေကိုရှုစားကြရမှာပါ။


ကြည့်ရန်⬇️🔽
https://t.me/AchityaeAsaio/5863

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🥰1
Forwarded from Pp Movie Uploader
မိဘနှစ်ပါးအတွက်ကလဲ့စားချေမယ့်လူ📱

အညွှန်းဖတ်ရန်
🔽⬇️

ကိုယ့်နယ်မြေကလူတွေကိုသတ်ချင်သလိုသတ် အမျိုးသမီးတွေကိုကြိုက်သလိုဖမ်းခေါ်နေတဲ့မျိုးနွယ်စုတစ်ခု။ ကိုယ့်ဘက်ကလူများပေမယ့် ကြောက်စိတ်တစ်ခုထဲနဲ့ဘာမှပြန်မလုပ်နိုင်ခဲ့ကြဘူး။ အဲ့ဒီနယ်မြေအတွက် ပြန်တိုက်ထုတ်ပေးမဲ့ တစ်ဦးတည်းသောသူကတော့ Maula Jattတဲ့.....။

Maulaဟာ သူ့မိဘတွေသတ်ခံရပြီးကတည်းက အတိတ်ကိုမေ့နေတဲ့သူ။ သူဟာတစ်ခုခုကိုအလိုမကျနေမှန်းသိပေမယ့် ဘာကိုအလိုမကျနေမှန်းလဲဝေခွဲမရ။ ဒီလိုနဲ့အရွယ်ရောက်လာတော့ နန်းတော်အတွင်းကနေလှိုက်စားပြီးပျက်စီးချင်တိုင်းပျက်စီးနေတဲ့နတ်ထ်မိသားစုက သူ့မိဘတွေကိုခေါင်းဖြတ်သတ်ခဲ့မှန်းသိသွားတဲ့အခါ...။

နတ်ထ်မိသားစုမှာအာဏာအရှိဆုံးနဲ့အရူးဆုံးက နူရီဂျီဗာ....။ သူဟာငယ်ငယ်လေးကတည်းက ခေါင်းပြတ်တွေနဲ့ကစားစရာလုပ်ပြီးကစားလာတဲ့လူဆိုး...။

စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းက သူတို့နှစ်ယောက်ထိပ်တိုက်ရင်ဆိုင်တဲ့နေရာပဲ။ သေခြင်းတရားကိုပွေ့ဖက်ပြီး အကြောက်တရားကိုဖောက်ထုတ်ထားတဲ့ Maulaတစ်ယောက် တန်ပြန်ကလဲ့စားပြန်ချေနိုင်မှာလားဆိုတာကတော့....။



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2837

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🥰1
Forwarded from Pp Movie Uploader
ခွေးချစ်သူတွေအတွက်အသစ်စက်စက်🌹

အသစ်ထွက်ရှိလာတဲ့ ကန်နာဒါစကားပြော အိန္ဒိယရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

အညွှန်းဖတ်ရန်
⬇️⬇️

ရည်ရွယ်ချက်တို့ ပန်းတိုင်တို့ဆီကို တချို့က စမ်းတဝါးဝါးပြေးကြတယ်၊ တချို့က ဦးတည်ပြီးပြေးကြတယ်။
တချို့လည်းရောက်တယ် တချို့လည်း လမ်းခုလတ်မှာပဲ ရပ်ကျန်ခဲ့ကြတာပေါ့။

ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ရှေ့နေဖြစ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဥပဒေအဓိကယူခဲ့တယ်။

ခက်တာက ကျောင်းမှာ အင်္ဂလိပ်လိုတွေချည်းသင်နေရော။ ဒီမှာ အင်္ဂလိပ်လို နကန်းတစ်လုံးမှမသိတဲ့
ဆရာသမားက ကန်နာဒါလိုသင်ပေးဖို့ တောင်းဆိုရင်းက သူ့ကို သေချာရှင်းပြပေးမဲ့

မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခွင့်ရခဲ့ပါရော။

ဒါ ဇာတ်လမ်းအစပေါ့။ ဇာတ်လမ်းဘယ်လိုဆုံးမလဲ ခံစားကြည့်ရှုကြပါဦး။



ကြည့်ရန်🔽🔽
https://t.me/DDDD1000Op/3916

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1🥰1
Forwarded from Pp Movie Uploader
ရေဝဲထဲကို မျောပါသွားပြီး အခေါင်းမိစ္ဆာမြို့ကြီးထဲကိုရောက်သွားသောအခါ...📱

➪➪➪➪➪➪➪➪➪➪➪➪➪➪
အညွှန်းဖတ်ရန်
🔽🔽

အခြေအနေတွေက မတည်ငြိမ် ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ
သခင်ကြီးကျန်းစန်းနဲ့ သူ့ရဲ့ တပည့်ဂိုဏ်းသားတွေက အမှန်တရားကို ရှာဖွေခဲ့ကြပါတော့တယ်

ဂိုဏ်းရဲ့လျို့ဝှက်နည်းလမ်းတွေကို သုံးပြီး တည်နေရာကိုရှာဖွေကာ
ရှေးခေတ်ခေါင်းတလားကို ဖွင့်ကာနီးမှာတော့ ပြည်နယ်စစ်တပ်ရဲ့
ဟန့်တားမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး သူတို့ရဲ့လုပ်ငန်းစဥ်တွေက
ထင်သလောက်ခရီးမရောက်ခဲ့ပါဘူး အဲဒီအချိန်မှာပဲ - ”

အတားအဆီးမဲ့ဖြစ်နေတဲ့ ရှေးဟောင်းဂူသင်္ချိုင်းတွေ !
လူတွေကို ထင်ရောင်ထင်မှားဖြစ်စေတဲ့နည်းပညာတွေ !
ဂူသင်္ချိုင်းအတွင်းက သွေးဆာနေတဲ့ ပင့်ကူတွေ !
ထူးဆန်းခြောက်ခြားလှတဲ့ အဖြစ်ပျက်တွေ အစရှိတဲ့
အရာတွေကနေပြီးတော့ သခင်ကြီးကျန်းစန်းနဲ့ သူ့ရဲ့တပည့်တွေ လွတ်မြောက်ဖို့ ကြိုးစားကြရင်း -

ကြည့်ရန်🔽🔽
https://t.me/BlFansFansFromMyanmar/2945

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1🥰1
Forwarded from Pp Movie Uploader
မျက်စိရှေ့မှာ အထင်းသားမြင်တွေ့ရမယ့် ကမ္ဘာပျက်နေတဲ့ မြင်ကွင်းများ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪
အညွှန်းဖတ်ရန်
🔽🔽

လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို
လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်‌ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲအစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတိုရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ…ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ်
သူတိုနဲ့အတူ အဆုံးသတ်ရဲ့အ‌မှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်…

ကြည့်ရန်🔽⬇️
https://t.me/BlFansFansFromMyanmar/2949

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🥰1
Forwarded from Pp Movie Uploader
တိုင်းပြည်ကိုကယ်တင်ရဖို့အတွက်မကောင်းဆိုးဝါးနဲ့အပေးအယူလုပ်တဲ့သူ📱

အညွှန်း
ဖတ်ရန်🔽🔽🔽

ဒီဇာတ်လမ်းလေးဟာ ၁၉ ၈၇ ခုနှစ်က ထွက်ရှိထားတဲ့Dragula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်…တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့ လက်အောက်ခံ ဘုရင်ဖြစ်လာပါတယ်။တကယ်လို့သာ လူသားရဲ့သွေးကိုသောက်မိရင်တော့သူတစ်သက်လုံး Dragula အဖြစ်နဲ့ရှင်သန်သွားရတော့မှာပဲဖြစ်ပါတယ်….ဒီလိုအပေးယူတဲ့ပြီးတဲ့နောက်မှာတော့ ဘလက်တစ်ယောက်ဘာတွေဖြစ်လာနိုင်မလဲ…အင်အားကြီးမားလှတဲ့ တူရကီတပ်ကြီးကို သူရင်ဆိုင်နိုင်မလား….သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီဖြစ်တဲ့ ဘလက်ဟာလူသွေးမသောက်ပဲတကယ်ကောနေနိုင်မှာလား....


ကြည့်ရန်🔽🔽⬇️
https://t.me/MecChannel01/2878


🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🥰2
Forwarded from Pp Movie Uploader
ဘာဟုဘာလီမင်းသမီးရဲ့မှုခင်းဇာတ်ကား📱

IMDb 9.3/10
📱

အညွှန်းဖတ်ရန်
⬇️⬇️

သည်းထိတ်ရင်ဖို Thriller/Crime ရုပ်ရှင်ကားကောင်းကြိုက်သူတွေအတွက် "ကွန်ဒါနာ" ကို တင်ဆက်လိုက်ပါတယ်။ သက်သေမချန်တဲ့ ကွင်းဆက်လူသတ်မှု တွေနဲ့ အမှုဖြေရှင်းပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
အမှားလုပ်ရင် အပြတ်ရှင်းတတ်တဲ့ လူမိုက်ခေါင်းဆောင် မာဟင်ဒါ ရဲ့ဂိုဏ်းဟာ ရဲတွေကပါ ကြောက်ရတဲ့အထိ နာမည်ကြီးပါတယ်။ တစ်ဖက်မှာတော့ သားကျန်းမာရေးကြောင့် ငွေလိုနေတဲ့ ဆာဂျူး။ လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ပြည်သူတွေရဲ့ မေးခွန်းထုတ်မှုတွေကြားထဲမှာ လက်နက်နဲ့ သတ်ပုံသတ်နည်းတွေ ဆင်တူတာကြောင့် ဒါကို ကွင်းဆက်လူသတ်မှုအဖြစ် သတ်မှတ်ပြီး လက်ရှ်မီး ဦးဆောင်တဲ့ အဖွဲ့က စုံစမ်းရပါတယ်။
သူတို့အဖွဲ့ထဲကို လူသစ် ဝီလ်ဆန် ရောက်လာပြီး မာဟင်ဒါတို့ဂိုဏ်းအကြောင်း မသိဘဲ ရန်ဖြစ်ရာကနေ သူတို့လေးယောက်ရဲ့ ကံကြမ္မာတွေ ဘယ်လို ဆက်စပ်သွားမလဲ။ ကွင်းဆက်လူသတ်မှုကိုရော ဖော်ထုတ်နိုင်ကြမလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပါ။



ကြည့်ရန်🔽🔽
https://t.me/Onepiecemmsub09/2862

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🥰1