All Movie Channel 7
76K subscribers
79 photos
76 links
လင့်ကိုနှိပ်ပြီး 𝙊𝙥𝙚𝙣 နှိပ်ပါ
ညာဘက်ဘေးက အစက်သုံးစက်
ကိုနှိပ်ပြီး 𝙊𝙥𝙚𝙣 𝙄𝙣 𝘽𝙧𝙤𝙬𝙨𝙚𝙧 ကိုနှိပ်ပါ
Download Telegram
တမိလ်မင်းသား Santhanam နဲ့ မင်းသမီး
Surbhi ပါဝင်ထားပြီး IMDb rating 6.4
ရထားတဲ့ Horror Comedy တမိလ်ကား DD Returns မနေ့က OTT ထွက်လာလို့
မြန်မာစာတန်းထိုးပြီး တင်ဆက်လိုက်ပါတယ်။

ဆန်သေ့ရှ်နဲ့ ဆိုဖီယာ အပါအဝင် သူငယ်ချင်း
တွေဟာ ငွေအပြည့်နဲ့ လက်ဝတ်ရတနာတွေပါတဲ့
အိတ်ကြီးတလုံးကို ရဲတွေခြေရာခံလို့မရအောင်
လူမနေတဲ့ မြို့ပြင်က အိမ်တလုံးမှာ သွားဖွက်
ထားခဲ့ပါတယ်။ ရက်တချို့ကြာပြီးနောက် သူတိူ့
ဘော်ဒါတွေ အိမ်ကြီးဆီသွားပြီး ငွေအိတ်ကို
ယူဖို့လုပ်ချိန် အိမ်ထဲမှာ အထီးကျန်နေတဲ့
သရဲက ဆိုဖီယာတို့အဖွဲ့ကို အိမ်ထဲမှာ ဂိမ်းပုံစံ
တဆင့်ပြီးတဆင့် အနိုင်ကစားပြီး ဖြတ်ကျော်
နိုင်မှ ငွေအိတ်ကို ယူနိုင်အောင် ဖန်တီးပါတယ်။
ဆန်သေ့ရှိနဲ့ ဆိုဖီယာတို့အဖွဲ့ သရဲဖန်တီးတဲ့
ဂိမ်းတွေကို ဘယ်လိုကျော်ဖြတ်ပြီး ငွေအိတ်
ရအောင် ကြံစည်မလဲဆိုတာတွေကို ရီတလှည့်
ကြောက်တလှည့်နဲ့ ပိတ်ရက်မှာ ရုပ်ရှင်ကျိပြီး
ဆက်လက်ခံစားနိုင်ပါပြီ။

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/channelxmyanmarx/2507
❤1
IMDb Rating (7.3) ၁၉၈၇ မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်ရဲ့ကမ်းခြေရွာလေးတစ်ရွာမှာ မာဝါဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ သတင်းထောက်ဖြစ်ချင်တဲ့ အိမ်မက်တွေကိုခဏဘေးဖယ်ပြီး မကျန်းမာတဲ့ မိခင်ဖြစ်သူကိုပြုစုစောင့်ရှောက်နေရပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ကို ထင်မှတ်မထားတဲ့ ဖြစ်ရပ်ဆိုးတစ်ခုဆိုက်ရောက်လာခဲ့ပါတယ်။ အစ်မဖြစ်သူ ဆာဖာရဲ့ပဟေဠိဆန်ဆန် ဆန်းကြယ်စွာ သေဆုံးမှုအပြီး အိမ်တွင်းမှာ ကြောက်စရာခြောက်လှန့်မှုတွေစတင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဖခင်ဖြစ်သူက ဘာကိုမှ ဂရုမစိုက်အားပဲ သူ့မဲဆွယ်ပွဲအတွက် လုံးပမ်းနေပါတယ်။ ဒီလိုနဲ့ဒီအဖြစ်ဆိုးတွေရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်ကိုသိရဖို့ မာဝါတစ်ယောက်တည်း စုံစမ်းရပြီး လျှို့ဝှက်ချက်တွေရုပ်လုံးပေါ်လာလေလေ ဆာဖာရဲ့ခြောက်လှန့်မှုတွေက ပိုကြမ်းတမ်းလာလေလေ ဖြစ်လာချိန်မှာတော့..။

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/channelxmyanmarx/2509
✨ ကိုယ်ပိုင်အပန်းဖြေချိန်လေးကို ပိုထူးခြားစေဖို့…

အသက် ၁၈ နှစ်ပြည့်ပြီးသူများအတွက် သီးသန့်ရွေးချယ်ထားတဲ့ Premium Entertainment Collection 👑

စိတ်ဝင်စားသူများသာ လွတ်လပ်စွာ ဝင်ရောက်နိုင်ပါတယ် ❤️

18+ Members Only
https://t.me/+UT-farbwdRs5NmZl
https://t.me/+UT-farbwdRs5NmZl
❤2
၁၉၈၉ ထိုင်ဝမ်ဟာ လျင်မြန်လွန်းလှတဲ့အပြောင်းအလဲတွေကို တွေ့ကြုံ
နေရချိန်ဖြစ်ခဲ့ပါတယ်.။ လျောင်တယ်လိုင်းဆိုတဲ့ စားသောက်ဆိုင်မှာ
အလုပ်လုပ်တဲ့ မုဆိုးဖိုတစ်ယောက်နဲ့ သူ့သားငယ်လျောင်ဂျေးတို့ဟာ
တိုက်ခန်းတွဲတစ်ခုမှာ ငှားရမ်းနေထိုင်ပါတယ်။

အဲ့ဒီတိုက်ခန်းတွဲပိုင်ရှင်ဟာ အများက မြေခွေးအိုကြီးလို့ခေါ်ကြပြီး ရှီ
လို့အမည်ရတဲ့ ဩဇာကြီးခက်ထန်တဲ့ သူဌေးကြီးတစ်ယောက်ပါပဲ။
အဲ့ဒီသူဌေးကြီးဟာ ကလေးငယ် လျောင်ဂျေးကိုမြင်တွေ့တဲ့အခါ သူ့
အတိတ်ကိုမြင်မိသလို၊ ဆုံးပါးသွားတဲ့ သူ့သားဖြစ်သူကိုလည်းမြင်
ယောင်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ သူဌေးကြီး ရှီဟာ လျောင်ဂျေးကို အနီးကပ်
ပေါင်းရင်း လေ့လာရင်းနဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို သူ့ဘ၀နဲ့
ချိန်ထိုးရင်း သင်ကြားပေးဖြစ်လာပါတော့တယ်။

၃၆ ကြိမ်မြောက်တိုကျိုရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့ ဒီဇာတ်ကား
ဟာ Golden Horse ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုပေါင်းခုနှစ်ဆု ဆန်ကာ
တင်ဝင်ခဲ့ပြီး၊ ဒါရိုက်တာဆု၊ဇာတ်ပို့မင်းသား/မင်းသမီး အစရှိတဲ့ အဓိကဆု
ကြီးလေးဆုရရှိခဲ့ပါတယ်။ အမျိုးအစားက ဒရာမာဆိုပေမယ့်

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/ChannelMyanmar777/2215
❤3
IMDb - 5.5/10
ဝန်ကြီး မစ္စတာအာဒီတယာဗီရ်မာက ဂေါက်ကွင်းမှာ မူးလဲသွားတာကြောင့်
အရေးပေါ်ကုသရင်း Breatheဆေးရုံကိုရောက်သွားခဲ့ပါတယ်။
လူထုကလည်း ဝန်ကြီးဘာဖြစ်လဲအရမ်းကိုသိချင်နေခဲ့ပါတယ်။
ဝန်ကြီးက ဆေးရုံရောက်တဲ့အချိန်မှာပဲ ဝန်ကြီးရဲ့ တိတ်တိတ်ပုန်းသားဖြစ်တဲ့
အာဘီကလည်း ဝန်ကြီးတက်တဲ့ဆေးရုံရဲ့ အရေးပေါ်ခန်းမှာတက်ရောက်ကုသနေရင်းနဲ့
ကျောင်းနေဘက်သူငယ်ချင်းဖြစ်သူ ကာဒါလီနဲ့တွေ့ဆုံခဲ့ပါတယ်။
ဆေးရုံရောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို လူထုကိုတင်ပြရင်း
မှားယွင်းစွာတင်ပြထားတာကို သိလိုက်တဲ့ ဝန်ကြီးရဲ့တိတ်တိတ်ပုန်းသားလေး
အာဘီကနေ မသင်္ကာဖြစ်ပြီးတော့ သူ့အဖေရဲ့အကြောင်းကို ဘာလို့
ဒီလိုတင်ပြရလဲဆိုတဲ့အကြောင်းကို စုံစမ်းရင်းနဲ့ပဲ ဒီဇာတ်လမ်းလေးဖြစ်လာတာဖြစ်ပါတယ်။
အာဘီတစ်ယောက် သူ့အဖေရဲ့ကိစ္စကို စုံစမ်းရင်း နောက်ကွယ်မှာ ဘယ်လိုအရာတွေကို
ရှာဖွေတွေ့ရှိသွားမလဲ

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/ChannelMyanmar777/2217
❤6
ခေါင်းဆောင်
၂၀၂၆ ရဲ့ ပရိသတ်အမျှော်ရဆုံး အိန္ဒိယရုပ်ရှင်တွေထဲကတစ်ခုဖြစ်တဲ့
ဗီဂျေးရဲ့ နောက်ဆုံးထွက်ရုပ်ရှင်လေးကို တင်ဆင်ပေးလိုက်ပါတယ်။
ဒီရုပ်ရှင်ထဲမှာ ဗီဂျေးနဲ့အတူ၊ မင်းသားကြီးဘော်ဘီဒိုးနဲ့ ပူဂျာဟက်ဒ်တို့လို
ဘောလိဝုဒ်စတားတွေကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။
ဇာတ်လမ်းကတော့ ကတိစကားတခွန်းကြောင့် မိတ်ဆွေဖြစ်သူရဲ့သမီးလေး ဗီဂျာယာကို
သမီးအရင်းလို စောင့်ရှောက်ပေးနေတဲ့ သာလာပါသီ။
ဗီဂျာယာဟာ ငယ်ဘဝက အဖြစ်ဆိုးတခုကြောင့် စိတ်ဒဏ်ရာရထားသူဖြစ်ပြီး
သာလာပါသီကတော့ အေးအေးချမ်းချမ်းနေဖို့ကြိုးစားနေတဲ့
ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။

သာလာပါသီဟာ ဗီဂျာယာကို စိတ်ဓာတ်ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်အောင်
ပျိုးထောင်ပေးရင်း ဗီဂျာယာကို စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူတွေက အိန္ဒိယနိုင်ငံကို
ဖျက်ဆီးဖို့ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်နေမှန်းသိသွားတဲ့အခါမှာတော့...။

ဒီရုပ်ရှင်ဟာ လက်ရှိ အိန္ဒိယရဲ့နိုင်ငံရေးလောကကို မီးမောင်းထိုးပြထားပြီး
ဇာတ်လမ်းဇာတ်ကွက်ကောင်းသလို အက်ရှင်တွေကလည်း အမိုက်စားတွေဖြစ်တာကြောင့်
ပရိသတ်တွေခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/ChannelMyanmar777/2219
❤17
S_i-c_a-r_i-o ( 2015 )

အညွှန်း* 🔽🔽🔽

ဇာတ်လမ်းမှာ မင်းသမီးချော
Emily Blunt က FBI Agent Kate အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ကားအစမှ သူမနဲ့ အဖွဲ့က ပြန်ပေးဆွဲခံရသူတွေကို ကယ်ဖို့ Cartel တွေရဲ့ အိမ်ကို ဝင်စီးရာက အိမ်နံရံကြားထဲထည့်ထားတဲ့ လူ6သအလောင်းတွေ ကို တွေ့ခဲ့ရပါတယ်.....ဒီလူ6သတွေက ဂိုဏ်းဂိုဏ်းချင်းနယ်လုကြရာကအသ!တ်ခံရတာဖြစ်ပါတယ်...ဒါထက်ပိုဆိုးသွားတာက သူတို့၀င်စစ်ဆေးနေတုန်း ကားဂိုထောင်ထဲက ဗုံးပေါက်ကွဲပြီး ရဲနှစ်ဦး6သဆုံးခဲ့ရပါတယ်.....ဒီနောက်မှာ Josh Brolin ရဲ့ဇာတ်ကောင် Matt Graver က Kate ကို သူအဖွဲ့မှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ သူတို့ အဖွဲ့ကမက္ကဆီကန် ဂိုဏ်းခေါင်းဆောင် ကြီးကို ရှာဖွေဖမ်းဆီးဖို့ တာဝန်ယူထားပြီးသူမရဲ့ အရည်အချင်းကို သဘောကျလို့ ခေါ်ယူတယ်လို့ဆိုပါတယ်....

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/SoulAnimedom77/1593
❤3
L_i-f_e o_f P_i (2012)

အညွှန်း* 🔽🔽🔽

ကမ္ဘာ့အနက်ဆုံး မာရီယာနာသမုဒ္ဒရာချောက်နက်ကြီး အပေါ်မှာ သင်္ဘောနစ်မြုပ်ခဲ့ပြီး သားငယ်”ပိုင်”၊ခွေးအ တစ်ကောင်၊မြင်းကျားတစ်ကောင်၊မျောက်ဝံတစ် ကောင်နဲ့ ဘင်္ဂလားကျားကြီးတစ်ကောင်တို့သာလျှင်အသက်ကယ်လှေပေါ်ရောက်ရှိပြီး လွတ်မြောက်ခဲ့ကြပါတယ်...ပိစိဖိတ်သမုဒ္ဒရာကြီးအလယ်မှာရက်အတော်ကြာ မျောပါနေခဲ့ပြီး နောက်ဆုံးမှာ ပိုင် နဲ့ ကျား နှစ်ဦးသာ ကျန်ခဲ့ပါတော့တယ်...ပင်လယ်ပြင်မှာ သင်္ဘောနစ်မြုပ်တဲ့ဇာတ်လမ်းဟာ အထူးအဆန်းတော့မဟုတ်ပါဘူး..ဒီဇာတ်လမ်းမှာ ထူးခြားတာက-ဘုရားသခင်ရဲ့ကယ်တင်ခြင်းခံခဲ့ရတယ်လို့” ပိုင်”က ယုံကြည်နေတယ်..

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/SoulAnimedom77/1595
❤1
T_h-e M_u-m_m-y (2008)

အညွှန်း* 🔽🔽🔽

စွန့် စားရှာဖွေသူ အိုကောနယ်နဲ့ သားဖြစ်သူတို့ ဟာ အသက်ပြန်ရှင်လာတဲ့ ဟန်ဘုရင်ရဲ့ လက်စားချေမဲ့အစီအစဉ်တွေကိုရပ်တန့် ဖို့ ကြိုးစားကြပါတယ်။ရ!က်စ!က်ကြ!မ်းကြု!တ်တဲ့ ဟန်ဘုရင်ဟာ လူသားမျိုးနွယ်တခုလုံးကို ကျွ!န်ပြုဖို့ ကြံစည်နေတာဖြစ်ပါတယ်…ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်2000က မှော်ဆရာမတဦးရဲ့ ကယ်တင်မှု့ ကြောင့် ဟန်ဘုရင်နဲ့ သူ့ တပ်တခုလုံးဟာ ရွံ့ ရုပ်တုများအသွင်ပြောင်းခဲ့ပါတယ်အခုအသက်ပြန်ဝင်လာတာကြောင့် ဟန်ဘုရင်ဟာ ဒီအစီအစဉ်ကို ပြန်အသက်သွင်းနေပါတယ်…ရစ်ခ်နဲ့ သားတော်မောင်အဲလက်စ်ရောဟာ သဘာဝလွန်ကိစ္စများနဲ့ ရင်းနှီးပြီးသားဖြစ်တာကြောင့်အကြောက်အလန့် မရှိတဲ့မိသားစုနဲ့ ဟန်ဘုရင်စစ်တပ်တို့ ဘယ်လိုကြုံတွေ့ မယ်ဆိုတာ…

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/SoulAnimedom77/1597
❤1
P_e-r_c-y J_a-c_k-s_o-n: S_e-a o_f M_o-n_s-t_e-r_s ( 2013 )

အညွှန်း* 🔽🔽🔽

ဇာတ်လမ်းအစမှာတော့ သွေးနှောနတ်ဘုရားတွေရဲ့ စခန်းကို ကာကွယ်ထားတဲ့ သစ်ပင် တံတိုင်းကြီး ဖြစ်ပေါ်လာပုံတွေ…ပထမဇာတ်လမ်းမယ် အိုလန်ပတ်စ် ကိုကယ်တင်လိုက်ပြီးနောက် ဆက်ပြီးပုံမလာနိုင်တော့တဲ့ ပါစီတစ်ယောက် စခန်းမှာအနှိမ်ခံရပုံတွေ...သူ့ရဲ့ ညီတစ်ယောက်ရောက်လာပုံတွေ ပါစီ့အတွက် ဟောပြောထားတဲ့ရှေ့ဟောဗျာဒိတ်တွေကြောင့် ခေါင်းစားရပုံတွေ ကြည့်ရှုရမှာပါ …လိုရင်းကတော့ အကာအကွယ်သစ်ပင်ကြီးရုတ်တရက် အဆိပ်ခတ်ခံလိုက်ရတဲ့အတွက် ဒါကိုကုသပေးနိုင်တဲ့ ရွှေရောင်ပိတ်စကို ဘာမြူဒါ တြိဂံနယ်မြေခေါ် မိစ္ဆာပင်လယ်ပြင်ဘက်မှာ သွားရောက်ရှာဖွေရင်းပြုလုပ်ခဲ့ရတဲ့ စွန့်စားခန်းတွေဟာ ပရိတ်သတ်ရင်ထဲ ကျေနပ်နှစ်သိမ့်မှုကို ရှိစေမှာပါ…

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/SoulAnimedom77/1599
J_a-c_k S_p-a_r-r_o-w (1,2,3,4,5)

အညွှန်း* 🔽🔽🔽

သဘာဝ နယ်လွန် ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့Pirate of the Carribean ဆိုတာ ကို ပြော လိုက်ရင် ဇာတ်လိုက် ကျော်ကြီး ကပ္ပတိန်Jack Sparrow ( မင်းသား Johnny Depp) ကိုချက်ချင်း မျက်စိထဲတန်းမြင်ကြ မှာပါ..။၂၀၀၃ ကနေ ၂၀၁၁ အထိ ရုပ်ရှင် ၄ ကားထွက်ခဲ့ပြီး ကားတိုင်းလိုလို ၀င်ငွေ အကောင်းဆုံး ဇာတ်ကားတွေ ဖြစ်ခဲ့သလိုကမ္ဘာအကောင်းဆုံး ထာဝရ ရုပ်ရှင် အဖြစ်နံပါတ် ( ၁၀ ) အတွင်းကရပ်တည် နိုင်ခဲ့တဲ့ ဇာတ်ကားတွေလည်းဖြစ်ခဲ့ပါတယ်....။

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/SoulAnimedom77/1601
❤2
A_n-a_c-o-n_d-a 3 O_f-f_s-p_r-i_n-g (2008)

အညွှန်း* 🔽🔽🔽

ဒီ Anaconda 3 မှာဆိုရင်တော့ ဒေါက်တာမလေး အမန်ဒါဟာ အန်နာကွန်ဒါမြွေကြီးကို ကင်ဆာနဲ့ အယ်လ်ဇိုင်းမာရောဂါကို ကုသနိုင်မဲ့ ဆေးထုတ်ဖို့အတွက် သူဌေးကြီး မာဒေါ့ခ်လက်အောက်မှာ လျှို့ဝှက်သုတေသန လုပ်နေပါတယ်....ခေါင်းစဉ်ကတော့ ကုသဆေးထုတ်ဖို့ဆိုပေမယ့် မာဒေါ့ခ်လို မကောင်းတဲ့စီးပွားရေးသမားကြီးကတော့ မသမာတဲ့မကြံတွေနဲ့ပါဒီလိုနဲ့ မာဒေါ့ခ်ကိုယ်တိုင် သုတေသနကို လာရောက်စစ်ဆေးနေစဉ်အတွင်း မတော်တဆမှုဖြစ်ပြီး အန်နာကွန်ဒါမြွေကြီးသုတေသန နေရာကနေ လွတ်ထွက်သွားတဲ့အခါမှာ အကုန်လုံးဒုက္ခရောက်ရမယ့်အဖြစ်ကို ကြုံရပါတော့တယ်....ဒီလိုနဲ့ အမန်ဒါတို့တစ်သိုက် ဒီလိုအဖြစ်ဆိုးကြီးကိုဘယ်လိုတားဆီးကြမလဲဆိုတာ Anaconda 3 မှာ သည်းထိတ်ရင်ဖိုစရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်

#Credit


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/SoulAnimedom77/1603
❤1
IMDB .7.1/10

ဒီကားလေးထဲမှာ နာမည်ကျော်မင်းသား အက်ခ်ရှေးကူမားရ်ကို ဂတ်ဘာအဖြစ် တွေ့မြင်ရမှာပါ

ညတစ်ညမှာ အိန္ဒိနိုင်ငံရဲ့ မဟာရှက်ထရာခရိုင်အ တွင်းမှာရှိတဲ့ မတူညီတဲ့ မြို့တွေက အခွန်ကောက်သမားဆယ်ယောက်ဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်

ဒီလိုနဲ့ ရဲတွေက အပူတပြင်းရှာဖွေနေစဉ်မှာပဲ ထိုဝန်ထမ်းဆယ်ယောက်အနက် တစ်ယောက်ကလွဲလို့ အကုန်ပြန်ရောက်လာပါတယ်၊ တစ်ယောက်ကတော့ အသတ်ခံလိုက်ရပါတယ်

ထိုအသတ်ခံလိုက်ရတဲ့သူက လာဘ်အစားဆုံး အ ခွန်သမားပါပဲ၊ ထို အခွန်သမားရဲ့ အလောင်းနဲ့အတူ ဂတ်ဘားကိုယ်တိုင် လာဘ်စားလို့ သတ်ရတာဖြစ်တယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်

ဒီလိုနဲ့ လာဘ်အစားဆုံး အစိုးရာအရာရှိတွေ ပြန်ပေးဆွဲခံရ၊ အသတ်ခံရတာတွေ ဆက်တိုက်ဖြစ်လာပါတယ်

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/SoulAnimedom77/1605
1920 ခုနှစ်မှာ ဗြိတိသျှတွေရဲ့ ရွှေတူးဖော်မှုကြောင့်နဲ့ လူမျိုးနွယ်တစ်စုလုံး ဖျက်ဆီးခံရပြီး
သူတို့မျိုးနွယ်စုရဲ့ ဘုရင်ဟာလည်း အသက်ဆုံးပါးသွားခဲ့ရပါတယ်။ ဒီမျိုးနွယ်စုရဲ့ မျိုးဆက်သစ်လူငယ်လေးတွေကိုတော့ လူကြီးများဟာ အသက်ပေးကာကွယ်သွားခဲ့ပါတယ်။
၁၉၉၁ ကာလမှာတော့ ဆီဗာနဲ့ ဆူရီဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ အစ်ကိုကြီး ဆီဗာဟာ ငယ်စဉ်အရွယ်မှာတင် ပျောက်ဆုံးသွားခဲ့ပါတယ်။
ညီဖြစ်သူ ဆူရီဟာ သူ့အစ်ကို ကို ရှာဖွေချင်တာနဲ့ ရဲအရာရှိဖြစ်အောင်ကြိုးစားပြီး
ရဲအရာရှိဖြစ်လာတဲ့အချိန်မှာလည်း ဆက်တိုက်ဆိုသလို အစ်ကိုဖြစ်သူကို ရှာဖွေလို့နေပါတယ်။
ဒီလိုနဲ့ ဆူရီတစ်ယောက် ကျွန်းတစ်ကျွန်းက အကြမ်းဖက်သမားတွေကို သွားရောက်ဖမ်းဆီးဖို့ အမိန့်ကျလာတဲ့အချိန်မှာတော့
ဆူရီဖမ်းဆီးရမဲ့ အကြမ်းဖက်သမားတွေထဲမှာ သူ့အစ်ကို ဆီဗာပါဝင်နေတာကို တွေ့ရှိလိုက်ရပါတော့တယ်။
တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ ညီဖြစ်သူ ဆူရီနဲ့ အကြမ်းဖက်သမားဖြစ်နေတဲ့ ဆီဗာတို့ ညီအစ်ကိုနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/SoulAnimedom77/1607
❤1
#ဂန်ဂူပိုင်
IMDb Rating 7.0 နဲ့ Rotten Tomatoes (91%) ထိ ရရှိထားပြီး မင်းသမီး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Ajay လဲ အားဖြည့်ပါဝင်ထားပါတယ်။

Bajirao Mastani,Padmaavat,Devdas တို့လို ရုပ်ရှင်ကားကြီးတွေရဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့လက်ရာဖြစ်တာမို့ ပိုလို့လူကြိုက်များခဲ့ပါတယ်။

ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။

1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ Ganga Harjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။

သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်​ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး
ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။

ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ...
ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/SoulAnimedom77/1609
❤3👍1😍1
"Romeo ဇာတ်လမ်းက ဘယ်တော့မှ မပြီးဆုံးဘူး!"
​အချစ်ကြောင့် အသက်ပေးခဲ့ရတဲ့ Romeo ရဲ့ ဇာတ်လမ်းက အခုဆိုရင် တတိယမြောက် ရာသီကို ရောက်ရှိလာပါပြီ။ Romeo Season 3 မှာတော့ Romeo ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုတွေ ဆက်ပြီး ဖြစ်လာမလဲ? သူ့ရဲ့ ချစ်သူ Juliet နဲ့ ဘယ်လိုတွေ ဆုံတွေ့မလဲ? ဆိုတာတွေကို ရင်ခုန်စရာ ကောင်းကောင်းနဲ့ ကြည့်ရမှာပါ။
​Romeo Season 3 မှာတော့ အရင်ရာသီတွေထက် ပိုပြီးတော့ Action ခန်းတွေ၊ Mystery ခန်းတွေ ပါဝင်လာတဲ့အတွက် ကြည့်ရတာ ပိုပြီးတော့ အားရစရာ ကောင်းပါတယ်။ မင်းသား Romeo ရဲ့ အချစ်ကို ရှာဖွေဖို့အတွက် ကြိုးပမ်းရတာ ဘယ်လောက် ခက်ခဲလဲဆိုတာကို ခံစားရမှာပါ။
​ဒီကားကတော့ Drama နဲ့ Action ပေါင်းစပ်ထားတဲ့ ကားကောင်းတစ်ကားမို့ အခုပဲ ကြည့်လိုက်တော့နော်။ 👇
​https://t.me/SoulAnimedom77/1611
❤2
ဒီဇာတ်ကားဟာ အိန္ဒိယ တလေဂူဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အက်ရှင်-စွန့်စားခန်း ရုပ်ရှင်ကားဖြစ်ပါတယ်။ အခုမှ ရုံတင်နေဆဲဖြစ်တာကြောင့် cam-version သာရနိုင်သေးပေမဲ့ ကျွန်တော်တို့ချန်နယ်ရဲ့ပရိသတ်ကြီးအတွက် ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းကတော့ ပြောရရင် အိန္ဒိယငတက်ပြားပါပဲဗျ။ ၁၇ ရာစု မဂိုအင်ပါယာခေတ်ကို နောက်ခံထားပြီး နာမည်ကျော် သူရဲကောင်း ဗီရာမာလူရဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။မြို့တစ်မြို့ကို မဂိုစစ်သားတွေရဲ့ရန်က ကယ်တင်ဖို့အတွက် နာမည်ကျော် ကိုဟိနူး စိန်ကို ခိုးယူဖို့ ကြိုးစားရာက နိုင်ငံရေးအခြေအနေတင်းမာနေတဲ့ နိုင်ငံရေး၊ ဘာသာရေးတိုက်ပွဲ အလယ်ဗဟိုကိုရောက်ရှိသွားစေပါတယ်။

ဇာတ်ကားတစ်လျှောက်လုံးမှာ စစ်ပွဲမြင်ကွင်းတွေ၊ တိုက်ခိုက်ခန်းတွေနဲ့ ဘာသာရေးစစ်ပွဲတွေ ဆင်းရဲသားနင်းပြားတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အက်ရှင်နဲ့စွန့်စားခန်းကြိုက်သူပရိသတ်တွေ အကြိုက်တွေ့စေမှာပါ။

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/SoulAnimedom77/1613
❤7👻1
ဇာတ်လမ်းပိုင်းမှာ ဆရာတဆူလို့ပြောလို့ရတဲ့ မာလျာလမ်ရုပ်ရှငလောကရဲ့ အသစ်ထွက် ဇာတ်အိမ်ဆန်းဟာသရုပ်ရှင်တစ်ကား ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။
ဗစ်ကီဟာ ကြိုးစားချင်စိတ်ရှိပေမဲ့ ဘာလုပ်လုပ်အရှုံးပေါ်နေတဲ့ ကံဆိုးလူငယ်တစ်ဦးဖြစ်ပါတယ်။ အထည်ရောင်းရင် အထည်ရှုံး၊ အချိုရည်ရောင်းရင်ဝမ်းလျှော၊ ရည်းစားကပါ အလကားဖြတ်သွားတဲ့အထိ ကံဆိုးမိုးမှောင်ကျနေသူပေါ့။ ဒါပေမဲ့ တစ်နေ့ သူ ကမ်းခြေမှာတစ်ယောက်တည်းထိုက်နေတုန်း အာကာသယာဉ်တစ်စင်းပျက်ကျလာပြီး ကမ်းပေါ်တက်လာတဲ့ ဂြိုဟ်သားတစ်ယောက်နဲ့ ဗစ်ကီဟာ မိတ်ဆွေဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဂြိုဟ်သားဟာ တခြားရုပ်ရှင်က ဂြိုဟ်သားတွေလို အစွမ်းတွေမရှိဘဲ တစ်ဂြိုဟ်လုံးမှာ အယ်လ်ကိုဟောပဲရှိတဲ့ဂြိုဟ်တစ်ခုကလာတဲ့ အပယ်ခံတစ်ယောက်ဖြစ်နေတဲ့အပြင် အချိန်ပြည့်အရက်ပဲတောင်းသောက်နေတဲ့ ဗစ်ကီတစ်ယောက်စိတ်ရူးပေါက်ပြီး အဲဒီဂြိုဟ်သားကို ရောင်းစားဖို့ကြံစည်ပါတော့တယ်...။

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/MovieWorldcm/2455
❤1
စိတ်ဝင်စားစရာကောင်းတဲ့ မာရသီစကားပြော စိတ္တဇသည်းထိတ်ရင်ဖိုရုပ်ရှင်လေးဖြစ်ပါတယ်။
အေးအေးဆေးဆေးရှိတဲ့ ရွာလေးတစ်ရွာမှာ ဆိုးရွားတဲ့ လူသ-တ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဲဒီအမှုကို စိတ်ဝင်စားတဲ့ အာဘတ်စ်ဆိုတဲ့ ဂျာနယ်လစ်တယောက်ဟာ အဲဒီရွာကိုရောက်လာပြီး
အမှုနဲ့ပတ်သက်တာတွေကို လိုက်လံစုံစမ်းပါတယ်။ အမှုနဲ့ပတ်သက်တဲ့သူတွေကို

အာဘတ်စ် မေးမြန်းခဲ့ပေမဲ့ သူတို့ရဲ့ဇာတ်လမ်းတွေက တစ်ယောက်နဲ့တစ်ယောက်
မတူညီဘဲ ယုံကြည်ရခက်စရာတွေဖြစ်နေပါတယ်။ ဒါပေမဲ့ တူတာတစ်ခုကတော့ အားလုံးရဲ့ဇာတ်လမ်းထဲမှာ

မာယာဆိုတဲ့အမျိုးသမီးတစ်ယောက်က စရိုက်အမျိုးမျိုးပြောင်းလဲပြီး အဓိကနေရာက ပါနေတာပါ။

မာယာရဲ့ တကယ့်ပုံစံက ဘယ်လိုမျိုးလဲ၊ တရားခံကဘယ်သူလဲ၊ ဘယ်သူတွေကလိမ်ညာနေတာလဲဆိုတာကို

ဂျာနယ်လစ်အာဘတ်စ်နဲ့အတူ လိုက်စုံစမ်းနေရသလိုခံစားရစေမယ့် စိတ္တဇရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/MovieWorldcm/2457
လူသားပိုးဖလံများ”
=========================
(2024) #ဇာတ်ကားသစ်
===============================

တမီလ် ခေတ်ဟောင်းမင်းသားကြီးတွေရဲ့ အသစ်ထွက်
ဘဏ်ဓားပြရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက်
တင်ဆက်ပေးချင်ပါတယ်။

ဒီရုပ်ရှင်ဟာဆိုရင် နိုင်ငံရေးလောကထဲရောက်သွားကြတဲ့ တစ်ခေတ်တစ်ခါက
ထိတ်ထိတ်ကြဲအောင်မြင်ခဲ့တဲ့ တမီလ်အနုပညာသမားကြီးတွေရဲ့ come back ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။

ဇာတ်လမ်းကတော့... အငြိမ်းစားစစ်ထွက်တစ်ယောက်ဖြစ်တဲ့ ဆန်ကာရာဟာ မြေးဖြစ်သူရဲ့မွေးနေ့အတွက်
ရွာကနေ မြိုကိုတက်လာခဲ့ပြီး မြိုကို ရောက်တဲ့အခါ မြေးဖြစ်သူရဲ့ မွေးနေ့ပွဲကို မသွားခင် ဘဏ်ကို
ပိုက်ဆံဝင်ထုတ်ရင်း အကွက်ကျကျစီစဉ်ထားတဲ့ ဘဏ်ဓားပြမှုတစ်ခုထဲမှာ ကြားညှပ်သွားပုံကို
စိတ်ဝင်စားဖွယ် ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။

တမီလ် ဂန္တဝင်ကြီးတွေရဲ့ တစ်ကျော့ပြန်ရုပ်ရှင်ဖြစ်တဲ့အပြင် ဇာတ်လမ်းကလည်း
လှည့်ကွက်တွေနဲ့ တော်တော်လေးမိုက်တာမလို ချန်နယ်မြန်မာပရိသတ်တွေအတွက်
Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်...။

ဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/MovieWorldcm/2459
❤2