Channel A Movie 2
95.3K subscribers
1.53K photos
31 videos
1.55K links
ကြော်ငြာများထည့်သွင်းလိုပါက ဆက်သွယ်ရန် @KRX_Dpmm
Download Telegram
Forwarded from Channel A Movie
ကောင်မလေးက ထိပ်တန်း အေးဂျင့်တစ်ဦးဖြစ်နေသောအခါ
Gh-os-te-d (2023)

​မင်းသားကြီး ခရစ်အီးဗန်း နဲ့ မင်းသမီးချော အာနာဒီအာမတ်စ် တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ရိုမန့် အက်ရှင် ဟာသ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

​ကိုးလ် ဆိုတဲ့ အိမ်မှာ ခြံစိုက်စားနေတဲ့ စိတ်သဘောထား ရိုးသားလှတဲ့ တောင်သူလူငယ်လေးဆီကနေ စတင်ထားတာပါ။ တစ်နေ့မှာတော့ သူဈေးရောင်းနေတုန်း အပင်လာဝယ်တဲ့ ကောင်မလေး ဆေဒီ နဲ့ မမျှော်လင့်ဘဲ စကားများရာကနေ သဘောကျမိသွားခဲ့ပါတယ်။ ဒီလိုနဲ့ ရည်းစားစကား လိုက်ပြောရင်း နှစ်ယောက်သား တစ်နေ့တာလုံး အတူတူ လျှောက်လည်ကာ ချစ်ကြိုက်သွားခဲ့ကြပါတယ်။

​ကိုးလ်လည်း အချစ်စစ်နဲ့ တွေ့ပြီဆိုပြီး ပျော်နေခဲ့ပေမဲ့ မကြာခင်မှာပဲ ဆေဒီ က အလုပ်ကိစ္စရှိတယ်ဆိုကာ လန်ဒန်ကို ထွက်သွားခဲ့ပါတယ်။ ကိုးလ်ဟာ လွမ်းလွန်းလို့ စာတွေ ဆက်တိုက်ပို့ခဲ့ပေမဲ့ စာမလာ အကြောင်းမပြန် လုပ်ခံလိုက်ရပါတယ်။ ဒါနဲ့ အချစ်ကြီးတဲ့ ကိုးလ်ဟာ ကောင်မလေးရှိရာ လန်ဒန်ဆီ အရောက်လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

​ဒါပေမဲ့ လန်ဒန်ကို ရောက်ရောက်ချင်းမှာပဲ ကိုးလ်ဟာ အကြမ်းဖက် လူဆိုးဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပြီးမှ ဆေဒီ ဟာ သာမန်မိန်းကလေး မဟုတ်ဘဲ ထိပ်တန်း အေးဂျင့်တစ်ဦးဖြစ်ကြောင်း သိလိုက်ရတဲ့အခါ... တောင်သူလူရိုးလေး ကိုးလ်တစ်ယောက် ကမ္ဘာကြီးကို ကယ်တင်ရမယ့် အန္တရာယ်များလှတဲ့ စပိုင် စွန့်စားခန်းကြီးထဲ ဘယ်လို ပါဝင်သွားရမလဲဆိုတာ ပျော်ပျော်ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5207

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤5🤩1😍1
Forwarded from Channel A Movie
စစ်ပွဲကြားက အမှောင်ထု
​De-fe-ns-e Bo-mb Cr-is-is (2021)

​အက်ရှင်နဲ့ သဲထိတ်ရင်ဖို ရသာကို ပေးစွမ်းနိုင်မယ့် တရုတ် အက်ရှင် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
​ဇာတ်လမ်းကတော့ ခူဇ နဲ့ လန်ဖ ဆိုတဲ့ လူသတ်သမား မောင်နှမနှစ်ယောက်ဟာ မတူညီတဲ့ အဖွဲ့အစည်း နှစ်ခုဆီမှာ တစ်ယောက်က လူကောင်း၊ တစ်ယောက်က လူဆိုးအဖြစ် အပြိုင်တိုက်ခိုက်နေကြရာကနေ စတင်ထားတာပါ။

​မြို့ပေါ်မှာ ပေါက်ကွဲမှု နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆက်မလုပ်ဘဲ ရပ်တန့်ချင်တဲ့ အစိုးရ အရာရှိကတစ်ဖက်၊ ဆွေးနွေးပွဲကို ဖြစ်မြောက်အောင်မြင်အောင် လုပ်ချင်တဲ့ အရာရှိကတစ်ဖက်နဲ့ ဇာတ်လိုက်ဖြစ်သူ ဖူဖန်း က ကြားထဲမှာ ရောက်ရှိသွားခဲ့ပါတယ်။

​နောက်ဆုံးအကြိမ် အကြမ်းဖက်သမားတွေရဲ့ ဗုံးခွဲ ခြိမ်းခြောက်မှုကြီး ရောက်ရှိလာတဲ့အခါ ပေါက်ကွဲမှု ထပ်မဖြစ်အောင် ဖူဖန်း က ဗုံးရှင်းလင်းရေး တပ်ဖွဲ့ဝင်အဖြစ် ပါဝင်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ဖို့ တာဝန်ယူ ရုန်းကန်ခဲ့ရပါတော့တယ်။

​အကြမ်းဖက်အဖွဲ့ရဲ့ နောက်ကွယ်က ခေါင်းဆောင်အစစ်အမှန်က ဘယ်သူဖြစ်မလဲ၊ စစ်ပွဲနဲ့ တိုက်ပွဲတွေကြားကနေ ကိုယ့်အတ္တအတွက် အကျိုးအမြတ် ထုတ်ချင်ကြတဲ့ အာဏာပိုင်တွေရဲ့ အမှောင်ဘက်ခြမ်းကိုပါ အက်ရှင်အခင်းအကျင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် ရုပ်ရှင်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5210

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2😍1💯1
Forwarded from Channel A Movie
Pl-ay-da-te (2025)

​ဂျက်ရိချာ စီးရီးထဲမှာ ဗလတောင့်တောင့် ခပ်ကြမ်းကြမ်း အက်ရှင်စတိုင်လ်တွေနဲ့ လူသိများခဲ့တဲ့ အလန် ရစ်ချ်ဆန် နဲ့ ဟာသ မင်းသားကြီး ကယ်ဗင် ဂျိမ်းစ် တို့ အဓိက အပြိုင် ပါဝင်ထားကြတဲ့ အက်ရှင် ဟာသ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ ဘရိုင်ယန် (ကယ်ဗင် ဂျိမ်းစ်) ဟာ အလုပ်ပြုတ်သွားပြီးနောက်ပိုင်း အိမ်မှာပဲ နေပြီး ကလေးထိန်းရတဲ့ အဖေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကလေးကို ပန်းခြံခေါ်သွားရင်း သူ့လိုပဲ ကလေးလာထိန်းတဲ့ အိမ်နေအဖေ ဂျက်ဖ် (အလန် ရစ်ချ်ဆန်) နဲ့ ဆုံတွေ့ခဲ့ပြီး ဂျက်ဖ်ရဲ့ အိမ်ကို အလည်လိုက်ဖို့ ဖိတ်ခေါ်ခြင်း ခံလိုက်ရပါတယ်။

​ဒီလိုနဲ့ ဘရိုင်ယန် တို့ သားအဖဟာ မရည်ရွယ်ဘဲ ဂျက်ဖ် တို့ သားအဖနဲ့အတူ အိမ်အလည်သွားရင်း ဂျက်ဖ် နောက်ကွယ်က လျှို့ဝှက်ချက်တွေကြောင့် တစ်နေ့တာလုံး အသက်လုပြေးရမယ့်၊ ဟာသတွေနဲ့ ပြည့်နှက်နေတဲ့ အက်ရှင် စွန့်စားခန်းကြီးထဲ အတူ ပါဝင်သွားရပါတော့တယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5220

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
Forwarded from Channel A Movie
ယာကူဇာ မင်းသမီးလေး၏ သလက်စားချေခန်း
​Ya-ku-za Pr-in-ce-ss (2021)

​ယာကူဇာ ဓားသမား အက်ရှင်ကားတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ဓားခုတ်ခုတ်၊ လှံထိုးထိုး သွေးထွက်သံယို အက်ရှင် ရသာအပြည့်ပေးနိုင်မယ့် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ အာကီမီ ဆိုတဲ့ မိန်းကလေးဟာ ပေါ်တူဂီစကားပြော ဘရာဇီးနိုင်ငံ ဆောပေါလူ မြို့ပေါ်က ဂျပန်အသိုင်းအဝိုင်းမှာ အဖိုးဖြစ်သူနဲ့အတူ သာမန်အတိုင်း နေထိုင်နေသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အာကီမီ ရဲ့ အဖိုးဖြစ်သူဟာ ရုတ်တရက် အသတ်ခံလိုက်ရပါတော့တယ်။

​စတင်တုန်းက သာမန် လူသတ်မှုလို့ ထင်မှတ်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အာကီမီ ဟာ ဂျပန်နိုင်ငံရဲ့ သြဇာကြီးမားလှတဲ့ ယာကူဇာ ဂိုဏ်းချုပ်ကြီးရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ မင်းသမီးလေး ဖြစ်နေခဲ့တာပါ။

​သူမရဲ့ အတိတ်မှန်နဲ့ ဂိုဏ်းတွင်း အာဏာလုပွဲ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို တစ်ခုပြီးတစ်ခု သိရှိလာရတဲ့အခါမှာတော့... အတိတ်မေ့နေတဲ့ ထူးဆန်းသော စိန့် အမည်ရှိ ဓားသမားတစ်ဦးနဲ့ ပူးပေါင်းပြီး မိသားစုအတွက် လက်စားချေဖို့နဲ့ ဂိုဏ်းဆိုးတွေရဲ့ ရန်ကနေ အသက်လု ရုန်းကန်ရမယ့် အက်ရှင် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5221

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2😍1💯1
Forwarded from Channel A Movie
ကျိန်စာသင့် ဘုရားကျောင်း
​Pe-e Na-k 4 (2024)

​ပရိသတ်တွေ အမြဲတမ်း စောင့်မျှော်အားပေးကြတဲ့ ထိုင်း သရဲဟာသ နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ စတုတ္ထမြောက် ကားကြီးပဲ ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ သူငယ်ချင်းတစ်စုဟာ မထင်မှတ်ဘဲ မြို့ပြင်က ရှေးဟောင်း ဘုရားကျောင်းတစ်ခုဆီ ရောက်ရှိသွားခဲ့ရာကနေ စတင်ထားတာပါ။ ဒါပေမဲ့ အဲဒီ ဘုရားကျောင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဒဏ္ဍာရီဆိုးကြီးတစ်ခု ရှိနေမှန်း သူတို့ မသိခဲ့ကြပါဘူး။ အဲဒီ ထူးဆန်းတဲ့ ကျိန်စာ ဒဏ္ဍာရီကတော့ အဆိုပါ ဘုရားကျောင်းမှာ ရဟန်း၊ သင်္ကန်း ဝတ်ချင်သူတိုင်း ကျိန်စာသင့်ပြီး သေဆုံးရမယ်ဆိုတဲ့ အရာပါပဲ။

​ဒီလိုနဲ့ လမ်းမှား ရောက်ရှိသွားတဲ့ သူငယ်ချင်းတစ်စုဟာ အဲဒီကျောင်းမှာပဲ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့လာရပြီး ကျိန်စာဆိုးကြီးနဲ့အတူ ပီနတ် သရဲမဲကြီးရဲ့ ခြောက်လှန့်မှုတွေကို ရင်ဆိုင်ကြရပါတော့တယ်။

​သူတို့ သူငယ်ချင်းတွေ ဘာဆက်လုပ်ကြမလဲ၊ အလွဲလွဲအချော်ချော် ကြောက်စရာ ခြောက်လှန့်မှုတွေကြားကနေ ကျိန်စာကြီး ပြယ်သွားအောင် ဘယ်လို ကြိုးစားကြမလဲဆိုတာ ရယ်မောရင်း ကျောစိမ့်စိမ့်နဲ့ ကြည့်ရှုရမယ့် ဟာသ ရုပ်ရှင်ကားဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5223

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3😍2💯1
Forwarded from Channel A Movie
တည်ငြိမ်သော အိမ်ထောင်ရှင်ဘဝနှင့် ပြင်းထန်သော အချစ်
​An-na Ka-re-ni-na (2012)

အန်နာ ကရီနီနာ ဆိုတဲ့ သားတစ်ယောက် မိခင်၊ အထက်တန်းလွှာ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အဖြစ်အပျက်တွေ အားလုံးရဲ့ စတင်ရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုကို သွားရောက် ဖြေရှင်းပေးဖို့ မော်စကိုမြို့ဆီ ခရီးထွက်ခဲ့ရာကနေ စတင်ခဲ့တာပါ။

​အဲဒီ ခရီးစဉ်မှာ ဗရွန်စကီ ဆိုတဲ့ ချောမောခန့်ညားပြီး အသက်ငယ်ရွယ်တဲ့ မြို့စားစစ်ဗိုလ်လေးနဲ့ ရထားပေါ်မှာ အမှုမဲ့အမှတ်မဲ့ စတင်ဆုံတွေ့ခဲ့ကြပါတယ်။ သို့ပေမဲ့ အမှတ်တမဲ့ကနေ စတင်ခဲ့တဲ့ ခံစားချက်တွေဟာ သံယောဇဉ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ရပ်တန့်ဖို့ ကြိုးစားချိန်မှာတော့ အရမ်းကို နောက်ကျသွားခဲ့ပါပြီ။

​ပြင်ဆင်ဖို့ နောက်ကျသွားခဲ့တဲ့ ဒီအမှားကြောင့် ရေပြင်လို တည်ငြိမ် အေးချမ်းနေတဲ့ အန်နာ့ရဲ့ အိမ်ထောင်ရေးဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပြီး ရောမနဲ့ ရုရှား လူ့အဖွဲ့အစည်းကြား ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ၊ ချစ်ခြင်းနဲ့ နာကျင်မှုတွေကို ရင်နင့်ဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5227

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🤩1💯1
Forwarded from Channel A Movie
အစ္စလာမ်မစ် တော်လှန်ရေးကြားက မိသားစုတစ်ခုရဲ့တိုက်ပွဲ
​Se-pt-em-be-rs of Sh-ira-z (2015)

​ဖြစ်ရပ်မှန်ကို အခြေခံထားပြီး မင်းသားကြီး အေဒီရီယန် ဘရိုဒီ နဲ့ မင်းသမီးကြီး ဆယ်လ်မာ ဟာယက် တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

​၁၉၇၉ ခုနှစ် အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေး အကူးအပြောင်းမှာ ယခင်အစိုးရနဲ့ အဆက်အစပ်ရှိသူတွေကို အစွန်းရောက် တပ်ဖွဲ့တွေက ပစ်မှတ်ထား ဖမ်းဆီးနေကြချိန်ပါ။ အဲဒီအချိန်မှာ ကျောက်မျက်ရတနာ လုပ်ငန်းရှင် ကြွယ်ဝတဲ့ အစ်ဇက် ဆိုသူလည်း ရုတ်တရက် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။​ဇနီးဖြစ်သူ ဖာနက်ဇ် က ခင်ပွန်းဖြစ်သူကို ကယ်ဖို့ နည်းမျိုးစုံ ကြိုးစားပေမဲ့ ဆွေမျိုးတွေပါ ထွက်ပြေးနေရလို့ အကူအညီမဲ့နေသလို၊ လူယုံ ဝန်ထမ်းကပါ ဆိုင်ကို အပိုင်စီးသွားခဲ့ပါတယ်။

​တစ်ဖက်မှာလည်း ထောင်တွင်း နှိပ်စက်ဒဏ်တွေကို မခံနိုင်တော့တဲ့ အစ်ဇက် က သူ့ပိုင်ဆိုင်မှု အကုန်ပေးမယ်ဆိုကာ လွတ်မြောက်ဖို့ ညှိနှိုင်းခဲ့ရပါတယ်။​အမှောင်ဖုံးနေတဲ့ တော်လှန်ရေး ကာလကြား မိသားစုဆီ ပြန်ရောက်ဖို့နဲ့ နိုင်ငံထဲက လွတ်မြောက်အောင် ဘယ်လို အသက်လု ရုန်းကန်ကြမလဲဆိုတာ သဲထိတ်ရင်ဖို ကြည့်ရှုရမှာ
ဖြစ်ပါတယ်။

➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5230

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1💯1
Forwarded from Channel A Movie
ဘာပြောရမှန်းတောင်မသိတော့ဘူးYGရေ..😭😭
😭5❤1😢1
Forwarded from Channel A Movie
သူငယ်ချင်း သုံးဦးရဲ့ အမှားတစ်ခု
​Co-nf-es-si-on (2014)

​မင်းသားကြီး ဂျီဆောင်း၊ ဂျူးဂျီဟွန်း နဲ့ လီဂွမ်ဆူ တို့ရဲ့ သရုပ်ဆောင်ချက် အပြိုင်နဲ့ စိတ္တဇရသာကို အပြည့်ပေးနိုင်မယ့် သဲထိတ်ရင်ဖို ကိုရီးယား ရုပ်ရှင်ကားကောင်း ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ ဟျွန်းထယ်၊ အင်ချော နဲ့ မင်ဆူ ဆိုတဲ့ ငယ်သူငယ်ချင်း သုံးယောက်ဆီကနေ စတင်ထားတာပါ။ ဟျွန်းထယ် ဟာ တရားမျှတမှုကို မြတ်နိုးတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦး ဖြစ်ပြီး၊ အင်ချော ကတော့ အာမခံ လိမ်လည်မှုတွေမှာ လည်ဝယ်သူ အာမခံ ကိုယ်စားလှယ် ဖြစ်ကာ၊ မင်ဆူ ကတော့ သူငယ်ချင်းတွေအပေါ် မှီခိုတတ်တဲ့ လူရိုးလေး ဖြစ်ပါတယ်။

​တစ်နေ့မှာတော့ အားလုံးအတွက် ကောင်းမယ်လို့ ယူဆမိတဲ့ တရားမဝင် အလုပ်တစ်ခုကို လုပ်မိလိုက်ရာကနေ ထိန်းချုပ်မရတဲ့ လူသတ်မှုနဲ့ ရာဇဝတ်မှုကြီး ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ သုံးယောက်ကြား အပြန်အလှန် သံသယတွေ၊ အထင်လွဲမှုတွေ စတင်လာပြီး ခိုင်မာလှပါတယ်ဆိုတဲ့ သူငယ်ချင်း သံယောဇဉ်ဟာ ပြိုကွဲမတတ် ဖြစ်လာခဲ့ရပါတော့တယ်။

​"သူငယ်ချင်းကောင်းများ" ဆိုတဲ့ ကိုရီးယား နာမည်အတိုင်း အားလုံး ကောင်းစားဖို့ ကြိုးစားခဲ့ကြပေမဲ့ အဆိုးဆုံး ဖြစ်ရပ်ဆိုးတွေဆီ ဦးတည်သွားတဲ့အခါ... သူတို့ရဲ့ သံယောဇဉ် ဆက်လက် တည်တံ့နိုင်ပါတော့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ သင်ခန်းစာယူဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကြီး ဖြစ်ပါတယ်။ 


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5241

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1😍1
Forwarded from Channel A Movie
လူမျိုးရေး ခွဲခြားမှုကြားမှ ဘဏ်ကို ပိုင်ဆိုင်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်ရပ်မှန်
​Th-e Ba-nk-er (2020)
Biography / Drama
IMDb — 7.1/10

​၁၉၅၀ ပြည့်လွန်နှစ်များက အမေရိကန်နိုင်ငံ၏ ပြင်းထန်သော လူမျိုးရေး ခွဲခြားမှုများကြားတွင် အတားအဆီးများကို ကျော်ဖြတ်ကာ ဘဏ်တစ်ခုကို ပိုင်ဆိုင်ရန် ကြိုးပမ်းခဲ့ကြသည့် လူမည်း စီးပွားရေးလုပ်ငန်းရှင် နှစ်ဦး၏ အကြောင်းကို ဖြစ်ရပ်မှန် အပေါ် အခြေခံ ရိုက်ကူးထားသော ရုပ်ရှင်ကားကောင်း ဖြစ်ပါတယ်။ မင်းသားကြီး အန်သိုနီ မက်ကီ နှင့် စင်မြှင့် သရုပ်ဆောင် မင်းသားကြီး ဆင်မူအယ်လ် အယ်လ် ဂျက်ဆင် တို့ အဓိက ပါဝင်ထားကြပါတယ်။

ကလေးဘဝက တက်ဆက်ဇ်မြို့တွင် ဖိနပ်တိုက်သမားအဖြစ် အလုပ်လုပ်ခဲ့ရသည့် လူမည်းလေး ဘာနာ့ဒ် ဂါရက်တ် ဆီကနေ စတင်ထားတာပါ။ ဘာနာ့ဒ် ဟာ ဉာဏ်စွမ်းဉာဏ်စနှင့် ပြည့်စုံသူဖြစ်ပြီး ဖိနပ်တိုက်ရင်း ကြားရသည့် စီးပွားရေး စကားများကို သေချာ လေ့လာ မှတ်သားကာ ပညာဝမ်းစာ ဖြည့်ဆည်းခဲ့ပါတယ်။

​သူ အရွယ်ရောက်လာသည့်အခါ လော့စ်အိန်ဂျလိစ် မြို့သို့ ပြောင်းရွှေ့လာပြီး ဂျိုးဆက် မောရစ် ဆိုသည့် လူမည်းတစ်ဦးနှင့်တွေ့ကာ စပ်တူ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်ရန် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ထိုခေတ်အခါက လူမည်းများကို ဘယ်သူမှ အဖက်လုပ် မဆက်ဆံချင်ကြသည့်အတွက် သူတို့ ရင်ဆိုင်ရသည့် အခက်အခဲများက တကယ့်ကို ကြီးမားလွန်းလှပါတယ်။

​ထိုအခက်အခဲများကို ကျော်လွှားရန် သူတို့နှစ်ဦးသည် လူဖြူ လူငယ်တစ်ဦးကို ရှေ့ထွက် မျက်နှာဖုံးအဖြစ် လေ့ကျင့်ပေးကာ ၎င်းတို့ကိုယ်တိုင်မူ နောက်ကွယ်ကနေ ညွှန်ကြားသူများနှင့် မောင်းသူ၊ သန့်ရှင်းရေးသမားများအဖြစ် ဟန်ဆောင်၍ ဘဏ်တစ်ခုကို ဝယ်ယူရန် ကြိုးပမ်းကြပါတော့သည်။

​သူတို့နှစ်ဦး မည်သည့် ဉာဏ်နီဉာဏ်နက်များ ထုတ်ပြီး လူမျိုးရေး အတားအဆီးများကို ရှေ့ဆက် ကျော်လွှားမလဲဆိုတာ မှတ်သားစရာများနှင့်အတူ အတုယူဖွယ် ကြည့်ရှုရမည့် ရုပ်ရှင်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5242

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1🤩1
Forwarded from Channel A Movie
ကလေးထိန်း
​Ba-by-si-tt-in-g (2014)

​ပေါ့ပေါ့ပါးပါးနဲ့ တကယ် ကြည့်လို့ကောင်းတဲ့ ပြင်သစ် ဟာသ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ ဖရန့် ဆိုတဲ့ ကာတွန်းဆွဲတာကို အရူးအမူး ဝါသနာပါတဲ့ လူငယ်လေးဆီကနေ စတင်ထားတာပါ။ သူ ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်နေပါစေ သူ့သူဌေးကတော့ သူ့ကို ရှိမှန်းတောင် မသိခဲ့ပါဘူး။ တစ်နေ့မှာတော့ ဖရန့် က သူဌေးဆီ ဝင်ရောက် မိတ်ဆက်ခဲ့ရာကနေ သူဌေးရဲ့ မျက်မှန်းတန်းမိခြင်းကို ခံလိုက်ရပါတယ်။

​ဒါပေမဲ့ အဲဒီနေ့ဟာ ဖရန့် ရဲ့ ဘဝကို ဇောက်ထိုး မိုးမျှော် ဖြစ်သွားစေခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သူဌေးက ပါတီပွဲ တက်စရာရှိတာကြောင့် သူ့ရဲ့ ဂျစ်ကန်ကန် ၉ နှစ်အရွယ် သားဖြစ်သူကို ထိန်းပေးဖို့ ဖရန့် ကို ကမ်းလှမ်းခဲ့ပါတယ်။ တကယ်တော့ အဲဒီနေ့ဟာ ဖရန့် ရဲ့ အသက် ၃၀ ပြည့် မွေးနေ့ဖြစ်နေပေမဲ့ သူ့ရဲ့ အိမ်မက်တွေအတွက် ဖရန့် တစ်ယောက် ကလေးထိန်းဖို့ လက်ခံခဲ့ရပါတယ်။

​ဖြစ်ချင်တော့ ဖရန့် ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေက ဘော်ဒါစိတ် အပြည့်နဲ့ ကလေးရှိနေတဲ့ သူဌေးအိမ်ကြီးထဲ မွေးနေ့ပါတီ လာကျင်းပကြတဲ့အခါမှာတော့... ဖရန့် တစ်ယောက် ကလေးနဲ့ ဘယ်လို လုံးပါးပါးပြီး တစ်ညတာ ကမောက်ကမဖြစ်မလဲဆိုတာ မိသားစုနဲ့အတူ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဟာသ ရုပ်ရှင်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5244

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
Forwarded from Channel A Movie
​Th-e La-st Ca-st-le (2001)
📱 — 7.0/10

စစ်ဘက်ဆိုင်ရာ လုံခြုံရေးမြင့် အကျဉ်းထောင် (ရဲတိုက်) တစ်ခုအတွင်း အုပ်ချုပ်သူ၏ မတရား ဖိနှိပ်မှုများကို မကျေနပ်ကြဘဲ ထောင်ကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးပမ်းကြသည့် အကျဉ်းသား စစ်သည်များအကြောင်းပဲ ဖြစ်ပါတယ်။

​ဒီအကျဉ်းထောင်ထဲ ရောက်ရှိနေသူများမှာ အကြောင်းပေါင်းစုံဖြင့် ပြစ်ဒဏ် ကျခံနေရသည့် တပ်ကြပ်ကြီး၊ တပ်သားများ ဖြစ်ကြပြီး တစ်နေ့တွင်တော့ အမိန့်ကို မနာခံမှုဖြင့် ပြစ်ဒဏ်ကျခံရသည့် ဂုဏ်သိက္ခာကြီးမားသော ဗိုလ်ချုပ်ကြီး အာဝင် ရောက်ရှိလာခဲ့ပါတယ်။ အကျဉ်းထောင်အတွင်း အဆင့်အတန်း ရာထူး မခွဲခြားရဆိုသည့် စည်းမျဉ်း ရှိသော်လည်း အကျဉ်းသား စစ်သားများက ဗိုလ်ချုပ်ကြီးကို လေးစားစွာဖြင့် သူ့နောက်တွင် စည်းလုံးသွားကြပါတယ်။

​အကျဉ်းထောင်မှူး၏ တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်သည့် အုပ်ချုပ်မှု ပုံစံကို ပြောင်းလဲရန်နှင့် အကျဉ်းသားများ၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူရန်အတွက် ဗိုလ်ချုပ်ကြီး၏ ဦးဆောင်မှုဖြင့် စစ်တပ်တစ်ခုသဖွယ် ညီညီညွတ်ညွတ် ရဲတိုက်ကြီးကို သိမ်းပိုက်ဖို့ ဘယ်လို တိုက်ခိုက်သွားကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည့် ဇာတ်ကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5246

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
😍2❤1👍1💯1
Forwarded from Channel A Movie
Th-e Da-y th-e Ea-rt-h Sto-od St-ill (2008)
​
​သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုနှင့် စစ်ပွဲတွေကြောင့် ပျက်စီးယိုယွင်းလာနေသည့် ကမ္ဘာမြေကြီးကို ကယ်တင်ရန်အတွက် ဂြိုဟ်ပြင်ပအဖွဲ့အစည်းက စေလွှတ်လိုက်သည့် ကလာတူ (ကီနူး ရိဗ်စ်) ဆိုသည့် စေတမန်တစ်ဦး နယူးယောက်မြို့ဆီ ရောက်ရှိလာခဲ့ရာမှ စတင်ထားတာပါ။

​ကလာတူ ရောက်ရှိလာသည့် ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ဘဲ၊ ကမ္ဘာမြေ ပျက်စီးမသွားစေရန်အတွက် ပတ်ဝန်းကျင်ကို ဖျက်ဆီးနေသည့် လူသားများကို အပြီးတိုင် ချေမှုန်းဖျက်ဆီးရန်ဖြစ်ပါတယ်။ ထိုသို့ မဖျက်ဆီးမီ နောဧ၏ သင်္ဘောကဲ့သို့ပင် ကမ္ဘာပေါ်မှ ဇီဝမျိုးစိတ်များနှင့် သတ္တဝါများကို စက်လုံးများအတွင်းသို့ ရှာဖွေ စုဆောင်းကာ သိမ်းဆည်းပါတော့တယ်။

​လူသားမျိုးနွယ် အစုလိုက် အပြုံလိုက် ဖျက်ဆီးခံရမည့် ဘေးဆိုးကြီး ကျရောက်တော့မည့်အချိန်တွင် ပညာရှင် အမျိုးသမီး ဟယ်လင် (ဂျန်နီဖာ ကွန်နဲလီ) က ကလာတူအား လူသားများသည် ပြောင်းလဲနိုင်စွမ်း ရှိကြကြောင်းနှင့် ဒုတိယအကြိမ် အခွင့်အရေး ရထိုက်ကြောင်း ယုံကြည်လာအောင် ဘယ်လို ဆွဲဆောင် အနွံတာခံ ကြိုးပမ်းသွားမလဲဆိုတာ သဲထိတ်ရင်ဖို ကြည့်ရှုရမည့် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ 


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5249

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
Th-e Sm-ur-fs 2 (20-13)

​မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှုရမယ့် ချစ်စရာ ကာတွန်း အန်နီမေးရှင်း ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ မကောင်းဆိုးဝါး မှော်ဆရာ ဂါဂါမယ်လ် ရဲ့ ဖန်တီးမှုတစ်ခု ဖြစ်ခဲ့ပေမဲ့ ပါပါးစမာ့ဖ် ရဲ့ မေတ္တာကြောင့် စစ်မှန်တဲ့ စမာ့ဖ် အပြာလေး ဖြစ်လာခဲ့သူ စမာ့ဖ်ဖက် ရဲ့ မွေးနေ့ကနေ စတင်ထားတာပါ။

​ဂါဂါမယ်လ် ဟာ စမာ့ဖ် မှော်အစွမ်းတွေကို ရယူနိုင်ဖို့အတွက် စမာ့ဖ်ဖက် ကို အပြာရောင် ပြောင်းပေးခဲ့တဲ့ ပါပါးစမာ့ဖ် ရဲ့ လျှို့ဝှက် စူပါမန္တရားကို သိချင်နေခဲ့ပါတယ်။ ဒါကြောင့် ဂါဂါမယ်လ် က စမာ့ဖ်ဖက် ကို ပြန်ပေးဆွဲပြီး ပါရီမြို့ဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။

​စမာ့ဖ်ဖက် ကို ကယ်တင်ဖို့အတွက် ပါပါးစမာ့ဖ် နဲ့ စမာ့ဖ် အဖွဲ့ဟာ လူသား သူငယ်ချင်းတွေနဲ့အတူ ပါရီမြို့ဆီ အရောက်သွားပြီး ဘယ်လို ဟာသပေါင်းမြောက်မြားစွာနဲ့ စွန့်စား ကယ်တင်ကြမလဲဆိုတာ ပျော်ရွှင်ဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5258

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1😍1
Forwarded from Channel A Movie
ကမ္ဘာပျက်ကိန်းလွန် ခေတ်ဆိုးကြီးထဲက သူရဲကောင်း
​Th-e Bo-ok o-f E-li (2010)
📱 — 6.8/10

​ကမ္ဘာပျက်စစ်ပွဲကြီး ဖြစ်ပွားပြီး နှစ် ၃၀ အကြာ ကမ္ဘာမြေ ပျက်သုဉ်းယိုယွင်းနေသည့် ခေတ်ဆိုးကြီးဆီကနေ စတင်ထားတာပါ။ ထိုခေတ်တွင် အသက်ရှင် ကျန်ရစ်သူ အများစုသည် မက္ကင်းနစ် ရေနှင့် အစားအစာအတွက် အချင်းချင်း သတ်ဖြတ်နေကြပြီး အမှောင်ထုက စိုးမိုးထားပါတယ်။

​ဒီလို ခေတ်ပျက်ကြီးထဲမှာ အီလိုင် (ဒန်းဇဲလ် ဝါရှင်တန်) ဆိုသည့် ခရီးသွားတစ်ဦးသည် ကမ္ဘာကြီးကို ပြန်လည် ကယ်တင်နိုင်မည့် လျှို့ဝှက်ချက် ပါဝင်သော တန်ဖိုးကြီး စာအုပ်တစ်အုပ်ကို သယ်ဆောင်ကာ အမေရိကန် အနောက်ဘက် ကမ်းခြေဆီ သို့ အခက်အခဲပေါင်းစုံကို ဖြတ်သန်းရင်း တစ်ကိုယ်တော် ခရီးနှင်နေခဲ့ပါတယ်။

​ဒါပေမဲ့ မြို့ငယ်လေးတစ်မြို့ကို အုပ်ချုပ်နေသည့် အာဏာရူး ကာနီဂါ (ဂယ်ရီ အိုးဒ်မန်း) က ထို စာအုပ်၏ တန်ဖိုးနှင့် အစွမ်းကို သိရှိသွားပြီး မိမိကိုယ်တိုင် ပိုင်ဆိုင်ကာ လူတွေကို ထိန်းချုပ်ရန်အတွက် အီလိုင် ထံမှ စာအုပ်ကို အရယူဖို့ နည်းမျိုးစုံဖြင့် လိုက်လံ ဖမ်းဆီးပါတော့တယ်။

​အီလိုင် ဟာ သူ မပျက်မကွက် ပြီးမြောက်ရမည့် တာဝန်အတွက် အာဏာရူးနှင့် သူ၏ တပ်ဖွဲ့ကို ဘယ်လို တိုက်ခိုက် အနိုင်ယူပြီး စာအုပ်ကို အဆုံးထိ ကာကွယ်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမည့် ရုပ်ရှင်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5259

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
Forwarded from Channel A Movie
Ka-le-va-la: Ku-ll-er-vo-n Ta-ri-na [2026]

​ဖင်လန်နိုင်ငံ၏ အမျိုးသား မော်ကွန်း ကဗျာရှည်ကြီးကို အခြေခံထားပြီး အဆိုပါ ကဗျာထဲမှ ဝမ်းနည်းကြေကွဲဖွယ် ကံကြမ္မာကို ပိုင်ဆိုင်ထားရသည့် သူရဲကောင်း ကူလာဗို ၏ အကြောင်းကို ရိုက်ကူး တင်ဆက်ထားသည့် သမိုင်းဝင် ဖန်တစီ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

​၁၁ ရာစု ကာလီဗာလာ ဒေသကို နောက်ခံထား ရိုက်ကူးထားပြီး ကူလာဗို သည် ငယ်စဉ်ကတည်းကပင် မျိုးနွယ်စုတစ်ခုလုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် စိတ်ဒဏ်ရာကြီးနှင့်အတူ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါတယ်။

​နောက်ပိုင်းတွင် သူ့အား ကျွေးမွေး စောင့်ရှောက်ခဲ့သည့် (အွန်တာမို) မျိုးနွယ်စုဝင်များကပင် သူ့မိသားစုကို သတ်ဖြတ်ခဲ့ပြီး သူ့ကို ငယ်စဉ်ကတည်းက ကျွန်အဖြစ် ရောင်းစားခဲ့ကြောင်း သိရှိသွားခဲ့ရပါတယ်။

​ကျွန်ဘဝမှ ထွက်ပြေး လွတ်မြောက်လာချိန်တွင် အသက်ရှင် ကျန်ရစ်သည့် မိသားစုဝင် အချို့နှင့် ပြန်လည် ဆုံတွေ့ခဲ့ရသော်လည်း ထိုမိသားစုဝင်များကိုပါ ထပ်မံ ဆုံးရှုံးခဲ့ရသည့်အခါ... နာကြည်းချက်၊ ဒေါသများနှင့်အတူ မိသားစုနှင့် မိမိဘဝကို ဖျက်ဆီးခဲ့သူများကို ပြန်လည် လက်စားချေရန် ဘယ်လို တိုက်ခိုက် သွားမလဲဆိုတာ ရင်နင့်ဖွယ် ကြည့်ရှုရမည့် ရုပ်ရှင်ကား ဖြစ်ပါတယ်။ 


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5261

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2😍1💯1
Forwarded from Channel A Movie
ရွှေတြိဂံဒေသမှ ပြန်ပေးဆွဲခံ သတင်းထောက်မလေး
​Go-ld-en Tr-ia-ng-le Re-sc-ue (2018)

​စီအိုင်အေ၏ လက်အောက်ခံ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုအတွက် လုပ်ဆောင်ပေးခဲ့ကြသူ အားကျယ် တို့ အဖွဲ့ကို သူဌေးလင် က ကယ်တင်ခဲ့ပြီးနောက် ၎င်း၏ သက်တော်စောင့်များအဖြစ် ခန့်အပ်ခဲ့ရာမှ စတင်ထားတာပါ။သူဌေးလင် ရဲ့ သမီးဖြစ်သူ လင်ကယ်လန် ဟာ အမေရိကန်ရောက် သတင်းထောက်တစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ဒုစရိုက် လုပ်ငန်းများကို စုံစမ်းရန်အတွက် ရွှေတြိဂံဒေသသို့ သတင်းယူရန် ထွက်ခွာခဲ့ပါတယ်။

​ဒါပေမဲ့ ရွှေတြိဂံဒေသ၌ "ခွေးအ" ဟု အမည်ရသည့် ဒုစရိုက် ဂိုဏ်းချုပ်၏ ဓာတ်ပုံများနှင့် အထောက်အထားများကို ရိုက်ကူးမိသွားခဲ့ရာမှ လင်ကယ်လန် တစ်ယောက် ပြန်ပေးဆွဲခြင်း ခံလိုက်ရပါတော့တယ်။​သမီးဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရကြောင်း သိရှိသွားသည့် သူဌေးလင် သည် လင်ကယ်လန် ကို ပြန်လည် ကယ်တင်နိုင်ရန်အတွက် အားကျယ် ဦးဆောင်သော သက်တော်စောင့် တပ်ဖွဲ့ကို ရွှေတြိဂံဒေသဆို့ စေလွှတ်ခဲ့ပါတယ်။

အားကျယ် တို့ အဖွဲ့သည် အန္တရာယ်ဆိုးများ ပြည့်နှက်နေသည့် ဒုစရိုက်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ လင်ကယ်လန် ကို ကယ်တင်ရင်း အားကျယ် ရဲ့ ညီမဖြစ်သူ ရှောင်မေ ကိုပါ ပြန်ပေးသမားများ လက်တွင်းမှ ရအောင် ကယ်ထုတ်နိုင်မလား၊ မကောင်းဆိုးဝါး "ခွေးအ" ဂိုဏ်းကို ဘယ်လို ချေမှုန်း သုတ်သင်မလဲဆိုတာ ပစ်ခတ်သံများနှင့်အတူ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည့် ရုပ်ရှင်ကား ဖြစ်ပါတယ်။ 


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5263

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
Forwarded from Channel A Movie
​A Di-am-on-d i-n th-e Ro-ug-h (2019)
Drama
📱 — 7.3/10

​မင်းသား ဆွန်ဟိုဂျွန် နဲ့ ဝါရင့် မင်းသမီးကြီး ကင်ဟေဆု တို့ သားအမိအဖြစ် အသက်ဝင်စွာ သရုပ်ဆောင်ထားကြတဲ့ မျက်ရည်ကျဖွယ် ကိုရီးယား ရုပ်ရှင်ကားကောင်း ဖြစ်ပါတယ်။

​ဂီဂန် ဆိုတဲ့ ဉာဏ်ထက်မြက်တဲ့ ကောင်လေးတစ်ဦးဆီကနေ စတင်ထားတာပါ။ ဂီဂန် ဟာ မိခင်ဖြစ်သူ ဆွန်းအို့ ရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ကျွန်းပေါ်မှာ ပိတ်လှောင်နေတဲ့ ဘဝကို မနှစ်သက်ဘေဲ ကြီးပွားချင်ဇောနဲ့ မိသားစုကို ထားခဲ့ကာ ဆိုးလ်မြို့ကို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ လောဘနဲ့ လမ်းမှားတွေနောက် ပါသွားရင်းကနေ နောက်ဆုံးမှာတော့ လူသတ်မှုနဲ့ သေဒဏ် ချမှတ်ခံလိုက်ရပါတော့တယ်။

​တစ်ဖက်မှာလည်း စာတောင် ကောင်းကောင်း မတတ်တဲ့ အေးဆေးရိုးသားသူ မိခင်ဖြစ်သူ ဆွန်းအို့ ဟာ သားဖြစ်သူ သေဒဏ်ကျတော့မယ်ဆိုတာ ကြားသိရတဲ့အခါ ကမ္ဘာပျက်သွားခဲ့ရပါတယ်။ ထို့နောက် သားဖြစ်သူရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ စာကို ကြိုးစားသင်ယူပြီး သေဒဏ်မှ လျှော့ပေါ့ပေးဖို့ အယူခံလွှာတွေကို မနားတမ်း လိုက်လံ လက်မှတ်ထိုး စုဆောင်းပါတော့တယ်။

​ထောင်ထဲက သားဖြစ်သူရဲ့ နောင်တတရားတွေနဲ့ သားကို ကယ်တင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားရုန်းကန်တဲ့ မိခင်ရဲ့ ကြီးမားတဲ့ မေတ္တာတရားကို ရင်ထဲ စို့နင့်ဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5266

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
Forwarded from Channel A Movie
စုံထောက်နှစ်ဦးရဲ့ အမှန်တရား ရှာဖွေပွဲ
​Th-e Ul-ti-ma-te Du-o (2026)

​ဂျပန်နိုင်ငံမှ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အလှည့်အပြောင်းများစွာဖြင့် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမည့် ရုံတင် မှုခင်းဇာတ်ကားကောင်း ဖြစ်ပါတယ်။
​ဇာတ်လမ်းကတော့ ရာထူးကျပြီး နယ်စခန်းကို ပြောင်းရွှေ့ခံလိုက်ရသည့် ဝါရင့် စုံထောက်ကြီး ဆောဂျယ်ဟျော့ နှင့် ဉာဏ်ရည်ထက်မြက်ကာ စီးပွားဥစ္စာ ကြွယ်ဝသည့် စုံထောက်သစ်လေး ဂင်ဂျွန်းဟို တို့ဆီကနေ စတင်ထားတာပါ။

​စရိုက်ချင်း ဘာတစ်ခုမှ မတူညီသည့် သူတို့နှစ်ဦးသည် ဘုရားကျောင်း အလှူငွေ ခိုးယူသည့် သူခိုးကို ဖမ်းဆီးမိခဲ့ရာမှတစ်ဆင့် ထိုသူခိုးသည် ဆိုးလ်မြို့၏ ဂန်းနမ် လူသတ်မှုနှင့် ပတ်သက်နေသည့် သံသယရှိသူ ဖြစ်နေကြောင်း သိလိုက်ရပါတယ်။ သို့သော်လည်း အဆိုပါ လူသတ်မှုမှာ တရားခံ ဖမ်းမိထားပြီးဖြစ်၍ အမှုပိတ်ထားပြီးသား ဖြစ်နေခဲ့ပါတယ်။

​ဒါကြောင့် သူတို့နှစ်ဦးသည် အမှု၏ နောက်ကွယ်က အမှန်တရားကို စုံစမ်းရန် ဆိုးလ်မြို့ဆီ ထွက်ခွာလာခဲ့ကြပါတော့တယ်။ ဖမ်းမိပြီးသား တရားခံကပဲ အစစ် ဖြစ်နေမလား၊ သို့မဟုတ် အလှူငွေ သူခိုးကပဲ အမှန်တကယ် တရားခံ ဖြစ်နေမလားဆိုတာကို စုံထောက်နှစ်ဦးနှင့်အတူ ပဟေဠိ ဆက်ရင်း သဲထိတ်ရင်ဖို ကြည့်ရှုရမည့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5267

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1😍1💯1
Forwarded from Channel A Movie
ဒုတိယကမ္ဘာစစ် နောက်ခံ ဂန္တဝင်ရုပ်ရှင်ကားကြီး
​Sa-vi-ng Pr-iv-at-e Ry-an (1998)
📱 — 8.6/10

​ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ် ရိုက်ကူးပြီး မင်းသားကြီး တေမ် ဟန့်က်စ် နှင့် မတ် ဒေးမွန် တို့ အဓိက ပါဝင်ထားကြသည့် အော်စကာ ၅ ဆုရ ဂန္တဝင် စစ်ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီ ကမ်းခြေ တိုက်ပွဲဆီကနေ စတင်ထားတာပါ။ အမေရိကန် စစ်တပ်မှ ရိုင်ယန် မိသားစု၏ သား လေးဦးအနက် သုံးဦးမှာ စစ်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည့်အခါ အသက်ရှင် ကျန်ရစ်သည့် နောက်ဆုံး သားဖြစ်သူ တပ်သား ဂျေမ်းစ် ရိုင်ယန် ကို အိမ်သို့ ဘေးကင်းစွာ ပြန်လည် ပို့ဆောင်ပေးရန် အမိန့် ကျရောက်လာခဲ့ပါတယ်။

​ထိုတာဝန်ကို ခေတ္တတပ်ကြပ်ကြီး ဂျွန် မီလာ နှင့် သူ၏ စစ်သည်တော် အဖွဲ့က တာဝန်ယူခဲ့ရပါတယ်။ ရနျသူများ ဝိုင်းရံထားသည့် စစ်မြေပြင်အတွင်းသို့ ဝင်ရောက်ကာ တပ်သား ရိုင်ယန် တစ်ဦးတည်းအတွက် ကျန်စစ်သည်များ၏ အသက်ကို စွန့်လွှတ် ရန်တန်ရဲ့လားဆိုသည့် မေးခွန်းများနှင့်အတူ အန္တရာယ်ပေါင်းစုံကို ဖြတ်သန်းရင်း ရှာဖွေ ကယ်တင်ကြရသည့် သဲထိတ်ရင်ဖို ဇာတ်လမ်းကောင်း ဖြစ်ပါတယ်။ 


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5268

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3😍1💯1