Channel A Movie 2
95.3K subscribers
1.53K photos
31 videos
1.55K links
ကြော်ငြာများထည့်သွင်းလိုပါက ဆက်သွယ်ရန် @KRX_Dpmm
Download Telegram
Forwarded from Channel A Movie
Ma-n o-f Wi-ll (2017)

​မင်းသားကြီး ဆိုးဂျင်းဝုန်း နှင့် မင်းသားကြီး ဆောင်းဆောင်းဟွန်း တို့ အဓိက အပြိုင် ပါဝင်သရုပ်ဆောင်ထားကြသည့် ကိုရီးယား သမိုင်းဝင် ဖြစ်ရပ်မှန် ဒရမ်မာ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ ဂျပန်တို့၏ ဩဇာညောင်းမှုကြောင့် မိဖုရားကြီး လုပ်ကြံခံလိုက်ရသည့် အချိန်ဆီကနေ စတင်ထားတာပါ။ ထိုလုပ်ကြံမှုတွင် ပါဝင်ခဲ့သည့် ဂျပန်လူမျိုးတစ်ဦးကို ဒေါသထွက်ကာ သတ်လိုက်မိသည့် ဂင်ချန်းဆူ ဟာ သေဒဏ် စီရင်ခြင်း ခံရပြီး အင်ချွန်းထောင်သို့ ပို့ဆောင်ခံလိုက်ရပါတယ်။

​ထောင်အတွင်း၌ ဖိနှိပ်ခံနေရသည့် ကိုရီးယား အကျဉ်းသားများကို တွေ့ရှိရသည့်အခါ ဂင်ချန်းဆူ ဟာ ထောင်သားများကို စာပေ သင်ကြားပေးရင်း ငုပ်လျှိုးနေသည့် မျိုးချစ်စိတ်နှင့် ဂုဏ်သိက္ခာကို ပြန်လည် နိုးထစေခဲ့ပါတယ်။

ထို့နောက် တရားမမျှတသည့် ထောင်စနစ်နှင့် ဂျပန်တို့၏ အုပ်ချုပ်မှုကို စိတ်အားထက်သန်စွာ တော်လှန်သွားပုံကို ကြည့်ရှုရမည့် ရင်းနှီး စိမ့်ဝင်ဖွယ် ဇာတ်ကားကောင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5269

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🤩1😍1
Forwarded from Channel A Movie
ကြေးစားတစ်ယောက်ရဲ့ မိသားစုအပန်းဖြေခရီး
​Th-e Fa-mi-ly Pl-an (2023)

​မင်းသားကြီး မာ့ခ် ဝေါလ်ဘတ် နှင့် မင်းသမီး မစ်ရှဲလ် မိုနာဂန် တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြသည့် ဟာသ အက်ရှင် ရုပ်ရှင်ကားကောင်း ဖြစ်ပါတယ်။

​စူးစမ်းချင်စိတ် ပိုနေသည့် သမီးဖြစ်သူ၊ ဂိမ်းစွဲနေသည့် သားဖြစ်သူနှင့် နို့စို့အရွယ် ကလေးငယ် အပါအဝင် မိသားစုကို တာဝန်ကျေစွာ စောင့်ရှောက်နေသည့် ကားအရောင်းကိုယ်စားလှယ် ဒန် ဆီကနေ စတင်ထားတာပါ။ သူသည် ပျှမ်းမျှ မိသားစုဘဝလေးတွင် ပျော်မွေ့နေသူဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အတိတ်က ထိပ်တန်း ကြေးစား လုပ်ကြံရေးသမားတစ်ဦး ဖြစ်ပါတယ်။

​တစ်နေ့တွင် အတိတ်က ရန်သူများက သူ့ကို ရှာဖွေတွေ့ရှိသွားသည့်အခါ ဒန် ဟာ မိသားစုကို အန္တရာယ်မှ လွတ်မြောက်စေရန်အတွက် လက်ဗေးဂတ်စ်သို့ အပန်းဖြေ ခရီးထွက်မည်ဟု လိမ်ညာကာ ခေါ်ဆောင်သွားခဲ့ပါတော့တယ်။

​ခရီးစဉ်တစ်လျှောက် မိသားစုကို ရန်သူများအကြောင်း ဘာမှမသိစေဘဲ အပန်းဖြေ ခရီးလမ်းခွဲများတွင် တိတ်တဆိတ် ရန်သူများကို ကြိတ်ရှင်းရင်း မိသားစု အန္တရာယ်မှ ကင်းဝေးအောင် ဘယ်လို ဟာသပေါင်းမြောက်မြားစွာဖြင့် ကာကွယ်သွားမလဲဆိုတာ ပျော်ရွှင်စွာ ကြည့်ရှုရမည့် ရုပ်ရှင်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5270

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1😍1
Forwarded from Channel A Movie
​I-n Se-cr-et (2013)

​၁၈၆၀ ပြည့်နှစ်များဆီက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို နောက်ခံထားပြီး သရုပ်ဆောင်ထားတာပါ။ တဲရက်စ် ဟာ အဒေါ်ဖြစ်သူ၏ ဖိအားပေးမှုကြောင့် ရောဂါသည် ဝမ်းကွဲမောင်နှမဖြစ်သူ ခါမီလ် နှင့် မချစ်ဘဲ အိမ်ထောင်ပြုခဲ့ရသူ ဖြစ်ပါတယ်။

အချစ်မရှိဘဲ ခင်းကျင်းထားသည့် အိမ်ထောင်ရေးတွင် ပိတ်လှောင်နေရင်း တဲရက်စ် ၏ သွေးသားဆန္ဒများမှာလည်း အထီးကျန်စွာ ပျောက်ကွယ်နေခဲ့ရပါတယ်။ ​တစ်နေ့တွင် ခါမီလ် ၏ ငယ်သူငယ်ချင်းဖြစ်သူ လောရန့်တ် ရောက်ရှိလာသည့်အခါ တဲရက်စ် နှင့် လောရန့်တ် တို့အကြား ထိန်းချုပ်မရသည့် လျှို့ဝှက် တပ်မက်မှုများ စတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်။

​သောက်လေသောက်လေ ငတ်မပြေသည့် ရမ္မက်ပင်လယ်ကြီးအတွင်း ကူးခတ်ရင်းမှ ၎င်းတို့နှစ်ဦးသည် ခါမီလ် ကို ရှင်းထုတ်ရန်အထိ ကြံစည်လာကြသည့်အခါ...နောက်ဆက်တွဲ မထင်မှတ်ထားသော ပြစ်ဒဏ်နှင့် ရင်နင့်ဖွယ် အကျိုးဆက်များကို ဘယ်လို ကြုံတွေ့ကြရမလဲဆိုတာ ရင်တထိတ်ထိတ်ဖြင့် ကြည့်ရှုရမည့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5273

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1😍1💯1
Forwarded from Channel A Movie
မူးယစ်ဘုရင်ရဲ့ လျှို့ဝှက်ချက်
​Be-li-ev-er 2 (2023)

​၂၀၁၈ ခုနှစ်က ပရိသတ်တွေ အားပေးမှု အမြောက်အမြား ရရှိခဲ့တဲ့ နာမည်ကြီး မူးယစ်အက်ရှင်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားကြီး ဖြစ်ပါတယ်။

​စုံထောက် ဝွန်ဟို အပူတပြင်း လိုက်လံစုံစမ်းနေတဲ့ အာရှရဲ့ အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် "ဆရာအီ" ဆိုတာ ဘယ်သူလဲ... ပျောက်ဆုံးနေတဲ့ ဆောယောင်းရက် ကရော ဘယ်ကို ရောက်သွားတာလဲဆိုတာကို အဓိက ဖော်ထုတ်သွားမှာပါ။ ပြီးခဲ့တဲ့အပိုင်းမှာ ဘရိုင်ယန် ကို ဆရာအီအဖြစ် ဖမ်းဆီးခဲ့ပေမဲ့၊ ဆရာအီ အစစ်မဟုတ်တဲ့ ဘရိုင်ယန်ကတော့ တကယ့်ဆရာအီနဲ့ တွေ့ဆုံနိုင်ဖို့အတွက် "Bi-g Kn-if-e" ဆိုသူနဲ့ လက်တွဲပြီး နည်းလမ်းပေါင်းစုံ သုံးလာပါတော့တယ်။

​ဒီဇာတ်ကားမှာ မင်းသမီးချော ဟန်ဟျိုးဂျူး က "Bi-g Kn-if-e" အဖြစ် ယခင်နဲ့ မတူတဲ့ မိုက်ကန်းကန်း ဇာတ်ရုပ်ဆန်းနဲ့ ပါဝင်ထားပြီး၊ ဆောယောင်းရက် နေရာမှာတော့ အိုဆုန်းဟွန်း က အစားထိုး ပါဝင်ထားပါတယ်။ သွေးထွက်သံယို အက်ရှင်အခန်းပေါင်းများစွာနဲ့ လှည့်ကွက်တွေကို မြင်တွေ့ရမယ့် ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် မူးယစ်ဇာတ်ကားကောင်း ဖြစ်ပါတယ်ဗျာ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5274

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1🤩1
Forwarded from Channel A Movie
စည်းကမ်းကြီးတဲ့ အထူးအေးဂျင့်
​Th-e Tr-an-sp-or-te-r (2002)

​မင်းသားကြီး ဂျေဆန် စတက်သမ် ရဲ့ အက်ရှင်ကားစစ်စစ်တွေထဲကမှ ပရိသတ်တွေ အနှစ်သက်ဆုံးနဲ့ ဂန္ထဝင်မြောက်ခဲ့တဲ့ အက်ရှင်ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။​ဇာတ်လမ်းကတော့ ဖရန့်ခ် မာတင် ဆိုတဲ့ ကိုယ်ပိုင်စည်းကမ်းတွေနဲ့ တိကျစွာ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားတစ်ယောက် အကြောင်းပါ။

သူဟာ စမတ်ကျကျ၊ တည်ကြည်ခန့်ငြားမှုတွေနဲ့အတူ "ဘယ်တော့မှ ပါဆယ်ထုပ်ကို မဖွင့်ကြည့်ရဘူး" ဆိုတဲ့ ကိုယ်ပိုင်စည်းကမ်းချက်နဲ့ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။​ဒါပေမဲ့ တစ်ရက်မှာတော့ ဒုစရိုက်သမားတွေဆီက ပို့ဆောင်ပေးရမယ့် ပါဆယ်ထုပ်ကြီး လှုပ်ရှားနေတာကို တွေ့လိုက်ရပြီး စည်းကမ်းကို ဖောက်ဖျက်ကာ ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့… မထင်မှတ်ထားတဲ့ အရှုပ်အထွေးကြီးထဲ စတင်ပါဝင်သွားခဲ့ပါတော့တယ်။

စည်းကမ်းကြီးလှတဲ့ အထူးဖိုက်တာကြီး ဖရန့်ခ်နဲ့မှ လာရောက်ပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရမလဲ၊ အထိုးအခုတ် အတိုက်အခိုက်နဲ့ ပေါက်ကွဲရမ်းကားမှုတွေကို အရသာရှိရှိ ရှုစားရမယ့် အက်ရှင်ကားကောင်းကြီး ဖြစ်ပါတယ်ဗျာ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5275

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🤩1💯1
Forwarded from Channel A Movie
စကြဝဠာကို ကယ်တင်ဖို့ အချိန်ခရီးသွား တိုက်ပွဲ
​Do-ct-or Wh-o: Th-e Da-y O-f Th-e Do-ct-or (2013)
📱 - 8.0/10

​ဗြိတိန်ရဲ့ နာမည်ကျော် သိပ္ပံရုပ်ရှင်စီးရီးဖြစ်တဲ့ Do-ct-or Wh-o ရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ခန်းနားကြီးကျယ်စွာ အထူးရိုက်ကူးထားတဲ့ သိပ္ပံရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ အချိန်ခရီးသွား ရုပ်ရှင်ဆန်းဆန်းလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ လုံးဝ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။

​ဇာတ်လမ်းကတော့ စကြဝဠာကြီးတစ်ခုလုံး ပျက်စီးမယ့် အန္တရာယ်ကနေ ကယ်တင်ဖို့အတွက် "Wa-r Do-ct-or" က မိမိရဲ့ လူမျိုးတွေအပါအဝင် စကြဝဠာကို ကျူးကျော်လာသူတွေကိုပါ အတူတူ အသေခံဖျက်ဆီးပစ်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတာကနေ စတင်ပါတယ်။​ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ တကယ်ပဲ မှန်ကန်ရဲ့လားဆိုတာကို "Th-e Mo-me-nt" လို့ ခေါ်တဲ့ အသိဉာဏ်ရှိ အနုမြူလက်နက်ကြီးက လမ်းပြပေးခဲ့ပါတယ်။

မတူညီတဲ့ အချိန်ကာလအသီးသီးက ဒေါက်တာတွေ ပေါင်းစည်းမိသွားကြတဲ့အခါ ကျူးကျော်သူတွေကို ဘယ်လိုဉာဏ်နက်ပါပါ အနိုင်ယူသွားမလဲ၊ ဘယ်လို မထင်မှတ်ထားတဲ့ အလှည့်အပြောင်း လှည့်ကွက်တွေနဲ့ စကြဝဠာကို ကယ်တင်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှုစားရမှာ ဖြစ်ပါတယ်ဗျာ။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5276

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3😍1💯1
Forwarded from Channel A Movie
ကျောင်းသားအယောင်ဆောင် ရဲအရာရှိ
​Fi-gh-t Ba-ck to Sc-ho-ol 2 (19-92)

​ဟာသဘုရင် စတီဖင်ချောင်ရဲ့ နာမည်ကြီး အက်ရှင်ဟာသရုပ်ရှင် ပထမကားရဲ့ အဆက်ပဲ ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ ပထမကားတုန်းက ပစ္စတိုသေနတ် ပျောက်ဆုံးမှုကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပေမဲ့ ဒုတိယကားမှာတော့ ဦးလေးတက်ရဲ့ လွဲမှားမှုတွေကြောင့် စတီဖင်ချောင်တစ်ယောက် မထင်မှတ်ဘဲ ရာထူး လျှော့ချခံလိုက်ရပါတယ်။ ရာထူးကျသွားပြီးနောက် အဆင်မပြေမှုတွေ ဆက်တိုက်ကြုံရရင်း စတီဖင်ချောင်တစ်ယောက် ရဲတပ်ဖွဲ့ကနေ ထွက်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

​ဒါပေမဲ့ ဗြိတိန် အကြမ်းဖက်သမားတွေဟာ ဟောင်ကောင်မှာရှိတဲ့ ကျောင်းတွေကို အကြမ်းဖက် ဖောက်ခွဲဖို့ ပြင်ဆင်နေကြောင်း သိလိုက်ရတဲ့အခါ စတီဖင်ချောင်ဟာ ရဲအရာရှိမဟုတ်ဘဲ အရပ်သားစစ်စစ် အနေနဲ့ ကျောင်းထဲ ရောက်အောင်ပြန်ဝင်ပြီး ဒီအန္တရာယ်ကြီးကို ဘယ်လိုဟာသအလွဲတွေ၊ အက်ရှင်ခန်းတွေနဲ့ တားဆီးဖော်ထုတ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5277

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰1🤩1
Forwarded from Channel A Movie
ပင်လယ်နက်ထဲက လျှို့ဝှက်ချက်
​Th-e Ti-ge-rs (2025)

​စပိန်ဒါရိုက်တာ အဲလ်ဘားတိုး ရိုဒရီဂက်ဇ် ရိုက်ကူးထားပြီး ရေအောက် အန္တရာယ်တွေနဲ့ မှုခင်းအရှုပ်အထွေးတွေကို ပေါင်းစပ်ထားတဲ့ သဲထိတ်ရင်ဖို ရုပ်ရှင်ကားကောင်း ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ ရေငုပ်သမား အဖေဖြစ်သူဆီကနေ ပညာအမွေရရှိပြီး တစ်သက်လုံး ပင်လယ်ပြင်နဲ့ မကင်းကွာဘဲ ကြီးပြင်းလာကြတဲ့ "အန်တိုနီယို" နဲ့ "အက်စထရယ်လာ" ဆိုတဲ့ မောင်နှမနှစ်ယောက် အကြောင်း ဖြစ်ပါတယ်။
​မောင်ဖြစ်သူ အန်တိုနီယို ကိုတော့ "ကျားကြီး" လို့ ခေါ်ဆိုကြပြီး မြို့မှာ အတော်ဆုံး စက်မှုလုပ်ငန်းသုံး ရေငုပ်သမားတစ်ယောက်ပါ။

ရေအောက်ထဲက အန္တရာယ်အလွန်များလှတဲ့ ပြုပြင်ရေးအလုပ်တွေ၊ ဆယ်ယူရေးအလုပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်သူ ဖြစ်ပါတယ်။ ဒီလို ရေအောက်ကျွမ်းကျင်သူ မောင်နှမနှစ်ယောက် ရေနက်ပိုင်းထဲမှာ ဘယ်လိုထိတ်လန့်စရာ မှုခင်းအရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5279

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
လူလိမ်ကို လက်စားချေမယ့် အမျိုးသမီးနှစ်ယောက်
​So-ci-eti-es by A-cci-de-nt (2026)

​အဲလက်ဆာ နဲ့ ရီဂျီနာ ဆိုတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ရွိုင် ဆိုတဲ့ လူလိမ်ကောင်ရဲ့ တစ်ပြိုင်နက်တည်း အလိမ်ခံခဲ့ရတာကနေ စတင်ပါတယ်။ ရွိုင်ဟာ သူတို့နှစ်ယောက်လုံးရဲ့ ပိုက်ဆံတွေကို လိမ်လည်လှည့်ဖြား ခိုးယူသွားခဲ့ရုံတင်မကဘဲ နှစ်ယောက်လုံးကို ကိုယ်ဝန်စီမံပေးပြီး တာဝန်မယူဘဲ ထွက်ပြေးသွားခဲ့တာပါ။

​နောက်ပိုင်းမှာ အဲလက်ဆာနဲ့ ရီဂျီနာတို့ အချင်းချင်း တိုက်ဆိုင်စွာ တွေ့ဆုံမိကြပြီး သူတို့ရဲ့ ရည်းစားဟောင်း ရွိုင်ဟာ သာမန်လူလိမ် မဟုတ်ဘဲ သူတို့လို မိန်းကလေးပေါင်းများစွာကို နည်းလမ်းမျိုးစုံနဲ့ လိမ်လည်ကာ ငွေကြေးတွေ ခိုးယူနေတဲ့ ကလိမ်ကကျစ် လူလိမ်ကြီးဖြစ်ကြောင်း သိရှိသွားကြတဲ့အခါ..


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5281

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2😍1💯1
Forwarded from Channel A Movie
ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန် ကယ်ဆယ်ရေး
​Th-irt-ee-n Li-ve-s (2022)
IMDb - 7.8/10

လေ့ကျင့်ရေးဆင်းပြီးနောက် ဂူအတွင်းထဲသို့ အလည်အပတ် ဝင်ရောက်သွားခဲ့ကြတဲ့ ဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ နည်းပြတို့အကြောင်း ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ မိုးရွာသွန်းပြီး ဂူအတွင်း ရေများ အဆမတန် မြင့်တက်လာတာကြောင့် သူတို့အဖွဲ့ဟာ ဂူအနက်ပိုင်းမှာ ပိတ်မိသွားကြပါတော့တယ်။

​ထိုင်းအစိုးရ၊ စစ်တပ်နဲ့ ကမ္ဘာတစ်ဝှမ်းက ရေငုပ်ကျွမ်းကျင်သူတွေ စုပေါင်းပြီး နေ့မအား ညမအား ရှာဖွေခဲ့ကြရာ ၉ ရက်မြောက်နေ့မှာတော့ ကလေးတွေ အသက်ရှင်လျက် ရှိနေသေးတာကို ရေငုပ်သမားနှစ်ဦးက တွေ့ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်ပြဿနာက အပြန်လမ်းမှာ ရေအပြည့်မြုပ်နေပြီး ခက်ခဲတဲ့ ရေအောက်လမ်းကြောင်းကို မရေကူးတတ်တဲ့ ကလေးတွေ ဖြတ်သန်းဖို့ ဘာမှ မဖြစ်နိုင်မှန်း သိလိုက်ရချိန်မှာတော့...


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5282

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1😍1
Forwarded from Channel A Movie
ဂရိဒဏ္ဍာရီထဲက သွေးနှောနတ်ဘုရား
​Pe-rcy Ja-cks-on & th-e Oly-mp-ians: Th-e Lig-htn-ing Th-ief (2010)

ရေနတ်ဘုရား ပိုဆိုင်းဒွန် ရဲ့ သွေးနှောသားတော်မှန်း မိမိကိုယ်ကို မသိရှိဘဲ သာမန်ကျောင်းသားတစ်ယောက်အဖြစ် နေထိုင်နေတဲ့ ပါစီ ဂျက်ဆန် ဆိုတဲ့ ကောင်လေးအကြောင်း ဖြစ်ပါတယ်။ တစ်ရက်မှာတော့ နတ်ဘုရားတို့၏ မဟာဘုရင် ဇုစ် ရဲ့ အစွမ်းထက်ဆုံး "လျှပ်စီးလက်နက်" ခိုးယူခြင်း ခံလိုက်ရပြီး ပါစီ ကပဲ ခိုးယူသွားတာလို့ စွပ်စွဲခံလိုက်ရတဲ့အခါ...

​သူ့ရဲ့ နတ်ဘုရားသွေးပါမှုကို သိရှိသွားတဲ့ ပါစီဟာ မိခင်ဖြစ်သူကို ကယ်တင်ဖို့နဲ့ နတ်ဘုရားတွေကြား စစ်ပွဲကြီး မဖြစ်ပွားရအောင် အမှန်တရားကို ဖော်ထုတ်ဖို့အတွက် သွေးနှောသူငယ်ချင်းတွေနဲ့အတူ မကောင်းဆိုးဝါးတွေကို တွန်းလှန်ရင်း ခက်ခဲလှတဲ့ စွန့်စားခန်းခရီးစဉ်ကြီးကို စတင်ရပါတော့တယ်။ ဂရိဒဏ္ဍာရီဆန်းဆန်းတွေကို နှစ်သက်သူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5283

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰1😍1
Forwarded from Channel A Movie
ကျောင်းသားအယောင်ဆောင် ရဲအရာရှိ
​Fi-gh-t Ba-ck t-o Sc-ho-ol 1 (1991)
📱 - 7.2/10

​ဟာသဘုရင် စတီဖင်ချောင်ရဲ့ နာမည်ကျော် အက်ရှင်ဟာသ ဂန္ထဝင်ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ​ဇာတ်လမ်းကတော့ ရဲစုံထောက် စတီဖင်ချောင်ဟာ ထူးဆန်းဆန်းပြားတဲ့ အမှုတွေကို လိုက်လံဖြေရှင်းရင်း သူ့ရဲ့ အဖွဲ့ဝင်တွေနဲ့အတူ မထင်မှတ်ထားတဲ့ အလွဲတွေကို သွက်သွက်လက်လက် ယှဉ်တွဲ တင်ဆက်ထားတာပါ။

​ဒီပထမကားထဲမှာတော့ အမှုက တော်တော်လေး ထူးဆန်းလှပါတယ်။ ရဲမှူးကြီးရဲ့ ချစ်စနိုးသုံးတဲ့ ပစ္စတိုသေနတ် ပျောက်သွားခဲ့တာပါ။ သံသယရှိတဲ့နေရာက အထက်တန်းကျောင်းတစ်ကျောင်း ဖြစ်နေတာကြောင့် နာမည်ကျော် စုံထောက် စတီဖင်ချောင်ကို ကျောင်းသားအဖြစ် ဟန်ဆောင်ပြီး သွားရောက်စုံစမ်းခိုင်းပါတော့တယ်။

စာမသင်ချင်လို့ ရဲထဲ ဝင်လာခဲ့တဲ့ စတီဖင်ချောင်တစ်ယောက်အထက်တန်းကျောင်းထဲ ကျောင်းသားအဖြစ် ပြန်ဝင်ရင်း ဘယ်လိုအလွဲတွေနဲ့ သေနတ်ကို ရှာဖွေဖော်ထုတ်မလဲဆိုတာ တဟားဟား ရယ်မောကြည့်ရှုရမယ့် ဟာသကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5284

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1😍1💯1
Forwarded from Channel A Movie
Th-e Fi-rs-t Ri-de (2025)
📱 - 6.9/10

​တစ်နေ့ကို ၃ နာရီပဲ အိပ်ပြီး စာကိုပဲ စိတ်စိုက်တတ်တဲ့ အဆင့်တစ် ကျောင်းသား ဂျောင်ထယ်ဂျောင်း၊ ဒီဂျေ တစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်နေတဲ့ လူချောလေး အန်ယွန်းမင်း၊ ဘတ်စကတ်ဘော အသင်းခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာကြောင့် ရပ်နားလိုက်ရပြီး ယွန်းမင်းကြောင့် ဒီဂျေ ဖြစ်ချင်လာတဲ့ ဂိုဒိုဂျင်း နဲ့ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းတဲ့ မိသားစုက သားလေး ဂယ်ဂွန်းဘို့ တို့ လေးဦးဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားပေမဲ့ အလွန် ခင်မင်ကြသူတွေပါ။

​အထက်တန်းကျောင်း ပြီးသွားတဲ့အခါ ယွန်းမင်းတစ်ယောက် နယူးဇီလန်သို့ မပြောင်းရွှေ့မီ သူတို့ လေးယောက်လုံး သဘောကျတဲ့ ဒီဂျေ ရဲ့ ဖျော်ဖြေပွဲကြည့်ဖို့ ထိုင်းနိုင်ငံကို အတူတူ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် လေယာဉ်မစီးလိုက်ရဘဲ ယွန်းမင်းလည်း နယူးဇီလန်ကို ဒီအတိုင်း ထွက်ခွာသွားခဲ့ရပါတယ်။

​နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ သူတို့ မသွားဖြစ်ခဲ့တဲ့ ထိုင်းခရီးစဉ်ကို ပြန်လည်စတင်ဖို့ ကြိုးစားကြတဲ့အခါမှာတော့… ဘယ်လို အူတက်စရာ အလွဲတွေ၊ ထိတ်လန့်စရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ကြရမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုရမယ့် ဟာသဒရမ်မာကားကောင်း ဖြစ်ပါတယ်။ 


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5285

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
အသက်လောင်းကြေးထပ်ရမယ့် ဖဲဝိဇ္ဇာပွဲ
​Ta-zz-a: On-e Ey-ed Ja-ck (2019)

နာမည်ကြီး လောင်းကစားသမားတစ်ယောက်ရဲ့ သားဖြစ်သူ ဒိုအေးချော ဟာ လောင်းကစားဝိုင်းတစ်ခုမှာ အကြွေးနွံနစ်ပြီး ဘဝပျက်လုနီးပါး ကြုံတွေ့ရချိန်မှာ စတင်ပါတယ်။ အဲဒီအချိန်မှာ သူ့အဖေဆီမှာ ကျေးဇူးကြွေး ရှိဖူးတယ်ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်သူ "O-n-e E-y-e" ရောက်ရှိလာပြီး သူ့ကို ကယ်တင်ပေးခဲ့ပါတယ်။

​အဲဒီနောက် "O-n-e E-y-e-d Ja-ck" ဆိုတဲ့ ဖဲဝိဇ္ဇာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး လောင်းကစားလောကမှာ အကြီးမားဆုံးနဲ့ အန္တရာယ်အရှိဆုံး ပိုကာဝိုင်းကြီးကို ဖန်တီးလိုက်ကြပါတယ်။ ဒါပေမဲ့ လောင်းကြေးက ပိုက်ဆံတင် မဟုတ်ဘဲ အသက်ပါ လောင်းကြေးထပ်ရတဲ့အထိ ဖြစ်လာတဲ့အခါမှာတော့...

​သစ္စာဖောက်မှုတွေ၊ ဉာဏ်ဆင် လှည့်ကွက်တွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေ ပြည့်နှက်နေတဲ့ ဒီအသက်လုပွဲထဲကနေ ဒိုအေးချော တို့ အဖွဲ့သားတွေ ဘယ်လို လွတ်မြောက်အောင် ရုန်းထွက်ကြမလဲဆိုတာ ရင်တထိတ်ထိတ် ရှုစားရမယ့် မှုခင်းဒရမ်မာကားကောင်း ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5288

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1😍1💯1
Forwarded from Channel A Movie
ကံကြမ္မာရဲ့ အလွဲနဲ့ မြောက်ပိုင်းက အချစ်
​Un-der-grou-nd Re-nd-ez-vous
IMDb - 6.2/10

​ချောင်ဆိုရီ ရွာလေးသို့ လာရောက်ရမယ့် အသစ်ခန့်အပ်ခံရတဲ့ ဆရာလေးဟာ လမ်းခရီးမှာ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ရပြီး ပျောက်ဆုံးသွားတာကနေ စတင်ပါတယ်။ အဲဒီအချိန်မှာပဲ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး စခန်းကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ကောင်ယောင်းတန် ကို ရွာသားတွေက ပျောက်ဆုံးနေတဲ့ ဆရာအသစ်အဖြစ် ထင်ယောင်ထင်မှားဖြစ်ပြီး ကြိုဆိုလိုက်ကြပါတော့တယ်။

​လူမှားရာကနေ စတင်လာတဲ့ ဒီအလွဲကြောင့် ကံကြမ္မာအလှည့်အပြောင်းနဲ့ ဆရာအတု ဖြစ်လာရတဲ့ ကောင်ယောင်းတန် တစ်ယောက် ရွာသားတွေရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးရင်း အခက်တွေ့ရသလို၊ အခြားတစ်ဖက်မှာလည်း နောက်ကြောင်းမရှင်းတဲ့ မြောက်ဘက်ကလာသူ အမျိုးသမီးလေးနဲ့ ကြုံတွေ့ရပြီး ချစ်ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မလဲ...

တောင်နဲ့မြောက် ခြံစည်းရိုးခတ်တာကို ကူညီရင်း နယ်စပ်ကြောင့် တစ်ဆွေမျိုးလုံး နှစ်ခြမ်းကွဲသွားရတဲ့ ရွာလေးထဲမှာ ဘယ်လိုရယ်မောစရာ အရှုပ်အထွေးတွေ ဆက်ဖြစ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5289

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
Ou-r Ho-us-e (20-25)

နာမည်ကြီး ဒါရိုက်တာ Ko-ng-ki-at Kh-om-si-ri က ဖန်တီးထားတာမို့ ရုပ်ရှင် အရည်အသွေးပိုင်းကတော့ ပြောစရာမလိုအောင် ကောင်းမွန်လှပါတယ်။
​ဇာတ်လမ်းကတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အရောင်းအရာရှိလေး ဝင်း နဲ့ သူ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီးသည် ဖတ် တို့နှစ်ယောက် ဘဝသစ် စတင်ဖို့အတွက် သူတို့ရဲ့ အိပ်မက်ထဲက အိမ်လေးဆီ ပြောင်းရွှေ့လာရာကနေ စတင်ပါတယ်။

​သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်မယ်လို့ မျှော်လင့်ထားပေမဲ့ တကယ်တမ်းကျတော့ သူတို့ ရွေးချယ်လိုက်မိတဲ့ အိမ်လေးက ထင်သလို သာယာချမ်းမြေ့စရာ မကောင်းနေခဲ့ပါဘူး။ ထူးဆန်းတဲ့ အသံတွေ၊ ခြောက်ခြားစရာ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာတဲ့အပြင် အဆိုးဆုံးကတော့ သူတို့အိမ်နဲ့ ကပ်လျက် ဘေးအိမ်ကြီးဆီကနေ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တွေနဲ့ သဘာဝလွန် ဖြစ်စဉ်တွေကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာရတာပဲ ဖြစ်ပါတယ်။

​ဘေးအိမ်က မမြင်ရတဲ့ အန္တရာယ်တွေက ဘာတွေဖြစ်မလဲ၊ ကိုယ်ဝန်ဆောင် ဇနီးသည်လေးကို ကာကွယ်ဖို့ ကြိုးစားရမယ့် ဖခင်တစ်ယောက်ရဲ့ ရုန်းကန်မှုတွေကရော ဘယ်လောက်အထိ သည်းထိတ်ရင်ဖို ဖြစ်စရာကောင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ထိုင်းသဲထိတ်ရင်ဖို ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5290

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤4💯2😍1
Forwarded from Channel A Movie
𝙁𝙞-𝙣𝙘--𝙝 (2021)

အနာဂတ်မှာ နေရောင်ခြည်ကြောင့် လူသားတွေပြင်ပထွက်လို့မရတော့တဲ့အချိန်၊ EMP လှိုင်းကြောင့် လျှပ်စစ်အားပျက်ကွက်သွားပြီး မုန်တိုင်းတွေလည်းဆက်တိုက်ဖြစ်ပွားလာတဲ့ ကမ္ဘာပျက်တစ်ခုမှာ...

ဖင့်ချ် ဆိုတဲ့ အဘိုးကြီးတစ်ဦးဟာ သူ့ခွေးလေးနဲ့အတူ အသက်ရှင်ဖို့ ရုန်းကန်နေပါတယ်။ သူမရှိတော့တဲ့အချိန်အတွက် ခွေးလေးကိုစောင့်ရှောက်ဖို့ စက်ရုပ်တစ်ရုပ်ကို ဖန်တီးကာ သင်ကြားပေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီစက်ရုပ်ကလည်တဖြည်းဖြည်း လူ့သဘောတရားတွေကို သင်ယူလာနိုင်ခဲ့ပါတယ်။

ဧရာမမုန်တိုင်းကြီးက မကြာမီရောက်လာမယ့်အချိန်မှာ ဘေးကင်းတဲ့နေရာကို ရောက်ဖို့ စွန့်စားခန်းတစ်ခု စတင်ကြတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5291

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1😍1💯1
Forwarded from Channel A Movie
နှင်းကမ္ဘာကြီးထဲက မြေအောက်စွန့်စားခန်း
​Th-e Co-lon-y (2013)

​၂၀၄၅ ခုနှစ်... ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ်ဖို့ နည်းပညာတွေ သုံးရာကနေ အလွဲလွဲအချော်ချော်ဖြစ်ပြီး တစ်ကမ္ဘာလုံး ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။​အသက်ရှင်ကျန်ရစ်သူတွေဟာ အအေးဒဏ်ကို ရှောင်လွှဲဖို့ မြေအောက်စခန်း (Colony) တွေမှာ ခက်ခဲစွာ နေထိုင်ကြရပြီး အစာရေစာ ပြတ်လပ်မှုနဲ့ ရောဂါဘယတွေကို ထိန်းချုပ်နေကြရပါတယ်။

​တစ်ရက်မှာတော့ Colony 7 စခန်းကို တာဝန်ယူထားတဲ့ စစ်သား ဘရစ်ဂ်စ် တို့အဖွဲ့ဟာ အရေးပေါ် အချက်ပေးသံ လာရာ Colony 5 စခန်းဆီ သွားရောက်စုံစမ်းကြရာကနေ အအေးဒဏ်ထက် ပိုမို ကြောက်စရာကောင်းတဲ့ အန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။ရေခဲပြင်အောက်က အသက်လု စွန့်စားခန်းကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သိပ္ပံဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5292

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰1😍1
Forwarded from Channel A Movie
ကားလမ်းမပေါ်က လူသတ်သမား
​Un-hi-ng-ed (2020)
📱 - 6.0/10
​
အက်ရှင် သဲထိတ်ရင်ဖို အမျိုးအစားလို့ ဆိုပေမဲ့ စိတ်ခြောက်ခြားစရာ ဆိုက်ကို ဟော်ရာ ရုပ်ရှင်တစ်ကားလိုပဲ ခံစားချက်ကို ပေးစွမ်းနိုင်တာပါ။

​ဇာတ်လမ်းကတော့ လူတိုင်း မြို့ပြလမ်းမတွေပေါ်မှာ မကြာခဏ ကြုံတွေ့ရတတ်တဲ့ ကားမောင်းရင်း လမ်းပေါ် ကတောက်ကဆ ဖြစ်ကြတဲ့ အဖြစ်အပျက်လေးတစ်ခုကနေ စတင်ခဲ့တာပါ။

​သာမန် စကားများရုံ၊ ရန်ဖြစ်ရုံမကဘဲ တစ်ဖက်က မင်းသားကြီး ရော့ဆဲလ် ခရိုး သရုပ်ဆောင်ထားတဲ့ စိတ်ဝေဒနာရှင် ကားမောင်းသူဟာ အမျိုးသမီးကြီးနဲ့ သူ့ရဲ့ မိသားစု၊ မိတ်ဆွေတွေကို အငြိုးအတေးကြီးစွာနဲ့ အသက်လု လိုက်လံ သတ်ဖြတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့…

​ကားလမ်းမပေါ်က သာမန် အမှားတစ်ခုကနေ မထင်မှတ်ဘဲ ကြောက်စရာ ကောင်းလှတဲ့ ငရဲခန်းအဖြစ် ဘယ်လို ပြောင်းလဲသွားမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်လို့ သဲထိတ်ရင်ဖို ကြိုက်နှစ်သက်သူများ လုံးဝ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5294

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤2😍1💯1
Forwarded from Channel A Movie
​Dr-ag-on Bl-ad-e (2015)

​မင်းသားကြီး ဂျက်ကီချန်း၊ အက်ဒရီယန် ဘရိုဒီ နဲ့ ဂျွန်ကူးဆက် တို့လို ကမ္ဘာကျော် ကြယ်ပွင့်တွေ စုစည်းထားပြီး ငွေကုန်ကြေးကျ များစွာဖြင့် ရိုက်ကူးထားခဲ့တဲ့ မဟာအက်ရှင် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။

​ဇာတ်လမ်းကတော့ ရှေးခေတ် ပိုးလမ်းမကြီး ငြိမ်းချမ်းရေးအတွက် စောင့်ရှောက်ပေးနေရတဲ့ တရုတ် အကာအကွယ်တပ်ဖွဲ့ ခေါင်းဆောင်နဲ့ ရောမစစ်တပ် တို့ မထင်မှတ်ဘဲ ဆုံတွေ့ကြရာက စတင်ပါတယ်။ တရုတ်နဲ့ ရောမ အင်ပါယာ နှစ်ခုကြားက နိုင်ငံရေး လှည့်ကွက်တွေ၊ သစ္စာဖောက်မှုတွေကြားမှာ မိမိတို့ရဲ့ ဂုဏ်သိက္ခာနဲ့ နယ်မြေကို ကာကွယ်ဖို့အတွက် ပူးပေါင်းတိုက်ပွဲဝင်ကြရတော့တာပါ။

​တရုတ်ဇာတ်ကား အများစုလို မိမိတို့ ယဉ်ကျေးမှုကိုပဲ ပွဲထုတ်ထားတာမျိုး မဟုတ်ဘဲ အရှေ့တိုင်းနဲ့ အနောက်တိုင်း ယဉ်ကျေးမှု နှစ်ခုကြားက သမိုင်းကြောင်း နောက်ခံကို မျှမျှတတ ယှဉ်တွဲ ရိုက်ကူးထားပါတယ်။ စစ်ပွဲ အခင်းအကျင်း Battle Scene တွေနဲ့ စက်ပစ္စည်း CGI သုံးစွဲထားမှုတွေနဲ့အတူ စွန့်စားခန်း အက်ရှင်ဇာတ်ကားကောင်းတွေကို နှစ်သက်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဂန္ထဝင် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင်Joinထားမှကြည့်လို့ရပါမယ်(ချန်နယ် Join ရန်လင့်)🔽🔽

https://t.me/+9qe9Bb7xE5IzYWU1

➡️ဇတ်ကားကြည့်ရန်လင့်⬇️⬇️

https://t.me/c/2681993184/5296

📱အပေါကချန်နယ်ကိုJoinမထားပဲဇတ်ကားကြည့်ရန်နှိပ်ရင်ဇတ်ကားမပေါပါဘူး​ခဗျာ။⚠️
Please open Telegram to view this post
VIEW IN TELEGRAM
❤1🤩1😍1