Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️
1.2K subscribers
28.2K photos
506 videos
114 links
18+/ကြော်ငြာများ သည်းခံပေးကြပါ ❌

Tips channel - https://t.me/mastertipsneo
Download Telegram
‼️ပေါ့ဘာဟာ ဆွာရက်ဇ်၊ မက်ဆီတို့နဲ့အတူ အင်တာမိုင်ယာမီမှာ တွဲကစားရတော့မှာလား

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ မိုနာကိုအသင်းကနေ ထွက်ခွာပြီးနောက် လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ နှစ်ဘက်သာ လစာသဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် သူဟာ မေဂျာလိဂ်လောကထဲကို ခြေချလာဖွယ် ရှိနေပါပြီ။

ဒါ့အပြင် အင်တာမိုင်ယာမီအသင်းဟာ သူ့ကို စာရင်းသွင်းနိုင်ဖို့အတွက် အခြားကလပ်အသင်းတွေဆီကနေ နိုင်ငံတကာ ကစားသမားနေရာ (International Roster Slot) တစ်ခုကိုပါ ဝယ်ယူဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။
❤3
ရက်ဆက်လဲ အောင်နေတဲ့ ဘောပွဲ Free tip channel လေးပါ

တစ်ရက်တစ်ပွဲကောင်းတွေ တင်ပေးနေပြီး

Tips ‌လေးတွေစိတ်ဝင်စားရင် join ထားလိုရတယ်ဗျာ 👇

https://t.me/mastertipsneo
‎'သမိုင်းဝင် အပြစ်ပေးခံရတော့မယ့် မန်စီးတီး'
‎
‎UEFA ဟာ မန်ချက်စတာစီးတီးကို သမိုင်းတစ်လျှောက် အရက်စက်ဆုံးပြစ်ဒဏ် ချမှတ်ဖို့ပြင်ဆင်နေပါတယ်။
‎
‎နာမည်ကျော်ဂျာနယ်လစ် Cesar Augusto Londono ရဲ့ဖော်ပြချက်အရ မန်စီးတီးသာ အယူခံရှုံးနိမ့်သွားမယ်ဆိုရင် UEFA ဟာ သူတို့အသင်းကို ဥရောပဝင်ခွင့် (၇)နှစ်ကနေ (၁၀)နှစ်အထိ ပိတ်ပင်လိမ့်မယ်လို့ သိရပါတယ်။
‎
‎အဲဒါသာ တကယ်ဖြစ်လာခဲ့ရင် စီတီဇင်တွေဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲတွေနဲ့ ဆယ်စုနှစ်တစ်ခုကြာ ဝေးကွာရတော့မယ့်အခြေအနေ ဆိုက်ရောက်နေတာပါ။ အဆိုပါပြစ်ဒဏ်ဟာ မန်စီးတီးစွဲချက်တင်ခံထားရတဲ့ (၁၁၅)မှုနဲ့ ဆက်စပ်နေပါတယ်။
‎
‎တစ်ဘက်မှာ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဒီလိုအမှုမျိုး တစ်ခါမှမကြုံတွေ့ဖူးသေးတာကြောင့် ဘယ်လိုကိုင်တွယ်ပြီး ဘယ်နည်းနဲ့စီရင်မယ့်အကြောင်း စိတ်ဝင်စားဖွယ်စောင့်ကြည့်ရပါမယ်။ မန်စီးတီးဟာ အင်္ဂလိပ် FA ဆီကနေလည်း non-league အထိတန်းဆင်းရနိုင်တဲ့ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေသေးတယ်။
‎
‎ဒါကြောင့်မို့ စီတီဇင်တွေဟာ ဘေးကြပ်နံကြပ်ဖြစ်နေပြီး နာလန်ပြန်ထနိုင်ဖို့မလွယ်ကူတဲ့ အန္တရာယ်ရင်ဆိုင်နေရတာပါ။
❤1👍1
ပေါင်ခြံဒဏ်ရာကြောင့် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် တစ်လဝန်းကျင် အနားယူရဖွယ်ရှိ

အင်တာမီလန်အသင်း၏ အာဂျင်တီးနား ကြယ်ပွင့်တိုက်စစ်ကစားသမား လော်တာရိုမာတီနက်ဇ်အနေဖြင့် ပေါင်ခြံဒဏ်ရာကြောင့် တစ်လဝန်းကျင်အနားယူရဖွယ်ရှိနေကြောင်း သိရှိရသည်။

လော်တာရိုမာတီနက်ဇ်သည် ယင်းဒဏ်ရာကို ကလပ်ဘရုဂေးအသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ရရှိခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းက လော်တာရိုမာတီနက်ဇ်၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး အတည်ပြုခဲ့သော်လည်း အချိန်ကာလဘယ်လောက်အကြာအနားယူရမည်ကို ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ချေ။

အီတလီမီဒီယာတွေ၏ဖော်ပြချက်အရ လော်တာရိုမာတီနက်ဇ်အနေဖြင့် အနည်းဆုံးတစ်လဝန်းကျင်အနားယူရဖွယ်ရှိနေပြီး မီလန်ဒါဘီအပါအဝင် နိုဝင်ဘာမှာကစားမည့် နိုင်ငံတကာပွဲစဉ်များကိုလည်း လွဲချော်ဖွယ်ရှိနေကြောင်း သိရှိရသည်။

လော်တာရိုမာတီနက်ဇ် ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ခြင်းသည် အင်တာမီလန်အသင်းအတွက်ထိုးနှက်ချက်ဖြစ်ခဲ့ပြီး နည်းပြ ခရစ္စတီယန်ချီဗူးကိုယ်တိုင် လော်တာရိုမာတီနက်ဇ် မကစားနိုင်ခြင်းက အသင်းအတွက် နစ်နာစေတယ်လို့ ဆိုခဲ့သည်။

ယခုရာသီတွင် လော်တာရိုမာတီနက်ဇ်အနေဖြင့် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၆)ဂိုးသွင်းယူထားသည်။
👍1
🚨 အင်္ဂလန်ဘောလုံးလောက ဘဏ္ဍာရေးအကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရ

အင်္ဂလန်ဘောလုံးလောကရဲ့ ဘဏ္ဍာရေးအခြေအနေကို စစ်ဆေးတဲ့ Independent Football Regulator (IFR) ရဲ့ အစီရင်ခံစာမှာ စိုးရိမ်စရာကောင်းတဲ့ အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

အင်္ဂလန်ထိပ်တန်းလိဂ် ၅ ခုက ကလပ်အသင်းတွေရဲ့ ၉၄% ဟာ အရှုံးပေါ်နေပါတယ်။ စုစုပေါင်း ၁၁၆ သင်းအနက် ၁၀၉ သင်းအထိ ပါဝင်နေပါတယ်။ဘောလုံးကလပ်တွေရဲ့ ကြွေးမြီပမာဏဟာ ပေါင်ဘီလျံများစွာအထိ ရောက်ရှိနေပြီး ဘဏ္ဍာရေးဖိအားတွေ ပိုမိုကြီးထွားလာနေပါတယ်။

ကလပ်အသင်း ၇၃ သင်းဟာ ပိုင်ရှင်တွေရဲ့ ငွေကြေးထောက်ပံ့မှု ရပ်တန့်သွားရင် ရက် ၉၀ ကျော်အထိ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။အင်္ဂလန်အောက်တန်းလိဂ်ကလပ်တွေရဲ့ သုံးပုံနှစ်ပုံနီးပါးနဲ့ ပရီးမီးယားလိဂ်ကလပ် ၂၀% ခန့်ဟာ စာရင်းကိုင်ဆိုင်ရာအရ ပိုင်ဆိုင်မှုထက် ကြွေးမြီပိုများနေတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

ဒီအစီရင်ခံစာအရ အင်္ဂလန်ဘောလုံးလောကဟာ ဝင်ငွေဘီလျံနဲ့ချီ ရရှိနေပေမဲ့ ကစားသမားလစာ၊ ပြောင်းရွှေ့ကြေးနဲ့ အခြားကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ကလပ်အသင်းအများစုရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို ခြိမ်းခြောက်လာနေပါတယ်။

တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ်နဲ့ အောက်တန်းလိဂ်တွေအကြား ဝင်ငွေကွာဟချက်ကို လျှော့ချဖို့နဲ့ ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ပိုမိုတင်းကျပ်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေပြီလို့ IFR က သတိပေးထားပါတယ်။
❤1👍1
🐐 လွန်ခဲ့တဲ့ ၂၂ နှစ် ဒီနေ့မှာ စတင်ခဲ့တဲ့ G.O.A.T တစ်ဦးရဲ့ ပထမခြေလှမ်း

၂၀၀၄ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့မှာ အသက် ၁၇ နှစ်အရွယ် လီယွန်နယ် မက်ဆီဟာ အက်စ်ပန်ညိုအသင်းနဲ့ပွဲရဲ့ ၈၂ မိနစ်မှာ ကျောနံပါတ် ၃၀ ဝတ်ဆင်ပြီး ဘာစီလိုနာအတွက် တရားဝင်ပွဲဦးထွက် ကစားခဲ့ပါတယ်။

မက်ဆီဟာ အဲ့ဒီပွဲမှာ ဒေကိုနဲ့ လူစားလဲ ဝင်ရောက်ကစားခဲ့တာပါ။ အဲဒီအချိန်က ဘယ်သူမှ မသိခဲ့ကြပေမဲ့ ဘောလုံးသမိုင်းကို ပြောင်းလဲမယ့် ဂန္ထဝင်တစ်ယောက်ရဲ့ခရီးကို စတင်နေခဲ့ပြီ ဖြစ်ပါတယ်။

စံချိန်တွေ၊ ဆုဖလားတွေ၊ ဘလွန်းဒီအော်ဆုတွေ၊ မရေမတွက်နိုင်တဲ့ အမှတ်တရတွေနဲ့အတူ… ကျန်တဲ့သမိုင်းကတော့ မက်ဆီကိုယ်တိုင် ရေးထိုးခဲ့တာပါပဲ။
❤6
👏💛🖤 ဒေါ့မွန်ပရိသတ် ၄၀၀ ခန့်ဟာ သူတို့အသင်းကို အားပေးဖို့ နော်ဝေနိုင်ငံ၊ ဗိုဒိုမြို့ကို ကီလိုမီတာထောင်ပေါင်းများစွာ ခရီးနှင်ခဲ့ကြပြီး အသင်းရဲ့ မန်နေဂျင်းဒါရိုက်တာ ကာစတန် ခရမ်မာက သူတို့ရဲ့ ကျေးဇူးတင်မှုကို အကောင်းဆုံးနည်းလမ်းနဲ့ ပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

​🍻 ခရီးသွားရာမှာ ကုန်ကျတဲ့ အချိန်၊ ငွေကြေးနဲ့ ကြိုးစားအားထုတ်မှုတွေကို နားလည်တဲ့အတွက် ခရမ်မာဟာ ခရီးသွားပရိသတ်တွေ စုဝေးရာဘားကို သွားရောက်ပြီး လူတိုင်းအတွက် အချိုရည်ဖိုးတွေ ရှင်းပေးခဲ့တယ်။

​စုစုပေါင်းကျသင့်ငွေက ယူရို ၆,၀၀၀ ကျော် ရှိခဲ့ပါတယ် 💸 ​အသင်းနောက်ကို ဘယ်နေရာမဆို လိုက်ပါအားပေးတဲ့ ပရိသတ်တွေရဲ့ သစ္စာစောင့်သိမှုကို ဂုဏ်ပြုတဲ့ သေးငယ်တဲ့ အပြုအမူတစ်ခုပါပဲ။ 👏❤️
❤7
🚨OFFICIAL – ချဲလ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ် ဒူးခေါင်းခွဲစိတ်မှု အောင်မြင်

ချဲလ်ဆီးအသင်းက အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ် ဟာ ဒူးဒဏ်ရာအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရာ အောင်မြင်ခဲ့ကြောင်း တရားဝင်အတည်ပြုလိုက်ပါတယ်။

အင်္ဂလန်နောက်ခံလူဟာ ပြန်လည်ပြီး လေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပေမဲ့ အသင်းဘက်ကတော့ ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာကို အတိအကျ မကြေညာသေးပါဘူး။

ဒါပေမဲ့ သတင်းတွေအရ ရီးစ်ဂျိမ်းစ်ဟာ ၃ လကျော်အထိ အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်
❤3🎉1
ရက်စ်ဟမ်းအသင်းနည်းပြ ဖီးလ် ပါကင်ဆန်ဟာ လက်ရှိ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေပြီး အဆင့် 17 နေရာတွင်ရပ်တည်နေတာကြောင့် ၎င်းရဲ့နည်းပြရာထူးနဲ့ပတ်သက်၍ ဖိအားတွေ တဖြည်းဖြည်း ပိုမိုများပြားလာနေပါသည်။ ဒါ့အပြင် လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ကလည်း ရက်စ်ဟမ်းအသင်းသာ နည်းပြထုတ်ပယ်ခဲ့ရင် ရက်စ်ဟမ်းအသင်းကို ကိုင်တွယ်သွားရန် စိတ်ဝင်စားနေကြောင်း သိရှိရပါသည်။
👍1
အသက် ၃၃နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် အခြေခံသဘောတူညီမှု ရရှိထားပြီး လက်ရှိအချိန်တွင် စာရွက်စာတမ်းပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကလပ်ဘက်က အပြီးသတ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

စာချုပ်သစ်အရ ဟယ်ရီကိန်းဟာ ၂၀၂၉ ခုနှစ် နွေရာသီအထိ ဘိုင်ယန်မြူးနစ်မှာ ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း ဂျာမန်သတင်းစာများမှာ ဖော်ပြထားလျှက်ရှိပါသည်။
❤4
🚨 “လီဆန်ဒရို မာတီနက်ဇ်ဟာ သူ့အမှားကို နားလည်သွားပါပြီ”လို့ ဆိုလိုက်တဲ့ ကာရစ်

“သူ့အမှားကို ဝန်ခံအသိအမှတ်ပြုလိုက်တာက ကျွန်တော်တို့အားလုံးအတွက် လုံလောက်ပါတယ်။ ကျွန်တော်တို့ဘက်က ကြည့်ရင် အမှားကို နားလည်လက်ခံလိုက်တာနဲ့တင် အဆင်ပြေပါပြီ။”

လီဆန်ဒရို မာတီနက်ဇ်ဟာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားမယ့်ပွဲအတွက် မန်ချက်စတာယူနိုက်တက်အသင်း လူစာရင်းမှာ ပါဝင်လာမှာဖြစ်ပြီး အသင့်ရှိနေပါပြီ။

ကာရစ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး —
“ပြဿနာမရှိတော့ပါဘူး။ ဒီကိစ္စကို အဆုံးသတ်လိုက်ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။“ဒီနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းသားတွေရဲ့ အခြေအနေက အရမ်းကောင်းပါတယ်။ ကျွန်တော် ဒီကိုရောက်လာကတည်းက အကောင်းဆုံးလေ့ကျင့်ရေးအစီအစဉ်တွေထဲက တစ်ခုပါပဲ။”

“ရလဒ်ကောင်းတွေကို ကျွန်တော်တစ်ယောက်တည်း လိုအပ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး ရလဒ်ကောင်းတွေ လိုအပ်နေတာပါ။ ဒါဟာ ကျွန်တော်တစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။”

“မန်ချက်စတာယူနိုက်တက်အသင်းဟာ လူတစ်ဦးတစ်ယောက်ထက် ပိုကြီးမားတဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော်က နေ့တိုင်း ကိုယ့်အကြောင်းကိုယ်ပဲ တွေးနေတယ်လို့ မထင်ပါနဲ့။”

“ဒါဟာ ကစားသမားတစ်ဦးတစ်ယောက်အကြောင်း မဟုတ်ပါဘူး။ ဒီဘောလုံးအသင်းကြီးနဲ့ သူ့ရဲ့ သမိုင်းကြောင်းအကြောင်းပဲ ဖြစ်ပါတယ်
❤4🤔1
ဗီလာရီးရဲယ်လ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ အနီကဒ်ကြောင့် (၄) ပွဲပယ် ပြစ်ဒဏ် ကျခံရမယ့် 𝐕𝐢𝐧í𝐜𝐢𝐮𝐬 𝐉ú𝐧𝐢𝐨𝐫

𝐕𝐢𝐧í𝐜𝐢𝐮𝐬 𝐉ú𝐧𝐢𝐨𝐫 အတွက် ရီးရဲယ်လ်ရဲ့ အယူခံဝင်မှု့ ပယ်ချခံရပြီးနောက် ကစားသမားက နိုဝင်ဘာ တတိယ အပတ်မှသာ ပြန်ကစားရတော့မှာ ဖြစ်ပါတယ်။
🚨🔵 ချဲလ်ဆီးအသင်းကို ဘယ်တော့မှ လျှော့မတွက်နဲ့!

🎙ဇလာတန် အီဘရာဟီမိုဗစ်

“ချဲလ်ဆီးအသင်းကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။

ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမတိုင်ခင် မာရက်စ်ကာကို လူအများက သံသယဝင်ခဲ့ကြပေမဲ့ ချဲလ်ဆီးကတော့ အသင်းရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုက နာမည်ကြီးကစားသမားတွေထက် ပိုအရေးကြီးကြောင်း သက်သေပြခဲ့ပါတယ်။

ဒီမက်တီယိုလည်း ချဲလ်ဆီးကို ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့ချိန်မှာ ယာယီနည်းပြတစ်ဦးပဲ ဖြစ်ခဲ့တာပါ။ မာရက်စ်ကာလည်း အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းရဲ့ စိတ်ဓာတ်နဲ့ ကိုးလ်ပါလ်မာရဲ့ ထူးခြားတဲ့ ခြေစွမ်းက အဆုံးအဖြတ်ပေးခဲ့တာပါ။

ချဲလ်ဆီးဆိုတာ ချဲလ်ဆီးပါပဲ ”
❤4
လီဗာပူးလ်အသင်းသည် ချယ်လ်ဆီးအသင်းမှခေါ်ယူရန်ပစ်မှတ်ထားနေတဲ့ ဘုန်းမောက်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် အဂ်လန် ကွင်းလယ်လူ အဲလက်စ်စကော့ကို ခေါ်ယူရန် အမှန်တကယ် စိတ်ဝင်စားနေပြီး အဲလက်စ်စကော့ကို ခေါ်ယူရန် ထိပ်ဆုံးက ဦးဆောင်နေကြောင်း သိရှိရပါသည်။

ဘုန်းမောက်အသင်းကတော့ ပေါင်သန်း ၁၀၀ တန် ကမ်းလှမ်းမှုသာ ရရှိခဲ့ပါက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့မှာ စကော့ကို ရောင်းချဖို့ စဉ်းစားလာနိုင်ပြီး အကယ်၍ စကော့သာ လီဗားပူးအသင်းကိုပြောင်းရွှေ့ကစားပါက ၎င်းရဲ့ဆရာဟောင်း အီရာအိုလာနဲ့ ပြန်လည်လင်တွဲခွင့်ရမည်လည်းဖြစ်သည်။
မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ အန်ဇို မာရက်စကာဟာ အသင်းပရိသတ်တွေရဲ့ ငှက်ပျောသီးအစီအစဉ်ကို သဘောကျနေပါသည်။မာရက်စကာက

“ပရိသတ်တွေရဲ့ ငှက်ပျောသီးနဲ့ပတ်သက်တဲ့ အစီအစဉ်က တကယ်ကို ကောင်းပါတယ်။ ငှက်ပျောသီးရဲ့ နောက်ခံသမိုင်းကိုတော့ ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမဲ့ မနက်ဖြန် ကွင်းထဲမှာ ငှက်ပျောသီးတွေ အများကြီး မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ ဒီအစီအစဉ်က ပရိသတ်တွေနဲ့ ကွင်းထဲကလူတိုင်းအတွက် ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု မာရက်စကာက ပြောကြားသွားခဲ့ပါသည်။

** မန်စီးတီးပရိသတ်တွေရဲ့ ငှက်ပျောသီးအစဉ်အလာ

ဒီလေထိုးငှက်ပျောသီးအရုပ်တွေကို ကွင်းထဲယူဆောင်လာကြတဲ့ အစဥ်အလာဟာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက မန်စီးတီးပရိသတ်တွေစတင်ပြုလုပ်ခဲ့တဲ့ အစဉ်အလာတစ်ခုဖြစ်ပြီး ဒီအစဉ်အလာဟာ အသင်းအတွက် ခက်ခဲတဲ့အချိန်တွေမှာတောင် ဟာသဉာဏ်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသတဲ့ သင်္ကေတတစ်ခုလည်းဖြစ်ကြောင်း သိရှိရပါသည်။
အေစီမီလန်အသင်းမှာ စီနီယာအကြံ​ပေးအဖြစ် ဆောင်ရွက်နေတဲ့ ဆွီဒင်တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းရဲ့ နေ့စဉ်ဘောလုံးရေးရာ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာကနေ နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

ဒီဆုံးဖြတ်ချက်ဟာ နည်းပြ ရူဘင် အမိုရင်ကြောင့်မဟုတ်ဘဲ ဇလာတန်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသင်းပိုင်ရှင်ဂယ်ရီ ကာဒီနေးလ်ရဲ့ ဆုံးဖြတ်ချက်လည်းပါဝင်ကြောင်း သိရှိရပါသည်။ သို့ပေမဲ့ ဇလာတန်ဟာ ဂယ်ရီ ကာဒီနေးလ်ပိုင်ဆိုင်တဲ့ ရက်ဒ်ဘတ်( Red Bird ) ကုမ္ပဏီမှာ အကြီးတန်းအကြံပေး (Senior Advisor) အဖြစ်တော့ ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။
အာဆင်နယ်အသင်းရဲ့ တရားဝင် အသင်းဓာတ်ပုံရိုက်ကူးရေးမှာ သူတို့ရဲ့ လာဘ်ကောင်ခွေးလေး Win လည်း ပါဝင်ခဲ့ပါတယ် ❤️
❤1🥰1
ယူနိုက်တက်ရဲ့ အပယ်ခံ အမ်မိုရင်ကတော့ သူ့ဟာသူကတော့ အေစီမီလန်မှာ ဟုတ်နေတယ်ပဲ ပြောရပါမယ်

ပြ်ိုင်ပွဲစုံ ၈ ပွဲကိုင်တွယ်ထားပြီး ၄ ပွဲနိုင်ထားကာ ၁ ပွဲသာ ရှုံးနှိမ့်ထားပါတယ်

ယူနိုက်တက်မှာ အလုပ်မဖြစ်ခဲ့တဲ့ သူ့ရဲ့ ခေါင်းမာတဲ့ နည်းစနစ်တွေက အေစီမီလန်မှာ အလုပ်ဖြစ်တယ်ပဲ ပြောရပါမယ်

ကာရစ်ကတော့ ယူနိုက်တက်မှာ တိုင်ပတ်နေပြီး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ နိုင်သေးပြီး လမ်းပတ်ရဲ့ တန်းတက်အသင်း ကွန်ဗင်ထရီထက်တောင် နိုင်ပွဲ နည်းနေပါတယ်

ကာရစ်ကိုချည်းပဲ အပြစ်တင်လို့ မရသေးပါဘူး

လိုအပ်တဲ့နေရာတွေ အင်အားမဖြည့်ပေးခဲ့တဲ့ ဘုတ်အဖွဲ့မှာလည်း တာဝန်အပြည့်ရှိပါတယ်
❤1👍1
🚨 မန်စီးတီးက ပစ်မှုပြစ်ဒဏ်တွေကို ပယ်ဖျက်နိုင်သွားမယ် လို့ ယုံကြည်

မန်စီးတီးက အယူခံဝင်မှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ကို ပြန်လည်ပယ်ဖျက်နိုင်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ အယူခံဝင်မှုမှာ အနိုင်ရဖို့ လိုအပ်တဲ့ သက်သေအထောက်အထားတွေ ရှိနေပြီလို့ ယုံကြည်နေပါတယ်။

အသင်းဘက်က အရင်က ပယ်ချခံခဲ့ရတဲ့ အီးမေးလ်တွေ၊ ဘဏ်စာရင်းတွေ၊ အဘူဒါဘီအစိုးရဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ သက်သေ ၂၄ ဦးရဲ့ ထွက်ဆိုချက်တွေကို အဓိကအသုံးပြုပြီး အယူခံဝင်သွားမှာပါ။

မန်စီးတီးရဲ့ ရည်မှန်းချက်ကတော့ အပြစ်မရှိကြောင်း အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြန်လည်ဆုံးဖြတ်ပေးဖို့၊ မဟုတ်ရင် အမှုကို ပြန်လည်စစ်ဆေးခွင့်ရဖို့ ဖြစ်ပါတယ်။

အယူခံရလဒ်က မန်စီးတီးရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
🔥 ဘရိုက်တန်ရဲ့ တိုက်စစ်က Big Six အသင်းကြီးအားလုံးထက် ပိုကြမ်းနေ

၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီမှာ ဘရိုက်တန်အသင်းဟာ သွင်းဂိုး ၁၈ ဂိုးအထိ ရရှိထားပြီး “Big Six” အသင်းကြီးအားလုံးကို ကျော်ဖြတ်ကာ ဂိုးအများဆုံးသွင်းထားတဲ့ အသင်းအဖြစ် ရပ်တည်နေပါတယ်။

ဘရိုက်တန်ဟာ တိုက်စစ်ကောင်းလွန်းပါတယ်ဆိုတဲ့ မန်စီးတီးထက် ၂ ဂိုး၊ ချဲလ်ဆီးထက် ၃ ဂိုး ပိုသွင်းထားသလို အာဆင်နယ်၊ မန်ယူနိုက်တက်၊ လီဗာပူးလ်နဲ့ တော့တင်ဟမ်တို့ကိုလည်း အသာစီးရယူထားပါတယ်။

အသင်းကြီးတွေရဲ့ တိုက်စစ်တွေထက် ဘရိုက်တန်ရဲ့ တိုက်စစ်က ပိုပြီးခြေစွမ်းပြနေတဲ့ အချိန်ပါပဲ။ ဒီရာသီ ဘရိုက်တန်ရဲ့ အရှိန်အဟုန်ကတော့ တကယ်ကို အထင်ကြီးစရာပါပဲ။