" တစ်ခါတစ်လေကျ ဒီဂန္တဝင်တွေက ကျနော်တို့အနိုင်ရတာထက် ကျရှုံးနေတာကိုပဲ ပိုပြီးမြင်ချင်နေကြလားဆိုတာ မပြောတတ်ပါဘူး၊ အဲ့တာမှပဲ သူတို့တွေ ရုပ်သံတွေမှာ စကားပြောလို့ရမှာလေ၊ ကျနော်ဝိန်းကို လေးစားပါတယ်၊ သူကယူနိုက်တက်ဂန္တဝင်တစ်ယောက်ပါ၊ ဒါပေမယ့်လည်း ဂန္တဝင်ဖြစ်နေရုံနဲ့တော့ သူပြောသမျှစကားတိုင်းမှန်ကန်တယ်လို့ မဆိုနိုင်ပါဘူး
ကျနော် လီချာအကြောင်းကောင်းကောင်းသိပါတယ်၊ လီချာက ယူနိုက်တက်အတွက် အရာအားလုံးပေးဆပ်ကစားတတ်သူပါ၊ ဒီတော့ ယူနိုက်တက်အပေါ် သူ့ရင်ထဲကဖြစ်လာတဲ့ စကားလုံးတွေကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိပါတယ်၊ အကယ်လို့ ဝိန်းအနေနဲ့ လီချာပြောတဲ့စကားမှားခဲ့တယ်ဆိုရင်တောင် လီချာကို ဒီလိုပုံစံမဝေဖန်သင့်ပါဘူး၊
ဘာလို့ဆို လီချာ အသင်းက ထွက်သွားရတော့မယ်ဆိုတဲ့ ဝိန်းရဲ့မှတ်ချက်က ကျနော်တို့ အဝတ်လဲခန်းကို ထိခိုက်လာနိုင်တာမလို့ပါပဲ "လို့ဆိုသွားပါတယ်
ဘရူနိုဖာနန်ဒက်ဇ် ( ယူနိုက်တက်အသင်းခေါင်းဆောင် ) 🗣

👍2
🚨 အဲလက်စ် စကော့တ်ကို သန်း၁၀၀ နဲ့ စျေးခေါ်လိုက်တဲ့ ဘုန်းမောက်
ဘုန်းမောက်အသင်းဟာ ကွင်းလယ်ကစားသမား အဲလက်စ် စကော့တ် ကို စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေတော့တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတင် စျေးကောင်းရရင် ရောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ဘုန်းမောက်အသင်းဟာ လာသမျှ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပေမဲ့ ကစားသမားရဲ့ အေးဂျင့်တွေနဲ့ စာချုပ်သစ်ကိစ္စ တွေ့ဆုံဆွေးနွေးပြီးနောက် အသင်းရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲလာခဲ့တယ်လို့ သိရပါတယ်။
ချယ်လ်ဆီး ကတော့ စကော့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး လီဗာပူးလ် ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက သူ့ကို စောင့်ကြည့်စိတ်ဝင်စားခဲ့တာပါ။
ဒါပေမဲ့ ဘုန်းမောက်ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၁၀၀ ကျော် အထိ ရှိလာနိုင်တယ်လို့ BBC သတင်းဌာနက ဖော်ပြထားပါတယ်။
ဇန်နဝါရီမှာ စကော့တ်အတွက် ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ သန်း၁၀၀ ကျော်နဲ့ တကယ် ကမ်းလှမ်းကြမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

🔥 အူနိုင်း အမ်မရီကြောင့် ကစားသမားဘဝ ပြောင်းလဲလာခဲ့တယ်လို့ ဆိုတဲ့ ဂျက်ဆင်
နီကိုလပ်စ် ဂျက်ဆင် က“အူနိုင်း အမ်မရီက ကျွန်တော့်ကို ဘောလုံးနဲ့ပတ်သက်ပြီး အများကြီး သင်ပေးခဲ့ပါတယ်။ ဘောလုံးလောက အကြောင်း အရာအားလုံးနီးပါးကို သင်ပေးခဲ့တာပါ။
ဆီနီဂေါကနေ ရောက်လာတုန်းက ဘောလုံးကစားတတ်ပေမဲ့ ကွင်းထဲမှာ နည်းစနစ်တကျ ဘယ်လိုပြေးလွှားရမလဲဆိုတာကိုတော့ ကောင်းကောင်းနားမလည်ခဲ့ပါဘူး။
ကျွန်တော်က ဘောလုံးရတာနဲ့ အရူးအမူးပြေးမယ်၊ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ကိုယ်လုပ်ချင်တာကိုယ်လုပ်နေခဲ့တာပါ။ အမ်မရီက အဲဒီအရာအားလုံးကို ပြောင်းလဲပေးခဲ့ပြီး ကျွန်တော့်ကို မတူညီတဲ့ ကစားသမားတစ်ယောက်ဖြစ်လာအောင် လုပ်ပေးခဲ့တယ်လို့ ထင်ပါတယ်။”
အခုတော့ အမ်မရီရဲ့ လက်အောက်မှာပဲ အက်စတွန်ဗီလာအတွက် ချန်ပီယံလိဂ်ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီး သူ့ရဲ့ဆရာဟောင်းအပေါ် ယုံကြည်မှုထားရတဲ့ အကြောင်းရင်းကို သက်သေပြနိုင်ခဲ့ပါပြီ။
တစ်ခါတလေ ကစားသမားတစ်ယောက်မှာ ပါရမီရှိဖို့ပဲ မလုံလောက်ပါဘူး။ အဲဒီပါရမီကို ဘယ်လိုအသုံးချရမလဲဆိုတာ သင်ပေးနိုင်တဲ့ နည်းပြကောင်းတစ်ယောက်လည်း လိုအပ်ပါတယ်

❤4
ဂီတာဖေးအသင်းသည် ယူနိုက်တက်အသင်းမှထွက်ခွာပြီးနောက် လက်ရှိအချိန်အထိ ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၂၆ နှစ်အရွယ်အင်္ဂလန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားရန်စိတ်ဝင်စားနေပြီး လက်ရှိအချိန်တွင် ကစားသမားရဲ့ လစာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းတွေကို ရှာဖွေနေကြောင်း စပိန်သတင်းစာများမှာဖော်ပြထားလျှက်ရှိပါသည်။
နည်းပြမိုက်ကယ်ကာရစ်နဲ့ အသင်းတာဝန်ရှိသူတွေကို တွေ့ဆုံပြီးနောက် ကြေညာချက်အသစ် ထုတ်ပြန်သွားခဲ့သည့်လီဆန်ဒရို မာတီနက်ဇ်
ထုတ်ပြန်ချက်တွင်မာတီနက်ဇ်က “ဒီနေ့မှာ အသင်းနည်းပြအပါအဝင်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် အပြန်အလှန် အမြင်တွေဖလှယ်ခဲ့ကြသလို ပွဲအပြီး ဖြစ်ပျက်ခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တဲ့အတွက် အလွန်ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းကျွန်တော်ဟာ ဘောလုံးကစားရာမှာ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပြီး ဘောလုံးအပေါ် အလွန်ပြင်းပြတဲ့ ခံစားချက်တွေနဲ့ ရှင်သန်နေသူတစ်ဦးဆိုတာကို ပရိတ်သတ်တွေအကုန်လုံးလည်းသိကြလိမ့်မယ်ထင်ပါတယ်။အခုလို ရှုံးပွဲကြောင့် စိတ်ပျက်ခဲ့ရပြီး ကိုယ့်ခံစားချက်တွေကို ဖော်ပြခဲ့ပေမဲ့ ကျွန်တော်ဖော်ပြတဲ့အချိန်နဲ့ နေရာဟာ မသင့်တော်ခဲ့တာ ဖြစ်နိုင်ပြီး အဲ့ဒီ ကိစ္စအတွက်နဲ့ပဲ အားလုံးကို တောင်းပန်စကားပြောကြားလိုပါတယ်။ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်နေတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာကျွန်တော်ကိုယ်တိုင်လည်း သိပြီး အဲဒီအချိန်က ကျွန်တော့်ရဲ့ ပြောဆိုမှုတွေဟာ အသင်းစည်းလုံးညီညွတ်ရေးအတွက် အထောက်အကူမဖြစ်ခဲ့ဘူးဆိုတာကိုလည်း ကျွန့်တော်ဘက်က ဝန်ခံပါတယ်။
မန်ချက်စတာယူနိုက်တက်မှာရှိတဲ့ လူတိုင်းဟာ အသင်းနဲ့ ပရိသတ်တွေ ထိုက်တန်တဲ့ အောင်မြင်မှုတွေ ရရှိဖို့ အစွမ်းကုန် ကြိုးစားနေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်။အခုချိန်မှာတော့ ဖြစ်ပြီးခဲ့တဲ့ကိစ္စကို နောက်မှာထားခဲ့ပြီး အသင်းနဲ့အတူ အောင်ပွဲတွေရယူနိုင်ဖို့ အပြည့်အဝ အာရုံစိုက်သွားမှာဖြစ်ကြောင်းမာတီနက်ဇ်က Official Statement ထုတ်၍ ထုတ်ပြန်ကြေငြာသွားခဲ့ပါသည်။

❤2
ဘောလုံးလောကမှာ အသင်းတစ်သင်းရဲ့ ကြီးမြတ်မှုကို တိုင်းတာတဲ့အခါ ဆုဖလားအရေအတွက်၊ ကွင်းအတွင်းအောင်မြင်မှုနဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေကို အရင်ဆုံး ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ဘောလုံးအသင်းတစ်သင်းရဲ့ အဆင့်အတန်းကို ပြသပေးနိုင်တာဟာ ဂိုးသွင်းနိုင်စွမ်း၊ အောင်ပွဲတွေနဲ့ ငွေကြေးအင်အားတွေ မဟုတ်ပါဘူး။ တခြားအသင်းတစ်သင်းအပေါ် ထားရှိတဲ့ လေးစားမှုလေးတစ်ခုကလည်း လူတွေရဲ့နှလုံးသားထဲမှာ အမှတ်တရဖြစ်စေနိုင်ပါတယ်။
အခုတစ်ကြိမ်မှာတော့ အဲဒီလို လှပတဲ့အခိုက်အတန့်တစ်ခုကို ချဲလ်ဆီးပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
ချန်ပီယံလိဂ်အိမ်ကွင်းအဖြစ် စတမ်းဖိုဒ့် ရစ်ချ်ငှားရမ်းထားတဲ့အပြင် နည်းစနစ်ပိုင်းပြင်ဆင်ဖို့၊ လေ့ကျင့်ကြဖို့ ချဲလ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းကို လာရောက်အသုံးပြုခဲ့တဲ့ ယူကရိန်းကလပ် ရှက်တာဒိုးနက်စ် အသင်းသားတွေဟာ လေ့ကျင့်ရေးကွင်း အဝင်ပေါက်နားလေးမှာရှိနေတဲ့ ချဲလ်ဆီးအသင်းရဲ့ အမှတ်တံဆိပ်ကို တွေ့တဲ့အခါ အဲဒီတံဆိပ်ပေါ် တည့်တည့်နင်းဖြတ်သွားမယ့်အစား ဘေးကနေ ရှောင်သွားခဲ့ကြပါတယ်။
ဓာတ်ပုံထဲက မြင်ကွင်းလေးဟာ ရိုးရှင်းပါတယ်။ ကစားသမားတွေ လမ်းလျှောက်လာကြတယ်။ ခြေထောက်အောက်မှာတော့ ချဲလ်ဆီးအသင်းရဲ့ အထင်ကရ အမှတ်တံဆိပ်ကြီးရှိနေတယ်။ အဲဒီအခါမှာ သူတို့ဟာ အမှတ်တံဆိပ်ပေါ် မနင်းမိအောင် သတိထားပြီး ဘေးကနေ ဖြတ်သန်းသွားခဲ့ကြတာပါ။
ဒီအပြုအမူဟာ အပြင်ပန်းကြည့်ရင် သေးငယ်တဲ့ကိစ္စတစ်ခုလို့ ထင်ရပေမယ့် ဘောလုံးကို ချစ်မြတ်နိုးသူတွေအတွက်တော့ အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့....အသင်းတစ်သင်းရဲ့ တံဆိပ်ဆိုတာ အရောင်နဲ့ ပုံသဏ္ဌာန်တစ်ခုတည်း မဟုတ်ပါဘူး။ အဲဒီတံဆိပ်နောက်မှာ သမိုင်းကြောင်းတွေရှိတယ်။ မျိုးဆက်ပေါင်းများစွာ အားပေးလာခဲ့ကြတဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေရှိတယ်။ အောင်ပွဲတွေရဲ့ ပျော်ရွှင်မှုတွေ၊ ရှုံးနိမ့်မှုတွေရဲ့နာကျင်မှုတွေ၊ အသင်းအတွက် ပေးဆပ်ခဲ့ကြသူတွေရဲ့ အမှတ်တရတွေရှိတယ်။
ဒါ့အပြင်...ဒီအပြာရောင်တံဆိပ်ဟာ ချဲလ်ဆီးအသင်းအတွက်အပြင် ကမ္ဘာတစ်ဝန်းက ပရိသတ်သန်းပေါင်းများစွာရဲ့ သံယောဇဉ်ကို ကိုယ်စားပြုနေတဲ့ အမှတ်အသားတစ်ခုပါ။ ဒါကြောင့် ဒီတံဆိပ်ကို မနင်းဘဲ ဘေးကနေ ရှောင်သွားကြတဲ့ ရှက်တာဒိုးနက်စ်အသင်းသားတွေရဲ့ အပြုအမူကို မြင်ရတဲ့အခိုက်အတန့်ဟာ ဘောလုံးဆိုတာ ပြိုင်ဆိုင်မှုတစ်ခုတည်းအတွက် တည်ဆောက်ထားတာ မဟုတ်ပဲ တစ်ဖက်အပေါ်တစ်ဖက်လေးစားမှုထားဖို့ပါ တည်ဆောက်ခဲ့တယ်လို့ နားလည်မိတယ်။
အမှန်တော့ သူတို့နင်းသွားလည်း ပြောမယ့်သူမရှိပါဘူး။ ဒါပေမယ့် မနင်းပဲရှောင်ပေးသွားကြတဲ့အတွက် ကျေးဇူးတင်မိပြီး သူတို့အိမ်ကွင်းရှိဖို့ စတမ်းဖိုဒ့်ဘရစ်ချ် ငှားပေးတာ တကယ်မှန်ကန်ခဲ့တယ်။

🚨 ရွိုင်းကိန်း ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတဲ့ ဖြစ်ရပ်အကြောင်း ရီယိုဖာဒီနန် ဖွင့်ဟလာ
လီဆန်ဒရို မာတီနက်ဇ်ရဲ့ အငြင်းပွားဖွယ် ပြောဆိုမှုကြောင့် မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ရွိုင်းကိန်းရဲ့ အလားတူဖြစ်ရပ်တစ်ခုကို ပြန်သတိရစရာ ဖြစ်လာခဲ့ပါတယ် လို့ ဖာဒီနန်ကဆိုပါတယ်။
ဖာဒီနန်က- “မစ်ဒယ်ဘရော့နဲ့ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ ၃-၁ နဲ့ ရှုံးခဲ့တယ်။ အဲဒီပွဲမှာ အသင်းသားအားလုံး ခြေစွမ်းမကောင်းခဲ့ကြဘူး။
အဲဒီနောက် ရွိုင်းကိန်းက MUTV အတွက် ပွဲကို ပြန်လည်သုံးသပ်တဲ့ ဗီဒီယိုတစ်ခု ရိုက်ကူးခဲ့တယ်။ သူက အသင်းတစ်သင်းလုံးကို ဝေဖန်ခဲ့ပြီး ကစားသမားတစ်ယောက်ချင်းစီကိုပါ နာနာကျင်ကျင် ထောက်ပြခဲ့တယ်။ ကျွန်တော့်ကိုလည်း ချန်မထားခဲ့ဘူး။
အဲဒီဗီဒီယိုကို ထုတ်လွှင့်တော့မယ့်အချိန်မှာ ဆာအဲလက်စ် ဖာဂူဆန်က အကြောင်းသိသွားပြီး ထုတ်လွှင့်ခွင့် ပိတ်ပင်လိုက်တယ်။
ပြီးတော့ လေ့ကျင့်ရေးကွင်းက နည်းပြရုံးခန်းထဲကို ကျွန်တော်တို့အားလုံးကို ခေါ်ပြီး အဲဒီဗီဒီယိုကို အတူကြည့်ခိုင်းခဲ့တယ်။
ဆာအဲလက်စ်က ရွိုင်းကိန်းကို ‘မင်း ဘယ်လိုလုပ်ပြီး ဒီလိုပြောရဲတာလဲ။ ငါတို့အသင်းက ကစားသမားတွေအကြောင်း လူသိရှင်ကြား ပြောပိုင်ခွင့်ရှိတာ ငါတစ်ယောက်တည်းပဲရှိတယ်’ ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ရွိုင်းကိန်းကလည်း ပြန်လည်တုံ့ပြန်ခဲ့ပြီး နှစ်ယောက်ကြား အခြေအနေတွေ ပိုမိုတင်းမာလာခဲ့တယ်။ တကယ့်ကို ပြင်းထန်တဲ့ စကားတွေ အပြန်အလှန် ပြောဆိုခဲ့ကြတာပါ။
နောက်တစ်နေ့မှာတော့ ဆာအဲလက်စ်က အသင်းအစည်းအဝေးခေါ်ပြီး ‘ရွိုင်းကိန်းဟာ ယူနိုက်တက်အသင်းအတွက် နောက်ထပ် ဘယ်တော့မှ ကစားပေးတော့မှာ မဟုတ်ဘူး’ လို့ ကြေညာခဲ့တယ်။”
ဒီဖြစ်ရပ်ဟာ ၂၀၀၅ ခုနှစ်က ရွိုင်းကိန်းနဲ့ ဆာအဲလက်စ် ဖာဂူဆန်တို့ကြား ဆက်ဆံရေးပြတ်တောက်သွားစေခဲ့တဲ့ အဓိကဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

❤2👍1
🚨 ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ ရင်ဆိုင်မယ့် ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်းအတွက် လက်မှတ်ဈေးနှုန်းတွေကတော့ မိုးပေါ်ထိကို မြင့်တက်နေပါပြီ။
တကယ့်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားမယ့် အင်္ဂါနေ့ညပွဲစဉ်အတွက် ပါ့ခ်ဒက်စ်ပရင့်စ်ကွင်းကြီးမှာ လက်မှတ်တွေ အကုန်လုံး ပြတ်လပ်သွားခဲ့ပြီး လက်မှတ်တစ်စောင်ကို ယူရို ၁,၃၀၀ အထိ စံချိန်တင် ပေးဝယ်နေကြရပါပြီ။
ဈေးနှုန်းတွေအနေနဲ့ မြင်ရုံနဲ့တင် ရင်တုန်စရာ ကောင်းနေပါပြီ။
ကွင်းအပေါ်ထပ် စတန်းခုံတွေအတွက် အနည်းဆုံး ယူရို ၅၀၀ တောင် ကျသင့်နေပါတယ်။
ကွင်းရှေ့တန်းခုံတွေမှာ ထိုင်ချင်ရင်တော့ ယူရို ၈၁၀ ကနေ ၈၅၀ အထိ ပေးရမှာပါ။
ကစားသမားတွေ အဝင်အထွက်လုပ်မယ့် ဥမင်လိုဏ်ခေါင်းနဲ့ အနီးဆုံး အကောင်းဆုံးနေရာတွေအတွက်ဆိုရင်တော့ ယူရို ၁,၃၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။
ဒါတင်မကသေးပါဘူး၊ တစ်နှစ်စာ ရာသီလက်မှတ် ကိုင်ဆောင်ထားသူ တစ်ဦးဆိုရင် သူ့ရဲ့ထိုင်ခုံကို ယူရို ၈၀၀ နဲ့ ပြန်ရောင်းခဲ့ပေမဲ့ ဝယ်ယူသူဘက်ကတော့ ဝန်ဆောင်ခတွေ အားလုံးပေါင်းလိုက်တဲ့အခါ စုစုပေါင်း ယူရို ၉၄၈ အထိ ကြီးကြီးမားမား သုံးစွဲခဲ့ရပါတယ်။
ဒီပွဲကတော့ ဘောလုံးပရိသတ်တွေကြားမှာ ငွေကြေးအကုန်အကျ အများဆုံးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

❤3
‼️ဘရာဇီးတိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ နည်းပြသစ် ဒီဇာဘီရဲ့ ယခုရာသီ အစီအစဉ်တွေထဲမှာ လုံးဝ အတူမရှိတော့တာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ပထမအသင်းလူစာရင်းကနေ U-21 လူငယ်အသင်း (Premier League 2) ဆီကို ချမှတ်ခံလိုက်ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒီအခြေအနေကြောင့် ဘရာဇီးလ်တိုက်စစ်မှူးဟာ အသင်းအပေါ် တရားစွဲဆိုဖို့နဲ့ စာချုပ်ကို ချက်ချင်း ဖျက်သိမ်းပေးဖို့အထိပါ စဉ်းစားလာနေတယ်လို့ ဆိုပါတယ်။
စပါးအသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ရစ်ချာလီဆွန်အတွက် အခုလို အသင်းနဲ့ လမ်းခွဲရမယ့် အရေးက တကယ်ကို တင်းမာစရာ အခြေအနေတစ်ခု ဖြစ်လာနေပါပြီ။

❤1👍1
‼️ Nikeရဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး အမှားကြီး
ဘောလုံးလောကရဲ့ တောက်ပြောင်လာတဲ့ ကြယ်ပွင့်သစ် လာမင်း ယမားလ်ကို Adidas ဆီ လက်လွှတ်လိုက်ရတာဟာ Nike ကုမ္ပဏီအတွက် ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး မှားယွင်းမှုတစ်ခု ဖြစ်ပါတယ်။
Nike ဟာ လူငယ်စူပါစတား ယမားလ်ကို သူတို့ရဲ့ ကမ္ဘာ့အဓိကမျက်နှာဖုံး ကြယ်ပွင့်တစ်ဦးအဖြစ် ဖြစ်လာအောင် အခွင့်အရေးပေးပြီး ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး မလုပ်ခဲ့ကြပါဘူး။ ဒါကို အခွင့်ကောင်းယူလိုက်တဲ့ Adidas ကတော့ ယမားလ်ကို ၎င်းတို့ရဲ့ ကမ္ဘာတစ်ဝှမ်း အဓိက ကိုယ်စားပြုဘောလုံးသမားတစ်ဦးအဖြစ် ကြီးမားတဲ့ အလောင်းအစားနဲ့အတူ အမိအရ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးလောကရဲ့ အနာဂတ် ရွှေဘောလုံးဆုရှင်တစ်ဦးဖြစ်လာမယ့် ကစားသမားကို လက်လွှတ်လိုက်ရခြင်းဟာ Nike အတွက် ငွေကြေးအရရော၊ စီးပွားရေးဈေးကွက်အရပါ အလွန်တရာ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီး ဖြစ်လာစေနိုင်ပါတယ်။

👍1